Tag Archives: စကြာဝဠာ

သိပ္ပံပညာရှင် အိုင်းစတိုင်းနှင့် ပါတ်သက်၍ . . .

သိပ္ပံပညာရှင် အိုင်းစတိုင်းနှင့် ပါတ်သက်၍ ပြောစရာ ထူးခြားသော အချက်အလက်များရှိသည်။ သူ၏ ကျော်ကြားသော အဆိုအမိန့်တစ်ခုမှာ “God Does Not Play Dice” ဟူ၍ပင်ဖြစ်သည်။ ဤစာကြောင်းကို သူသည် သူ၏ မိတ်ဆွေ နိုဗယ်လ်ဆုရ မက်စ်ဘွန်းထံရေးသောအခါ ထည့်သွင်း ရေးသားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ယင်းအဆိုသည် “E=mc2” ၏နောက်၌လိုက်၍ထင်ပေါ် ကျော်ဇောခဲ့သည်။ သူ၏ အမြင်မှာ “စကြ၀ဠာသည် ပရမ်းပတာ ဖြစ်လိမ့်မည် မဟုတ်” ဟူသော အမြင်ပင်ဖြစ်သည်။ ထို့နောက်သူ့အား စာရေးဆရာ တစ်ရာကျော်က … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဟော့ကင်းနှင့်သူ့အကြောင်း(၃)

ဟော့ကင်းနှင့်သူ့အကြောင်း(၃) ဟော့ကင်း သူကိုယ်တိုင်ရေးသော သူ၏ (My Brief History) အတ္ထုပ္ပတ္တိအကျဉ်း စာအုပ်တွင် သူ့ကိုယ်သူ အကျော်ကြားဆုံး သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ရကြောင်းကို ဖော်ပြခဲ့သည်။ ယင်းကိစ္စမှာ အိုင်းစတိုင်းကလွဲ၍ သိပ္ပံပညာရှင်များဟာ သိပ်ပြီးလူသိ မများကြတာလည်း ပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ရောဂါရှင်တစ်ယောက် ဖြစ်နေတာလည်းပါတယ်။ ဒါကြောင့်မို့လည်း သူဟာ ကမ္ဘာမှာ နာမည်ကျော်ကြားလာတယ်လို့ ဖြေရှင်းခဲ့တယ်။ ဘာပဲဖြစ်စေ ဖြစ်စေ အိုင်းစတိုင်းပြီးသည်၏ နောက်၌ သူအား အိုင်းစတိုင်းကဲ့သို့ ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်ဟု အသိအမှတ်ပြုကြပါတယ်။ သူကတော့ စာဖတ်ပရိသတ် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

လောကီနှင့်လောကုတ္တရာ

ဟော့ကင်း၏အယူအဆများ လောကီနှင့်လောကုတ္တရာ  လောကီ၌ ဟော့ကင်းတို့သည် သိပ္ပံအသစ်အဆန်း တွေ့ရှိချက်များ၌ ရင်ခုန်ကြသည်။ စကြဝဠာကြီးသည် တဖြည်းဖြည်း ပြန့်ကားနေသည် ဆိုသဖြင့် အရမ်းစိတ်ဝင်စားကြသည်။ တချိန်က စကြဝဠာကြီးသည် တစ်စုံတစ်ခုသော အလုံးလေးတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု မှန်းဆကြသည်။ ထိုအလုံးလေးမှ သိပ်သည်းခြင်း လွန်ကဲသောအခါ ပေါက်ကွဲထွက်၍ တဖြည်းဖြည်း ပြန့်ကားသွားသည်ဟု ယူကြသည်။ သိပ္ပံ၏ တွေ့ရှိချက်များအား ၎င်းတို့သည် ဆွေးနွေးကြ တိုင်ပင်ကြ မေးမြန်းကြ ဖြေဆိုကြ စိတ်ဝင်စား၍ ရင်ခုန်ကြသည်။ ရင်ခုန်မှုကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြသည်။ နောက်ထပ် Tags: Buddhism … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

ဟော့ကင်း၏အယူအဆများ

ဟော့ကင်း၏အယူအဆများ အခြေခံအမှုန်လေးတွေဆိုတာထင်မိထင်ရာပါ အားလုံးသိကြပါတယ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကြီးနဲ့ ကွမ်တမ်မက္ကင်းနစ်ပညာတို့ဟာ ရှုပဗေဒ သမိုင်းမှာ အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍက ရပ်တည်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ နှိုင်းရသီအိုရီ ဆိုတာကတော့ အကြောင်းအကျိုးဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ ကွမ်တမ်မက္ကင်းနစ် ဆိုတာကတော့ မသေချာခြင်း၊ ပရမ်းပတာ ဖြစ်ခြင်းဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ ပရမ်းပတာ ဖြစ်တယ် ဆိုပေမယ့် လုံးဝ ပရမ်းပတာတော့ မဟုတ်ပါဘူး။ မူအတွင်းက ပရမ်းပတာပါ။ ဒီစကားလေးက နည်းနည်းတော့ဆန်းတယ်။ အဓိကကတော့ Tags: Myanmar Posts, ကွမ်တမ်မက္ကင်းနစ်, စကြာဝဠာ, … Continue reading

Posted in Articles | Tagged , , , , | Comments Off on ဟော့ကင်း၏အယူအဆများ

အနာဂတ်၏ မသေချာခြင်း

အနာဂတ်၏ မသေချာခြင်း အနာဂတ်သည် အတိတ်ကဲ့သို့ ပြဌာန်း သေချာပြီးသားဖြစ်လျှင် ပစ္စုပ္ပန်၌ ဘာတစ်ခုမှ လုပ်စရာ လိုလိမ့်မည် မဟုတ်ပါဟူသော သဘောရှိသည်။ အနာဂတ်သည် မသေချာပါဟု သိပ္ပံ ကွမ်တမ်မက္ကင်းနစ်ပညာက ဖွင့်ဆိုသည်။ ထိုဥပဒေသကို သိပ္ပံပညာရှင် ဟိုက်ဇင်ဘတ် (Heisenberg) က ဖော်ထုတ်ခဲ့သည်။ အဓိကမှာ သေးမွှားသော အမှုန်ကလေး၏ တည်နေရာနှင့် လှုပ်ရှားမှုကို မတိုင်းတာနိုင်သောကြောင့် အနာဂတ်သည် သေချာခြင်းနှင့် မပြောနိုင်ပါဟူ၍ ဖွင့်ဆိုသည်။ သို့သော် အနာဂတ်၌ ဖြစ်တန်ရာချေ ရှိသည်ဟု သုံးနှုန်းကြသည်။ ထို့ကြောင့်  Certainty … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်… ကမ္ဘာကြီးကလည်း ရုပ်လောကအကြောင်းကို သုတေသန လုပ်နေကြတယ်။ သုတေသန လုပ်သလောက် လည်း ထွင်းထွင်းဖောက်ဖောက် သိမြင်လာကြတယ်။ စကြ၀ဠာအကြောင်း ကောင်းကောင်း သိလာကြတယ်။ စကြ၀ဠာ ဘယ်တုန်းက စဖြစ်တယ် ဆိုတာတောင် ခန့်မှန်းလာနိုင်တယ်။ ရုပ်ကမ္ဘာအကြောင်းကိုလည်း အက်တွမ်ကနေ၊ အီလက်ထရွန်ကနေ ကွာ့(ဒ်)အထိ အထူးလေ့လာနေကြတယ်။ (The most substantial elements) ခေါ်တဲ့ အခြေခံအကျဆုံးသော ဓာတ်သဘာဝ အမှုန်များကို စူးစမ်းလေ့လာနေကြတယ်။ လေ့လာတဲ့အခါ တိုက်ရိုက်လေ့လာနိုင်တာကို တိုက်ရိုက်လေ့လာပြီး တစ်ဆင့်ခံ (Indirect verification) ခေါ်တဲ့ တစ်ဆင့်ခံ … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

အသိပညာသစ်အတွက်ခြေလှမ်းများ

အသိပညာသစ်အတွက်ခြေလှမ်းများ သိပ္ပံသည် အသိပညာသစ်အတွက် ခြေလှမ်းများ လွန်စွာသွက်သည်၊ လွန်စွာစိပ်သည်။ သူတို့သည် အသိပညာအတွက် လွန်စွာလည်း စိတ်ဝင်စားသည်၊ လွန်စွာလည်း ထက်သန်သည်။ ဥပမာ — — စကြဝဠာအကြောင်း သူတို့သိခြင်းကို သူတို့လွန်စွာ စိတ်ဝင်စားသည်။ What do we really know about the Universe? ဟူ၍ ဆွေးနွေးကြသည်။ How do we know it? ဟူ၍လည်း တင်ပြကြသည်။ စကြဝဠာအကြောင်း ဘယ်လောက်သိသလဲ?  ဘယ်လိုသိသလဲ? စသည်ဖြင့် … Continue reading

Posted in Buddhism & Science | Tagged , , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -30

မြတ်ပန်းမွှေးလှိုင်ကြူ မြတ်ဗုဒ္ဓ၏ သိပ္ပံနည်းကျ သစ္စာဝါဒ တက္ကသိုလ် အသိုင်းအ၀ိုင်းတွင် (၁၉) နှစ်တိတိ ကျင်လည်ကျက်စားလျက် စိတ္တဗေဒနှင့် ဒဿနိကဗေဒ ပညာရပ်များကို အတွင်းကျကျ လေ့လာခဲ့ကြရာမှ သိပ္ပံနည်းပညာအကြာင်းကို တစွန်းတစ သိရှိနားလည်ခွင့် ရရှိခဲ့ပေပြီ။ သိပ္ပံနည်းပညာ၌ ယုတ္တိနည်းကျ အစီအစဉ်ရှိခြင်း၊ (Systematization)  စံနစ်တကျ ဖွဲ့စည်းတည် (Logical arrangement) ဆောက်ထားခြင်း၊ မှားသည်မှန်သည်ဟု အဆုံးအဖြတ်ပေးသည်ကို ခံယူနိုင်စွမ်းရှိသော အဆိုပြုချက်များ ပါဝင်နိုင်ခြင်း၊ (propositions which can be judged whether true or … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -09

မြတ်ပန်းမွှေးလှိုင်ကြူ လောကကြီးနှင့် အဆက်ဖြတ်ခြင်း               လှိုဏ်ဂူထဲ၌ စတင်ဝင်ချိန်၌ ညနေ (၃) နာရီခန့်ဖြစ်ရာ အနည်းငယ် စောသေးသဖြင့် ဂူဝတံခါးကို မပိတ်သေးဘဲ မေတ္တာပို့သခဲ့ပါသည်။ အထက်တွင် ဖေါ်ပြသည့်အတိုင်း မေတ္တာပို့သခဲ့ရာ မေတ္တာ၏ အာနိသင်ကိုလည်း အထူး ယုံကြည်ကိုးစားမှု ရှိထားပါသည်။ ညနေ (၄) နာရီထိုးလျှင် အလင်းရောင် လျော့နည်းလာရာ လှိုဏ်ဂူတခါးဝကို ကပ္ပိယအား အပြင်မှ ပိတ်စေလိုက်ပါသည်။ တခါးပိတ်လျှင်ပိတ်ခြင်း လောကကြီးနှင့် အဆက်ပြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ရင်ထဲ၌ – – … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 10

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၃) ဆရာမြတ်၏ ၀ိပဿနာ တရားပြပုံ (ဂ) ဉာဏ်အမြင်နှင့်ပတ်သက်သော စွမ်းရည်သတ္တိများ ဉာဏ်အရာနှင့် ပတ်သက်၍- ခန္ဓာဉာဏ်၊ ကာလသုံးပါးဉာဏ်၊ စကြ၀ဠာဉာဏ် ဟူ၍ ကဏ္ဍ ၃ မျိုးခွဲခြား နိုင်သည်။ ခန္ဓာဉာဏ်နှင့် ၎င်းဉာဏ်အပေါ် အဓိက အခြေပြု၍ အသုံးချသော စွမ်းရည်များကို ရှေးဦးစွာ ဖေါ်ပြပါမည်။ ခန္ဓာဉာဏ်ဆိုသည်မှာ ရုပ်နာမ်ခန္ဓာကြီးအကြောင်းကို သိမြင်သော ဉာဏ်ပင်ဖြစ်သည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ သွေးကြော လေကြောမှအစ ရောဂါပိုးများ၊ ပိုးဥကလေးများကိုပါ မြင်ရသည်။ ဤဉာဏ်အပေါ် အခြေပြု၍ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အရိယာဖြစ်လာသောအခါ .. ..

နိဗ္ဗာန်ကို မြင်တွေ့ကြရသောခါ  .. .. (သို့) (အရိယာဖြစ်လာသောအခါ .. ..) ဗုဒ္ဓဘာသာ တော်တော်များများသည် လက်တွေ့ကျင့်ကြံရန် ၀င်စားလာကြသည်။ တစ်ချို့လည်း ကျင့်ကြံ ထားသဖြင့် အထိုက်အလျှောက် သီလ၊ သမာဓိ၊ ပညာများ တိုးတက်မှု ရှိကြပေလိမ့်မည်။ အကြောင်းခံတရားတို့ လုံလောက်သောအခါ အကျိုးတရားသည် ဖြစ်ပေါ်ရမည်မှာ ဓမ္မသဘာဝအတိုင်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ကို စံဝင်တွေ့ရှိသောအခါ သတိထားနိုင်ဖွယ်ရာ အချက်အလက်အချို့ကို ဖော်ပြလိုပါသည် – သစ္စာဝါဒီတစ်ဦးသည် တရားကျင့်ကြံ အလုပ်လုပ်သောအခါ အဓိကအားဖြင့် ခန္ဓာဉာဏ်ရောက်ရမည်။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သိပ္ပံရဲ့သဘောသဘာဝ ..

