Tag Archives: ပျံ့မွှန်းမွှေးလှိုင်ကြူ

ပျံ့မွှန်းမွှေးလှိုင်ကြူ -19

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ရုပ်နာမ်သည် အပျက်ပါ   ရုပ်နာမ်သည် အပျက်ပါဟု သိလာရသောအခါ ထိုရုပ်နာမ်အပေါ်ကို `မင်းဟာအပျက်ပါ´ကွာဟု ကောက်ချက်ချပစ်လိုက်ရမှာ နှမြောသလိုလို ပျက်သွားတော့လျှင် ဘာလုပ်စရာ ကျန်ခဲ့မှာ စိုးရိမ်သလိုလို ခံစားရတတ်လေသည်။ အမှန်မှာ ဘာမှ စိုးရိမ်နေစရာ မလိုကြောင်းကို အသိခေါက်ခက် အ၀င်နက် နေခြင်းဖြစ်သည်။ ထိုအချိန်တွင် အနီးအနားကို ဆရာသမားလုပ်သူက ရှုပစ်ရန် ရှုခြင်းဖြင့် အကျိုးမယုတ်နိုင်ရာ၊ အကျိုးထူးမြတ် များလိမ့်မည်သာဖြစ်ကြောင်း အဆိုးအကောင်း အကျိုးအကြောင်း ရှင်းပြဖြေသိမ့်ရန် လိုအပ်လှ လေသည်။ သို့ပါမှ ရှုရမည့် ယောဂီများမှာ အားရှိလာကာ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -18

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ အောင်မြင်ခြင်း၏ ဟိုတဘက်မှာ             အောင်မြင်သူသည် မအောင်မြင်နိုင်စေခြင်းများကို စွန့်လွှတ်နိုင်လျက် မအောင်မြင်နိုင်စေခြင်းများကို စွန့်လွှတ်သူသည် အောင်မြင်နိုင်သူ ဖြစ်သည်ဟူသော အဆိုကို ထောက်ခံချက် ပေးရပေလိမ့်မည်။ အကြောင်းမှာ စာရေးသူသည် လူသာမန်များ သွားရည်တများများ ကျလောက်သော လောကီအာရုံတို့ကို စွန့်လွှတ်ခဲ့ဘူး လေသည်။ ဤသို့ စွန့်လွှတ်ရာ၌ စွန့်လွှတ်ထိုက်သောကြောင့်လည်း စွန့်လွှတ်နိုင်ခြင်း ရှိခဲ့သလို စွန့်လွှတ်နိုင်စွမ်း ရှိသွားလျှင်လည်း စွန့်လွှတ်ခဲ့ဘူးခြင်းဖြစ်သည်။ စွန့်လွှတ်နိုင်ပြီးမှတော့ အောင်မြင်ခြင်းသည် လက်ဝယ်သို့ ရောက်ရှိနေပြီး ဖြစ်တော့သည်မှာ သာဓက မလိုတော့ချေ။ ကိုယ်တွေ့ဖြစ်နေပေပြီ။ ထို့ကြောင့် စွန့်လျှင်စားရပါသည်။ … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -17

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ လောကုတ္တရာချမ်းသာ နှင့် လောကီချမ်းသာ             လောကုတ္တရာ ချမ်းသာမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်နှင့် ပတ်သက်သည်။ လောကီချမ်းသာမှာ ရုပ်နာမ်နှင့် ပတ်သက်သည်။ ရုပ်နာမ်နှင့် ပတ်သက်သည်ဖြစ်သဖြင့် လောကုတ္တရာကဲ့သို့ မမြင့်မြတ်နိုင်ချေ။ ၀န်လေးပေါ့ပါး ကြည်လင်မှုခြင်းသည် လွန်စွာမှ ကွာခြားပေလိမ့်မည်။ လောကုတ္တရာ ချမ်းသာသည် သစ္စာထာဝရ ချမ်းသာမှုဖြစ်၍ လောကီချမ်းသာသည် ယာယီ ခေတ္တ ခဏမျှ ချမ်းသာခြင်းဖြစ်သည်။ လောကီချမ်းသာမှာ မခိုင်မြဲချေ။ မငြိမ်းချမ်း မတည်ငြိမ်ချေ။ ရန်သူမျိုး ငါးပါးကိုလည်း အစိုးမရချေ။ တခဏတွင်းချင်းမှာပင် အနှောက်အယှက် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -16

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   ကိုယ်ကျိုးစွန့်လွှတ်မှု             သစ္စာတရားကို ရှာဖွေမြတ်နိုးကြသူတိုင်း ထိုက်တန်သမျှတော့ ကိုယ်ကျိုးစွန့်လွှတ်ကြရလေ့ ရှိပေသည်။ သစ္စာတရားရရာရကြောင်း နည်းလမ်းကောင်းများကို ရှာကြံဆည်းပူးရင်း အတ္တကိုယ်ကျိုး မငဲ့ကွက်ဘဲ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စေတနာ ဖြူဖြူစင်စင်ထားခြင်း မေတ္တာသန့်စင်ခြင်း သဘောထား ပြည့်ဝခြင်း၊ တပါးသူအကျိုးကို လိုလားခြင်း၊ စသည်တို့ကို မွေးမြူရသည်သာဖြစ်သည်။ တရားလိုချင်ပါလျက် အတ္တကိုယ်ကျိုး ငဲ့ကွက်လွန်းနေ၍ မဖြစ်နိုင်ပေ။ တဏှာ လောဘ တတ်နိုင်သမျှ ချိုးနှိမ်ရပါလိမ့်မည်။             သာယာမှုကို တပ်မက်နေ၍ မဖြစ်နိုင်ပါ။ အတ္တာနုဝါဒီ အဖြစ်မှ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -15

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ၀ိပဿနာ ဆိုသည်မှာ             ၀ိပဿနာဟူသည်မှာ အထူးရှုသတ်ရသော အတတ်ပညာတစ်ခုဖြစ်သည်။ အချို့က `ရုပ်နာမ်ဟာ ပျက်နေတာဘဲ ရှုစရာ လိုသေးပါလား´ ဟုမေးကြသည်။ `လိုသေးသည်´ ဟုပြန်ဖြေလိုက်ပါသည်။ အဘယ့်ကြောင့်ပါနည်း။ ရုပ်နာမ်ပျက်သည်ကို ရှုမှ မြင်တွေ့ရသည်။ မရှုလျှင် ရုပ်နာမ်ပျက်သည်ကို မမြင်မတွေ့ရဘဲ အ၀ိဇ္ဇာ ဖုံးအုပ် အကာအခွံကို ထိုးဖေါက်နိုင်မည်မဟုတ်။ ရှုမှသာ အ၀ိဇ္ဇာ အခွံကို ရှုဉာဏ်က ထိုးဖေါက်သွားနိုင်သည်။ ထို့ကြောင့် ရှုရန်လိုအပ်သည်ဟု ဖြေဆိုလိုက်ရခြင်းဖြစ်သည်။ ရှုသည်ဆိုကတည်းက ရှုဉာဏ်ရှိနေရသည်။ ရှုဉာဏ်မရှိ ဒုက္ခချည့် သက်သက်ဆိုလျှင် ခက်ကုန်ကြမည်သာ။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -14

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ သံသရာမှ ပါလာသော ကိလေသာ အငွေ့အသက် အထုံအလေ့များ             ရုပ်နာမ်ရရှိထားပြီဆိုလျှင် အနမတဂ္ဂ သံသရာမှ ပါလာသော ကိလေသာ အငွေ့အသက် အထုံစရိုက်များ သည် အကြောင်းအကျိုး ညီညွတ်တိုက်ဆိုင်သောအခါတိုင်း ဖြစ်ပေါ်လာလေ့ရှိပေသည်။ အခြေအနေပေး၍ ထောက်ကူချက်များ ပြည့်စုံခိုင်လုံသည့်အခါတိုင်း ကိလေသာတရားများ တဖွားဖွား ပေါ်ပေါက်လာတတ်သည်။ ဤနေရာတွင် အခြေနေ မပေးသေး၍ အကုသိုလ် ကိလေသာများ မဖြစ်ပေါ် မကျူးလွန်ခြင်းကို ချီးကျူး ဂုဏ်ယူဘွယ်ရာဟု မယူဆအပ်၊ နှစ်ခြိုက်မနေအပ်၊ အခြေအနေ မည်မျှပေး၍ ထောက်ကူချက် မည်မျှ ပြည့်စုံပါစေ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -13

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ကလေးသူငယ်နှင့် ရဟန္တာ မျက်မှောက်ခေတ်ကာလ အပိုင်းအခြားတွင် ကလေးသူငယ်နှင့် ရဟန္တာကို ရောထွေးသတ်မှတ်ကာ ကလေးသူငယ် အဖြစ်ကို တန်ဖိုးထားနေကြကြောင်း သိနေရလေသည်။ ကလေးသူငယ်မှာ အပြစ်ကင်းသည် မှန်သော်လည်း ရဟန္တာ သူတော်စင်များနှင့် မတူကြောင်း ယေဘူယျသဘော အများနားလည်စေရန် ရှင်းပြပါဦးမည်။ ရဟန္တာ အရှင်သူမြတ်များ အပြစ် အကုသိုလ် မကျူးလွန်တော့သည်မှာ အကုသိုလ် လုပ်လိုသော စိတ်များ မပေါ်ပေါက်တော့သောကြောင့်ဖြစ်သည်။ နောက်နောင် အခါများ၌လည်း ဘယ်သော အခါမှ ပေါ်ပေါက်တော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ ရဟန္တာများ၌ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်များရှိသည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -12

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   တရားရှာ ခန္ဓာမှာတွေ့             တရားကို ရှာဖွေလျှင် ခန္ဓာ၌ ရှာဖွေရမည်။ ခန္ဓာထဲ၌ ဘာနှင့်ရှာဖွေမည်နည်း။ တရားရှာ ခန္ဓာမှာတွေ့ ဟူသောစကားကို ယောဂီတိုင်းလို လက်ခံယုံကြည်ထားကြသည်။ သို့သော်တရားကို ခန္ဓာ၌ ဘာနှင့်ရှာဖွေ မည်နည်းဟု လက်တွေ့ စမ်းစစ်ကြသောအခါ အဖြေကို အလွယ်တကူ မပေးနိုင်ကြချေ။ ယောဂီများပင်လျှင် တိကျမှန်ကန်သော အဖြေကို ပေးဖို့ရန် ဆ.တ.တ ၀ါးတားတား မရေမရာ ဖြစ်နေတတ်ကြပေသည်။ ခန္ဓာဆိုသည်မှာ သင်္ခတတရား ခန္ဓာငါးပါးဖြစ်သည်။ အပျက်တရားဖြစ်သည်။ အနိစ္စ တရားဖြစ်သည်။ ဘင်စွန်း၏ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -11

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်ဆောက်နည်း   ဤလောက၌ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်ဆောက်နည်းသည် ပညာဉာဏ်အပါဆုံး ဖြစ်သည်။ သာမန်ယောဂီများ ဤနည်းကို စံနစ်တကျ မသိကြရချေ။ ဤနည်းမှာ ဆရာကောင်း ဆရာမြတ်က ဦးဆောင်၍ တပည့်ယောဂီကို မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိပိုင်နိုင်အောင် ကြံဆောင်ရသည်။ ရှေးဦးစွာ တပည့်ယောဂီအား လူဟူ၍၎င်း၊ သတ္တ၀ါ၊ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမဟု ယူဆရန် ဝေလာဝေး။ မိမိရုပ် နာမ်ကို `ဒုက္ခ´ ဟု ဉာဏ်ပညာပါပါ နားလည်အောင် ဟောပြရသည်။ ရုပ်နာမ်ကို … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -10

