Tag Archives: ပဋိပတ္တိ

နိဗ္ဗာန် မြင်နိုင်ခြင်း မမြင်နိုင်ခြင်းဆိုင်ရာ အဆုံးအဖြတ်တစ်ခု .. ..

Share

နိဗ္ဗာန် မြင်နိုင်ခြင်း မမြင်နိုင်ခြင်းဆိုင်ရာ အဆုံးအဖြတ်တစ်ခု .. ..   ဤနေရာ၌ နိဗ္ဗာန် မြင်နိုင်ခြင်း မမြင်နိုင်ခြင်းဆိုင်ရာ အဆုံးအဖြတ်တစ်ခုကို ဖော်ပြပါမည်။ ယင်းအဆုံးအဖြတ်မှာ ဗုဒ္ဓဘာသာအကြောင်းကို သိမှ နိဗ္ဗာန်မြင်နိုင်ပါသည်၊ ဗုဒ္ဓဘာသာဆိုသည်မှာ အကြောင်းအကျိုးဝါဒပင် ဖြစ်ပါသည် – “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ဆိုသော ပါဠိစာသားက ဗုဒ္ဓ၀ါဒသည် အကြောင်းအကျိုးဝါဒ ဖြစ်ကြောင်းသာဓက ပေးပြီးဖြစ်ပါသည်။ ကမ္ဘာ့သုတေသီများကပင်လျှင် – “Of things that proceed from a cause, their causes … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -09

Share

မြတ်ပန်းမွှေးလှိုင်ကြူ လောကကြီးနှင့် အဆက်ဖြတ်ခြင်း               လှိုဏ်ဂူထဲ၌ စတင်ဝင်ချိန်၌ ညနေ (၃) နာရီခန့်ဖြစ်ရာ အနည်းငယ် စောသေးသဖြင့် ဂူဝတံခါးကို မပိတ်သေးဘဲ မေတ္တာပို့သခဲ့ပါသည်။ အထက်တွင် ဖေါ်ပြသည့်အတိုင်း မေတ္တာပို့သခဲ့ရာ မေတ္တာ၏ အာနိသင်ကိုလည်း အထူး ယုံကြည်ကိုးစားမှု ရှိထားပါသည်။ ညနေ (၄) နာရီထိုးလျှင် အလင်းရောင် လျော့နည်းလာရာ လှိုဏ်ဂူတခါးဝကို ကပ္ပိယအား အပြင်မှ ပိတ်စေလိုက်ပါသည်။ တခါးပိတ်လျှင်ပိတ်ခြင်း လောကကြီးနှင့် အဆက်ပြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ရင်ထဲ၌ – – … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 16

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၅) (ဂ) အ၀ိဇ္ဇာနှင့် ၀ိဇ္ဇာ၊ အတ္တနှင့် အနတ္တ၊ ထွက်ရပ်လွဲနှင့် ထွက်ရပ်ပေါက်။             ၀ိဇ္ဇာဆိုသည်မှာ သစ္စာလေးပါးကို ပိုင်းခြားနားလည်ကာ ထိုးထွင်းဆင်ခြင်နိုင်သော ဉာဏ်စွမ်းရည်ကို ခေါ်သည်။ အ၀ိဇ္ဇာဆိုသည်မှာ သစ္စာတရားကို မသိနားမလည်ခြင်း ဖြစ်သည်။ ထို့ကြောင့် သစ္စာတရားကို ပိုင်းပိုင်းခြားခြား နားလည် သဘောမပေါက်သေးသူအား ၀ိဇ္ဇာဟုခေါ်၍မဖြစ် ၎င်းတို့နှင့် ထိုက်တန်သော အမည်နာမ မဟုတ်ချေ။ အများသူငါ ယနေ့ သဘောပေါက်နားလည်နေကြသော ၀ိဇ္ဇာများသည် အတ္တကောင်များသာဖြစ်သည်။ ယင်းတို့သည် ငါတတ်သည်၊ ငါမြတ်သည်၊ ငါမြဲသည်၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 10

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၃) ဆရာမြတ်၏ ၀ိပဿနာ တရားပြပုံ (ဂ) ဉာဏ်အမြင်နှင့်ပတ်သက်သော စွမ်းရည်သတ္တိများ ဉာဏ်အရာနှင့် ပတ်သက်၍- ခန္ဓာဉာဏ်၊ ကာလသုံးပါးဉာဏ်၊ စကြ၀ဠာဉာဏ် ဟူ၍ ကဏ္ဍ ၃ မျိုးခွဲခြား နိုင်သည်။ ခန္ဓာဉာဏ်နှင့် ၎င်းဉာဏ်အပေါ် အဓိက အခြေပြု၍ အသုံးချသော စွမ်းရည်များကို ရှေးဦးစွာ ဖေါ်ပြပါမည်။ ခန္ဓာဉာဏ်ဆိုသည်မှာ ရုပ်နာမ်ခန္ဓာကြီးအကြောင်းကို သိမြင်သော ဉာဏ်ပင်ဖြစ်သည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ သွေးကြော လေကြောမှအစ ရောဂါပိုးများ၊ ပိုးဥကလေးများကိုပါ မြင်ရသည်။ ဤဉာဏ်အပေါ် အခြေပြု၍ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ

Share

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ ဗုဒ္ဓဘာသာသာ သာသနာပြုပုဂ္ဂိုလ်များ ဓမ္မကထိကများသည် မြန်မာနိုင်ငံ၌ တရားဟောရသော တာဝန်ကိစ္စ များ၌ လွယ်ကူသည်ဟု သုံးသပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များသည် ဟောသမျှကို သာဓုခေါ်ရန် အစဉ် ၀င်စားနေကြသည်။ မည်သည့်တရားဟောဟော ဓမ္မကထိက တစ်ဦးဦးက – “သတည်း” ဟု  အဆုံးသတ်လိုက်လျှင် “သာဓု .. သာဓု .. သာဓု” လို့ခေါ်ကြလေ့ရှိသည်။ ထို့ကြောင့် ဟိုးယခင်ခေတ်က ဆရာတော်တစ်ပါးသည် — “မြန်မာနိုင်ငံအား အင်္ဂလိပ်များက အုပ်ချုပ်လွှမ်းမိုး လေတော့သတည်း” ဟု ဟောရာ ပရိသတ်ကြီးက … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပဋိပတ္တိဆိုင်ရာ ဗဟုသုတ

Share

ပဋိပတ္တိဆိုင်ရာ ဗဟုသုတ ကျွန်တော့် အသိပညာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ဟာ လောကုတ္တရာ သိတာ များပါတယ်။ လောကီကို သိပ်မသိပါဘူး။ အသက်(၇၃)နှစ်ဆိုတော့ ကျွန်တော် ၀ိပဿနာရှုတာ အသက် တစ်ဝက်ကျော်နေပြီ၊ နှစ်ပေါင်း(၄၀)ပေါ့နော် .. .. ဒီတော့ ၀ိပဿနာအကျင့်ပိုင်းက ကျွန်တော်က အတွေ့အကြုံ အရမ်းများပါတယ် .. .. ကျွန်တော့်လောက်များဖို့ဆိုတာ နည်းနည်းတော့ ရှားမယ်နဲ့ တူပါတယ်။ ကျွန်တော်က ဒီဘက် တဖက်သတ်ကို လိုက်ခဲ့တာကိုး .. .. ကျွန်တော်နုပဿနာ လေးမျိုးစလုံးလည်း ရှုတတ်ပါတယ်၊ တရားဝင် … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment