Tag Archives: မိုးကုတ်ဆရာတော်ဘုရားကြီး

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 26

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၆) ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးများ (အဆက်) စာရေးသူတို့သည် ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့် တောတောင် ဂူသချိုင်းများ၌ တရားအားထုတ်ရာ၌ ဒေ၀ပုတ္တမာန်ကိုလည်း မကြောက်ရသကဲ့သို့ မြေပါးကင်းပါးကိုလည်း မကြောက်ရချေ။ စာရေးသူကိုယ်တိုင်မူ ဆရာမြတ်ကြီးဆီ မရောက်ခင်က မြွေပါးကင်းပါး ကို ကြောက်တတ်သူ တစ်ဦး ဖြစ်လေသည်။ ဆရာမြတ်ကြီးထံ တပည့်အဖြစ် ခံယူသော အခါကျမှ မြွေဖားကင်းဖားကို မကြောက်တတ်သူ ဖြစ်လာသည်။ ဆရာသည် မြွေများကို မေတ္တာသစ္စာ သိ၍ ဖယ်ရှင်းနိုင်သည်။  Tags: Buddhism, ဆရာမြတ်ကြီး, မဂ်ဉာဏ် ဖိုလ်ဉာဏ်, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၄ ) ဉာဏ်အကြောင်း ငယ်    ကိုနန်းအောင် ဉာဏ်ဆိုတဲ့အကြောင်း ကောင်းကောင်းနားလည်အောင် အသေးစိတ် ရှင်းပြစမ်းဗျာ။ နန်း     ဉာဏ်ဆိုတာ စိတ်ကဖြစ်လာရတဲ့ အရာပါဘဲဗျာ၊ ဒါပေမယ့် ထူးဆန်းတာတော့ ရှိတယ်၊ အဲဒါဘာလဲ ဆိုတော့ ဉာဏ်ကို စိတ်ကနေ တည်ဆောက်ရတယ်၊ ဉာဏ်ဖြစ်လာလျှင်တော့ စိတ်ကို ပယ်စွန့်ရတယ်၊ နီးစပ်တဲ့ ဥပမာတစ်ခုပြောရလျှင် ကလေးကနေ လူကြီးဖြစ်လာတယ်၊ လူကြီးဖြစ်လာတော့ … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

အားရှိပါ အားရှိစေချင်ပါတယ်

အားရှိပါ အားရှိစေချင်ပါတယ် အားရှိပါ ကျွန်တော်လည်း တရားစိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကိုပဲ အားပေးနိုင်တာ၊ တရားစိတ်ဝင်စားမှု မရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်က အားပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လေ့လာ ခဲ့တာက တရားပဲ၊ ဒီတော့ တရားဘက်မှာပဲ အားပေးနိုင်ပါတယ်။ ကျွန်တော့်သဘောထား ပြောရမယ် ဆိုရင်တော့ အခြားဘက်မှာ သူရဲကောင်းဖြစ်ဖို့ တအားကြိုးစားရတယ်၊ ခက်လည်းခက်ပါတယ်။ တရား ဘက်မှာကတော့ သိပ်လည်း မကြိုးစားရပါဘူး၊ သူရဲကောင်းဖြစ်ဖို့ လွယ်လည်းလွယ်ပါတယ်။ ကိုယ့်ခန္ဓာကို အနိစ္စပဲလို့ ဆင်ခြင်လိုက် ဒါ သူရဲကောင်းပဲ လက်မထောင်တော့၊ ခြေဖျားထောက်တော့၊ … Continue reading

Posted in Buddhism | Tagged , , , , , , , | 2 Comments

မဂ်ရခြင်းမရခြင်း…(၁)

မဂ်ရခြင်းမရခြင်း…(၁) နိဗ္ဗာန်အကြောင်းကို ကျွန်တော် အနည်းငယ်တော့ ပြောပြ ရေးပြခဲ့ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ အများသူငါ သိတဲ့အတိုင်းပါပဲ အင်မတန် ကျယ်ပြော နက်ရှိုင်းတော့ ဘယ်လောက်ရေးရေးလည်း ကုန်ပြီ ၀ပြီလို့တော့ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆရာကောင်းသမားကောင်းရဲ့ အဆိုအဆုံးမလည်း တည်တယ် ကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်ဖူးတော့ ကောင်းကောင်းမွန်မွန် ရေးနိုင်တဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ခြေခြေမြစ်မြစ် လေ့လာခဲ့တော့ ခြေခြေမြစ်မြစ် ရေးတတ်ပါတယ်၊ အပေါ်ယံမျိုး ကျွန်တော် မရေးဘူး။ ဥပမာ – ဟိုတစ်လောက ဓမ္မကထိကတစ်ပါး အသင်္ခတဓာတ်ကို အတ္တအနှစ်သာရ ရှိတယ်လို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပညာ၏လျှင်မြန်ပုံ

ဉာဏ်ပညာ၏လျှင်မြန်ပုံ ဆရာမြတ်ကြီးထံ အန္တေ၀ါသိက တပည့်အဖြစ် ခံယူခဲ့ရစဉ် ဉာဏ်ပညာ၏ လျှင်မြန်ပုံကို ဗဟုသုတ ရဖူးပါသည်။ ဉာဏ်ပညာသည် လွန်စွာမှမြန်သည်။ ရုပ်မြန်သည်ဆိုသည်မှာ စိတ်ကဲ့သို့ မမြန်နိုင်သကဲ့သို့၊ စိတ်မြန်သည် ဆိုသည်မှာ ဉာဏ်ကဲ့သို့ မမြန်နိုင်ပါ၊ ထိုသို့လျှင် သဘောရပါသည်။ ဉာဏ်ပညာသည် လွန်စွာမြန်သည်။ လျှင်မြန်သောဉာဏ်၊ ရှင်သန်သောသတ္တိ ဟူ၍ အဆိုအဆုံးမရှိသည်။ ဉာဏ်သည် လွန်စွာမှလျှင်မြန်လှလေရာ စိတ်တစ်ခဏများကို ရှုသတ်နိုင်စွမ်းရှိသည်မှာ ဉာဏ်ပညာပင်ဖြစ် သည်။ စိတ်သည် လျှင်မြန်သောဉာဏ်အောက်၌ အပျက်တရားအဖြစ် ထင်ရှားစေသည်။ ဉာဏ်မလျှင်မြန်လျှင် စိတ်သည် လွှမ်းမိုးသွားနိုင်သည်။ ရန်သူရှိသော … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ အချို့သော စာဖတ်ပရိတ်သတ်များ ဓမ္မမိတ်ဆွေများက စာရေးသူအကြောင်းနှင့် စာရေးသူ၏ဆရာ ဆရာမြတ်ကြီးအကြောင်း၊ စာရေးသူနှင့် ဆရာမြတ်ကြီးတို့၏ ဆက်ဆံရေးအကြောင်းများကို စိတ်ဝင်စားကြသည်။ မိမိကိုယ်တိုင်ကလည်း အခါအားလျော်စွာ ရေးသားဖော်ပြခဲ့ဖူးသော်လည်း အချို့သော စာဖတ် ပရိတ်သတ်များမှာ အားမရသကဲ့သို့ ခံစားရသည်ဟု သိရသည်။ ထို့ကြောင့် အနည်းငယ် ဖွင့်အံ ရေးပြပါဦးမည်။ စာရေးသူသည် ဆရာမြတ်ကြီးအား အရမ်းကြည်ညိုသည်။ အကြောင်းအကျိုး တိုက်ဆိုင်စဉ်က ဆရာမြတ်ကြီးအား “တစ်လောကလုံးနဲ့ … Continue reading

Posted in Buddhism | Tagged , , , , | Comments Off on ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 9

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၃) ဆရာမြတ်၏ ၀ိပဿနာ တရားပြပုံ (က) ခြေလှမ်း (၃) လှမ်း။ (ခ) တရားပြခြင်းဆိုင်ရာ အဓိပ္ပါယ် ရှင်းလင်းချက်။ (ဂ) ဉာဏ်အမြင်နှင့် ပတ်သက်သော စွမ်းရည်သတ္တိများ။ (က) ခြေလှမ်း (၃) လှမ်း။ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလသည် ခြေလှမ်း (၃) လှမ်းဖြင့် နိဗ္ဗာန်စံဝင်နိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။ မည်ကဲ့သို့သော ခြေလှမ်း (၃) လှမ်းဖြင့် မည်ကဲ့သို့ နိဗ္ဗာန်စံဝင်နိုင်ကြောင်းတို့ကို အနည်းငယ် ရှင်းပြပါမည်။ ခြေလှမ်း (၃) … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 5

ဉာဏ်ပန်းမွှေးလှိုင်ကြူ   ဆရာမြတ်၏ ထူးခြားချက်များ။            ။ဆရာမြတ်မှာ လူအမည် ဦးလှဘူးဖြစ်ပါသည်။ အမရပူရမြို့ အလယ်ပန်းထိမ်ရပ် အဖဦးစံဖေ၊ အမိဒေါ်မြင့်တို့မှ ဒုတိယသားရတနာ ဖြစ်ပါသည်။ ဦးပဉ္ဇင်း ချဉ်းကပ်ခွင့်ရသော အချိန်တွင် ဆရာမြတ်သည် အမရပူရမြို့ အရှေ့တောင်ပိုင်း မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန် အင်းစောင်း၌ လေးဧကခန့်ကျယ်သော ခြံကြီးထဲတွင် တစ်ဦးတည်း ဧကစာနေထိုင် ကျင့်ကြံအားထုတ်လျက် လောကုတ်လောကီ ပညာရပ် အမျိုးမျိုးကို ဖြန့်ဖြူးပေးဝေ နေချိန်ဖြစ်သည်။ (ဆရာမြတ်နှင့်ပတ်သက်သည်တို့ကို ကျမ်းပြုနေပါသည်) ဆရာမြတ်မှာ လက်တွေ့သဘောကိုသာ နှစ်ခြိုက်လိုလားသူ တစ်ဦးဖြစ်လျှက် အစစအရာရာကို လက်တွေ့စမ်းသပ်လေ့ရှိခဲ့သည်။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 3

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း ( ၁ ) ဘ၀အတွေ့အကြုံ ဘ၀၏အစ။          ။ စာရေးသူသည် စနေသားဖြစ်သော်လည်း လူအမည်မှာ မောင်အေးကိုဖြစ်သည်။ အမရပူရမြို့ ဒုဋ္ဌ၀တီ မြစ်ကမ်းပေါ်ရှိ လိပ်ဆန်ခွန်ရွာ ဇာတိဖြစ်သည်။ အဘဦးချစ်၊ အမိဒေါ်ကြော့တို့၏ ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် ဘုရားရှိခိုးအမျိုးမျိုးကို အာဂုံရလွယ်သည့်ပြင် ဘာသာရေး သာသနာရေးတို့၌ အထုံပါသူ၊ ဉာဏ်ကောင်းသူ ဖြစ်ကြောင်း အိမ်နီးနားချင်းများ၏ လေးလေးစားစား အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ (၉)နှစ်အရွယ်တွင် ရှင်ပြုရာ သာသနာ့ဘောင်တွင် ပျော်မွေ့နေတော့သဖြင့် မိဘများက အမျိုးမျိုးချော့မော့လျှက် လူထွက်စေခဲ့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

NIBBANA – 13

နိဗ္ဗာန် အပိုင်း(၁၃) နောက်ဆုံးအပိုင်း ငယ်    ဘုရားအကြိုက်ကို ခင်ဗျားသိလား။ နန်း     ပြောပြလေဗျာ။ ငယ်    သတ္တ၀ါတွေ ချမ်းသာစစ် ချမ်းသာမှန်ရဖို့ လမ်းဖွင့်ပေးရတာပေါ့ဗျာ။ နန်း     ချမ်းသာတု ချမ်းသာယောင်ကတော့ အလကားဘဲပေါ့ ဟုတ်လား။ ငယ်    ချမ်းသာစစ် ချမ်းသာမှန်က ကောင်းတာပေါ့ဗျာ။ နန်း     အချမ်းသာဆုံးဟာ ဘာလဲဟင်။ ငယ်    နိဗ္ဗာန်ပေါ့ဗျာ။ နန်း     နိဗ္ဗာန်က ဘယ်လိုချမ်းသာတာလဲဗျ။ ဘာကြောင့် ချမ်းသာရတာလဲ။ ငယ်    နိဗ္ဗာန်က ဘာကြောင့်ချမ်းသာရသလဲဆိုလျှင် ချမ်းသာစရာတွေရှိလို့ ချမ်းသာတာပေါ့လို့ ဖြေရမှာဘဲ။ ဆင်းရဲခပ်သိမ်း ကင်းပြတ်ငြိမ်းဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA -11

နိဗ္ဗာန် အပိုင်း(၁၁) ငယ်    ကျွန်တော်တစ်ခုပြောပြမယ်။ နန်း     ပြောပြပါ။ ငယ်    ဆရာမြတ်ကြီးက မိန့်ဘူးတာ။ နန်း     ဟုတ်ပြီ။ နားထောင်ချင်တယ်။ ငယ်    ပညာရှိက ပညာအကြောင်းကို သညာနဲ့ပြောတဲ့အခါ မိန့်တဲ့အခါ နာယူသူက သညာကနေ ပညာသို့ ထိုးဖောက်ဆင်ခြင်ယူရတယ်တဲ့။ နန်း     အနည်းငယ်လင်းပါဦးဗျာ။ ငယ်    တစ်ချိန်က ကျွန်တော်က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကို နာခဲ့တာကိုးဗျ။ နန်း     ဟုတ်ပြီ။ ငယ်    ဆရာမြတ်ကြီးက မိန့်တယ်။ မိုးကုတ်ဆရာတော်ကြီးက ဉာဏ်ပညာရှင်ကြီးတဲ့။ ဉာဏ်ပညာအကြောင်းကို မိန့်တဲ့အခါ သညာနဲ့မိန့်တာဘဲတဲ့၊ အဲဒီသညာကို … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -32

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာတော်မြတ်ကို အားကိုးနိုင်သည် မိမိမှာ ကံထူးသူဖြစ်လေသည်။ ဆရာကောင်း ဆရာမြတ်ထံ ချဉ်းကပ်ခွင့် ရခဲ့သည်။ ဘ၀ကို အပ်နှံပုံပြခဲ့သည်။ ဤစွန့်စားမှုသည် မိမိအတွက်သာ ဖြစ်သည်။ တဖြည်းဖြည်း အသိပညာရင့်ကျက်ခဲ့ သည်။ မြတ်စွာဘုရား ပါရမီဖြည့်ဆည်းတော်မူခဲ့ရသည်ကို မိမိ တစ်စတစ်စ သိရှိနားလည်လာသည်။ မြတ်စွာဘုရား၏ ပါရမီတော်ကို ပူဇော်မိခြင်းသည် `ရွှေ´ ပင်ဖြစ်သည်။ ရုပ်နာမ်ကို ငါထင်သမျှ `အချည်းနှီး´ နှင့်တိုးရမည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , | Leave a comment

ဆရာဝန်နှင့်လူနာ ဉာဏ်နှင့်ခန္ဓာ

  ဆရာဝန်နှင့်လူနာ ဉာဏ်နှင့်ခန္ဓာ သစ္စာအရာ၌ ၀ိပဿနာ ရှုသတ်ဆင်ခြင် ရသောအခါ၊ ပိုင်းခြားသော သဘောကို နားလည်ရလေသည် .. .. ပိုင်းခြားသည် ဆိုသည်မှာ ပါဠိဝေါဟာရအားဖြင့် “ပရိံဉာတပ္ဗကိစ္စ” ဟုခေါ်သည်။ ပိုင်းခြားရသည်၊ ဥပမာ — ရုပ်နာမ်နှင့် ဉာဏ် ပိုင်းခြားရသည်၊ ရုပ်နာမ်ကို ရုပ်နာမ်နှင့် ပိုင်းခြားနိုင်ခြင်း မရှိချေ .. .. ရုပ်နာမ်ကို ဉာဏ်နှင့်မှ ပိုင်းခြားနိုင်သည်။ ထိုဉာဏ်ကိုရအောင် ဆရာကောင်း သမားကောင်း၏ အကူအညီကို ယူရလေသည်၊ ကိုယ်တိုင် တည်ဆောက် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

တရားရှုသည်ဆိုရာဝယ် .. ..

  တရားရှုသည်ဆိုရာဝယ် .. .. တရားရှုသည်ဆိုသည်မှာ မှတ်သည်နှင့် မတူပါ .. .. တရားအားထုတ်သူများ ဤအချက်ကို အနည်းငယ် သတိမူစေချင်ပါသည်။ မှတ်သည်ဆိုသည်မှာ ၀ိပဿနာ နယ်ပယ်၌ သုံးလေ့မရှိပါ။ တရားရှုမှသာလျှင် ၀ိပဿနာဘက်ကို ရောက်ပါသည်။ ထိုအခါ “ဘာနဲ့ရှုသလဲ?” ဆိုသော မေးခွန်းပေါ်လာပါသည်။ ဤနေရာ တင်ပြလိုသည်မှာ လူနာနှင့်ဆရာဝန် ဆိုပါစို့ (ဥပမာ ပေးခြင်းဖြစ်ပါသည်) လူနာက သူစားချင်ရာစား သူကြိုက်တာစားတော့ – ရောဂါနဲ့ တခြားစီဖြစ်ပြီး ရောဂါပဲတိုးနိုင်တယ်။ ဒါပေမယ့် သူက ရောဂါအကြောင်းလည်းမသိ၊ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မ​ဂၤ​လာ​ရွိ​ေ​သာ​စ​ကားမ်ား (၁)

မင်္ဂလာရှိသောစကားများ (၁) သစ္စာဝါဒီများ .. .. မင်္ဂလာရှိတဲ့ အခါကြီး ရက်ကြီးမှာ မင်္ဂလာရှိတဲ့ စကားတွေ ပြောချင်တယ်။ ရုပ်ရဲ့ အလွန်မှာ စိတ်ရှိတယ်၊ နာမ်ရှိတယ်ပေါ့၊ နာမ်ရဲ့ အလွန်မှာ ဉာဏ်ရှိတယ်။ ဉာဏ်ကျတော့ လောကုတ္တရာပေါ့နော် .. .. ဒီတော့ လောကရဲ့ အလွန်မှာလည်း လောကုတ္တရာရှိတယ်၊ (၃၁) ဘုံရဲ့ အလွန်မှာ နိဗ္ဗာန်ရှိတယ်၊ သင်္ခတရဲ့ ဟိုမှာဘက်မှာ အသင်္ခတရှိတယ်။ အသင်္ခတဆိုတော့ အနုတ္တရပေါ့နော် .. .. ဒါတွေက ရှိတာပဲ .. … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , , , | Leave a comment