Tag Archives: ဆရာမြတ်ကြီး

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၀) မေး ။ ဆရာကြီး ကျွန်တော်လာပြီ။ ဖြေ ။ လာ — မေး ။ ဆရာကြီး ကျွန်တော် ပြဿနာ နည်းနည်းတက်နေတယ်။ ဖြေ ။ ဘာပြဿနာလည်း။ မေး ။ ပုဂ္ဂိုလ်တစ်ဦး လိုက်စားမလားလို့ အကျိုးအကြောင်း မဲဆွယ်ကြည့်တာ သူက ကဏ္ဍကောစ လုပ်နေတယ်။ ဖြေ ။ အော် လောကွတ်ကလည်း Tags: ၀ိပဿနာ, Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, နိဗ္ဗာန်, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 20

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၀) စာရေးသူရဲ့ ဘ၀ကို ပြန်လည်ပြီးတော့ သုံးသပ်တဲ့အခါ ကောင်းတာတွေလည်းပါတယ်၊ ဆိုးတာတွေလည်းပါတယ်။ စာရေးသူ ညံ့တာတွေလည်းပါတယ် တော်တာတွေလည်း ပါတယ်ပေါ့လေ — ဒါကတော့လည်း ယေဘုယျအားဖြင့်တော့ ဒီလိုင်းမျိုးပါပဲ။ စာရေးသူ ထူးခြားတာကတော့ ဆရာကောင်း ဆရာမြတ်နဲ့တွေ့ရခြင်းပါပဲ။ တပည့်အဖြစ် ခံယူခွင့် ရခြင်းပါပဲ။ အဲဒီတစ်ခုက စာရေးသူကို အမည်းကနေ အဖြူကိုပြောင်းသွားတဲ့ သဘောပါပဲ။ အနောက်ကနေ အကြည်ကို ပြောင်းသွားတဲ့ သဘောပါပဲ။ ညစ်ထေးမှုကနေ သန့်စင်တဲ့ဘက်ကို ပြောင်းသွားတဲ့သဘောပါပဲ။ အဆိုးကနေ အကောင်းကို ပြောင်းသွားတဲ့သဘောပါပဲ။ ဘ၀တစ်ခုလုံး … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ -02

အပိုင်း (၂) ကျွန်တော်က ကံကောင်းတယ်လို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ရတနာမြတ်သုံးပါးကို ကျွန်တော်က ကြည်ညိုတယ်၊ ကြည်ညိုတဲ့အခါကျ ကြည်ညိုတဲ့ အကျိုးအမြတ်တွေကို တစ်ဝကြီးရတယ်။ ကျွန်တော်က တစ်ဝကြီးကိုရတဲ့သဘောပါပဲ၊ အရမ်းကံကောင်းပါတယ်။ ကျွန်တော်အခုဆိုရင် ကျန်းမာရေးကလည်း အဆိုးပါဘူး၊ အသက်ကလည်း (၇၈) နှစ်။ နောက်အစစအရာရာကလည်း ရှင်သန်ဖို့ရာအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, ဗုဒ္ဓဘာသာ, သူတော်ကောင်း, မြတ်စွာဘုရား

Posted in Frontpage | Tagged , , , , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၂)

အောင်ပန်းမွှေးလှိုင်ကြူ (၂) ဖြတ်သန်းခဲ့ရပါတယ် မြတ်စွာဘုရားရဲ့တရားတော်မှာ နုပဿနာလေးမျိုးမှာ စာရေးသူဟာ သုံးမျိုးကိုတော့ သေသေချာချာ ဖြတ်သန်းခဲ့ရပါတယ်။ ဝေဒနာနုပဿနာ ရှုတုန်းကလည်း တပင်တပန်းရှုခဲ့ရတယ်လို့ ၀န်ခံရမှာ ဖြစ်ပါတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဆရာမြတ်ကြီးက ပင်ပန်းတာတွေကို မြင်လို့ စိတ္တာနုပဿနာကို တက်ပေးပါတယ်။ ဒီအခါကျတော့ စာရေးသူတို့ဟာ စိတ္တာနုပဿနာကို ရှုကြပါတယ်။ တစ်ချို့ကလည်း စိတ္တာနုပဿနာ ရှုခန်းကျမှ ၀င်ရောက်လာလို့ သူတို့က ကံထူးသူအဖြစ် လက်မထောင်ကြတယ်။ ဒါတော့လည်း သာဓုခေါ်ပါတယ်။ တရားအားထုတ်တာ ဘယ်အချိန်မှာ ၀င်ဝင် ကောင်းတာချည်းပါပဲ။ စိတ္တာနုပဿကို စာရေးသူအဖို့တော့လည်း … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့   စာရေးသူသည် ဆရာမြတ်ကြီးထံမှာ တပည့်အဖြစ်ခံယူကာ ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ ဇွဲနှင့် အသည်းနှင့် ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ နှစ်အတော်များများ  ကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဆရာလက်အောက်၌ (၁၀)နှစ် ကျင့်ကြံ ခဲ့ပါသည်။ နောက်ပိုင်း၌ ဆက်လက်၍ အားထုတ်ခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ ယခုအခါ တရားတော်သည် စောင့်ရှောက်ကြောင်း ကိုယ်တိုင်ခံစားမိသွားပါသည်။ ယောဂီများကို အားပေးလျက်ရှိပါသည်။ အပျက်သာရှုပါ။ တနေ့ ပျက်သည်ကိုနားလည်လျှင် လွန်စွာပျော်ရသည်။ ချမ်းသာသည်။ ပျက်သည်ဆိုသော သဘောသည် အမှန်အကန်ဖြစ်ကြောင်း မြတ်စွာဘုရား Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အဆင့်ငါးဆင့်ကျင့်စဉ်

အဆင့်ငါးဆင့်ကျင့်စဉ်   ဆရာမြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်က စာရေးသူတို့ ကျင့်ခဲ့ရသော အဆင့်ငါးဆင့် ကျင့်စဉ်ကို စာဖတ်သူများအား ဖော်ပြပါမည်။ အဆင့် (၁) မှာ သမုဒယ ပယ်ရပါသည်။ ပယ်ရတာက သမုဒယဟူသော အဆိုနှင့်အညီ ပယ်ရပါသည်။ ခန္ဓာကိုယ်ကို တပ်မက်နေသော သမုဒယများကို ပယ်ရသည်။ စာရေးသူတို့ တကယ်လေ့ကျင့် ကျင့်သောအခါ သမုဒယ ပယ်ရသည်ကို ပျော်ပါသည်။ သမုဒယလေးတွေကို ပယ်ပယ်လိုက်ရသည်မှာ ဝမ်းသာစရာလည်း ကောင်းသည်၊ စိတ်ဝင်စားစရာလည်း ကောင်းသည်။ ရုပ်နာမ်နှင့် ပတ်သက်၍ သမုဒယကို ပယ်ရခြင်းသည် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 30

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၃၀) ဆရာမြတ်ကြီးပို့ပေးတော်မူခဲ့သော  မြန်မာပြည်ရှိတန်ခိုးကြီးဘုရားများ   ဆရာမြတ်ကြီးသည် စာရေးသူတို့ တပည့်သားသမီးများ ကို တန်ခိုးကြီးဘုရားတော်တော်များများ ပို့ခဲ့ဖူးပါသည်။ ယင်းတို့ထဲတွင် မင်းဘူးရွှေစက်တော်၊ ပြည်ရွှေဆံတော်၊ မကွေးမြသလွန်၊ ယခု ကျိုက္ခမီရေလည်ဘုရား၊ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ စစ်ကိုင်းတော်ဘုရားများအပါအ၀င်၊ တန်ခိုးကြီးဘုရားများ၊ နာမည်ကြီးဒေသ တော်တော်များများကို ဆရာမြတ်ကြီးက ပို့ပေးခဲ့ပါသည်။ ဆရာမြတ်ကြီးသည် အမျှော်အမြင် လွန်စွာ ကြီးမားတော်မူရာ စာရေးသူတို့နောင်အနာဂတ်၊ စာရေးသူအဖို့တော့ ယခုထက်တိုင်ပေါ့ . . . အကျိုးရှိစေသော ဌာနများကို အသေအချာရည်ရွယ်၍ အပင်ပန်းခံကာ ပို့ပေးခဲ့ပါသည်။ … Continue reading

Posted in Buddhism | Tagged | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 29

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၉)   ဆရာမြတ်ကြီးနှင့်ကျိုက္ခမီရေလယ်ဘုရား          စာရေးသူတို့အား ဆရာမြတ်ကြီးသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများကို ပို့ပေးခဲ့ဖူးပါသည်။ ယင်းထဲတွင် ကျိုက္ခမီရေလယ်ဘုရား ပါသည်။ စာရေးသူသည် ဆရာမြတ်ကြီးပို့ပေးသော အခါမှသာလျှင် ကျိုက္ခမီရေလယ်ဘုရားကို ရောက်ဖူး၊ ဖူးဖူးပါသည်။ ဟိုယခင်ကမူ တစ်ခြားဘုရားများကို ဖူးဖူးသော်လည်း ကျိုက္ခမီကို မရောက်ခဲ့ဘူးသေးပါ။ ကျိုက္ခမီဘုရားသည် လွန်စွာတန်ခိုးကြီး၍ ရင်ထဲ၌ ဖူးရင်းဖူးရင်း ထူးခြားစွာ ခံစားရပါသည်။ ရေပြင်ကျယ်ကြီးကို နောက်ခံထား၍ ထူးခြားထင်ရှားစွာ တန်ခိုးကြီး တည်ရှိတော်မူခဲ့သော ကျိုက္ခမီရေလယ်ဘုရားကြီးကို ဆရာမြတ်ကြီး၏ ပို့ပေးမှုကြောင့် ဖူးမြော်ခဲ့ရသည်။ တရားထိုင်ခဲ့ရဖူးသည်။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 28

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၈)   ဆရာမြတ်ကြီးနှင့်ပတ်သက်၍ထူးခြားသောဖြစ်ရပ်တစ်ခု           ဆရာမြတ်ကြီးနှင့်ပတ်သက်၍ ထူးခြားသောဖြစ်ရပ် တော်တော်များများ ကြုံခဲ့ပါတယ်။ ယခုကိစ္စလေးကတော့ ဟာသဆန်ဆန်လေးလို့ ပြောရမှာဖြစ်ပါတယ်။ ဆရာမြတ်ကြီးထံမှာ တပည့်ခံနေတုန်း ကျွန်တော်တို့တစ်တွေ ကပ္ပိယတွေပေါ့နော် – ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေကြတဲ့အချိန် တစ်နေ့သောအခါမှာ —   ဆရာမြတ်ကြီးက ကျိန်းစက်တော် မူနေပါတယ်။ ကျွန်တော်တို့ ကပ္ပိယတွေကလည်း ပျော်နေတုန်းကို ဈေးသည်လာပါတယ်။ ကျွန်တော်တို့ကလည်း အရမ်းစားချင်တာပေါ့နော် — ဒီတော့ ဆရာ့ကို ကြည့်လိုက်တဲ့အခါမှာ ဆရာနိုးရင်တော့ ကျွန်တော်တို့က ရိုးရိုးသားသား မုန့်ဖိုးယူမှာပါ။ … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 27

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၇)   ရွှေတိဂုံဘုရားကြီး၏ထူးခြားပုံ          ဆရာမြတ်ကြီးသည် စာရေးသူအား ရွှေတိဂုံဘုရားသို့ ပို့ပေးတော် မူခဲ့ဖူးသည်။ ထိုအချိန်ကမူ စာရေးသူသည် သျှောင်ပေစူးမပါသော ကပ္ပိယ သာသာဖြစ်သည်ဟု ပြန်လှန် သုံးသပ်ပေရမည်။ အမှန်တော့မူ စာရေးသူသည် တောသားဖြစ်သည်။ အမရပူရမြို့ လိပ်ဆံခွန်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ရွှေတိဂုံဘုရားသို့ ပထမဆုံးအကြိမ် ဖူးမြော်ခဲ့ဖူးခြင်းဖြစ်သည်။ ဆရာမြတ်၏ ကျေးဇူးတော်ပင် ဖြစ်သည်။ ဆရာမြတ်သည် သေသေချာချာ တကူးတကန့် ပို့တော်မူခဲ့သည်။ ယခုအချိန်၌ ပြန်လည်သုံးသပ်သည်ရှိသော် ရွှေတိဂုံဘုရားသည် Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 26

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၆) ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးများ (အဆက်) စာရေးသူတို့သည် ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့် တောတောင် ဂူသချိုင်းများ၌ တရားအားထုတ်ရာ၌ ဒေ၀ပုတ္တမာန်ကိုလည်း မကြောက်ရသကဲ့သို့ မြေပါးကင်းပါးကိုလည်း မကြောက်ရချေ။ စာရေးသူကိုယ်တိုင်မူ ဆရာမြတ်ကြီးဆီ မရောက်ခင်က မြွေပါးကင်းပါး ကို ကြောက်တတ်သူ တစ်ဦး ဖြစ်လေသည်။ ဆရာမြတ်ကြီးထံ တပည့်အဖြစ် ခံယူသော အခါကျမှ မြွေဖားကင်းဖားကို မကြောက်တတ်သူ ဖြစ်လာသည်။ ဆရာသည် မြွေများကို မေတ္တာသစ္စာ သိ၍ ဖယ်ရှင်းနိုင်သည်။  Tags: Buddhism, ဆရာမြတ်ကြီး, မဂ်ဉာဏ် ဖိုလ်ဉာဏ်, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 25

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၅)    ဆရာမြတ်ကြီးအကြောင်း (အဆက်) အနာဂါတ်နှင့်ပတ်သက်၍ – ဆရာမြတ်ကြီးသည် အနာဂတ်နှင့် ပတ်သက်၍ အခါအားလျော်စွာ ကြိုတင်၍ သိနားလည် ထားသည်ဟု ကြည်ညိုခဲ့ရပါသည်။ စာရေးသူတို့ တရားအားထုတ်စဉ် ဓမ္မယောဂီတစ်ဦးက ဆရာ့အား မိမိတရား ရ, မရ –   “တရားရနိုင်မည်လား” ဟု မေးမြန်း လျောက်ထားကြည့်ရာ၊ ဆရာက –   “စာရေးသူသည် တရားရမည့် ပုဂ္ဂိုလ်ဖြစ်သည်” ဟု အတိအကျ မိန့်မှာတော် မူခဲ့ဖူးလေသည်။ ထိုစဉ်က စာရေးသူသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 24

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၄)   အာဇာနည်နှင့်အာဇာပန်းရောင်   ဆရာမြတ်ကြီးအကြောင်း (အဆက်) ဆရာသည် လွန်စွာပြတ်သား တိကျသော်လည်း အခါအားလျော်စွာ ဟာသရသ ပြောင်မြောက်အောင် မိန့်တော်မူတတ်သည် — တစ်ခါက အာဇာနည်အကြောင်း ဆက်စပ်မိရာ၊ အာဇာနည် လုပ်ရပ်မျိုးလုပ်ပြီး ထိုအာဇာနည်လုပ်ရပ်မျိုး လုပ်ခဲ့ပါသည်ဟု ပြည်သူလူထုအား ပြန်လည်၍ ကျေးဇူးဆပ်ကြရန် တောင်းခံနေသော ပုဂ္ဂိုလ်တို့သည် အာဇာပန်းရောင် ဖြစ်သွားတတ်သည် ဟူသော အဆိုအဆုံးအမနှင့် ဆွေးနွေးချက်တစ်ခုကို အမှတ်ရဖူးသည်။ ထိုစဉ်က သာသနာ့ အာဇာနည်များလည်း စိတ်ဝင်စားဖွယ်ရာ ပေါ်ထွန်းလျက် ရှိရာ – … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 23

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၃)   လမ်းတိုင်းသည်ပန်းခင်းသောလမ်းများမဟုတ်ကြပါ       စာရေးသူတို့သည် တရားကျင့်သောအခါ တရားတော်၏ စောင့်ရှောက်မှုကို ခံယူရမည်ဟု အဆုံးအမခံ ယုံကြည်ထားကြပါသည်။ “ဓမ္မောဟ ဝေရက္ခတိ ဓမ္မစာရိံ”  ဆိုသောစာလည်း ရှိသည် မဟုတ်ပါလော — တရားကိုစောင့်လျှင် တရားကပြန်စောင့်မည်။   တရားကစောင့်ပါသည်၊ လုံးဝအာမခံချက်နှင့် စောင့်ပါသည်။ သို့သော် တရားစောင့်ခြင်းသည် တရားစောင့်ခြင်းပင်ဖြစ်၍၊ ရုပ်နာမ်ရခြင်းသည် ရုပ်နာမ်ရခြင်းပင် ဖြစ်ရာ၊ ရုပ်နာမ်ရသော ပုဂ္ဂိုလ်များအတွက် သွားရမည့် လမ်းခရီးတိုင်းသည် ပန်းခင်းသောလမ်းများ မဟုတ်ကြပါ။ ဆရာမြတ်ကြီးသည် စာရေးသူတို့အား … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 22

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၂၂)   ဆရာမြတ်ကြီး၏ထူးခြားသောဂုဏ်ရည်   ဆရာမြတ်ကြီးသည် တပည့်သားသမီးများအား အထူးဂရုစိုက်သည်။ စာရေးသူတို့သည် လွန်စွာကံကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာမြတ်ကြီးသည် မိမိတပည့်များအား ဂရုစိုက်သောကြောင့် ဖြစ်သည်။ ယခုအချိန်၌ စာရေးသူသည် အသက် (၇၅) နှစ်ဝန်းကျင် ဖြစ်နေရာ တပည့်များ အထိုက်အလျောက် ရှိသည်ဟု ဆိုရပေလိမ့်မည်။ သို့သော် စာရေးသူ ယခု ကိုယ်တိုင်ဝန်ခံနိုင်သည်မှာ – မိမိ၏တပည့်များအား ဂရုစိုက်ရာ၌ ဆရာမြတ်ကြီးကို မမီချေ။ ဆရာမြတ်ကြီးက ဆရာမြတ်ကြီး၏ တပည့်အား ဂရုစိုက်သလောက် မိမိသည် မိမိတပည့်များအား … Continue reading

Posted in Buddhism | Tagged , , | Leave a comment