Tag Archives: ဉာဏ်ပန်းမွှေးလှိုင်ကြူ

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 26

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၉) စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း (က) ပုဂ္ဂလဓိဋ္ဌာန်ကျသော စိတ်သိနှင့် ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်သိ (ခ) ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ပယ်သတ်နည်း        စိတ်သည် စိတ်ကို မမြင်နိုင်ချေ။ ဉာဏ်သည်သာလျှင် စိတ်ကိုမြင်သည်။ ရုပ်နာမ်ဒုက္ခတရား၏ အပျက်ကို မြင်ခြင်းသည် ဉာဏ်အမြင်ပင်ဖြစ်သည်။ ဖြစ်ပျက်ကို မြင်အောင်ကြည့်ခြင်းဟု ဆိုရာ၌ ရုပ်နမ်ဒုက္ခတရားတို့၏ ဖြစ်ပေါ်လာခြင်း ပျက်စီးသွားခြင်းတို့ကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ရှုရခြင်းဟု ဆိုလိုသည်။ ၀ိပဿနာတရား ရှုသတ်ပွားများနေသည်ဆိုရာ၌ ဒုက္ခတရားကလေးများ၏ အပျက်သဘောကို ဉာဏ်မျက်စိရှေ့မှောက်၌ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 25

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၈) ခန္ဓာဉာဏ်ရောက် တရားတော် (အဆက်) သန္တိသုခနိဗ္ဗာန်ချမ်းသာမြတ် ဆိုသည်မှာ ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်များ ကင်းလွတ်ချုပ်ငြိမ်းခြင်း သဘောရှိသည်။ ဤ၀ဋ် သုံးပါးအနက် ကိလေသာဝဋ်မှ ကျွတ်လွတ်ရန် လွန်စွာမှ အရေးကြီးသည်။ ကိလေသာဝဋ်တွင် ကိလေသာမာရ်ရှိသည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာ ကိန်းအောင်းလာပြီဆိုလျှင် ထိုရုပ်နာမ်ထဲတွင် ကိလေသာမာရ် သဘောဝင်လာသည်။ ဤမာရ်သဘောသည် ကြောက်မက်ဘွယ်ကောင်းသည်။ စက်ဆုပ်ဘွယ်ကောင်းသည်။ ဤမာရ်ဝင်လာလျှင် အမြှော်အမြင် ဆင်ခြင်ဉာဏ်တရားများ ဆိတ်သုဉ်း ပျက်ပျောက်သွားသည် ဤမာရ်ဝင်လာလျှင် ရှေ့နောက်အစွန်းများကို လွတ်မြောက်အောင် မဆင်ခြင်နိုင်တော့ဘဲ အ၀ိဇ္ဇာ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -24

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၈) ခန္ဓာဉာဏ်ရောက် တရားတော် (အဆက်) ဤနေရာ၌ အလျှဉ်းသင့်သဖြင့် ၀ိပဿနာတရား ကျင့်ကြံအားထုတ်နေသော ယောဂီပုဂ္ဂိုလ်တစ်ဦး၏ တရားဉာဏ်၏ အဆင့်အတန်းကို စစ်တမ်းထုတ်နည်းတစ်ရပ် တင်ပြပါမည်။ အချို့သော ယောဂီပုဂ္ဂိုလ်တို့သည် မိမိသည် တစ်မဂ် ရပြီ၊ နှစ်မဂ် ရပြီ စသည်ဖြင့် လွန်စွာမှ ကြွားလုံးထုတ်လိုကြသည်။ အချို့ကလည်း ဤသို့ကြွားလုံးထုတ်နိုင်မှ ရဲရင့်သည်၊ သတ္တိရှိသည်ဟု လွဲမှားစွာ မှတ်ယူနေကြသည်။ သို့သော် အကျိုးအကြောင်း ပညာဉာဏ်ပါပါ ချိန်ဆတတ်သော ပုဂ္ဂိုလ်တို့သည် ထိုယောဂီတို့၏ ကြွားလုံးထုတ်မှုအပေါ် မူတည်၍ ယင်းတို့၏ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 23

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၈) ခန္ဓာဉာဏ်ရောက် တရားတော် မဂ်ရမည့် ပုဂ္ဂိုလ်နှင့် မဂ်မရမည့် ပုဂ္ဂိုလ် နှစ်ခုခွဲပြမည်။ မဂ်ရမည့်ပုဂ္ဂိုလ်မှာ ယုံကြည် ကျမ်းမာ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။ မဂ်ရမည့် ပုဂ္ဂိုလ်အမျိုးအစားဖြစ်၏။   မဂ်မရမည့် ပုဂ္ဂိုလ်မှာ မစွန့်ကာမ ဆရာမရှိ ၀ိရိယလျော့ အားအင်ပျော့ကာ လွန်စွာယူမှား ဤငါးပါး တရားမဂ်ဖိုလ် ဝေးသတည်း။ မဂ်မရမည့် ပုဂ္ဂိုလ်အမျိုးအစားဖြစ်၏။   လူဟူ၍ ဖြစ်လာသောအခါ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 22

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၇) သစ္စာ အဓိဋ္ဌာန်ပြုခြင်း (အဆက်) အချုပ်အားဖြင့် အောက်ပါ ကောက်ချက်များ ကန့်သတ်ချက်များကို အလေးမူရမည်။   (၁) ထိုက်တန်သော ဖြစ်သင့်သော ကိစ္စ ဟုတ်မဟုတ် (၂) အများအတွက်ဖြစ်စေ တစ်ဦးချင်းအတွက်ဖြစ်စေ ကောင်းကျိုးချမ်းသာကို ဆောင်စွမ်းနိုင်ခြင်းရှိမရှိ (၃) သစ္စာပြုရန်ရှိသော ကိစ္စများကို ရွေးချယ်ရာ၌ မိမိ၏ ကျင့်စဉ်စွမ်းရည်  အင်အားနှင့်  ဖြစ်နိုင်မဖြစ်နိုင် (၄) သစ္စာပြု ကြွေးကြော်တိုင်တည်သော ကျင့်စဉ်နှင့်ဂုဏ်ရည်တို့သည် မိမိအမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိမရှိ။ ဤအချက်များကို ဓမ္မဓိဋ္ဌာန်ကျကျ ကြောင်းကျိုးချိန်ဆ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -21

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၇) သစ္စာ အဓိဋ္ဌာန်ပြုခြင်း (အဆက်) ထိုသို့ သမုဒယချော့သဖြင့် ဒုက္ခကို ဒုက္ခမှန်း မသိလျှင် အ၀ိဇ္ဇာ ဦးစီးကာ ဒုက္ခအမှန် လိမ်းကျံ ကွပ်ထိမ်း လွှမ်းခြုံထားသည့် တဏှာ သမုဒယကို လက်ခံ လှမ်းကြိုရလိုက်ခြင်းသည် ဒုက္ခမှန်းမသိ၍ ဒုက္ခကို ရလိုခြင်းဖြစ်သည်။ ဒုက္ခ ရလိုသဖြင့် သမုဒယ အကြောင်းခံသောကြောင့် ဒုက္ခရုပ်နာမ် ထပ်မံရရှိသည်။ တနည်းအားဖြင့် –     မသိ၍လိုချင် လိုချင်၍ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ ဒုက္ခခံကြရသည်။ ဒုက္ခကို ဒုက္ခမှန်းသိလျှင် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -20

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၇) သစ္စာ အဓိဋ္ဌာန်ပြုခြင်း သစ္စာတရားကို သိနားလည်ရန်အတွက် ဦးရေ၀တ ဆရာတော်ဘုရားကြီး ထံမှောက်၌ အောက်ပါ စွမ်းရည်များကို ကြိုးစားမွေးမြူ တည်ဆောက်ခဲ့ရလေသည်။   (၁) သန့်စင်သောသီလ           (၂) ရင့်ကျက်သော ဣနြေ္ဒ           (၃) တည်ငြိမ်သော သမာဓိ           (၄) လျှင်မြန်သော ဉာဏ်           (၅) ရှင်သန်သော သတ္တိ           (၆) မလွင့်ပါးသောသတိ           (၇) မလျော့သော ဇွဲ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -19

Share

အခန်း (၆) (ခ) ယောဂီများ ကျင့်သုံးလိုက်နာရန် စည်းမျဉ်းများ။ (၁) ယောဂီပုဂ္ဂိုလ်တစ်ဦးသည် မိမိအပြစ်ကိုသာ စစ်ဆေး၍ ရှုသတ်ရမည်။ တစ်ပါးသူ၏ အပြစ်ကို မကြည့်ရှုရ။ အကျိုးအကြောင်း ပန်ကြားစရာရှိလျှင် ကျောင်းအုပ်ချုပ်သူကို တိုက်ရိုက် လျောက်ထားရမည်။   (၂) မိမိရုပ်နာမ်၏ ဒုက္ခသဘောကို ကြံခိုင်သည်းခံ နိုင်စွမ်းရှိရမည်။ “သည်းခံလျှင် နိဗ္ဗာန်ရောက်နိုင်သည်” ဆိုသော စကားကို လက်တွေ့ကျင့်သုံးရမည်။ အကယ်၍ တစ်စုံတစ်ခုသော လောကဓံနှင့် တွေ့ကြုံလျှင် ရုပ်နာမ်ကြီးရှိနေ၍သာ လောကဓံရှိရသည်ဟု သတ်မှတ်ကာ နောက်ဆက်ရုပ်နာမ်ဖြစ်စေနိုင်သော သမုဒယ ဟူသမျှတို့ကို … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 18

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၆) (က) ၅၂၈ သွယ်မေတ္တာ။             တရားရှင်တို့သည် မေတ္တာဝါဒီများဖြစ်ရာ ဤနေရာ၌ ၅၂၈ သွယ်သော မေတ္တာပို့သနည်းကို ဖေါ်ပြပါမည်။ မေတ္တာပို့သ ပွားများစရာ ပုဂ္ဂိုလ် ၁၂ မျိုးရှိသည်။ ယင်းတို့မှာ – – – ပါဠိ                                                 မြန်မာပြန် (၁) သဗ္ဗေသတ္တာ                            = အလုံးစုံသော သတ္တ၀ါများ။ (၂) သဗ္ဗေပါဏာ                            = အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ။ (၃) သဗ္ဗေဘူတာ                            = အလုံးစုံသော … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 17

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၆) မေတ္တာ စေတနာနှင့် သစ္စာဘာဝနာဉာဏ် (က) ၅၂၈ သွယ်မေတ္တာ။             (ခ) ယောဂီများ ကျင့်သုံးလိုက်နာရန် စည်းမျဉ်းများ။ တရားရှင်ဟူသည် မေတ္တာဝါဒီဖြစ်ရသည်။ မေတ္တာဝါဒီ တစ်ဦးသည် အတ္တာနုဝါဒီ အဖြစ်မှ မိမိကိုယ်ကို ပယ်စွန့်ရသည်။ မိမိ၏ ရုပ်နာမ်ဆိုင်ရာ ကိုယ်ကျိုးကိုမငဲ့ အများ၏ ကောင်းကျိုးချမ်းသာကိုသာ လိုလားနှစ်ခြိုက်သူ ဖြစ်ရသည်။ ဤလောက၌ `ယေဓမ္မာ ဟေတုပ္ပဘ၀ါ´ ဆိုသော စကား၏ အနက်အဓိပ္ပါယ်အတိုင်း အရာရာသည် ကြောင်းကျိုးဆီလျှော် ညီညွတ်စွာ ဖြစ်ပေါ်ရသည်။ ထို့ကြောင့် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 15

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၅) (ခ) မာရ်နတ် အမျိုးအနွယ်များ             သာသနာ၏ ဆူးငြောင့်ခလုတ်များကို အောင်မြင်စွာ ကျော်လွှားနိုင်ရေးအတွက် ရှေးဦးစွာ မိမိ၏ ရင်တွင်း ကိလေသာကို ပယ်သတ်ထားရန်လိုကြောင်း သဘောပေါက်ခဲ့ကြပြီး ဖြစ်လေသည်။ ဤရန်သူမှာ မိမိ၏ အဇ္ဈတ္တဘ၀င် မနော ဟဒယမှ လာသောကြောင့် အတွင်းရန်ဖြစ်သည်။ ပယ်သတ်ခြင်းအမှု ပြုလိုသည် မပြုလိုသည်မှာ မိမိတစ်ဦးတည်းနှင့်သာ ပတ်သက်နေသည်။ မိမိသည် ရင်တွင်းကိလေသာများ၏ တောင်းဆိုချက်ကို အလိုလိုက်မည်လော၊ မလိုက်မည်လော ဆိုသည်မှာ မိမိ၏ လွတ်လပ်သော သီးခြားကိစ္စ တစ်ရပ်ပင်ဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 14

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၅) သာသနာ၏ ဆူးငြောင့်ခလုတ်များ             (က) သာသနာ၏ ဆူးငြောင့်ခလုတ်များ။ (ခ) မာန်နတ်အမျိုးအနွယ်များ။ `          (ဂ) အ၀ိဇ္ဇာနှင့် ၀ိဇ္ဇာ၊ အတ္တနှင့် အနတ္တ၊ ထွက်ရပ်လွဲနှင့် ထွက်ရပ်ပေါက်။             (ဃ) ရွံရှာစက်ဆုပ်ဘွယ် ကောင်းသော သာသနာ့အန္တရာယ်။ (က) သာသနာ၏ ဆူးငြောင့်ခလုတ်များ             သံသရာမှ လွတ်မြောက်ရန် ကြိုးစားရသော ဇွဲသတ္တိများသည် တော်ရုံသင့်ရုံ ဇွဲသတ္တိမျိုးတော့ မဟုတ်ပေ။ ယောက်ျားကောင်း ယောက်ျားမြတ်၊ အမျိုးသမီးကောင်း အမျိုးသမီးမြတ်တို့၌ ရှိထိုက်သော … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 13

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၄) (ဆ) သာသနာ ပြုလိုသူတို့၌ ရှိအပ်သောအရည်အချင်းများ             သာသနာပြုလိုသူတို့သည် လောကဓံကို ကြံကြံခိုင်ခိုင် ကျော်လွှားဖြတ်သန်း အောင်မြင်ရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ လောကဓံတွေ့ရ၍ စိတ်ဓာတ်ဆုပ်နစ် ကျဆင်းသွားခြင်းသည် သာသနာပြုလိုသူတို့၏ လုပ်ရပ်မဟုတ်။ ပုထုဇဉ်များသည် အ၀ိဇ္ဇာ ဦးစီးနေကြသူများဖြစ်သည်။ အတ္တနှင့်ယှဉ်သော အတွေးမှ မသိမှုနှင့်အတူ ပေါ်ပေါက်လာသော စိတ်သိတို့သည် အမှန်ကို ဖုန်းကွယ်ထားပြီးဖြစ်သည်။ အမှန်ကို မသိသော ပုထုဇဉ်တို့သည် သာသနာနှင့်ပတ်သက်၍ ပြောချင်ရာ ပြောကြပေလိမ့်မည်။ ယင်းအပြောအဆို အပြုအမူများကို သည်းခံနိုင်ရမည်။ ခွင့်လွတ်နိုင်ရမည်။ အမှန်ကို … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 11

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၄) ဓမ္မသဘာဝယေဘုယျ လက္ခဏာများ (က) အပျက်တရားကြောင့် ရသောအဖြေသည် နိဗ္ဗာန်ဖြစ်၏ (ခ) သစ္စာသိသူတို့ ခံစားရသော စစ်မှန်သည့် ချမ်းသာသုခ။ (ဂ) သာသနာတော် အဘယ့်ကြောင့် စည်ပင်သာယာ၍ အဓွန့်ရှည်စေချင်ပါသနည်း။ (ဃ) အ၀ိဇ္ဇာရှိသူတို့ မသိနိုင်သော အ၀ိဇ္ဇာ ရှုသတ်နည်း။ (င) မြတ်ဗုဒ္ဓ တရားဒေသနာသည် အဆိုးရှုဝါဒမဟုတ်။ (စ) မြတ်ဗုဒ္ဓ၏ သိပ္ပံပညာနှင့် ၀ိဇ္ဇာပညာ။ (ဆ) သာသနာ ပြုလိုသူတို့၌ ရှိအပ်သော အရည်အချင်းများ။ (ဇ) စွန့်ခြင်း၊ ပယ်ခြင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 10

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၃) ဆရာမြတ်၏ ၀ိပဿနာ တရားပြပုံ (ဂ) ဉာဏ်အမြင်နှင့်ပတ်သက်သော စွမ်းရည်သတ္တိများ ဉာဏ်အရာနှင့် ပတ်သက်၍- ခန္ဓာဉာဏ်၊ ကာလသုံးပါးဉာဏ်၊ စကြ၀ဠာဉာဏ် ဟူ၍ ကဏ္ဍ ၃ မျိုးခွဲခြား နိုင်သည်။ ခန္ဓာဉာဏ်နှင့် ၎င်းဉာဏ်အပေါ် အဓိက အခြေပြု၍ အသုံးချသော စွမ်းရည်များကို ရှေးဦးစွာ ဖေါ်ပြပါမည်။ ခန္ဓာဉာဏ်ဆိုသည်မှာ ရုပ်နာမ်ခန္ဓာကြီးအကြောင်းကို သိမြင်သော ဉာဏ်ပင်ဖြစ်သည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ သွေးကြော လေကြောမှအစ ရောဂါပိုးများ၊ ပိုးဥကလေးများကိုပါ မြင်ရသည်။ ဤဉာဏ်အပေါ် အခြေပြု၍ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment