Tag Archives: တရား

ဝိပဿနာနည်းပညာအမေးအဖြေ (၁၁)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၁) မေး ။ ဆရာကြီး မင်္ဂလာပါ။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ဟိုနေ့က ကျွန်တော် မေးခွန်းတစ်ခု ဆက်မေးမလို့ ဆရာကြီးရယ် – ကျန်ခဲ့လို့ပါ။ ဖြေ ။ ဘာကျန်ခဲ့တာလည်း။ မေး ။ အော် နိဗ္ဗာန်က လွတ်မြောက်ခြင်း အရသာရှိတယ်၊ နိဗ္ဗာန်ရဲ့ လွတ်မြောက်ခြင်းကို ဖိုလ်ဉာဏ်က Tags: ၀ိပဿနာ, Buddhism, Myanmar Posts, တရား, နိဗ္ဗာန်, မဂ်ဉာဏ် ဖိုလ်ဉာဏ်

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀) မေး ။ ဆရာကြီး ကျွန်တော်လာပြီ။ ဖြေ ။ လာ — မေး ။ ဆရာကြီး ကျွန်တော် ပြဿနာ နည်းနည်းတက်နေတယ်။ ဖြေ ။ ဘာပြဿနာလည်း။ မေး ။ ပုဂ္ဂိုလ်တစ်ဦး လိုက်စားမလားလို့ အကျိုးအကြောင်း မဲဆွယ်ကြည့်တာ သူက ကဏ္ဍကောစ လုပ်နေတယ်။ ဖြေ ။ အော် လောကွတ်ကလည်း Tags: ၀ိပဿနာ, Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ -02

အပိုင်း (၂) ကျွန်တော်က ကံကောင်းတယ်လို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ရတနာမြတ်သုံးပါးကို ကျွန်တော်က ကြည်ညိုတယ်၊ ကြည်ညိုတဲ့အခါကျ ကြည်ညိုတဲ့ အကျိုးအမြတ်တွေကို တစ်ဝကြီးရတယ်။ ကျွန်တော်က တစ်ဝကြီးကိုရတဲ့သဘောပါပဲ၊ အရမ်းကံကောင်းပါတယ်။ ကျွန်တော်အခုဆိုရင် ကျန်းမာရေးကလည်း အဆိုးပါဘူး၊ အသက်ကလည်း (၇၈) နှစ်။ နောက်အစစအရာရာကလည်း ရှင်သန်ဖို့ရာအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, ဗုဒ္ဓဘာသာ, သူတော်ကောင်း, မြတ်စွာဘုရား

Posted in Frontpage | Tagged , , , , , , | Leave a comment

ယောဂီများအတွက်ဟာသ

ယောဂီများအတွက်ဟာသ   ဒီအကြောင်းအရာပြောရင် ယောဂီများအတွက် ဟာသဖြစ်မယ်၊ ယောဂီများအားလုံး သိပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေးလုပ်ချင်ရင်လည်း လုပ်ကြတာပဲ၊ စီးပွားရေးလုပ်ချင်ရင်လည်း လုပ်ကြတာပဲ၊ နည်းပညာတွေလိုက်ချင်ရင်လည်း လိုက်ကြတာပဲ၊ လိုက်ကြပေါ့ – သို့သော် လောကုတ္တရာ လိုက်ရင်တော့ နိဗ္ဗာန်က ရုပ်နာမ်ကိုလက်မခံဘူးဆိုတာ အားလုံးသော ယောဂီတွေ သိကြပါတယ်။ အခုယောဂီတွေအတွက် ဟာသဖြစ်နေတယ် နိဗ္ဗာန်လည်းသွားချင်တယ်၊ ရုပ်နာမ်ထဲက အစိတ်အပိုင်း တစ်ခုခုကို ယူသွားချင်တယ်ဆိုတော့ မခက်ဘူးလား။ ဒီသတင်းက ယောဂီတွေအတွက်တော့ ဟာသဖြစ်နေတယ်။ နိဗ္ဗာန်ကို စံချင်တယ် ဒါပေမယ့် ရုပ်နာမ်နဲ့ ပတ်သက်လို့ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -05

ပျံ့မွှန်းမွှေးလှိုင်ကြူ ပျံ့မွှန်းမွှေးလှိုင်ကြူနိုင်ကြပါစေ                                                     ဂွေးတောက်သရက်                                                  ရောပေါက်ယှက်က                                                  သရက်ချိုမြ                                                  ဗန္ဓရလျှင်                                                  ကွယ်ပအပြီး                                                  အခါးသီး၏ . . . တဲ့   သို့သော် . . . ရွှံ့နွံထဲမှ ပဒုမ္မာကြာသည် မွှေးရနံ့ လှိုင်ပါသည်။ တရားရှာ ခန္ဓာမှာတွေ့မည်။ ခန္ဓာရှိသူတိုင်း ခန္ဓာထဲ၌ တရားရှာနိုင်သည်။ ဘာနှင့် ရှာမည်နည်း။   Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -18

မြတ်ပန်းမွှေးလှိုင်ကြူ ရေတံခွန်တောင်လှိုင်ဂူ တတိယည ညပိုင်း တရားအားထုတ်ရန် နေရာရွေးခြင်း ရေတံခွန်လိုဏ်ဂူမှာ နှစ်ထပ်ဂူဖြစ်ရာ အတွင်း၌ ဂူငယ်တစ်ခု ရှိသေးသည်။ ဧရိယာမှာ (၄) တောင်မှ (၅) တောင်ခန့်ရှိ၍ အမိုးမှာ လူတစ်ရပ်လွတ်ရုံမျှ ဖြစ်သည်။ ယနေ့ည၌ ဂူငယ်အတွင်း သီတင်းသုံးလျက် ကပ္ပိယကို ပထမဂူထဲ အိပ်စက်စေသည်။ ဂူငယ်သည် အမိုးနိမ့်သည်မှအပ လူတစ်ဦး နေသာရုံ အခန်းငယ်နှင့်တူသည်။ ယမန်နေ့ မိုးရွာစဉ်ကမူ ဤအတွင်း ဂူငယ်တစ်ခုလုံး မိုးယိုစိုရွှဲလျက်ရှိသည်။ ယနေ့ နေသာ၍ အနည်းငယ်ဖန့်သွားသော သမံတလင်းအပေါ် သားရေနွယ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -32

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ (ဃ) အကောင်းဆုံးသော သည်းခံခြင်း             သည်းခံလျှင် နိဗ္ဗာန်ရောက်သည်ဆိုသော စကားရှိသည်။ သည်းခံသည်ဆိုရာ၌ မိမိ၏ လောဘ၊ ဒေါသ၊ မောဟများကို သည်းခံရမည်ဖြစ်သည်။ မိမိ၏ အဇ္ဈတ္တ ဘ၀င်တွင် လောဘတရား ဖြစ်ပေါ်လာချင်ပါလျှင် ထိုလောဘတရားကို သည်းခံနိုင်ရမည်။ လောဘစိတ်ဖြစ်ပေါ်လာသော်လည်း အလိုမလိုက်ဘဲ သည်းခံနိုင်ရမည်ဟု ဆိုလိုသည်။ ဒေါသတရား၊ မောဟတရားများသည်လည်း ထို့အတူပင် ၎င်းတို့ကို အလိုမလိုက်ဘဲ သည်းခံရမည်သာ ဖြစ်သည်။ သူတော်ကောင်းများသည် သူတော်မှ ကိုယ်ကောင်းသည်ဟု … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -30

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ (ခ) တုန်လှုပ်မှု၏ အန္တရာယ်။             စိတ္တဗေဒ ပညာရပ်များကို စိတ်ဝင်စားလေ့လာစဉ်က ကြောက်သောကြောင့် တုန်လှုပ်ရခြင်းလော၊ တုန်လှုပ်သောကြောင့် ကြောက်ရွံ့လာခြင်းလော ဟူသောပြဿနာကို ဆွေးနွေးခဲ့ဘူးသည်။ ရုပ်နာမ်တစ်ခုသည် အန္တရာယ်တစ်ခုခုကို တွေ့ကြုံရင်ဆိုင်ရသောအခါ ကြောက်လန့်တတ်ကြသည်။ သို့မဟုတ် တုန်လှုပ်တတ် ကြသည်။ ဥဒါဟရုဏ်အားဖြင့် လူတစ်ဦးသည် သေခြင်းတရားကို ရင်ဆိုင်ရသည်ရှိသော် ကြောက်လန့်စိုးရိမ် လာသည်။ တုန်လှုပ်ချောက်ချားလာသည်။ တုန်လှုပ်ခြင်းသည် မလိုလားအပ်သော အချင်းအရာတစ်ခုဖြစ်ရာ တည်ငြိမ်မှုရှိရန် အလေ့အကျင့် ပြုထားရပေလိမ့်မည်။ တုန်လှုပ်ခြင်းကြောင့် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -21

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၇) သစ္စာ အဓိဋ္ဌာန်ပြုခြင်း (အဆက်) ထိုသို့ သမုဒယချော့သဖြင့် ဒုက္ခကို ဒုက္ခမှန်း မသိလျှင် အ၀ိဇ္ဇာ ဦးစီးကာ ဒုက္ခအမှန် လိမ်းကျံ ကွပ်ထိမ်း လွှမ်းခြုံထားသည့် တဏှာ သမုဒယကို လက်ခံ လှမ်းကြိုရလိုက်ခြင်းသည် ဒုက္ခမှန်းမသိ၍ ဒုက္ခကို ရလိုခြင်းဖြစ်သည်။ ဒုက္ခ ရလိုသဖြင့် သမုဒယ အကြောင်းခံသောကြောင့် ဒုက္ခရုပ်နာမ် ထပ်မံရရှိသည်။ တနည်းအားဖြင့် –     မသိ၍လိုချင် လိုချင်၍ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ ဒုက္ခခံကြရသည်။ ဒုက္ခကို ဒုက္ခမှန်းသိလျှင် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 13

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၄) (ဆ) သာသနာ ပြုလိုသူတို့၌ ရှိအပ်သောအရည်အချင်းများ             သာသနာပြုလိုသူတို့သည် လောကဓံကို ကြံကြံခိုင်ခိုင် ကျော်လွှားဖြတ်သန်း အောင်မြင်ရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ လောကဓံတွေ့ရ၍ စိတ်ဓာတ်ဆုပ်နစ် ကျဆင်းသွားခြင်းသည် သာသနာပြုလိုသူတို့၏ လုပ်ရပ်မဟုတ်။ ပုထုဇဉ်များသည် အ၀ိဇ္ဇာ ဦးစီးနေကြသူများဖြစ်သည်။ အတ္တနှင့်ယှဉ်သော အတွေးမှ မသိမှုနှင့်အတူ ပေါ်ပေါက်လာသော စိတ်သိတို့သည် အမှန်ကို ဖုန်းကွယ်ထားပြီးဖြစ်သည်။ အမှန်ကို မသိသော ပုထုဇဉ်တို့သည် သာသနာနှင့်ပတ်သက်၍ ပြောချင်ရာ ပြောကြပေလိမ့်မည်။ ယင်းအပြောအဆို အပြုအမူများကို သည်းခံနိုင်ရမည်။ ခွင့်လွတ်နိုင်ရမည်။ အမှန်ကို … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

တရားတိုးတက်သောအခါ .. ..

တရားတိုးတက်သောအခါ .. .. အရာရာကြိုးစားသဖြင့် တိုးတက်လျှင် တိုးတက်သည့်သဘောကို ကိုယ်တိုင်သိရှိကြသည်သာ များပါသည်။ ယင်းထဲတွင် တရားတိုးတက်မှုလည်း ပါသည်ဟု ယူဆသည်၊ အဘယ့်ကြောင့်ဆိုသော် တရား ကြိုးစားသောအခါ တရားတိုးတက်လျှင် မိမိကိုယ်တိုင် မငြင်းသာ မတတ်သာအောင် တိုးတက်သည် ဟုလည်း သိနားလည် ခံစားရသည်။ ထို့ကြောင့် တရားတိုးတက်လျှင် တိုးတက်သည်ကို ကိုယ်တိုင် သိနိုင်သည်ဟု အာမခံချက် ပေးနိုင်ပါသည်။ တရားသည် တရားသဘောဆောင်သဖြင့် တိုးတက်အောင် ကြံဆောင်သော (သို့) အကြောင်းခံတရားများ ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်များအတွက် တိုးတက်သည်ကို ကိုယ်တိုင်ကိုယ်ကျ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 8

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၂) ဆရာမြတ်၏ အဆုံးအမများ (ဂ) သေခြင်းတရား၏ ဆိုးဝါးပုံ             ရုပ်နာမ်သည် ငါမဟုတ်ချေ၊ သံသရာ၌ မရှိသောငါကို အရှိလုပ်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။ ရုပ်နာမ်ကို ငါထင်နေသဖြင့် ထိုရုပ်နာမ်အပေါ် သမုဒယငြိတွယ် ရခြင်းဖြစ်သည်။ ရုပ်နာမ်ရရှိခဲ့ရခြင်းသည်ပင်လျှင် အတိတ်ဘ၀ ဘ၀များက အယောနိသော မနသီကာယခေါ် နှလုံးသွင်းမှားခြင်း၏ ဒဏ်ချက်ဖြင့် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်များကို ခံစားလျှက် ရုပ်နာမ်ဒုက္ခ ရနေကြခြင်းဖြစ်သည်။             ကိလေသာ မကုန်ခမ်းသေးသော ရုပ်နာမ်တစ်ခုသည် ကိလေသာ ခံစား စံစားလိုသော … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA – 6

နိဗ္ဗာန် အပိုင်း(၆) နန်း     ကောင်းပါပြီ။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ခင်ဗျားတို့အဓိကက ဘာလုပ်ရတာလဲ။ ငယ်     တရားအားထုတ်ရတယ်လေ။ တရားရမှုနဲ့ ဆန့်ကျင်ဘက်တွေကို ရှောင်ရရှားရတိုက်ထုတ်ပစ် ရတယ်ပေါ့။ ဒါ အဓိကပါဘဲ။ နန်း     နုပဿနာလေးမျိုးထဲက ခင်ဗျားတို့က ဘယ်နည်းနဲ့ အားထုတ်တာလဲ။ ငယ်     လေးနည်းစလုံးဘဲ။ နောက်တော့ တဖြေးဖြေး နှစ်နည်းဘဲ အဓိကအားထုတ်တယ်။ အားထုတ်နည်း အတိ အကျကိုတော့ ခင်ဗျားလိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဆင်ခြင်နည်းဘဲ ဆွေးနွေးချင်တယ်။ အားထုတ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -3

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အပိုင်း(၁) တရားတော်ကို မည်မျှမြတ်နိုးကြသနည်း မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ၀ါဆိုလပြည့်နေ့မှာ တောထွက်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့အချိန်ဟာ ညကြီးမင်းကြီး ဖြစ်ပါတယ်။ အလောင်းတော်များသည် ကောင်းတာကိုသိရင် သိတဲ့အချိန်မှာပဲ စပြီးအလုပ်လုပ်ပါတယ်။ ဒီအချက်လေးကို အဓိကထားပြီး တင်ပြချင်ပါတယ်။ ကောင်းတဲ့အကြံအစည်လေးပေါ်ရင် ပေါ်တဲ့အချိန်မှာ ကောက်ခါငင်ခါနှင့် ချက်ချင်းထပြီးတော့ အလုပ်စခန်းဝင်ပါတယ်။ ဒီအချက်ဟာ အင်မတန် အရေးကြီး ပါတယ်။ မိမိတို့သာသနာမှာ လေ့လာကြည့်ရင် … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ 2

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ   ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အပိုင်း(၂) ၀ိပဿနာအရာ၌ ဆရာကောင်းလိုအပ်သည်။ စာရေးသူ၌ ဆရာကောင်းရှိခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အကြံပေး အပြုသဘော တရားစာများကို စာရှုသူတို့၊ ဓမ္မမိတ်ဆွေတို့အား ရေးသားပေးနိုင်ခြင်း ဖြစ်သည်။ တရားရှာ ခန္ဓာမှာတွေ့ရသည်။ အတွေ့ခံတရားမှာ ရုပ်နာမ်ဒုက္ခ ဖြစ်သည်။ တွေ့သောတရားမှာ အသိဉာဏ်ပညာ ဖြစ်သည်။ အသိဉာဏ်ပညာကို ဘုရားဟောတရားတော်များမှ လေ့ယူပါ။ ထုံယူပါ။ နာကြားပါ။ ဆင်ခြင်၍ ရယူပါ။ သို့မဟုတ် … Continue reading

Posted in Buddhism | Tagged , , , , , , , | 2 Comments