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   ၀ိပဿနာ ဉာဏ်အမြင် ဖြစ်ခြင်းပျက်ခြင်းကို မြင်တွေ့ရသည်ဆိုရာ၌ ဖြစ်ပြီးပျက်သွားသည်က ဓမ္မတရားကလေးများ၊ ထိုအပျက် ဓမ္မတရားကလေးများကို မြင်တွေ့လိုက်ရသည်က ဉာဏ်ပညာ၊ ဤသို့ဖြင့် ဖြစ်ပျက်သည်က တခြား အပျက်မြင်သော ဉာဏ်ကတခြားဖြစ်သည်။ ထိုအခါမှ ဆင်ခြင်လာကြရသည်။ ဝေဒနာ နုပဿနာ ရှုစဉ်က မမျှော်လင့်ဘဲ ဘွားကနဲ တွေ့မြင်ခဲ့ရသော ကိလေသာ ရေသောက်မြစ်မှာ ဒုက္ခ၏ အရင်းအမြစ်ဖြစ်လျက် ထိုရေသောက်မြစ်ကို မြင်တွေ့လိုက်ရသည်က ဉာဏ်မျက်စိဟု သဘောပေါက်လာသည်။ ကိလေသာ ရေသောက်မြစ်ကို မြင်တွေ့ရစဉ်က အံ့သြမိသည်။ ထူးထူးခြားခြား ၀မ်းမြောက်မိသည်။ ထိုရေသောက်မြစ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -09

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်းအဆက် သစ္စာလမ်းစဉ်သည် သာမည လမ်းစဉ်မဟုတ်ပေ။ သာသနာသည် အတိမ်းအစောင်းမခံပေ။ လွန်စွာမှ တည့်မတ်ရပေသည်။ တိတိကျကျ ဂဃနဏ မသိလျှင် မကိုင်တွယ်သည်က ပိုကောင်းသည်။ တတ်ယောင်ကား ဆရာတစ်ဆူ မင်းမူချင်လျှင် မှားတော့မည်သာ။ သစ္စာသိလျှင် တော်သေးသည် သစ္စာလည်းမသိ ယောင်တိယောင်ချာ စိတ်ထင်ရာ စိုင်းလျှင်တော့ ရိုင်းကုန်ကြမည်သာ။ ဤသာသနာ၌ ငါဆရာလုပ်ချင်တိုင်း လုပ်၍မဖြစ်။ စံနစ်တကျ ဓမ္မသဘာဝမို့ တိကျစစ်မှန် ဧကန်ဧက ဉာဏ်ပညာ ပြည့်ဝမှ ဆရာ့ဂုဏ်ရည် ပီနိုင်ပေလိမ့်မည်။   … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -08

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်း             ဤသာသနာ၌ အကန်းသည် အကန်းကို တုတ်ဆွဲ၍ မဖြစ်နိုင်ချေ။ ချောက်ကမ္ဘား များပြားလှစွာသော ဤသံသရာ လမ်းခရီးတွင် မျက်မမြင် တစ်ဦးက အခြားသော မျက်မမြင်များကို လမ်းပြ၍ မရစကောင်း။ သစ္စာ မသိသေးသူက အခြားသော အ၀ိဇ္ဇာ တဏှာသမားများကို ရှေ့သွား ခေါင်းဆောင်ပြု၍ နိဗ္ဗာန်သောင်ကမ်း တဘက်စခန်းသို့ တက်လှမ်းရန် ကြိုးစားနေကြသည် ဆိုသည်မှာ သဘာဝမကျပေ။ ကိုယ့်ကိုယ်ကိုမှ မကယ်နိုင်သော အာစရိယ ကမ္မဋ္ဌာနစရိယက အခြားသော ယောဂီများကို တရားပြနေသည်ဆိုသည်မှာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -07

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ပျံ့မွှန်းမွှေးလှိုင်ကြူနိုင်ကြပါစေ   နိဗ္ဗာန်၌ ဘာရှိသနည်း။ ဘယ်လိုသိနိုင်သနည်း။ ဘာ့ကြောင့် သိသနည်း။ တရားအားထုတ်ခြင်းကို ဒုက္ခဟု ယူဆကောင်းပါသလော။ တရားအားထုတ်သည်ဆိုရာ အဘယ်သို့ ပါနည်း။ သိမှတ်လော၊ ရှုသတ်လော။ ဒုက္ခကို ဒုက္ခဖြင့် ရှုသလော။ အနိစ္စကို အနိစ္စဖြင့် ရှုသလော။ စိတ်ကိုဉာဏ်ဖြင့် ရှုသလော။ ဉာဏ်ကို မည်သို့ ရရှိစေနိုင်သနည်း။ ဉာဏ်ပညာ ရရာရကြောင်း နည်းလမ်းကောင်း များကို အသေးစိတ် သိလိုပါသလား။ ရဟန္တာများ နိဗ္ဗာန်မည်သို့ စံဝင်ကြပါသနည်း။ နောက်ဆုံး သေရလို့ပျော်သူနှင့် ဒုက္ခပင်လယ်ဝေရမှာမို့ ဆင်းရဲရသူ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -06

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ပျံ့မွှန်းမွှေးလှိုင်ကြူနိုင်ကြပါစေ   သာသနာပြုသူများ များပြားလှလေရာ အတုနှင့် အစစ်မည်သို့ ခွဲခြမ်းစိတ်ဖြာမည်နည်း။ သာသနာတွင် ညာသံပေး ဟန်ရေးပြ၍ ဖြစ်နိုင်ပါသလော။ ဗုဒ္ဓဘာသာ၌ စိတ်ကူးယဉ်၍ ရသလော။ သဘာဝကျကျ ဟုတ်တိုင်းမှန်စွာ ကျင့်ကြံရသလော။ မိမိကိုယ်ကို အရိယာ ဖြစ်စေချင်တိုင်း ဖြစ်နိုင်ပါသလော။ အမှန်ကျင့်မှ အကြောင်းအကျိုး ညီညွတ်မှ ဖြစ်စေနိုင်ခြင်းလော။ အမှားကို အမှားမှန်း မသိသေးခြင်းသည် အ၀ိဇ္ဇာဟုဆိုသော်လည်း အမှားကို မှားသည်ဟု တွေ့မြင်သွားခြင်းသည်။ အမှန်ကို တွေ့မြင်သွားခြင်းပင် မဟုတ်ပါသလော။ အမှားကိုမြင် အမှန်ပြင် ဉာဏ်ရှင်လျှင် ကိစ္စပြီးနိုင်ပါသလော။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -05

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ ပျံ့မွှန်းမွှေးလှိုင်ကြူနိုင်ကြပါစေ                                                     ဂွေးတောက်သရက်                                                  ရောပေါက်ယှက်က                                                  သရက်ချိုမြ                                                  ဗန္ဓရလျှင်                                                  ကွယ်ပအပြီး                                                  အခါးသီး၏ . . . တဲ့   သို့သော် . . . ရွှံ့နွံထဲမှ ပဒုမ္မာကြာသည် မွှေးရနံ့ လှိုင်ပါသည်။ တရားရှာ ခန္ဓာမှာတွေ့မည်။ ခန္ဓာရှိသူတိုင်း ခန္ဓာထဲ၌ တရားရှာနိုင်သည်။ ဘာနှင့် ရှာမည်နည်း။   Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment