Tag Archives: မဂ်ဉာဏ် ဖိုလ်ဉာဏ်

ဝိပဿနာနည်းပညာအမေးအဖြေ (၁၁)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၁) မေး ။ ဆရာကြီး မင်္ဂလာပါ။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ဟိုနေ့က ကျွန်တော် မေးခွန်းတစ်ခု ဆက်မေးမလို့ ဆရာကြီးရယ် – ကျန်ခဲ့လို့ပါ။ ဖြေ ။ ဘာကျန်ခဲ့တာလည်း။ မေး ။ အော် နိဗ္ဗာန်က လွတ်မြောက်ခြင်း အရသာရှိတယ်၊ နိဗ္ဗာန်ရဲ့ လွတ်မြောက်ခြင်းကို ဖိုလ်ဉာဏ်က Tags: ၀ိပဿနာ, Buddhism, Myanmar Posts, တရား, နိဗ္ဗာန်, မဂ်ဉာဏ် ဖိုလ်ဉာဏ်

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀) မေး ။ ဆရာကြီး ကျွန်တော်လာပြီ။ ဖြေ ။ လာ — မေး ။ ဆရာကြီး ကျွန်တော် ပြဿနာ နည်းနည်းတက်နေတယ်။ ဖြေ ။ ဘာပြဿနာလည်း။ မေး ။ ပုဂ္ဂိုလ်တစ်ဦး လိုက်စားမလားလို့ အကျိုးအကြောင်း မဲဆွယ်ကြည့်တာ သူက ကဏ္ဍကောစ လုပ်နေတယ်။ ဖြေ ။ အော် လောကွတ်ကလည်း Tags: ၀ိပဿနာ, Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၇)

ဝိပဿနာနည်းပညာအမေးအဖြေ (၇) မေး ။ ဆရာကြီးခင်ဗျာ ကျွန်တော် ရိုသေစွာ ဂါဝရပြုပါတယ်။ ဖြေ ။ ဆိုစမ်းပါဦး ဒီနေ့ဘာတွေ မေးမှာလဲ၊ ပြောမှာလဲ — မေး ။ ကျွန်တော် မေးရမှာတွေက များလာတယ် ဆရာကြီးရယ်၊ ဒါ တိုးတက်တာပဲ နေမှာပေါ့နော်။ ဖြေ ။ ဘာတွေ မေးချင်တာလဲ။ မေး ။ ဆရာကြီး မဂ်တို့ ဖိုလ်တို့ ဆိုတာ Tags: ၀ိပဿနာ, Buddhism, Myanmar Posts, မဂ်, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၄)

ဝိပဿနာနည်းပညာအမေးအဖြေ (၄) မေး ။ ဆရာကြီး ကျွန်တော်လာပြီ ဖြေ ။ လာ မေး ။ ကျွန်တော် နှလုံးသွင်းတာလေးတွေ ပြောပြဖို့လည်း ပါလာတယ်။ ဖြေ ။ လက်တွေ့ကျင့်တယ်ဆိုရင် ပြောပြ။ မေး ။ ပျက်တယ်လို့ ရှုတော့ မလိုချင်တဲ့ သဘောလေးတွေ လိုက်လာတယ်လို့ ၀န်ခံရပါတယ် ဆရာကြီး။ ဒါပေမယ့် ပိုင်းခြားတဲ့ အဆင့်ဆိုတာတော့ နည်းနည်း လက်လှမ်းဝေးနေပါတယ်။ ဖြေ ။ သြော် လိုချင်ရင် ပိုင်းခြားလို့ကို မရဘူး။ ဘာလို့လည်းဆို … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အံသြစရာနိဗ္ဗာန်

အံသြစရာနိဗ္ဗာန် နိဗ္ဗာန်ကြီးက အံသြစရာကောင်းတယ်၊ လွန်စွာမှကို အံသြစရာကောင်းတယ်။ ကျွန်တော်တို့ အရင်ဘ၀က နိဗ္ဗာန်အကြောင်း အခုလောက်မှ စဉ်းစားမိခဲ့ကြသလား မသိပါဘူး။ ဒီဘ၀တော့ စဉ်းစားဖြစ်သွားပြီပေါ့လေ — ဆရာကောင်း သမားကောင်းနဲ့လည်းတွေ့တော့ နိဗ္ဗာန်ကြီးကို ကောင်းကောင်းကို ၀င်စားနားလည်ဖို့ ကြိုးစားနိုင်ခွင့် ရခဲ့ပါတယ်။ နိဗ္ဗာန်ကြီးက (၃၁) ဘုံရဲ့လွန်မြောက်ရာပဲ။ နိဗ္ဗာန်မှာ ဘာရုပ် ဘာနာမ်မှ မရှိဘူးဆိုတော့ (၃၁)ဘုံနဲ့တော့ တစ်ခြားစီပါပဲ။ (၃၁) ဘုံက ဒုက္ခမျိုးစုံ စုပုံနေတာလေ။ နိဗ္ဗာန်ကတော့ သုခမျိုးစုံ စုပုံနေတာ။ သုခဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ရဟန္တာဆိုတာ

ရဟန္တာဆိုတာ      ရဟန္တာဆိုတာ ရှိတာတွေ မရှိအောင် လုပ်တာပါပဲ။ တနည်းအားဖြင့် သံသရာ လည်စေတတ်တဲ့ တရားတွေကို ကုန်ဆုံးချုပ်ငြိမ်းအောင် လုပ်တာပါပဲ။ အဲဒီလို လုပ်လိုက်တဲ့အခါကျ ရှိတာတွေ မရှိတော့ဘူးဆိုတော့ – မရှိသေးတာ ရှိလာပြန်တယ်။ ဘာရှိလာလည်းဆိုတော့ သံသရာ လည်စေတတ်တဲ့ တရားတွေကို အောင်အောင်မြင်မြင် ငြိမ်းသတ်နိုင်တဲ့ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကြီး ရှိလာတယ်။ အဲဒီဉာဏ်ကြီးနဲ့ နိဗ္ဗာန်စံဝင်ရပါတယ်။ ဒီသဘောပါပဲ။   ဗုဒ္ဓစာပေဆုရ ဒေါက်တာချစ်ငယ်(ဒဿန) Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 08

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၈) အရိယာစစ်စစ်တို့၏သဘောထားခံယူချက်တစ်ချို့ အရိယာစစ်စစ်တို့၏ သဘောထားတစ်ချို့မှာ – ကိုယ့်တရားကိုယ် နှလုံးသွင်းဖို့ လိုလားခြင်းပင် ဖြစ်ပါသည်။ ကိုယ့်တရားကို နှလုံးသွင်း နေရလျှင် ကျေနပ်သော သဘောကို ဆောင်သည်။ အထူးသဖြင့် တရားကို ၀င်စားရာ၌ တစ်ပါးသူတို့၏ အထင်ကြီးလိုမှု ခံယူခြင်း လုံးဝမရှိချေ။ တစ်ပါးသူတို့၏ အထင်အမြင်သည် တစ်ပါးသူတို့၏ အထင်အမြင်မျှသာ ဖြစ်ပေလိမ့်မည်။ အရိယာစစ်စစ်တို့သည် ကိုယ့်တရားကိုယ် နှလုံးသွင်းရင်း ထိုနှလုံးသွင်းရခြင်း၌ ပျော်ပိုက်လေ့ရှိကြသည်။ ထို့ကြောင့် နေရာရလိုမှုလည်း မရှိကြပေ။ တစ်ချို့က နေရာရလိုမှုအတွက် ကြိုးစားကြသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 01

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁) ကျွန်တော့်အထ္တုပ္ပတ္တိကို ကျွန်တော်ကိုယ်တိုင် ရေးဖို့စိတ်ကူးရှိပါတယ်။ ရေးတဲ့နေရာမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစ မရေးဘဲနဲ့ အခုချိန်က စပြီးတော့ ရေးဖို့အတွက် စဉ်းစားထားပါတယ်။ ကျွန်တော် အခု (၇၈) နှစ်ရှိပြီ။ ကျွန်တော်ဟာ ကံထူးတဲ့ပုဂ္ဂိုလ်၊ ကံကောင်းတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရင်ပါတယ်။ ကျွန်တော်ဟာ အချိန်မီ ၀ိပဿနာဘက်ကို စောက်ချပြီးတော့ လုပ်ခဲ့ပါတယ်။ ကျွန်တော်လို လုပ်တဲ့ပုဂ္ဂိုလ်တွေတော့ အမြောက်အများရှိမှာပါ။ ဒါပေမယ့် ကျွန်တော်က ဆရာကောင်းနဲ့တွေ့လိုက်ရတယ်၊ အဲဒါတစ်ခုက ထူးခြားတယ်။ ကျွန်တော် ဆရာကောင်းရဲ့ အဆုံးအမကိုရတော့ နိဗ္ဗာန်အကြောင်း၊ အရိယာအကြောင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ထောက်တည်ရာရသွားပြီ

ထောက်တည်ရာရသွားပြီ    ရုပ်နာမ်ရှိထားတဲ့ လူသား အနိစ္စတစ်လုံးကြောင့် ထောက်တည်ရာ ရသွားတယ်။ ရုပ်နာမ်ဆိုကတည်းက ထောက်တည်ရာက အတော်ခက်တယ်။ ဒုက္ခတုံးကြီး မဟုတ်လား ??? သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။ ဒုက္ခအဆုံးရောက်အောင်တော့ အပျက်ကို ဇွဲနဲ့ရှုရမယ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိတ်ဝင်စားစရာလောကုတ္တရာ

စိတ်ဝင်စားစရာလောကုတ္တရာ လောကုတ္တရာဆိုတာ လောက နဲ့ ဥတ္တရာ ပေါင်းထားတဲ့ သဘောပါပဲ။ လောကဆိုတာ ပျက်စီးတတ်တဲ့ အခြေအနေပေါ့။ ဥတ္တရာဆိုတာ လွန်မြောက်သွားတာ။ ဒီတော့ လောကုတ္တရာဆိုတာ ပျက်စီးတတ်တဲ့ အခြေအနေက လွန်မြောက်သွားတာပါပဲ။ အရေးကြီးတာနဲ့ လျှို့ဝှက်ချက်က လောကုတ္တရာ အကြောင်းကို အမှန်ထိုးထွင်း သိချင်ရင် ကိုယ်ကလည်း လောကုတ္တရာဖြစ်မှ ဖြစ်လိမ့်မယ်။ တကယ်လို့ ကိုယ်ကလောကီဖြစ်ပြီး လောကုတ္တရာအကြောင်းကို Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, မဂ်ဉာဏ် ဖိုလ်ဉာဏ်, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ စာကိုယ်ပိုင်း အခန်း(၀၁)

နိဗ္ဗာန်ကြီးတွေ့ပြီ စာကိုယ်ပိုင်း အခန်း(၀၁) နိဗ္ဗာန်ကြီးတွေ့ပြီဆိုတော့ ဗုဒ္ဓဘာသာ သူတော်စင်များ စိတ်ဝင်စားကြမှာပဲ။ ဟုတ်ပါစေလို့လည်း ဆုတောင်းနေကြမှာပေါ့ — စာရေးသူကတော့ သိတဲ့အတိုင်း ဟုတ်တာမှန်တာ ရေးလေ့ရှိတာပါပဲ။ အသက်ကလည်း (၇၈) နှစ်ဆိုတော့ တရားကျင့် လုပ်သက်ကလည်း (၅၀) ကျော်လာပြီ။ ဒီတော့လည်း မှန်တာကန်တာတွေ ရေးမယ်ဆိုရင် ရေးနိုင်လောက်ပါတယ်။ ဆရာကောင်း သမားကောင်းလည်း ဖူးတွေ့ထားတာကိုး။ နိဗ္ဗာန်ဆိုတာတော့ ဓာတ်ပါပဲ၊ အသင်္ခတဓာတ်၊ အနုတ္တရဓာတ်ဆိုတော့ အမြတ်ဆုံးဓာတ်နဲ့ ပြုပြင်စီရင်ခြင်းကင်းတဲ့ဓာတ်ပါပဲ။ ထူးခြားတာက Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၆)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၆) နိဗ္ဗာန်ကြီးတွေ့ပြီဆိုတော့ စာဖတ်သူများကလည်း အသစ်အဆန်းကိုတော့ မျှော်ချင်လည်း မျှော်မိမှာပေါ့၊ မျှော်နိုင်ပါတယ်။ အသစ်အဆန်းကတော့ ပါမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိဗ္ဗာန်သွားတာ ရုပ်နာမ်နဲ့မှ မဟုတ်တာ၊ စိတ်ကူးယဉ်တာလည်း မဟုတ်ဘူးဆိုတော့၊ အခွံခွာချခဲ့ရတာကိုး။ အခွံခွာချခဲ့ရတဲ့ လုပ်ငန်းကိုတော့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေကပိုသိပါတယ်။ ရှုပစ်ခဲ့ရတာပေါ့ — လက်ရှိအခွံကို စွန့်ခဲ့ရတာပေါ့။ စွန့်တယ်ဆိုတော့ စာရေးသူအဖို့ကတော့ အနိစ္စတွေ ရှုပါများတော့ ဥပဒေသအရ သိတဲ့အတိုင်း သူ့ကိုလက်မခံ၊ အားမပေးဘူးဆိုတော့ မတိုးတက်ဘူးလေ – ဆုတ်ယုတ်ပြီး မှေးမှိန်သွားတာပေါ့။ သူ့ကိုလက်ခံ အားပေးရင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၅)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၅) နိဗ္ဗာန်အကြောင်း သိချင်သော စာဖတ်ပရိသတ်များ သိရမှာပါ၊ ၀မ်းပန်းတသာ သိရမယ် နိဗ္ဗာန်ကတော့ လူပြောနည်းတယ်လေ။ လူပြောနည်းတာက သဘာဝကျပါတယ်။ တစ်ဖက်ကလည်း သိပ်မသိကြဘူးပေါ့။ တစ်ဖက်ကလည်း မှားမှာစိုးတယ်ပေါ့။ တစ်ဖက်ကလည်း ပညတ်ချက်တွေ ရှိနေတော့ မရဲဘူးပေါ့။ ဒါကလည်း သဘာဝကျတယ်လို့ ပြောရမှာပါ။ ဒီအခါမှာ စာဖတ်ပရိသတ်ကြီးက သိချင်တော့ အာသာဆန္ဒရှိတာပေါ့ — စာရေးသူကလည်း ရေးတတ်၊ ပြောတတ်၊ သိတတ်တော့ အဆင်ပြေပါတယ်။ နိဗ္ဗာန်ဆိုတာ အမှန်ကတော့ ၀င်စားစရာ ဓာတ်ကြီးပါပဲ။ ဓာတ်ကို ရှင်းအောင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၁)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁) နိဗ္ဗာန်ဆိုတာ ရှိတဲ့တရားပါ ဒါဗုဒ္ဓဘာသာတွေက လက်ခံပြီးသားပါပဲ။ နိရောဓော အတ္ထိဆိုတာ နိဗ္ဗာန်က ရှိတာပဲ။ ရှိပေမယ့် ရှိတိုင်းမသိဘူး။ ဒါလည်း စာဖတ်ပရိတ်သတ်ကြီး သိပါတယ်။ ရှိတဲ့တရားနဲ့ သိတဲ့တရားက မတူဘူး။ ရှိတိုင်းလည်း သိတာမဟုတ်ဘူး။ ကိုယ်က ရှိတယ်လို့ သိနေပေမယ့်လည်း သိတိုင်းလည်း ဟိုမှာတကယ်မရှိဘူး ပျောက်ပျက်ရင် ပျောက်ပျက်နေတာ။ ဒီတော့ နိဗ္ဗာန်ကတော့ တကယ်ရှိတဲ့တရား လူတွေက မတွေ့သေးလို့။ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးလို့၊ အရိယာမဖြစ်သေးလို့ မတွေ့သေးတာပါ။ အရိယာဖြစ်ပြီဆို တွေ့ပြီပေါ့။ ဒီတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment