Tag Archives: ဓမ္မဓိဋ္ဌာန်

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ 02

Share

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ အပိုင်း(၂) လူသည် ဘက်လိုက်တတ်သည်။ လောဘ၊ ဒေါသ၊ မောဟ ဆန္ဒတို့ကြောင့် ဘက်လိုက်ခြင်း ဖြစ်သည်ဟု ဗုဒ္ဓဘာသာ၌ အဆိုအဆုံးအမ ရှိသည်။ ဘက်လိုက်တတ်မှုကို ပညာရှိများ သတိထား ဆင်ခြင်ကြသည်။ ဒဿနိကဗေဒ ဘာသာရပ်၌ သမိုင်း၏ ဓမ္မဓိဌာန်ကျမှု (Objectivity of History) ဟူသော အပိုင်းကို လေ့လာသွန်သင်ကြသည်။ သမိုင်းဆရာတို့သည် ဓမ္မဓိဌာန်ကျပါ၏လားဟု ဟူသော မေးခွန်းကို ဆွေးနွေးကြသည်။ တော်တော်များများ သမိုင်းဆရာများသည် ကိုယ်ကြိုက်ရာကိုယ် ရေးတတ်ကြလေ့ ရှိသည်ကို သုံးသပ်နိုင်သည်။ မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ … Continue reading

Posted in Buddhism | Tagged , | Leave a comment

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ 01

Share

လူနှင့်ဓမ္မဓိဌာန်ကျသောအသိပညာ အပိုင်း(၁)      လူတို့သည် အနည်းနှင့်အများတော့ အတ္တရှိကြသည်။ အတ္တရှိသည်ဆိုသည်မှာ ပုဂ္ဂလိက သဘောဆောင်ခြင်းပင် ဖြစ်သည်။ ထိုအခါ ပုဂ္ဂလိက သဘောဆောင်သော လူသည် ဓမ္မဓိဌာန်ကျသော အသိပညာကို ရရှိနိုင်ပါမည်လားဟု ဝင်စားနိုင်သည်။ ကမ္ဘာ့ပညာရှင်များကတော့မူ ဤသို့ဆိုဖူးသည် —   (If there is any doubt for objective knowledge then such kind of knowledge cannot be arisen at … Continue reading

Posted in Buddhism | Tagged , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5)

Share

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၄ ) ဉာဏ်အကြောင်း ငယ်    ကိုနန်းအောင် ဉာဏ်ဆိုတဲ့အကြောင်း ကောင်းကောင်းနားလည်အောင် အသေးစိတ် ရှင်းပြစမ်းဗျာ။ နန်း     ဉာဏ်ဆိုတာ စိတ်ကဖြစ်လာရတဲ့ အရာပါဘဲဗျာ၊ ဒါပေမယ့် ထူးဆန်းတာတော့ ရှိတယ်၊ အဲဒါဘာလဲ ဆိုတော့ ဉာဏ်ကို စိတ်ကနေ တည်ဆောက်ရတယ်၊ ဉာဏ်ဖြစ်လာလျှင်တော့ စိတ်ကို ပယ်စွန့်ရတယ်၊ နီးစပ်တဲ့ ဥပမာတစ်ခုပြောရလျှင် ကလေးကနေ လူကြီးဖြစ်လာတယ်၊ လူကြီးဖြစ်လာတော့ … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -28

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၉) စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း (အဆက်) (ခ) ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ပယ်သတ်နည်း             ပုဂ္ဂလိက ဆန္ဒစွဲနှင့်ယှဉ်သော စိတ်မှာ အကုသိုလ် အညစ်အကြေးများ ယှဉ်တွဲနေ၍ မလိုလားအပ်ကြောင်း ဖေါ်ပြခဲ့သည်။ ထိုစိတ်သည် ဒုက္ခတရားကလေးများ အဖြစ်ဖြင့် ဖြစ်ပေါ်လာ ရကြောင်းကိုလည်း ရှင်းပြခဲ့ပြီ။ ဤနေရာတွင် ထိုဒုက္ခ စိတ်သိကလေး၏ ဖြစ်ရပ်မှန်ကို ရှုဉာဏ်နှင့် အတူဖေါ်ပြရပေမည်။ ရှုဉာဏ်ဆိုသည်မှာ ကိလေသာနှင့် ယှဉ်တွဲ ဖြစ်ပေါ်လာသော စိတ်၏ ဒုက္ခတရားလေး၏ အလိုကို အလွယ်တကူ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 27

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၉) စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း (အဆက်) ထပ်မံဖွင့်ဆိုရသော် အသိတရားခြင်းတူသော်လည်း ဉာဏ်ပညာ အမြော်အမြင်ဖြင့်  ဆင်ခြင်၍ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်လိုသော အသိသည် လွန်စွာမှ တန်ဖိုးကြီးမားလှသည်။ ကိုယ့်အတ္တအတွက် လိပ်သတ္တ၀ါ၊ နွားသတ္တ၀ါများကဲ့သို့ သိတတ်သော အသိတရားမျိုးသည် တန်ဖိုးမရှိလှပါ။ ဤအချက်မှာ စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြား ခြားနားခြင်း အချက်တစ်ချက်ပင်ဖြစ်သည်။ စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြားခြားနားချက်ကို မိတ်ဆက်နိဒါန်းပျိုး ဖေါ်ပြပြီးနောက် အဆိုပါစိတ်သိကို နှစ်ပိုင်း နှစ်ကဏ္ဍ ခွဲခြားစိတ်ဖြာ တင်ပြပါဦးမည်။ ၎င်းတို့မှာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 26

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၉) စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း (က) ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့် ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ (ခ) ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ပယ်သတ်နည်း        စိတ်သည် စိတ်ကို မမြင်နိုင်ချေ။ ဉာဏ်သည်သာလျှင် စိတ်ကိုမြင်သည်။ ရုပ်နာမ်ဒုက္ခတရား၏ အပျက်ကို မြင်ခြင်းသည် ဉာဏ်အမြင်ပင်ဖြစ်သည်။ ဖြစ်ပျက်ကို မြင်အောင်ကြည့်ခြင်းဟု ဆိုရာ၌ ရုပ်နမ်ဒုက္ခတရားတို့၏ ဖြစ်ပေါ်လာခြင်း ပျက်စီးသွားခြင်းတို့ကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ရှုရခြင်းဟု ဆိုလိုသည်။ ၀ိပဿနာတရား ရှုသတ်ပွားများနေသည်ဆိုရာ၌ ဒုက္ခတရားကလေးများ၏ အပျက်သဘောကို ဉာဏ်မျက်စိရှေ့မှောက်၌ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 27

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၉) စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း (အဆက်) ထပ်မံဖွင့်ဆိုရသော် အသိတရားခြင်းတူသော်လည်း ဉာဏ်ပညာ အမြော်အမြင်ဖြင့်  ဆင်ခြင်၍ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်လိုသော အသိသည် လွန်စွာမှ တန်ဖိုးကြီးမားလှသည်။ ကိုယ့်အတ္တအတွက် လိပ်သတ္တ၀ါ၊ နွားသတ္တ၀ါများကဲ့သို့ သိတတ်သော အသိတရားမျိုးသည် တန်ဖိုးမရှိလှပါ။ ဤအချက်မှာ စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြား ခြားနားခြင်း အချက်တစ်ချက်ပင်ဖြစ်သည်။ စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြားခြားနားချက်ကို မိတ်ဆက်နိဒါန်းပျိုး ဖေါ်ပြပြီးနောက် အဆိုပါစိတ်သိကို နှစ်ပိုင်း နှစ်ကဏ္ဍ ခွဲခြားစိတ်ဖြာ တင်ပြပါဦးမည်။ ၎င်းတို့မှာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

NIBBANA – 7

Share

နိဗ္ဗာန် အပိုင်း(၇) ငယ်     ခင်ဗျားက ဘာကိုစိတ်ကူးယဉ်ချင်နေရတာလဲ။ နန်း     အော် – တရားတော်ကများ မျက်နှာလိုက်မလားလို့။ ငယ်     မျက်နှာတော့ လိုက်တာမဟုတ်ဘူးဗျ။ ဒါပေမယ့် မျက်နှာလိုက်တာ။ နန်း     ဘယ်လိုလဲဗျာ။ ခင်ဗျားဟာက နားလည်လွယ်အောင် လုပ်စမ်းပါ။ ငယ်     ပုဂ္ဂိုလ်စွဲနဲ့တော့ မျက်နှာမလိုက်ဘူးဗျ။ ဒါပေမယ့် ဓမ္မစွဲနဲ့တော့ ဦးစားပေးတယ်။ နန်း     ဓမ္မလမ်းစဉ်အတိုင်း ဓမ္မအားကောင်းရာဘက်ကို ဦးစားပေးတဲ့သဘောပေါ့။ ငယ်     ဟုတ်တယ်။ အဲဒီအတိုင်းဘဲ။ နန်း     ခင်ဗျားက ဓမ္မဓိဌာန်ကျတဲ့ အသိအမြင်တွေကို တော်တော်ခံယူတတ်နေပြီနဲ့တူတယ်။ ငယ်     ဟုတ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

NIBBANA – 4

Share

နိဗ္ဗာန် အပိုင်း(၄) နန်း     ကျွန်တော့်ဘ၀မှာ ခင်ဗျားနဲ့ အခုလို ဆွေးနွေးရတာ လေးလေးနက်နက် ရှိလှပါတယ်ဗျာ။ ငယ်     ကျွန်တော်က ဒဿနသမားပဲလေ။ နန်း     အော် – ဟုတ်သားပဲ။ တစ်ခါတစ်ခါ ကျွန်တော် ဒီအကြောင်း မေ့မေ့နေမိတယ်ဗျာ။ ငယ်     မမေ့ပစ်ပါနဲ့ဗျာ။ ကျွန်တော်က တရားဝင်အောင်ခဲ့တာပါ။ နန်း     မေ့မပစ်ပါဘူးဗျာ။ ကျွန်တော်က မတော်တဆ မေ့မေ့သွားတာပါ။ ဒါနဲ့ ခင်ဗျားက သိပ္ပံဒဿနနဲ့ ဘွဲ့ယူခဲ့ တာဆို။ ငယ်     ဟုတ်ပါတယ်။ နန်း     ဒဿနပညာမှာ သိပ္ပံဒဿနလိုင်းရှိကြောင်း ကျွန်တော်ကတော့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 13

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၀) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) နိဗ္ဗာန် စံသောအခါ ဘာကြောင့် ချမ်းသာရသလဲ ဆရာက မိန့်ဖူးသည်။ `နိဗ္ဗာန်သည် ချမ်းသာခြင်းမျိုးစုံ စုပုံလျက်ရှိသည်´ ဟု။ စာဖတ်သူ တော်တော်များများ နိဗ္ဗာန်စံလျှင်ဘာကြောင့် ချမ်းသာရသလဲဟု ဂဃနဏ သိချင်ပုံရသည်။ နိဗ္ဗာန်၌ ဒုက္ခ မရှိကြောင်းကိုတော့ တော်တော်များများသိကြသည်။ ဒုက္ခသည် ရုပ်နာမ်နှင့်တွဲရာ ရုပ်နာမ်ချုပ်ငြိမ်းပြီးမှ စံဝင်ရသော နိဗ္ဗာန်၌ ဒုက္ခမရှိနိုင်တော့ချေ။ ( ၃၁ ) ဘုံသည် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment