Tag Archives: တဏှာ

ထောက်တည်ရာရသွားပြီ

ထောက်တည်ရာရသွားပြီ    ရုပ်နာမ်ရှိထားတဲ့ လူသား အနိစ္စတစ်လုံးကြောင့် ထောက်တည်ရာ ရသွားတယ်။ ရုပ်နာမ်ဆိုကတည်းက ထောက်တည်ရာက အတော်ခက်တယ်။ ဒုက္ခတုံးကြီး မဟုတ်လား ??? သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။ ဒုက္ခအဆုံးရောက်အောင်တော့ အပျက်ကို ဇွဲနဲ့ရှုရမယ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၇)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၇) နိဗ္ဗာန်အကြောင်းကို ဘုရားအလောင်း သူတော်ကောင်းတွေ မျက်မှန်းဆတော်မူခဲ့ကြဖူးတယ်။ “ဒီမှာဘက်မှာ ဒုက္ခရှိရင် ဟိုမှာဘက်မှာ သုခရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မမြဲတာရှိရင် ဟိုမှာဘက်မှာ မြဲတာရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မပိုင်တာရှိရင် ဟိုမှာဘက်မှာ ပိုင်တဲ့သဘောရှိပေလိမ့်မယ်” လို့ အနုမာန မျက်မှန်းဆတော် မူကြတယ်။ ဒီလိုမျက်မှန်းဆတော်မူရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟ၊          တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေ လျော့နည်းအောင် ကြံဆောင်တော် မူကြတာပဲ။ နိဗ္ဗာန်ကတော့ မြတ်စွာဘုရား ဟောပြီးသားဆိုတော့ Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်၏အနက်အဓိပ္ပာယ်

နိဗ္ဗာန်၏အနက်အဓိပ္ပာယ် နိဗ္ဗာန်၌ဘာမှမရှိဆိုရာ၌ ဘာဆိုသော စကားလုံးကို အဓိပ္ပာယ် ဖွင့်ရန်လိုသည်။ ဥပမာ — နိဗ္ဗာန်၌ ဘာဒုက္ခမှ မရှိ၊ မှန်သည်။ ဘာတဏှာမှ မရှိ၊ မှန်သည်။ ဘာရုပ်နာမ်မှ မရှိ၊ မှန်သည်။ ဘာလောကဓံမှ မရှိ၊ မှန်သည်။ ဤသို့ သုံးနှုန်းလျှင် ရသည်။ သို့သော် နိဗ္ဗာန်၌ ဘာသုခမှ မရှိဆိုလျှင် မှားသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာနံ ပရမံ သုခံ ဖြစ်သည်။ စစ်မှန်သော Tags: Buddhism, Myanmar Posts, တဏှာ, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

Approaching Nirvana (5)

Approaching Nirvana (5) Nirvana might be a new term for all strong Buddhists. So also, the way to Nirvana will be a new approach for all strong Buddhists. Only Buddhists are trying to enter into Nirvana by sacrificing self-egocentric sexual … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

Approaching Nirvana (4)

Approaching Nirvana (4) Nirvana is our Goal. Buddhists are aiming Nirvana by hook or by crook. To attain Nirvana, we must negate our ego by sacrificing egocentric interest including sexual feelings, and then we can have the power to attain … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ချမ်းသာခြင်းနှစ်မျိုးသိခြင်းနှစ်မျိုး

ချမ်းသာခြင်းနှစ်မျိုးသိခြင်းနှစ်မျိုး           ချမ်းသာခြင်းနှစ်မျိုး ရှိသည် – (စက္ခု သောတ ဃာန ဇီဝှါ ကာယ မန) ဟူသော အာရုံခြောက်ပါးနှင့် ချမ်းသာခြင်းက တစ်မျိုး၊ ထိုရုပ်နာမ်မှ သီးခြားကင်းလွတ်၍ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ဝင်စားသည့် ချမ်းသာခြင်းက တစ်မျိုးဟူ၍ (ဝေဒရိက သုခ၊ သန္တိသုခ) ဟူ၍ ချမ်းသာခြင်းနှစ်မျိုး ခွဲခြားနိုင်သည်။ ချမ်းသာတကာ့ ချမ်းသာတို့တွင် နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာခြင်းဖြစ်သည်။ နိဗ္ဗာနံ ပရမံသုခံ ဟူ၍ အဓိပ္ပာယ် ဖွင့်နိုင်သည်။ သိခြင်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်၊ ဘလက်ဟိုး(လ်)နှင့်ပတ်သက်၍

နိဗ္ဗာန်၊ ဘလက်ဟိုး(လ်)နှင့်ပတ်သက်၍ အချို့က နိဗ္ဗာန်နှင့် ဘလက်ဟိုး(လ်)ကို ဆက်နွှယ်လိုကြသည်။ နိဗ္ဗာန်သည် ကာလ၊ ဌာနမှ လွတ်မြောက်သည်။ ဘလက်ဟိုး(လ်)သည် သူ၏ စွဲစုပ်ခြင်းကို ခံရသော အရာရာအား၊ ကာလမှ လွတ်မြောက် စေသည်။ (The End of Time) ဟု သုံးနှုန်းကြသည်။ ထိုအခါ နိဗ္ဗာန်နှင့် ဘလက်ဟိုး(လ်)ကို မည်ကဲ့သို့ နှိုင်းယှဉ်ရပါမည်နည်းဟူ၍ စိတ်ဝင်စားကြသည်။ အမှန်မှာ တစ်ခြားစီဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ – ရုပ်နာမ်၌ ကိလေသာသတ်၍ စင်ကြယ်ပြီးတော့မှ သတ်နိုင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်က … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 09

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၉) တိုက်ပွဲဝင်ဝိပဿနာသမား ယခုအခါ တိုက်ပွဲဝင်ဝိပဿနာသမား အကြောင်းကို ရေးသားချယ်မှုန်း နေပါသည်။ ဝိပဿနာသမား၏ ရန်သူဖြစ်သော အဝိဇ္ဇာနှင့် တဏှာကို တိုက်ခိုက်ပုံများအား တတ်နိုင်သမျှ အသေးစိပ် စီကုံးနှုန်းဖွဲ့ နေပါသည်။ ဤအခြေအနေ၌ ရုပ်နာမ်အား ဒုက္ခရန်သူဟု ခံယူထားရလေရာ ရုပ်နာမ်ချမ်းသာနှင့် လူ့အခွင့်အရေး ဆိုသည်များကိုတော့မူ ခေတ္တခဏ ဘေးချိပ်ထားရမည်ကဲ့သို့ ဖြစ်နေပါသည်။ စာရှုသူများကိုလည်း မေတ္တာရပ်ခံအပ်ပါသည်။ ယခုအခါ တိုက်ပွဲဝင်ဝိပဿနာ အကြောင်းကိုသာ စီကုံးနှုန်းဖွဲ့ရသည်ဖြစ်၍ မိမိ နှလုံးသား၌ဖြစ်စေ၊ ဟဒယ၌ဖြစ်စေ ကျူးကျော်ဝင်ရောက် လာမည်ဖြစ်သော အဝိဇ္ဇာနှင့်တဏှာကို တိုက်ခိုက်ချေမှုန်းရန် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 08

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၈)   အဝိဇ္ဇာနှင့်တဏှာအရေးကြီးပုံ ဝိပဿနာယောဂီများအတွက် အဝိဇ္ဇာနှင့်တဏှာသည် အရေးကြီးကြောင်း သတိပြုရန် လိုပေသည်။ ဝိပဿနာယောဂီများသည် ကိလေသာ လျော့ပါးရေးကို ကြိုးစားကြသည်။ သို့သော် အဝိဇ္ဇာနှင့် တဏှာမှာမူ လွန်စွာလည်သည်၊ လွန်စွာ ပါးနပ်သည်၊ လွန်စွာ လျှင်သည်၊ ယောဂီများ သတိမရှိနိုင်မီ အဝိဇ္ဇာက လွှမ်းတတ်သည်၊ တဏှာကလည်း နေရာယူတတ်သည်။ ထိုအခါ ယောဂီများ အခက်အခဲ ဖြစ်နိုင်သည်။ ယောဂီတိုင်းလိုလို အခက်အခဲ ရှိနိုင်လိမ့်မယ်ဟုတော့ ယူဆပါသည်။ အချို့ပုဂ္ဂိုလ်များအတွက် ဖြစ်ပါသည်။ အဝိဇ္ဇာမှာမူ လွန်စွာ နူးညံ့သဖြင့် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ပန်းတိုင်(၂)

ပန်းတိုင်(၂) ပန်းတိုင်အကြောင်းကို ဗုဒ္ဓဘာသာ ရှုဒေါင့်မှ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်ကို စံမြန်းသောအခါ ရုပ်နာမ်ချုပ်သွားသည်။ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်စံမြန်း၍ နောက်ဆုံး အနုပါဒိသေသ နိဗ္ဗာန်သို့ စံမြန်းသွားရသည်။ သံသရာ ပြန်လှည့် မလာတော့ချေ၊ ရုပ်နာမ်ထပ်မဖြစ်တော့ချေ၊ ယင်းကား အဆုံးနိဂုံးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ သိပ္ပံပညာရှင်များမှာမူ ပန်းတိုင်နှင့် ပတ်သက်၍ အဆိုအမိန့်များ အချို့ကို ချန်ထားခဲ့ရာ လောကီလိုင်းအတွက် သက်သက်ကဲ့သို့ ဖြစ်နေသည်။ ဥပမာ … Continue reading

Posted in Buddhism & Science | Tagged , , , , , , , | Leave a comment

သစ္စာတရားရှာဖွေရာ၌ တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်များ လိုအပ်ခြင်း(၂)

သစ္စာတရားရှာဖွေရာ၌ တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်များ လိုအပ်ခြင်း(၂) နိဗ္ဗာန်ဆိုသောစကားကို တချိန်က (Nothingness) ဟု ဘာသာပြန်လိုက်ကြသည်။ ထိုအခါ နိဗ္ဗာန်၌ ဘာမှမရှိဟူသော သဘောအယူအဆ အနည်းငယ် လွှမ်းမိုးလာသည်။ အမှန်မှာ နိဗ္ဗာန်၌ ဘာမှမရှိခြင်း မဟုတ်၊ ဘာဒုက္ခမှ မရှိ၊ ဘာရုပ်နာမ်မှ မရှိ၊ ဘာကိလေသာ တဏှာမှ မရှိဟူ၍သာ အဓိပ္ပာယ်ဖွင့်ရသည်။   နိဗ္ဗာန်၏ မူရင်းမှာ နိ ဝါန ဖြစ်၍၊ နိ ဝါန ဆိုသည်မှာ –   နိ= မရှိခြင်း ဝါန= … Continue reading

Posted in Buddhism | Tagged , , , | 1 Comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 8

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၂) ဆရာမြတ်၏ အဆုံးအမများ (ဂ) သေခြင်းတရား၏ ဆိုးဝါးပုံ             ရုပ်နာမ်သည် ငါမဟုတ်ချေ၊ သံသရာ၌ မရှိသောငါကို အရှိလုပ်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။ ရုပ်နာမ်ကို ငါထင်နေသဖြင့် ထိုရုပ်နာမ်အပေါ် သမုဒယငြိတွယ် ရခြင်းဖြစ်သည်။ ရုပ်နာမ်ရရှိခဲ့ရခြင်းသည်ပင်လျှင် အတိတ်ဘ၀ ဘ၀များက အယောနိသော မနသီကာယခေါ် နှလုံးသွင်းမှားခြင်း၏ ဒဏ်ချက်ဖြင့် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်များကို ခံစားလျှက် ရုပ်နာမ်ဒုက္ခ ရနေကြခြင်းဖြစ်သည်။             ကိလေသာ မကုန်ခမ်းသေးသော ရုပ်နာမ်တစ်ခုသည် ကိလေသာ ခံစား စံစားလိုသော … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 7

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၂) ဆရာမြတ်၏ အဆုံးအမများ   (က) သံသရာဘေး၏ ကြောက်မက်ဖွယ်ကောင်းပုံ။ (ခ) အကုသိုလ်မီးများသိပ်သည်းကျစ်လစ်ပုံ။ (ဂ) သေခြင်းတရား၏ ဆိုးဝါပုံ။ (ဃ) လောကဓံ လှိုင်းဂယက်များ။ (င) တရားရှင်ဖြစ်ရန် ကြိုးစားနေသူတို့၏အမြင်။ (စ) အသေစိတ်ချရသူနှင့် အသေစိတ်မချရသူ။   ဆရာမြတ်ထံ တပည့်ခံ၍ ၀ိပဿနာတရား ကျင့်ကြံအားထုတ်ရာ၌ ဦးတည်ချက် ရည်ရွယ်ချက်များ ထားရှိရန်လိုအပ်ကြောင်း ဆုံးမတော်မူသည်။ သံသရာမှ ထွက်မြောက်ရန် ဆန္ဒရှိကြသော စာရေးသူတို့အတွက် သံသရာ လွတ်ကြောင်းမှတပါး အခြားသို့ အာရုံမပြုရပါ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. .. ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ မြတ်စွာဘုရား၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။ နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 20

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ချမ်းသာစေလိုသော စေတနာရှင် မေတ္တာရှင် အပိုင်း(၁) ဆရာသည် အမြော်အမြင် သိပ်ကြီးတော်မူလေသည်။ ဉာဏ်ပညာလွန်စွာမှ ထူးခြားထက်မြက် ထွန်းတောက်သော ပညာရှိကြီးဖြစ်လေသည်။ အရာရာကို လေးနက်စွာခံယူ၍ နက်နဲသော အသိတရား ကိန်းဝပ်လေသည်။ မြတ်စွာဘုရားကို ကြည်ညိုရာ၌ အနှစ်သာရပိုင်း အဓိကပိုင်းတို့ကို လုပ်ဆောင် လေသည်။ ပဋိပတ်ကျင့်စဉ် အလုပ်ခွင်ကို ဉာဏ်ယှဉ်၍ ဦးဆောင်တော်မူခဲ့လေသည်။ ဆရာ့ လက်အောက်၌ စာရေးသူတို့လို ၀ိပဿနာ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment