Tag Archives: ပါရမီ

ဝိပဿနာနည်းပညာအမေးအဖြေ (၄)

ဝိပဿနာနည်းပညာအမေးအဖြေ (၄) မေး ။ ဆရာကြီး ကျွန်တော်လာပြီ ဖြေ ။ လာ မေး ။ ကျွန်တော် နှလုံးသွင်းတာလေးတွေ ပြောပြဖို့လည်း ပါလာတယ်။ ဖြေ ။ လက်တွေ့ကျင့်တယ်ဆိုရင် ပြောပြ။ မေး ။ ပျက်တယ်လို့ ရှုတော့ မလိုချင်တဲ့ သဘောလေးတွေ လိုက်လာတယ်လို့ ၀န်ခံရပါတယ် ဆရာကြီး။ ဒါပေမယ့် ပိုင်းခြားတဲ့ အဆင့်ဆိုတာတော့ နည်းနည်း လက်လှမ်းဝေးနေပါတယ်။ ဖြေ ။ သြော် လိုချင်ရင် ပိုင်းခြားလို့ကို မရဘူး။ ဘာလို့လည်းဆို … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပါရမီ၏အခန်းကဏ္ဍ

ပါရမီ၏အခန်းကဏ္ဍ ယောဂီတော်တော်များများ ပါရမီအကြောင်း သိလိုကြတယ်။ ပါရမီရှိရင်တော့ ကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ကိုယ်က ပါရမီရှိတယ်၊ မရှိဘူး မသိခင်မှာတော့ ဒီဘ၀မှာ ကိုယ်တတ်နိုင်သမျှ ကြိုးစားရမှာ ကိုယ့်တာဝန်ပဲလို့ သဘောထားရမယ်။ ပါရမီများများရှိရင်တော့ မီးခဲပြာဖုံး ဆိုသလိုပေါ့လေ။ ယပ်ကလေး ခတ်ပေးလိုက်ရင် တောက်လာတာပေါ့နော်။ ရွက်အုပ်သီးလိုပေါ့၊ ပါရမီနည်းနည်းရှိရင်တော့ ပိုကြိုးစားရမယ်။ ဒီတော့ နည်းနည်းရှိတယ်လို့ပဲ အောက်မေ့ကြပါစို့။ ဒီတော့ ပိုကြိုးစားရမယ်လို့ပဲ Tags: Buddhism, Myanmar Posts, ပါရမီ, အရိယာ

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 6

ဉာဏ်ပန်းမွှေးလှိုင်ကြူ   ဆရာမြတ်ကျင့်ကြံအားထုတ်ခဲ့ပုံ။         ။ ဆရာမြတ်သည် ဒုက္ခသည်ဝဋ်သည်များအား ကယ်ဆယ်လိုပါ သေးကြောင်း ဆရာတော် ဦးဝိမလထံ ခွင့်ပန်လျှောက်ထားရာ ဆရာတော်ကြီးက ဆရာတစ်ဆူ ဖြစ်မည့်သူ ဖြစ်ကြောင်း မြော်မြင်ဆင်ခြင်မိကာ အသေစိတ်ချရအောင် ကျင့်ကြံအားထုတ်ခဲ့ပြီးသူဖြစ်၍ အနူးအညွတ် ခွင့်ပြုတော်မူလိုက်သည်။ ဆရာမြတ်သည် ဆရာတော်ဦးဝိမလထံမှ ပညာစစ်ပညာမှန်များကို ပြည့်စုံလုံလောက်စွာ ရရှိခဲ့ပြီးဖြစ်၍ အခြားဘာကိုမှ လိုလားတပ်မက်ခြင်း မရှိခဲ့တော့ချေ။ ဆရာတော်ဦးဝိမလနှင့် ပတ်သက်ဆက်စပ်၍ စီးပွားရေး ကြီးပွားရေးဆိုင်ရာ ဆက်ဆံရေးအခွင့်အလမ်း အမျိုးမျိုးကို စွန့်ခွာငြင်းဆို ကျောခိုင်းခဲ့လေသည်။ ထို့နောက် မိမိအဓိဋ္ဌာန် ရှိသည့်အတိုင်း ဂူပေါင်း … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 4

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း ( ၁ ) ဘ၀အတွေ့အကြုံ ဘ၀၏ အလယ်။    ။ သုံးလူ့ထွဋ်ထား သဗ္ဗညုတ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသော်မှ ရုပ်နာမ်ရှိသဖြင့် မရဏလက်တွင်းသို့ အပ်နှင်းတော်မူခဲ့ရသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ ညီတော်အာနန္ဒာ အရှင်သူမြတ်သည် ပူဆွေးသောကရောက်လျှက် သဲအူပြတ်မျှ ငရဲမီးထက် လောင်ကျွမ်းပူပြင်းသော ခံစားချက်များကို ခံစားတော်မူခဲ့ရသည်။ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်က တရားဒေသနာတော်အတိုင်း တသွေမတိမ်း လိုက်နာကျင့်ကြံပါက နိဗ္ဗာန်နန်းသို့ အတူစံဝင်နိုင်မည်ဖြစ်ကြောင်းကို ဆုံးမတော်မူခဲ့သည်။ သို့သော ယူကြုံးမရဖြစ်လွန်းသဖြင့် ခန္ဓာထဲ၌ တရားဉာဏ် မ၀င်နိုင်အောင် … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -2

ဉာဏ်ပန်းမွှေးလှိုင်ကြူ နိဒါန်း သစ္စာလေးပါး တရားတော်မြတ်ကို ပညာသားပါပါ ပိုင်းခြားနားလည် သိမြင်နိုင်ရန်မလွယ်ကူ။ သစ္စာ တရားတော်သည် လွန်စွာမှနက်ရှိုင်းသည်။ တိကျသည်။ ပြတ်သားသည်။ သိမ်မွေ့သည်။ သစ္စာတရားကို ကျင့်ကြံ အားထုတ်သည် ဆိုရာ၌ ဒုက္ခသံသရာ ၀ဲသြဂမှ အပြီးအပိုင် လွတ်မြောက်နိုင်စေရေးသို့ ဦးတည်ရမည်။ ဤသို့ ဦးတည်ရည်မှန်းချက်သို့ မလွဲမသွေ ရောက်ရှိပိုင်နိုင်စေမည်ဟု ယုံကြည်စိတ်ချနိုင်လောက်သော အာမခံချက်မျိုး ပေးစွမ်းနိုင်သည့် ကျင့်စဉ်မျိုးမှသာ လက်တွေ့ကျသော ထိရောက်သော အကျိုးကိုဆောင်သည့် တရားစစ် တရားမှန်ဖြစ်မည်။ `တရားဓမ္မကို ကျင့်ကြံအားထုတ်ရပါသည်။ သို့သော မိမိဦးတည်ရည်မှန်းချက်အတွက် မရေရာ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 1

ဉာဏ်ပန်းမွှေးလှိုင်ကြူ ဂုဏ်တော် ၉ ပါးအဖွင့် အရဟံ – လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်ခြင်းအထူးကို ခံယူတော် မူထိုက်ထသော မြတ်စွာဘုရား။ ၁၅၀၀-ကိလေသာကာမဂုဏ်တို့ကို အကြွင်းမဲ့ ပယ်ဖြတ်နိုင်တော်မူသော မြတ်စွာဘုရား။ မကောင်းမှုဒုစရိုက်တို့ကို ဆိတ်ကွယ်ရာ၌လည်း မပြုမလုပ်တော်မူသော မြတ်စွာဘုရား။   သမ္မာသမ္ဗုဒ္ဓေါ – အလုံးစုံသော တရားအပေါင်းတို့ကို မိမိအလိုလို ကိုယ်တော်တိုင် ဉာဏ်ပညာဖြင့် ထိုးထွင်းဆင်ခြင်၍ အပြီးအပိုင် သိမြင်နိုင်ပါပေသော မြတ်စွာဘုရား။   ၀ိဇ္ဇာစရဏသမ္ပန္နော – ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး တို့နှင့် စရဏတဆယ့်ငါးပါးတို့ကို အောင်မြင်တော်မူ၍ အသိတရားနှင့်တကွ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA – 10

နိဗ္ဗာန် အပိုင်း(၁၀) နန်း    လူရဲ့မျှော်မှန်းချက်ဟာ သေခြင်းတရားကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ဘဲပေါ့နော်။ ငယ်     သေသည်၏ အခြားမဲ့မှာလည်း ကောင်းမွန်မြင့်မြတ်နိုင်ဖို့ပေါ့။ နိဗ္ဗာန်မစံရမချင်း ရုပ်နာမ်နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ ရုပ်နာမ်အပြီးအပိုင် မချုပ်ငြိမ်းသေးလည်း ကောင်းကောင်းမွန်မွန် ရင်ဆိုင်တတ်ဖို့ပေါ့။ လောကုတ္တရာ အမြင်ဉာဏ်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်တာပေါ့။ နန်း    ဒီလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ပညာရပ်က မြန်မာနိုင်ငံမှာဘဲ ထွန်းကားတာလား။ ငယ်     ဟုတ်တယ်။ မြန်မာနိုင်ငံမှာဘဲရှိတယ်။ အခြား ဘယ်မှာမှ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

NIBBANA – 8

နိဗ္ဗာန် အပိုင်း(၈) နန်း သိချင်ပါတယ် ဆရာရယ်၊ သိပါရစေ။ ငယ် တရားတကယ် သိပြီးသာ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းဗျ။ ဟိတ်ဟန်ကြွားလုံးထုတ် ယောင်ဝါးတွေနဲ့ မပေါင်းနဲ့ အကျိုးယုတ်ဖို့ဘဲ ရှိတယ်။ ဓမ္မနယ်ပယ်မှာ ပြောတာပါ။ နန်း ဟုတ်ပါပြီ ဆရာရယ်။ လိုတာရှိလျှင် အကြံဉာဏ်ပေးပါ။ ငယ် လူတွေက မာန်လုပ်ဟန်ထုတ် သူတွေနောက်ဘဲ ကောက်ကောက်ပါ လိုက်နေကြတယ်ဗျ။ လောကုတ္တရာ အရာမှာ စိတ်မကောင်းစရာဘဲ။ နန်း မသိကြသေးလို့ နေမှာပေါ့ ဆရာရယ်။ သိလာတဲ့ တစ်နေ့ကျ လောကုတ္တရာ လိုချင်လျှင် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. .. တိုးတက်တဲ့ခေတ်ကြီးမှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေကြားနေရတယ် .. .. ဒီခေတ်ကြီးက တိုးတက်နေတာ အားရစရာလည်း တော်တော်ကောင်းပါတယ်။ အားကစားဆို အားကစားမို့၊ ကွန်ပြူတာဆို ကွန်ပြူတာမို့၊ အနုပညာဆိုလည်း အနုပညာပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး၊ သိပ္ပံ ဆိုလည်း သိပ္ပံ အစစအရာရာ တိုးတက်နေတာ ဒီခေတ်ကြီးပါ။ တိုးတက်အောင်လည်း ကြိုးစားကြတယ်။ လက်တွေ့လည်း လုပ်ကိုင်ကြတယ်။ ဇွဲသတ္တိလည်း ရှိကြတယ်။ အဲဒီအချိန်မှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ ဘောက်ချီးတွေ ကြားလာရတာ တော်တော်အံချော်တဲ့ အသုံးအနှုန်းတွေပဲ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 34

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဓမ္မအောင်လံ ပညာဆိုတာ ဉာဏ်ကထွက်တာဘဲ။ ဉာဏ်ဆိုတာ ခန္ဓာကိုမြင်ရတယ်။ ခန္ဓာက ပညာကို မထုတ်နိုင်ဘူး။ (သို့မဟုတ်) တိုက်ရိုက်မထုတ်နိုင်ဘူး။ မြတ်စွာဘုရားက စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဟောပြီးမှ ပညာဥဒပါဒိလို့ ဟောတော်မူတယ်။ လူတော်တော်များများက ပညာနဲ့ သညာ၊ ပညာနဲ့ ၀ိဉာဏ် မကွဲကြရှာဘူး။ လွယ်တဲ့ ကိစ္စ တော့လည်း မဟုတ်ဘူး။ ပညာက အလင်းရှိတယ်။ Light, Bright, … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

NIBBANA – 4

နိဗ္ဗာန် အပိုင်း(၄) နန်း     ကျွန်တော့်ဘ၀မှာ ခင်ဗျားနဲ့ အခုလို ဆွေးနွေးရတာ လေးလေးနက်နက် ရှိလှပါတယ်ဗျာ။ ငယ်     ကျွန်တော်က ဒဿနသမားပဲလေ။ နန်း     အော် – ဟုတ်သားပဲ။ တစ်ခါတစ်ခါ ကျွန်တော် ဒီအကြောင်း မေ့မေ့နေမိတယ်ဗျာ။ ငယ်     မမေ့ပစ်ပါနဲ့ဗျာ။ ကျွန်တော်က တရားဝင်အောင်ခဲ့တာပါ။ နန်း     မေ့မပစ်ပါဘူးဗျာ။ ကျွန်တော်က မတော်တဆ မေ့မေ့သွားတာပါ။ ဒါနဲ့ ခင်ဗျားက သိပ္ပံဒဿနနဲ့ ဘွဲ့ယူခဲ့ တာဆို။ ငယ်     ဟုတ်ပါတယ်။ နန်း     ဒဿနပညာမှာ သိပ္ပံဒဿနလိုင်းရှိကြောင်း ကျွန်တော်ကတော့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 33

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၄) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အကြင်ဖြစ်ရပ်၌ အကြောင်းခံတရားရှိ၏ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားများ နှစ်ခြိုက်မြတ်နိုးလေးစားရာ၌ ဤစကားရပ်တစ်ခု ပါဝင်သည်။ ၄င်းမှာ ကြောင်းကျိုးဆက်စပ်မှုတရားပင် ဖြစ်သည်။ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” သူတို့အမြင်တော့ CAUSALITY နှိုင်းယှဉ်နိုင် ပေမည်။ အကြင်ဖြစ်ရပ်တစ်ခု၌ အကြောင်းခံတရားသည် ရှိ၏။ မြတ်ဗုဒ္ဓသည် ဖြစ်ရပ်ကိုလည်း ဟောသည်။ ဖြစ်ရပ် ၏ အကြောင်းခံတရားကိုလည်း ဟောတော်မူသည်။ ထို့နောက် ဖြစ်ရပ်တို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -32

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာတော်မြတ်ကို အားကိုးနိုင်သည် မိမိမှာ ကံထူးသူဖြစ်လေသည်။ ဆရာကောင်း ဆရာမြတ်ထံ ချဉ်းကပ်ခွင့် ရခဲ့သည်။ ဘ၀ကို အပ်နှံပုံပြခဲ့သည်။ ဤစွန့်စားမှုသည် မိမိအတွက်သာ ဖြစ်သည်။ တဖြည်းဖြည်း အသိပညာရင့်ကျက်ခဲ့ သည်။ မြတ်စွာဘုရား ပါရမီဖြည့်ဆည်းတော်မူခဲ့ရသည်ကို မိမိ တစ်စတစ်စ သိရှိနားလည်လာသည်။ မြတ်စွာဘုရား၏ ပါရမီတော်ကို ပူဇော်မိခြင်းသည် `ရွှေ´ ပင်ဖြစ်သည်။ ရုပ်နာမ်ကို ငါထင်သမျှ `အချည်းနှီး´ နှင့်တိုးရမည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 31

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာကို ဤသို့ မြတ်နိုးသည် ဤစာစောင်ကို ပြုစုရာတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မဟာဂရုဏာတော်ရှင် ဗုဒ္ဓမြတ်စွာ ကိုလည်းကောင်း (သို့မဟုတ်) လူသုံးပါးတို့၏ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း၊ ဤစာရေးသူ၏ ဆရာသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း ဦးထိပ်ပန်ဆင်လျက် ရေးသားပြုစု ပါသည်။ သာသနာတော်မြတ်ကြီးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုထမ်းဆောင်လိုသော စေတနာ ဖြင့်လည်းကောင်း ရေးသားပြုစုပါသည်။ ငါသိ၊ ငါတတ်သဘော ဖယ်ရှားလျက် ရေးသားပြုစုပါသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 28

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၀) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ပုဂ္ဂိုလ်ထူးတိုင်း ရဟန္တာမဟုတ်ပါ ရဟန္တာဆိုတာ … (၁) ဒီဘ၀ နောက်ဆုံးဘ၀ ဖြစ်တယ်။ (၂) ကိလေသာကို ကုန်အောင်သတ်နိုင် တဲ့ ဉာဏ်ရှိတယ်။ (၃) နောက်ဘ၀မရှိပေမယ့် ကောင်းတာပဲလုပ်တော့တယ်။ နောက်ဘ၀ကောင်းကျိုး ခံစားစရာ ရုပ်နာမ်မဖြစ်နိုင်တော့ပေမယ့် ကောင်းတာပဲလုပ်တယ်။ (ဥပမာ) ရဟန္တာများသည် ဆွမ်းကြွင်း ဆွမ်းကျန်ကို သပိတ်ထဲကနေ အရမ်းလွှင့်မပစ်ဘူး။ ကျေးငှတ်စားဖို့ ကျွေးတယ်။ ဒါနပြုတာပေါ့။ နောက်ဘ၀ကောင်းဖို့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment