Tag Archives: ဆရာမြတ်ကြီး

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 21

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၁)    ဓမ္မဓိဌာန်ကျသောအမြင်ကိုမည်သို့တည်ဆောက်စေဖြစ်ခဲ့ပါသနည်း??   စာရေးသူတို့သည် ဆရာမြတ်ကြီး၏ အဆုံးအမဖြင့် ဓမ္မဓိဌာန်ကျသော အမြင်ကို ရရှိဖူးကြောင်း ဝန်ခံခဲ့ဖူးသည်။ ဆရာမြတ်ကြီးသည် ဓမ္မဓိဌာန်ကျသောအမြင် ပိုင်ရှင်ကြီး ဖြစ်သည်။ ယင်းမှာ အမှန်အကန် အကြောင်းအချက် ဖြစ်သည်။ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသကဲ့သို့ မိမိတို့သည် ဓမ္မဓိဌာန်ကျသော အမြင်ကို တည်ဆောက်လေ့ ရှိသည်။ ယခုအခါ စဉ်းစားမိသည်မှာ အဘယ့်ကြောင့် တည်ဆောက်ဖြစ်ပါသနည်း?? ဟူသော မေးခွန်းအတွက် အဖြေပင်ဖြစ်သည်။ အချို့သည် ဓမ္မဓိဌာန်ကျသောအမြင်ကို တည်ဆောက်လေ့ မရှိကြပါ။ စိတ်မကောင်းစရာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 19

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၉)   စာရေးသူတို့ပညာရလာပုံ   ဆရာမြတ်ကြီး၏ အဆိုအဆုံးအမအောက်၌ စာရေးသူတို့သည် ပညာရလာသည်။ ပညာရလာသည် ဆိုသည်မှာ စာရေးသူတို့၏ တစ်သီးပုဂ္ဂလအတွေးသည် အတွေးဟု သိနားလည်ခြင်းပင် ဖြစ်သည်။ လောကသဘာဝ ဖြစ်ရပ်တို့သည် လောကသဘာဝ အကြောင်းအကျိုးညီညွှတ် တိုက်ဆိုင်သလို ဖြစ်နေကြသည်ဟု နားလည်သည်။ ထိုအခါ စာရေးသူတို့၏ တစ်သီပုဂ္ဂလ အတွေးအခေါ်သည်၊ လောကကြီး၏ ဖြစ်ရပ်နှင့် တိုက်ဆိုင်ရမည်ဟု တောင်းဆိုပိုင်ခွင့် မရှိကြောင်းကို နားလည်သည်။ ယင်းကား ပညာပင်ဖြစ်သည်။ ယင်းပညာကို ဆရာမြတ်ကြီး၏ အဆိုအဆုံးအမ အောက်၌ရခဲ့သည်။ အချို့သည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 18

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၈)   တရားတိုးတက်သည်ဆိုရာဝယ်     စာရေးသူတို့သည် ဆရာမြတ်ကြီး၏ အဆိုအဆုံးအမကြောင့် တရားတိုးတက်အောင် ကျင့်ကြံ ဆောင်ရွက်နိုင်ကြသည်။ တရားတိုးတက်သောအခါ ကြည်လင်ခြင်း၊ ပေါ့ပါးခြင်းများကို လက်တွေ့ ခံစားရသည်။ တရားမတိုးတက်လျှင် မကြည်မလင်ဖြစ်၍ မပေါ့ပါးပါ၊ လေးလံထိုင်းမှိုင်းတတ်သော သဘောရှိသည်။ ယခုအခါ စာရေးသူတို့သည် တရားရှုတတ်သည် ဖြစ်၍၊ တရားတိုးတက်မှုကိုပါ ထိန်းသိမ်း စောင့်ရှောက် တတ်လာသည်။ တရားအားထုတ်သော အခါတိုင်း ကြည်လင်မှုများ၊ ပေါ့ပါးမှုများကို ရလာသည်။ စာရေးသူတို့သည် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြသည်။ ဆရာ့အဆုံးအမကြောင့် အောင်မြင်ခဲ့သော တရားရှုခြင်းဆိုင်ရာ … Continue reading

Posted in Articles | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 17

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၇)   ဆရာမြတ်ကြီးအကြောင်း (အဆက်)         စာရေးသူတို့သည် ဆရာမြတ်ကြီးထံတွင် ပညာသင်ယူတိုင်း၌ ထူးခြားသော အဆိုအဆုံးအမများ ရခဲ့ဖူးသည်။ ယင်းတို့မှာ –   (၁) တရားရှုတယ်ဆိုတာ ဉာဏ်နဲ့ရှုရတယ်၊ စိတ်နဲ့ မရှုရဘူး။ ရှုတယ်ဆိုတာ အပျက်မြင်အောင် ကြိုးစားရတယ်။ (ရိုးရိုးငေးနေတဲ့ သဘောမဟုတ်ဘူးပေါ့) ခန္ဓာဆိုတာတော့ အရှုခံတရားပဲ ဒါပေမယ့် ရှုစရာ အဓိကအချက်ဟာ ဟဒယဖြစ်တယ်။ ဟဒယဆိုတာ ရင်ချိုင့်အောက်နားမှာ နေတယ်၊ ဒေါသဖြစ်တဲ့အခါ တုန်လှုပ်တဲ့သဘောရှိတယ်။   (၂) အကျင့်ကျင့်ရမယ်။ အကျင့်ကျင့်တဲ့အခါကျတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 16

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၆)   ဆရာမြတ်ကြီးအကြောင်း (အဆက်) ဆရာမြတ်ကြီး၏ ထူးခြားသော ဂုဏ်ရည်ထဲတွင် ဓမ္မဓိဌာန်ကျသော အမြင်ကို လက်တွေ့ ပီပီပြင်ပြင် ဆုံးဖြတ်တော်မူသည်ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ခဲ့ရသည်။ မိမိသည် အသိပညာ ရှာဖွေခဲ့ဖူးပါသည်။ ဆရာမြတ်ကြီးကို မတွေ့ခင်က ဓမ္မဓိဌာန်ကျသော အမြင်အကြောင်းကိုမူ လက်တွေ့သွန်သင်ခြင်း မရခဲ့ချေ — ရှာဖွေသော်လည်း ဓမ္မဓိဌာန်ကျသော အမြင်ကို ပီပီပြင်ပြင် မမြင်တတ်သေးချေ။ ဆရာမြတ်ကြီးကို ဖူးတွေ့ရသော အခါမှသာ ဓမ္မဓိဌာန် ကျခြင်းဆိုင်ရာ အမြင်ကို ပီပီပြင်ပြင် တတ်သိနားလည်ခဲ့သည်။ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , | Leave a comment

a-life-in-biဗုဒ္ဓဘာသာထဲကဘဝတစ်ခု 15

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၅) ဆရာမြတ်ကြီးအကြောင်း (အဆက်)          ဆရာမြတ်ကြီးသည် မိမိဖာသာ မှန်အောင် နေလေ့ရှိတော်မူသည်။ ပြင်ပလောက၏ အထင်အမြင်များကို အကြောင်းမပြူချေ။ မိမိအမှန်နှင့်မိမိ အေးအေးဆေးဆေး သီတင်းသုံးတော်မူခဲ့သည်။ မိမိသည် ကပ္ပိယအဖြစ်နှင့်  (၁၀) နှစ်ဝန်းကျင် တပည့်ခံခဲ့သည်။ ဆရာမြတ်ကြီးသည် လွန်စွာအေးချမ်း၍ လွန်စွာတည်ငြိမ်သည်။ တောတောင်၊ ချောက်ကမ်းပါးနှင့် သင်္ချိုင်းကုန်းများ၌ တရားအားထုတ်တော် မူခဲ့ခြင်းကြောင့် သီလ၊ သမာဓိ၊ ပညာများ ပြည့်စုံရရှိကာ လောကီ အကြားအမြင် ဗဟုသုတများလည်း ရသည်၊ အစွမ်းတန်ခိုးများလည်း ရသည်။ သို့သော် ဆရာမြတ်ကြီးသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 14

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၄) ဆရာမြတ်ကြီးအကြောင်း (အဆက်) ဆရာမြတ်ကြီးသည် မြတ်စွာဘုရား ဟောတော်မူခဲ့သည့်အတိုင်း ကျင့်သည်။ ဆရာမြတ်ကြီးသည် လောကီဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီ၊ ဘိုးတော်၊ ဘွားတော် – ယင်းတို့ကို စိတ်မဝင်စားချေ။ လုံးဝ စွန့်ပယ်တော် မူခဲ့သည်။ မြတ်စွာဘုရားခိုင်းသည့် ဝိပဿနာကိုသာ ကျင့်ကြံသည်။ သီလ၊ သမာဓိ၊ ပညာ အထိုက်အလျောက် ပြည့်စုံသောအခါ အာရုံများ ရတော်မူခဲ့ဖူးသည်။ သို့သော် လောကီအားလုံးအား ပယ်စွန့်တော် မူခဲ့သည်။ မြတ်စွာဘုရား အကြိုက်သာလျှင် ကျင့်ကြံအားထုတ်တော် မူသည်။ ထို့ကြောင့် ဝိပဿနာအရာ၌ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 13

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၃) ဆရာမြတ်ကြီးအကြောင်း (အဆက်)      ဆရာမြတ်ကြီးသည် စာရေးသူအား မွေးသည်။ ယခုအခါ စာရေးသူသည်၊ လူလားမြောက် လာသည်။ စာရေးသူသည် ဆရာမြတ်ကြီး သွန်သင်သဖြင့် ဝိပဿနာ ကျင့်တတ်သည်။ ကျင့်လည်းကျင့်ကြသည်၊ ထိုအခါ ကျင့်ကြံသလောက် အောင်မြင် ပေါက်မြောက်သည်။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ ဖြစ်သောအခါ ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးပင် ဖြစ်ပါသည်။ စာရေးသူသည် ကျင့်နည်းသိသကဲ့သို့ ကျင့်လည်း ကျင့်ဖြစ်ခဲ့သည်ဖြစ်ရာ ဝိပဿနာလိုင်း၌ တစ်စုံတစ်ဦး ဖြစ်လာသည်။ ဝိပဿနာကို အချို့က မကျင့်တတ်ကြချေ။ ကျင့်တတ်သည် ရှိသော်လည်း၊ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 12

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၁၂)   ထူးခြားသောဆရာမြတ်ကြီးအကြောင်း ဆရာမြတ်ကြီး အကြောင်းကတော့ ထူးခြားချက်ပေါင်း မြောက်မြားစွာ ရှိပါတယ်။ တော်တော်ထူးခြားတာပဲ — ကျွန်တော်လည်း ဒီသာသနာကြီးကို အံ့သြတယ်။ ဒီသာသနာကြီးမှာ သူတော်ကောင်းတွေ သီတင်းသုံးတော် မူကြတယ် ဆိုတဲ့သဘောကို ကျွန်တော်လည်း သိရတယ်။ ကျွန်တော်ကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာထဲက သားသမီးတစ်ယောက်ပါ။ တက္ကသိုလ်မှာ ပညာသင်ရင်းနဲ့ ဆရာမြတ်ကြီးအကြောင်း ကြားတာနဲ့ တပည့်ခံလိုက်တာ။ တရားရှုနည်း သင်ပေးမယ်ဆိုတော့ ကျွန်တော်လည်း ဘဝင်ကျသွားတယ်။ ဆရာမြတ်ကြီးက တရားရှုနည်းကို တကယ်သိပါတယ်။ တကယ်လည်း သင်ပါတယ်။ ရှုတယ်ဆိုတာက … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကျိုက်ထီးရိုးဘုရား၌တရားအားထုတ်ခြင်း

Share

ကျိုက်ထီးရိုးဘုရား၌တရားအားထုတ်ခြင်း စာရေးသူတို့သည် ကျိုက္ခမီရေလယ် ဘုရားမှ အပြန်လမ်းတွင် မော်လမြိုင်ယောဂီများနှင့် တရားဘာဝနာများ တိုင်ပင်ဆွေးနွေးပြီးနောက် ကျိုက်ထီးရိုးဘုရားသို့ဖူးရန် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးဘုရားသို့ တက်ရောက်ရာလမ်းတွင် တည်ရှိသော စိန်ရတနာကျောင်းတိုက်၌ ခတ္တနားသည်။ ထိုကျောင်းတိုက်ကို ၀င်ခဲ့ရန် ဗိုလ်ကက် (ဗိုလ်ချုပ်ကက်စိန်-ငြိမ်း) က မှာကြားလိုက်သည်။ ဗိုလ်ကက်၏ မျက်နှာနှင့် စိန်ရတနာကျောင်းမှာ အထူးဂရုစိုက်သည်။ ထို့နောက် မော်တော်ကားနှင့်တက်ရာ မော်တော်ကားများသည် လွန်စွာကောင်း၍ ကားမောင်းသမားများသည် လွန်စွာကျွမ်းကျင်ကြသည်။ ကျိုက်ထီးရိုးဘုရား ဖူးရသည်မှာ လွန်စွာဝမ်းသာဖွယ်ရာ ကောင်းသည်။ တရားထိုင်ကြရာ အာရုံများလွန်စွာကောင်းသည်။ အမှန်တကယ်တော့မူ စာရေးသူကိုယ်တိုင် ဆရာမြတ်ကြီး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကျိုက်မရောဘုရား၌တရားအားထုတ်ခြင်း

Share

ကျိုက်မရောဘုရား၌တရားအားထုတ်ခြင်း စာရေးသူတို့သည် စက်စဲမှ မုဒုံ၊ မုဒုံမှ မော်လမြိုင်၊ မော်လမြိုင်မှ ကျိုက်မရောသို့ သွားကြသည်။ “ထန်းပင် ထန်းလက် ထန်းရွက်ဝေစည် ကျိုက်မရောမြိုက သာယာလှပေသည် .. .. “ ဆိုသော စကားအတိုင်း ထန်းပင်များသည် ဝဲယာပေါက်လျှက်ရှိရာ လှပနေလေသည်။ ကျိုက်မရော ဘုရားကြီးကို ဖူးရသည်မှာ လွန်စွာကြည်နူးဖွယ် ကောင်းသည်။ မြတ်စွာဘုရားသည် ခြေတော်အစုံချလျှက် သီတင်းသုံးတော်မူသည့်ပုံ ဖြစ်သည်၊ ထူးဆန်းသည်။ မြန်မာနိုင်ငံ၌ တွေ့ရခဲသော သဘောရှိသည်။ မြတ်စွာဘုရား၏ မျက်နှာတော်မှာလည်း လွန်စွာသပ္ပာယ် ကြည်ညိုဖွယ်ရာ ကောင်းသည်။ … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း(၃)

Share

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း(၃)   ကျိုက္ခမီရေလယ် ဘုရားကြီးသည် မိမိဘဝအတွက် မည်ကဲ့သိုမှ မေ့နိုင်စွမ်းစရာ မရှိသော ဌာနကောင်း ဌာနမွန် မှတ်တိုင်ကြီးသဖွယ် ရပ်တည်လျှက်ရှိသည်။ ဆရာမြတ်ကြီးသည် မိမိအား ကျိုက္ခမီ ရေလယ်ဘုရားသို့ အရောက်ပို့တော် မူခဲ့ဖူးသည်။ ထိုစဉ်က မိမိသည် တရားထိုင်သောအခါ “သော့တစ်ချောင်းနှင့် မျက်လုံးတစ်လုံး” ကို မြင်ခဲ့ဖူးသည်။ သို့သော် နှစ်ပေါင်းကြာရှည်စွာ ယင်း၏ အဓိပ္ပာယ်ကို မဖွင့်ဆိုနိုင်ခဲ့ချေ – စာရေးသူ နီးစပ်သမျှ နီးစပ်နိုင်အောင် လိုက်သော်လည်း အဓိပ္ပာယ် မကောက်တတ်ချေ။ ယခုအခါ အဓိပ္ပာယ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၂)

Share

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၂) စာရေးသူတို့သည် ကျိုက္ခမီ ရေလယ်ဘုရားကြီးအား တဝကြီး ဖူးမြော်ပြီးနောက် တရားဘာဝနာများ ကျင့်ကြံအားထုတ် ပြီးသောအခါ စက်စဲကမ်းခြေ၌ အပန်းဖြေ ကြသည် လေကောင်းလေသန့် များရသည်။ အချင်းချင်း တရားဓမ္မ လောကုတ္တရာ အကြောင်းများ ပြောဆိုဆွေးနွေးကြသည်။ ဗုဒ္ဓဘာသာ သူတော်အချင်းချင်း လက်တွေ့ကျင့်ကြံအားထုတ်မှု၌ ရင်းနှီးချစ်ခင် နွေးထွေးစွာ ဆွေးနွေးခွင့် ရသည်မှာ လွန်စွာ ကောင်းမွန်သော လက္ခဏာ ရှိလေသည်။ အနာဂတ်သာသနာသည် ဗုဒ္ဓဘာသာတို့၏ လက်ထဲ၌သာလျှင် မှန်မှန်ကန်ကန် တည်ရှိနေသည် ဖြစ်ရာ။ ကမ္ဘာ့ ဗုဒ္ဓဘာသာမဟုတ်သူနှင့် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း (၁)

Share

ကျိုက္ခမီရေလယ်ဘုရား၌ တရားအားထုတ်ခြင်း            စာရေးသူတို့သည် ဆရာမြတ်ကြီး ပို့ပေးခဲ့ဖူးရာ ကျိုက္ခမီ တန်ခိုးကြီး ရေလယ်ဘုရား၌ တရားအားထုတ်ကြသည်။ မော်လမြိုင်မှ ယောဂီများလည်း လိုက်ပါလာသည်။ အဖွဲ့လိုက်ဖြစ်၍ ပျော်စရာလည်းကောင်းသည်။ ကျိုက္ခမီရေလယ် ဘုရားကြီးသည် လွန်စွာတန်ခိုးကြီးသည် အာရုံများလည်း လွန်စွာကောင်းသည်။ မိမိအနေနှင့်တော့မူ အနာဂတ် အခြေအနေ အချို့ကိုပင် သိမြင်ရသကဲ့သို့ ရှိသည်။ အာရုံများ လွန်စွာကြည်လင် လန်းဆန်းသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးသည် လွန်စွာကြီးမားသည်။ ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးလည်း လွန်စွာ ကြီးမားသည်။ မြတ်စွာဘုရား၏ တရားကို ဆရာမြတ်ကြီး ပြသ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

လောကဥသျှောင်ဘုရား၌ တရားအားထုတ်ခြင်း

Share

လောကဥသျှောင်ဘုရား၌ တရားအားထုတ်ခြင်း အနော်ရထာ တည်ထားကိုးကွယ်ခဲ့သော လောကဥသျှောင် ဘုရားသည် တရားအားထုတ်ရန် လွန်စွာ ကောင်းသည်၊ သစ်ရိပ် ၀ါးရိပ်နှင့် အေးမြသည်။ တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကိုလည်း ဦးထိပ်မှာ ပန်ဆင်သည်၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို မြတ်စွာဘုရားလှူကာ၊ မြတ်စွာဘုရားကို ဦးထိပ်ထား၊ ဆရာမြတ်ကြီးကို ဦးထိပ်ထားကာ တရားရှုပါသည်။ မြတ်စွာဘုရား အမှုးပြု၍ သူတော်ကောင်းများ၊ ဆရာသမားကောင်းများကို ပူဇော်ရသည်မှာ ဤနေရာ၌ လွန်စွာ အဖိုးတန်ကြောင်း တွေ့ရသည်။ စာရေးသူတို့သည် ခန္ဓာကို ရှုကြရာ အခက်အခဲများစွာ မရှိချေ။ ဟဒယကို စိုက်၍ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment