ပညာရဲရင့် ပွဲလယ်တင့်

 ပညာရဲရင့် ပွဲလယ်တင့်

 

ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကားကို ယောဂီများလည်း သိပါတယ်။ မိမိကိုယ်တိုင်လည်း Stable (2)ပညာရဲရင့်မှုတော့ ရှိပါတယ်။ ဒါပေမယ့် ပွဲလယ်ကိုဝင်လေ့ သိပ်မရှိဘူးလို့ ပြောရမှာပေါ့နော်။ ပွဲလယ်ကို ၀င်ရအောင် တချို့က ထိုးသွင်းနေကြတယ်။ ဘယ်လိုလည်းဆိုတော့ မင်္ဂလာဗျူဟာ စာစောင်မှာ စာရေးသူကို ရည်ညွှန်းပြီးတဲ့နောက် ရုပ်နာမ်တောင် မကွဲဘူးလို့ ပုဂ္ဂိုလ်တစ်ဦးက ဆုံးဖြတ်ချက်ချကြောင်း အဖြေပေးထားတယ်။ ဒါတော့ ၀မ်းနည်းစရာကောင်းတာပေါ့နော်။ မိမိကို လာလည်း မလေ့လာဘဲနဲ့ အဝေးကနေမှန်းပြီး ဂုဏ်သိက္ခာကြအောင် ရုပ်နာမ်တောင် မသိဘူးဆိုတော့ မခက်ဘူးလား ယောဂီများ။

 

မိမိအနေနဲ့ ယောဂီများကို ဆရာလုပ်နေတာ ရုပ်နာမ်မှ မသိရင်လည်း ဒီလို ဆရာဘယ်လုပ်ဖြစ်မလဲ။ ဒါကိုလည်း သူတို့ မစဉ်းစားဘူးပေါ့နော်၊ ရုပ်နာမ်သိတာက ကြာပါပြီ။ Continue reading

Share this post
Tags: , , , ,

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 26

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု

အပိုင်း(၂၆)

ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးများ (အဆက်)

Bism6 copyစာရေးသူတို့သည် ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့် တောတောင် ဂူသချိုင်းများ၌ တရားအားထုတ်ရာ၌ ဒေ၀ပုတ္တမာန်ကိုလည်း မကြောက်ရသကဲ့သို့ မြေပါးကင်းပါးကိုလည်း မကြောက်ရချေ။ စာရေးသူကိုယ်တိုင်မူ ဆရာမြတ်ကြီးဆီ မရောက်ခင်က မြွေပါးကင်းပါး ကို ကြောက်တတ်သူ တစ်ဦး ဖြစ်လေသည်။ ဆရာမြတ်ကြီးထံ တပည့်အဖြစ် ခံယူသော အခါကျမှ မြွေဖားကင်းဖားကို မကြောက်တတ်သူ ဖြစ်လာသည်။ ဆရာသည် မြွေများကို မေတ္တာသစ္စာ သိ၍ ဖယ်ရှင်းနိုင်သည်။  Continue reading

Tags: , , , , ,

အရိယာဟူသည်

အရိယာဟူသည်

အရိယာများသည် တရားအားထုတ်ခြင်း၌ မရောင့်ရဲနိုင်ကြသူများ ဖြစ်သည်။ စာဆို၌ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေအိုင်၌ ဟင်္သာများ ပျော်မွှေ့သကဲ့သို့ အရိယာများသည် တရား၌ ပျော်မွှေ့ကြသည် ဟူ၍ အဆိုရှိသည်။ အရိယာများသည် ဤ၍ ဤမျှ တရားအားထုတ်ပြီးပြီ ထို့ကြောင့် တော်ပြီ၊ နားဦးမည်၊ တရား အားမထုတ်သေးဘူး ဟူသောသဘော မည်သည့် အခါမှမရှိ။ တရားဟူသည် အားထုတ်နိုင်လေလေ ကောင်းလေလေ ဖြစ်သည်ဟူ၍သာ ခံယူကြသည်။

အရိယာများ၌ ပုထုဇဉ်များတွင် မရှိသော အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိသည်။ ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ဆင်ခြင် ချင့်ချိန် သောအခါ ပုထုဇဉ်မျက်ကန်း ပရမ်းပတာများ လုပ်လေ့ လုပ်ထရှိသော ကိစ္စများအား မလုပ်ကြတော့ချေ။ ထို့ကြောင့် အရိယာများကို ကြည်ညိုရခြင်း Continue reading

Tags: , , , , , , ,

ရဟန္တာများအကြောင်း

ရဟန္တာများအကြောင်း

 

ရဟန္တာများ အကြောင်းကိုတော့ သိထားစေချင်ပါသည်။ ရဟန္တာဆိုသည်မှာ သံသရာ လည်စေတတ်သောဓာတ်အား ဖြတ်နိုင်သော အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိသော ပုဂ္ဂိုလ်မြတ်များ ဖြစ်သည်။

ရဟန္တာအကြောင်းကို သိမှ စစ်မှန်သော ရဟန္တာကို ကြည်ညိုကိုးကွယ် တတ်မည်ဖြစ်သည်။ အချို့မှာ ရဟန္တာ၏ အဓိပ္ပာယ်ကို နားမလည်ဘဲ အမျိုးမျိုး ထင်မှတ်မှားကြသည်များ ရှိသည်။ စာရေးသူသည် နေတတ်အောင် နေခဲ့ပါသည်။ သို့သော် ရဟန္တာများ၏ဂုဏ်ကို ကြည်ညိုပူဇော်လိုသဖြင့် စာဖတ်ပရိသတ်များအား မိမိသိသည်ကို သိစေချင်သဖြင့် အနည်းငယ် ဖော်ပြပါမည်။ Continue reading

Tags: , , , ,

နိဗ္ဗာန်ကိုဝင်စားကြသောအခါ

နိဗ္ဗာန်ကိုဝင်စားကြသောအခါ

နိဗ္ဗာန်ကို ၀င်စားကြသောအခါ နိဗ္ဗာနံ အရဟတ္တောဂတိ ဟူသော အဆိုတော့ရှိသည်။ ရဟန္တာများသည် ရုပ်နာမ်ခန္ဓာ ကိလေသာကို ပယ်သတ်ပြီးနောက် နိဗ္ဗာန်ကို စံမြန်းကြသည်၊ လားကြသည် ဆိုသည့်သဘောပင် ဖြစ်သည်။

စာရေးသူတို့သည် သူတော်ကောင်းများကို အတုယူ၍ စံမြန်းရန် ကြိုးစားရမည်။ ထိုအခါ ထုံးစံအတိုင်း လောဘ၊ ဒေါသ၊ မောဟ  ပြွန်းသိပ်နေရင်တော့ နိဗ္ဗာန်ကို စံမြန်းဖို့ဆိုတာ အခက်အခဲအများကြီး ရှိနိုင်မှာပါ။ ရုပ်နာမ်ဆိုတာလည်း အမြဲတမ်း လောဘ၊ ဒေါသ၊ မောဟတွေက ဖိစီးနေတာမဟုတ်ဘူး တစ်ခါတစ်ခါ သဒ္ဒါတရားရှိတယ်၊ မိတ်ကောင်းဆွေကောင်းနဲ့ တရားဆွေးနွေးတယ်၊ တရားဝင်စားတယ်၊ ကြည်တယ် အဲဒီအချိန်အခါမှာ ကျွန်တော်တို့ကလည်း Continue reading

Tags: , , , ,

ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာကို အမြတ်တနိုး တန်ဖိုးထားကြသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ကို အထူးမြတ်နိုးတန်ဖိုးထား၍ ရောက်လိုကြသည်။ အားလုံးသော ဗုဒ္ဓဘာသာဝင်တို့သည် ”နိဗ္ဗာန်ရောက်ရပါလို၏” ဟူ၍ဆုတောင်းကြသည်။ နိဗ္ဗာန်သည်ကား ဗုဒ္ဓဘာသာတို့၏ ပန်းတိုင် အဆုံးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုပန်းတိုင် အဆုံးကိုသာ ဆုတောင်းသည်။ ယခုအခါ ”သောတာပန်ကို ဆုတောင်းပါ” ဟူ၍ ကြားပေါက်ကြီး အသံထွက်နေသည်မှာ များစွာ အံ့သြဖွယ်ရာကောင်းသည်။ ဗုဒ္ဓဘာသာကို ကိုးလိုးကန့်လန့်စိတ်ကူးစေသကဲ့သို့ လမ်းလွဲကို တိုက်တွန်းဟန်ပေါက်နေသည်။ အမှန်မှာမူ ဆုတောင်းလျှင်မူ နိဗ္ဗာန်ကိုသာ ဆုတောင်းရမည်။ အမှန်တကယ် ဆုတောင်းလျှင် ရဟန္တာဖြစ်ဖို့သာ ဆုတောင်းရမည်။ မြတ်စွာဘုရားသည် ရဟန္တာဖြစ်စေချင်သည် မဟုတ်ပါလား Continue reading

Tags: , , ,

ပျံ့မွှန်းမွှေးလှိုင်ကြူ -16

 

ကိုယ်ကျိုးစွန့်လွှတ်မှု

            သစ္စာတရားကို ရှာဖွေမြတ်နိုးကြသူတိုင်း ထိုက်တန်သမျှတော့ ကိုယ်ကျိုးစွန့်လွှတ်ကြရလေ့ ရှိပေသည်။ သစ္စာတရားရရာရကြောင်း နည်းလမ်းကောင်းများကို ရှာကြံဆည်းပူးရင်း အတ္တကိုယ်ကျိုး မငဲ့ကွက်ဘဲ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စေတနာ ဖြူဖြူစင်စင်ထားခြင်း မေတ္တာသန့်စင်ခြင်း သဘောထား ပြည့်ဝခြင်း၊ တပါးသူအကျိုးကို လိုလားခြင်း၊ စသည်တို့ကို မွေးမြူရသည်သာဖြစ်သည်။ တရားလိုချင်ပါလျက် အတ္တကိုယ်ကျိုး ငဲ့ကွက်လွန်းနေ၍ မဖြစ်နိုင်ပေ။ တဏှာ လောဘ တတ်နိုင်သမျှ ချိုးနှိမ်ရပါလိမ့်မည်။

            သာယာမှုကို တပ်မက်နေ၍ မဖြစ်နိုင်ပါ။ အတ္တာနုဝါဒီ အဖြစ်မှ မိမိကိုယ်ကို ပယ်စွန့်ရမည်သာ ဖြစ်သည်။ တရားရလိုသည်မှာ Continue reading

Tags: , , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -31

မြတ်ပန်းမွှေးလှိုင်ကြူ

ခိုနန်းရေယာဉ်လှိုဏ်ဂူမြတ်

 တတိယည

၁၃၃၉ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁၁) ရက်

၁၉၇၇ ခု၊ နိုဝင်ဘာလ (၇) ရက်

လက်တွေ့ချုပ်ငြိမ်းရာကို ဉာဏ်ဖြင့် သိနားလည်ခြင်း

ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်သည် နိဗ္ဗာန်ချမ်းသာမြတ်ကို စံမြန်းနိုင်ရန်ပင်ဖြစ်သည်။ နိဗ္ဗာန်ကို စံမြန်းနိုင်ရန် ကျင့်ကြံအားထုတ်ရသော အလုပ်သည် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ချေ။ ရှိသော အရာများကို ကုန်ရန် လုပ်ရခြင်းဖြစ်သည်။ ရှိသော အရာများ မရှိတော့သော အခါ မရှိသောအရာ ရှိတော့မည် ဖြစ်သည်။ တနည်းအားဖြင့် ရှိသော ဒုက္ခကိလေသာကို မရှိအောင်လုပ်သောအခါ ဒုက္ခမရှိခြင်းဖြစ်သော သုခ ရှိလာမည် ဖြစ်သည်။ ဆိုလိုသည်မှာ ကိလေသာကို သတ်နိုင်သော စင်ကြယ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိလာမည်ဖြစ်သည်။ ဒုက္ခ အဆုံးတွင် သုခရှိသည်။ အနိစ္စ၏ အဆုံးတွင် နိစ္စရှိသည်။ ဤနေရာတွင် နိစ္စဆို၍ နိစ္စ နိဗ္ဗာန်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။

ပရမတ် နိဗ္ဗာန်သည် နိစ္စ၊ ဓူဝ၊ နိပုဏ၊ သုဒုဒ္ဒဿ၊ အနိဒဿန၊ အနုတ္တရ၊ အစ္ဆရိယ၊ အမ္ဗူတ၊ စသော ဂုဏ်ရည်တို့နှင့် ပြည့်စုံနေပေသည်။ တနည်းဆိုရသော် အမြဲ နိစ္စတည်ရှိသော အလွန်သိမ်မွေ့သော အလွန်မြင်နိုင်ခဲသော နှိုင်းခိုင်းစရာ ထပ်တူဥပမာ ရှာမရနိုင်သော၊ တရားအားလုံးတို့ထက် အမွန်မြတ်ဆုံးဖြစ်သော အံ့သြဘွယ်ရာ ကောင်းလွန်းလှသော ပရမတ္ထအားဖြင့် အထင်အရှားရှိသော ဂုဏ်ရည်များနှင့် ပြည့်စုံနေပေသည်။

အခြားနည်းအားဖြင့် နှိုင်းယှဉ် ဆင်ခြင်နိုင်ရန် ဖေါ်ပြရမည်ဆိုလျှင် နိဗ္ဗာန်သည် သဥပါဒိသေသ နိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ Continue reading

Tags: , , , , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -30

မြတ်ပန်းမွှေးလှိုင်ကြူ

မြတ်ဗုဒ္ဓ၏ သိပ္ပံနည်းကျ သစ္စာဝါဒ

တက္ကသိုလ် အသိုင်းအ၀ိုင်းတွင် (၁၉) နှစ်တိတိ ကျင်လည်ကျက်စားလျက် စိတ္တဗေဒနှင့် ဒဿနိကဗေဒ ပညာရပ်များကို အတွင်းကျကျ လေ့လာခဲ့ကြရာမှ သိပ္ပံနည်းပညာအကြာင်းကို တစွန်းတစ သိရှိနားလည်ခွင့် ရရှိခဲ့ပေပြီ။

သိပ္ပံနည်းပညာ၌ ယုတ္တိနည်းကျ အစီအစဉ်ရှိခြင်း၊ (Systematization)  စံနစ်တကျ ဖွဲ့စည်းတည် (Logical arrangement) ဆောက်ထားခြင်း၊ မှားသည်မှန်သည်ဟု အဆုံးအဖြတ်ပေးသည်ကို ခံယူနိုင်စွမ်းရှိသော အဆိုပြုချက်များ ပါဝင်နိုင်ခြင်း၊ (propositions which can be judged whether true or false) ယေဘူယျ သဘောပြုခြင်း၊ (Generalization)  လူမျိုးမရွေး ဘာသာမရွေး ကြီးငယ်ကျားမနှင့် အချိန်မရွေး၊ နေရာမရွေး၊ အစမ်းအသပ်၊ အစစ်အဆေးကို ခံယူနိုင်ခြင်း၊ (Verifiable) ကြောင်းကျိုးဆက်နွှယ်မှုများ ပါဝင်ခြင်း၊ (Causal Relation) ကြိုတင်ပြောပြနိုင်ခြင်း၊ (Prediction) တို့နှင့် ဓမ္မဓိဋ္ဌာန်ကျသောအမြင် (Objective outlook) များအပြင် မိမိတို့၏ အမှားကို မိမိတို့ကိုယ်တိုင် ပြန်လည်စီစစ် စစ်ဆေးလျက် မလိုလားအပ်သည်တို့ကို စွန့်ပယ်ပြုပြင် ပြင်ဆင် မွန်းမံ သင့်သည်တို့ကို ပြုပြင်ပြင်ဆင်မွန်းမံကာ လူ့အကြောင်း၊ လောကအကြောင်း၊ သီတင်းကောင်း သီတင်းမှန်ကို ပေးအပ်ရန် ကြိုးစားတည်ဆောက်ထားသော ပညာရပ်တစ်ခုပင် ဖြစ်ပေသည်။

တနည်းအားဖြင့် လူ့အကြောင်းသည်၎င်း၊ စကြာဝဠာကြီး အကြောင်းကို၎င်း၊ လူသည် စကြာဝဠာကြီး အတွင်း၌ Continue reading

Tags: , , , , , , ,

အရိယာသူတော်စင်ဖြစ်ဖို့အတွက်ကျင့်စဉ်

အရိယာသူတော်စင်ဖြစ်ဖို့အတွက်ကျင့်စဉ်

တရားကျင့်တယ်ဆိုတာတော့ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါပဲ .. ..

တစ်ချို့ကလည်း သိပ်ခက်တယ်ထင်ပြီး မလုပ်ကြဘူးပေါ့နော်၊ တစ်ချို့ကလည်း လွယ်တယ်ဆိုပြီးတော့ နည်းစနစ် မှားယွင်းစွာ ကျင့်သုံးကြတယ်ပေါ့။ ဒီကြားထဲမှာ နည်းစနစ်လည်း မှန်ရမယ်၊ မဖြစ်နိုင် လောက်အောင်လည်း မခက်ခဲဘူးဆိုတဲ့ အခြေနေရှိပါတယ်။ အဲဒါဘာလည်းဆိုတော့ ရိုးရိုးလေးပါပဲ တင်ပြရရင်တော့ .. အနိစ္စရှုတာပါပဲ

“ပေါ်စိတ် အနိစ္စရှုတယ်” ဆိုတာ ဒါ ပြည့်စုံတာပါပဲ။ လုံးဝပြည့်စုံတယ်၊ ပေါ်စိတ်အနိစ္စရှုရင်းနဲ့ အရိယာဖြစ်သွားမှာပဲ။

ဒီတော့ တရားမှာ သဘောတရားရယ်၊ လက်တွေ့ရယ်၊ အကျိုးအမြတ် ခံစားမှုရယ် ဆိုတော့ .. ..

*သဘောတရားရေးရာဆိုတာ ပေါ်စိတ်  အနိစ္စရှုတယ်ဆိုတာနဲ့ ပြီးသွားပါပြီ – ဒါ သဘောတရားရေးရာ။

*လက်တွေ့ရှုတယ် ဆိုတာကတော့ – ရှုဖို့ပဲ၊ လက်တွေ့ပိုင်းကတော့ တော်တော့်ကို အရေးကြီးပါတယ်။ လက်တွေ့ရှုရင်ကို ပြီးပါတယ်။

ဒီတော့ တရားကိစ္စမှာ ပြီးချင်သလား? မပြီးချင်ဘူးလား? Continue reading

Tags: , , , ,

တစ်ယောက်တည်းမဟုတ်ပါ .. ..

တစ်ယောက်တည်းမဟုတ်ပါ .. ..

အများအားဖြင့် တရားအားထုတ်သောအခါ  တစ်ယောက်တည်းသဘောပဲ အဓိပ္ပာယ် သက်ရောက်သည်ကို တွေ့ရသည် –

ဥပမာ —- အများသူငါ သစ္စာဝါဒီတို့ တရားအားထုတ်သောအခါ မိမိတစ်ယောက်တည်း မိမိခန္ဓာကိုယ်ကို မိမိ ကြည့်ရသော သဘောဖြစ်သဖြင့် အများကို စိတ်ဝင်စားခြင်း မပြုနိုင်ပါ၊ ထို့ကြောင့် တရားအားထုတ်သောအခါ တစ်ယောက်တည်းဟု သတ်မှတ်ယူဆရသည်။

တစ်ယောက်တည်း အားထုတ်လျှင်လည်း တစ်ယောက်တည်း ဖြစ်သည်၊ အများနှင့် အားထုတ်သည် ဆိုသော်လည်း တရားအားထုတ်သောအခါ တစ်ယောက်တည်းကဲ့သို့ မိမိခန္ဓာကိုယ်ကိုသာ မိမိဉာဏ်ယှဉ်ရခြင်း သဘောဖြစ်သည် ထို့ကြောင့် တရားအားထုတ်လျှင် တစ်ယောက်တည်းဟု သဘောပိုက်ခဲ့မိသည်။

သို့သော် တဖြည်းဖြည်းနှင့် တရားအားထုတ်ကြည့်သောအခါ တရားအားထုတ်ရင်း အားထုတ်ရင်း၊ တစ်ယောက်တည်းသဘော အားထုတ်ရင်း အားထုတ်ရင်း တစ်ယောက်တည်း မဟုတ်ကြောင်းကို သိရှိနားလည်  ခံစားလာရသည်။ Continue reading

Tags: , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -38

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၈)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

နိဗ္ဗာန်ဆိုတာဘာလဲ

ဗုဒ္ဓဘာသာဝင်တို့အတွက် အကြံပေးချက်များ သို့မဟုတ် ရည်မှန်းချက် ထားရှိပြီး အောင်မြင်ပြီးမြောက်နိုင် စေရန် ကြံစည်ကြိုးစားလေ့လာခြင်း။

သာသနာတော်အတွင်း၌ ဗုဒ္ဓဘာသာဝင်တို့၏ စွမ်းရည်ကို အသေးစိတ် အသုံးချထုတ်လုပ်၍ နည်းစနစ် များကို ထိန်းချုပ်ကာ ရည်မှန်းချက် ပေါက်မြောက်သည်အထိ ကျင့်ကြံကြိုးစား အာားထုတ်ရန် စီစဉ်ခြင်း ..။

နံပါတ်(၁) ရည်မှန်းချက်တစ်ခုကိုထားရှိပြီး၊ ထိုရည်မှန်းချက်၏ အခြေခံသဘောသဘာဝကို လေ့လာခြင်း။

ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်မှာ နိဗ္ဗာန်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်သို့ ရည်မှန်းရပေမည်။ ထိုအခါ နိဗ္ဗာန်၏ သဘောသဘာဝ၊ အခြေခံများကို သိနားလည်ထားရန် လိုအပ်လေသည်။ ဥပမာ … နိဗ္ဗာန်သည် ဆင်းရဲဒုက္ခမှ ကင်းလွတ်သည်။ ချမ်းသာသည်။ နိဗ္ဗာနံ ပရမံ သုခံ။ နိဗ္ဗာန်၌ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိ။ မွေးဖွားခြင်းမရှိသဖြင့် သေဆုံးခြင်းမရှိ။ နိဗ္ဗာန်သို့ ဘုရား၊ ရဟန္တာများ စံဝင်ကြသည်။ ရုပ်နာမ် ချုပ်ဆုံးသည်။ (ရုပ်နာမ် ချုပ်ဆုံး၊ ဆိတ်သုဉ်းသည်ဆိုသည်မှာ သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်နာမ်ရရှိထားသဖြင့် အိုရ၊ နာရ၊ သေရခြင်း ဖြစ်ပေသည်။ လောကဓံတွေ့ရခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခဟူသည် ရုပ်နာမ်ရှိနေ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မဖြစ်ချင်တာလည်း ဖြစ်နိုင်သည်။ ဖြစ်ချင်တာလည်း မဖြစ်ပဲ နေချင်နေမည်။ ရုပ်နာမ်ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်းပင်ဖြစ်သည်။ လွန်စွာချမ်းသာသော နိဗ္ဗာန်၊ ချမ်းသာစစ်တည်ရာ နိဗ္ဗာန်၊ ဆင်းရဲမှုတို့မှ ကင်းလွတ်သော နိဗ္ဗာန်သည် ရုပ်နာမ်ကို လက်မခံ။ ရုပ်နာမ် မဖြစ်ရ။ ရုပ်နာမ် ချုပ်ဆုံးရမည် ဆိုသည်မှာ သဘာဝကျသည်၊ ရှေ့နောက် ညီညွတ်သည်။)

စကားချပ်။      ။ ဤနေရာ၌ ဗုဒ္ဓဘာသာဝင်တို့ ၀င်စားဖြစ်အောင် ရေးသားဖော်ပြနေခြင်းဖြစ်သည်။ တရားတော် ကိုတန်ဖိုးဖြတ်နေသည့် အဓိပ္ပါယ်မဟုတ်။ Continue reading

Tags: , , , , , , ,

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

တိုးတက်တဲ့ခေတ်ကြီးမှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေကြားနေရတယ် .. ..

ဒီခေတ်ကြီးက တိုးတက်နေတာ အားရစရာလည်း တော်တော်ကောင်းပါတယ်။ အားကစားဆို အားကစားမို့၊ ကွန်ပြူတာဆို ကွန်ပြူတာမို့၊ အနုပညာဆိုလည်း အနုပညာပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး၊ သိပ္ပံ ဆိုလည်း သိပ္ပံ အစစအရာရာ တိုးတက်နေတာ ဒီခေတ်ကြီးပါ။ တိုးတက်အောင်လည်း ကြိုးစားကြတယ်။ လက်တွေ့လည်း လုပ်ကိုင်ကြတယ်။ ဇွဲသတ္တိလည်း ရှိကြတယ်။ အဲဒီအချိန်မှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ ဘောက်ချီးတွေ ကြားလာရတာ တော်တော်အံချော်တဲ့ အသုံးအနှုန်းတွေပဲ .. ..

ဥပမာ —- လူတွေကိုလေးစားပေါ့ လေးစားသင့်ပါတယ်၊ လေးစားနိုင်ပါတယ်။ ဒါပေမယ့် “ဘုရားအလောင်းလို လေးစားကြည်ညိုတယ်” လို့ ပြောလာတဲ့ အခါကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ် ကျေးဇူးတော်နဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ပေးဆပ်ရတဲ့ လမ်းခရီးမှာ ဖြတ်သန်းရတဲ့ ပါရမီ ဖြည့်မှုတွေဟာ တန်ဖိုးလျှော့ပြီး ကြေငြာပေးသလို ဖြစ်နေတယ်။ ဒါ တော်တော်မကောင်းတဲ့ စကားတွေပဲ။

အမှန်ကတော့ လူလူချင်း လေးစားတာ ကောင်းပါတယ်။ သို့သော်လည်း ဘုရားအလောင်းလောက် လေးစား ပါတယ် ဆိုတော့ ဒါကျတော့ နည်းနည်းလွန်သွားပြီ။ ဘုရားအလောင်းဆိုတာကို ပေါ့သေးသေး တွက်နေတယ်။ ဒါဟာ ဗုဒ္ဓဘာသာအသံ မဟုတ်သလိုပဲ။ Continue reading

Tags: , , , , , , , ,

ဟုတ်ရာမှန်ရာအကျိုးရှိရာ

ဟုတ်ရာမှန်ရာအကျိုးရှိရာ

ဗုဒ္ဓဘာသာ၌ ဟုတ်ရာ မှန်ရာ အကျိုးရှိရာကို ပြောနိုင်ခွင့်ရှိလေသည်။

မဟုတ်ရာ၊ မမှန်ရာ၊ အကျိုးမဲ့ရာကိုမူ မပြောရချေ။ ဟုတ်မှန်နေလျှင် ဗုဒ္ဓဘာသာ၌ ပြောပိုင်ခွင့် ရှိလေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရား ကိုယ်တော်တိုင်သည်ပင်လျှင် ဟုတ်ရာ၊ မှန်ရာ၊ အကျိုးရှိရာကို မိန့်တော် မူဖူးလေသည် –

“ငါအမြတ်ဆုံး၊ ငါအကြီးအကဲဖြစ်ဆုံး၊ ငါအအောင်မြင်ဆုံး” ဟူ၍လည်းကောင်း

“တဏှာလက်သမား ယခုအခါ ခန္ဓာအိမ် မဖွဲ့နိုင်တော့ပြီ၊ နောက်ဘ၀ မရှိပြီ” ဟူ၍လည်းကောင်း

ကြွေးကြော်တော် မူခဲ့ဖူးလေသည်။ ရဟန္တာများသည် အသီးသီး ဥဒါန်းကျူးတော် မူခဲ့ကြလေသည်။

ထို့အတူပင် မြတ်စွာဘုရား၏ သားတော်များသည် ဟုတ်လျှင် မှန်လျှင် အကျိုးရှိရာရှိကြောင်း ပြောကောင်းသည်သာ ဖြစ်သည်။ မဟုတ်လျှင် မမှန်လျှင် အကျိုးမဲ့ရာကိုတော့မူ မပြောအပ်ချေ။ အချို့ အဓိပ္ပာယ်ကောက် လွဲနေကြသည်။ တရားအကြောင်း မပြောရဟူ၍ အဓိပ္ပါယ်ကောက် လွဲနေကြသည်။ လာဘ်မျှော်၍ မပြောရ၊ မရှိသော အရည်အချင်းအား ရှိသကဲ့သို့ မပြောရ - ဟူသော ကန့်သတ်ချက်သာ ရှိလေသည်။ လာဘ်မမျှော်မူ၍ အမှန်တကယ် ဖြစ်ပျက်သည်တို့အား ဟုတ်ရာမှန်ရာ အကျိုးရှိရာ ဖွင့်ဆို ကောင်းသည်သာ ဖြစ်သည်။ ဤခေတ်၌ အမှန်ကို သတင်းပေးရသည်ဖြစ်ရာ အထူးပြောဖို့ လိုအပ်လေသည်။ မှန်ဖို့တော့ အရေးကြီးလေသည်။ မမှန်လျှင် Continue reading

Tags: , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 34

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၅)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

ဓမ္မအောင်လံ

ပညာဆိုတာ ဉာဏ်ကထွက်တာဘဲ။ ဉာဏ်ဆိုတာ ခန္ဓာကိုမြင်ရတယ်။

ခန္ဓာက ပညာကို မထုတ်နိုင်ဘူး။ (သို့မဟုတ်) တိုက်ရိုက်မထုတ်နိုင်ဘူး။ မြတ်စွာဘုရားက စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဟောပြီးမှ ပညာဥဒပါဒိလို့ ဟောတော်မူတယ်။ လူတော်တော်များများက ပညာနဲ့ သညာ၊ ပညာနဲ့ ၀ိဉာဏ် မကွဲကြရှာဘူး။ လွယ်တဲ့ ကိစ္စ တော့လည်း မဟုတ်ဘူး။ ပညာက အလင်းရှိတယ်။ Light, Bright, Might ပေါ့။ ပညာမှာ သိရုံသာမဟုတ်ဘဲ မြင်တဲ့သဘောလည်းပါတယ်။ (ဉာဏ်ကလာတယ်ဆိုတော့ မြင်တယ်ဆိုတာ ရှင်းပါတယ်) ။ သိမြင်တယ်၊ မြင်သိတယ်ပေါ့။ အလင်းနဲ့ တွဲ၍မြင်သိတယ်။ သိမြင်တယ်ပေါ့။ ပညာရဲ့ရှေ့မှာ ဉာဏ်ရှိပြီး၊ နောက်မှာ ၀ိဇ္ဇာရှိတယ်။ ဒီတော့ ဉာဏ်မှာ မြင်တယ်၊ ၀ိဇ္ဇာကျတော့ ထွင်းဖောက်တယ်။ ဒီကြားထဲ မြင်ပြီးထိုးထွင်းဖို့ ကြိုးစားတဲ့သဘော လက္ခဏာပါတယ်။ မြင်တယ်ဆိုတာ ထင်တာမဟုတ်ဘူးဆိုတာ စာရှုသူသိပြီးသားမို့ ဒီနေရာမှာ ရှင်းရတာ လွယ်တယ်။ ထင်တာကတော့ Blind ပါ။ မှားတာများပါတယ်။ အသိနယ်ပယ်ကို လိုက်စားရာမှာ မြင်ဖို့၊ ထိုးထွင်း ထွင်းဖောက်ဖို့ လိုက်စားသင့်တယ်။ ထင်တာရမ်းပြီး မလိုက်စားသင့်ဘူး။ ဆရာကောင်းလိုတယ်လို့ ဒါကြောင့် ပြောရတာပေါ့။

ပညာမှာလည်း ချေနိုင်တဲ့ စွမ်းပကားတွေရှိပြီး ဖြစ်ပျက်တွေကို ချေသလိုပေါ့။ ရုပ်တွေချေ၊ သုညတဖြစ်။ ပုံသဏ္ဌာန်တွေချေ၊ အနိမိတ္တဖြစ်၊ ပုံစံကင်းဆိတ်မှုတွေဖြစ်။ နောက်ဆုံး မုန်းခြင်း၊ ဆုံးခြင်းတွေတွဲသွားပြီး ၀ိဇ္ဇာဖြစ် သွားတာ၊ ထိုးထွင်းသိမြင်သွားတာပေါ့။ ၀ိဇ္ဇာမဖြစ်ခင် ပညာရဲ့ အားကမသေးဘူး။ သူက ငါးခုမှာ အလယ်လတ်ပဲ။ ရှေ့မှာ အမြင်နဲ့ဉာဏ်။ နောက်မှာ ထွင်းဖောက်မှုနဲ့အလင်း။ ဒီကြားထဲမှာ အရေးပါလှတဲ့အရာ။ ဒါပညာပဲ။ နိဗ္ဗာန် ရောက်ရပါလို၏ ဟု အများသူငါ ဆုတောင်းတတ်ကြလေသည်။  နိဗ္ဗာန်ရောက်ရန် ရည်သန်ဆုတောင်းကြသော်လည်း နိဗ္ဗာန်၏အခြေအနေ သဘောသဘာဝကို အနုမာနဖြစ်စေ မှန်းဆသိမြင်နိုင်ခဲဘိသည်။ ယခုမူ နိဗ္ဗာန်၏ သဘောသဘာဝ၊ သုံးဆယ့်တစ်ဘုံနှင့် ခြားနားပုံ၊ သီးခြားကင်းလွတ်နေပုံတို့ကို အနည်းငယ် ရှင်းလင်းတင်ပြ လိုပါသည်။

နိဗ္ဗာန်သည် ( နိ + ၀ါန ) ဟု ခွဲခြမ်းလိုက်နိုင်ရာ ကိလေသာကင်းဆိတ်ခြင်းဟု အဓိပ္ပာယ်ကောက်ယူနိုင် လေသည်။ ရုပ်နာမ်ရှိသူတို့၌ ကိလေသာသည် အလိုလို မကင်းဆိတ်နိုင်။ ကိလေသာချုပ်ငြိမ်း ငြိမ်းသတ်စေနိုင်ရန် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တည်ဆောက်ရလေသည်။ ထိုဉာဏ်များကို မြတ်ဗုဒ္ဓအလိုတော်ကျ မြတ်ဗုဒ္ဓသာသနာ အဆုံး အမအောက်တွင် တည်ဆောက်နိုင်ပါသည်။ နိဗ္ဗာန်သို့ အဆိုပါ ကိလေသာတို့ကို ငြိမ်းသတ်နိုင်စွမ်းရှိသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တို့ဖြင့် စံဝင်ရခြင်းဖြစ်လေသည်။ နိဗ္ဗာန်သို့ ရုပ်နာမ်များဖြင့် သွား၍မရချေ။ ထို့ကြောင့် အကြင်သူသည် နိဗ္ဗာန်ရောက်ရပါလို၏ဟု ဆုတောင်းသောအခါ ထိုသူသည် မိမိလက်ဝယ်ရရှိထားသော ရုပ်နာမ်ခန္ဓာကြီး အပြီးအပိုင်ချုပ်ငြိမ်း ရုပ်သိမ်းရပါလို၏ ဟု ဆုတောင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ Continue reading

Tags: , , , , , , ,