သိပ္ပံရဲ့သဘောသဘာဝ .. ဘ၀ဟာ တိုတောင်းပြီး  အတတ်ပညာဟာ ရှည်လျားလှပါတယ် .. .. စာဖတ်ပရိသတ်အချို့က သိပ္ပံပညာကို စိတ်ဝင်စားကြတယ်။ စိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စားစရာပါ။ သိပ္ပံကတော့ အရမ်းတိုးတက်တယ်။ အသစ် အသစ်ဖြစ်သော အဓိပ္ပာယ် ဖွင့်ဆိုချက်တွေလည်း ပေါ်ထွန်းလာတယ်။ စကြ၀ဠာအမြင်ဆိုင်ရာမှာ ယခင်ကနဲ့မတူ တမူထူးခြားလာတယ်။ ဥပမာ —- စကြ၀ဠာရဲ့သမိုင်းမှာ သတ်မှတ်ပြီးသား ပုံသေတစ်ခုတည်း မဟုတ်ဘူးလို့ ယူဆလာကြတယ်။ ပုံစံအမျိုးမျိုး ဖြစ်နိုင်ကြောင်းကိုလည်း သိနားလည် လာကြတယ်။ ဖြစ်တန်ရာချေအမျိုးမျိုး ရှိကြောင်းကိုလည်း လက်ခံလာကြတယ်။ တစ်ခုတည်းသော ဖြစ်တန်ရာချေရှိမှု သတ်မှတ်ချက်ကို … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

NIBBANA -11

နိဗ္ဗာန် အပိုင်း(၁၁) ငယ်    ကျွန်တော်တစ်ခုပြောပြမယ်။ နန်း     ပြောပြပါ။ ငယ်    ဆရာမြတ်ကြီးက မိန့်ဘူးတာ။ နန်း     ဟုတ်ပြီ။ နားထောင်ချင်တယ်။ ငယ်    ပညာရှိက ပညာအကြောင်းကို သညာနဲ့ပြောတဲ့အခါ မိန့်တဲ့အခါ နာယူသူက သညာကနေ ပညာသို့ ထိုးဖောက်ဆင်ခြင်ယူရတယ်တဲ့။ နန်း     အနည်းငယ်လင်းပါဦးဗျာ။ ငယ်    တစ်ချိန်က ကျွန်တော်က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကို နာခဲ့တာကိုးဗျ။ နန်း     ဟုတ်ပြီ။ ငယ်    ဆရာမြတ်ကြီးက မိန့်တယ်။ မိုးကုတ်ဆရာတော်ကြီးက ဉာဏ်ပညာရှင်ကြီးတဲ့။ ဉာဏ်ပညာအကြောင်းကို မိန့်တဲ့အခါ သညာနဲ့မိန့်တာဘဲတဲ့၊ အဲဒီသညာကို … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 33

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၄) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အကြင်ဖြစ်ရပ်၌ အကြောင်းခံတရားရှိ၏ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားများ နှစ်ခြိုက်မြတ်နိုးလေးစားရာ၌ ဤစကားရပ်တစ်ခု ပါဝင်သည်။ ၄င်းမှာ ကြောင်းကျိုးဆက်စပ်မှုတရားပင် ဖြစ်သည်။ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” သူတို့အမြင်တော့ CAUSALITY နှိုင်းယှဉ်နိုင် ပေမည်။ အကြင်ဖြစ်ရပ်တစ်ခု၌ အကြောင်းခံတရားသည် ရှိ၏။ မြတ်ဗုဒ္ဓသည် ဖြစ်ရပ်ကိုလည်း ဟောသည်။ ဖြစ်ရပ် ၏ အကြောင်းခံတရားကိုလည်း ဟောတော်မူသည်။ ထို့နောက် ဖြစ်ရပ်တို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

သိပ္ပံပညာထဲကဘ၀တစ်ခု – 08

သိပ္ပံပညာထဲကဘ၀တစ်ခု – 08 ဆက်လက်ဖော်ပြရမယ် ဆိုရင်တော့ – အိုင်းစတိုင်းဟာ ကွမ်တမ်မက္ကင်းနစ်ရဲ့ တိုးတက်လာပုံကို ကြည့်ပြီးတော့ တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ ကွမ်တမ်မက္ကင်းနစ်ဟာ လက်တွေ့ သုတေသန စမ်းသပ်ခန်းမှ ထွက်ပေါ်လာတဲ့ အဖြေဖြစ်လို့ သူ အရမ်း လေးစားပေမယ့်လည်း မသေချာခြင်းနိယာမရဲ့ သဘောအရ – အရာရာဟာ မသေချာဘူးလို့ ပြောဆိုရတဲ့ အဆိုပြုချက်ဟာ သိပ္ပံနယ်ပယ်မှာ ၀င်ရောက် ထိုးဖောက်လာတာကို သူဟာ စိတ်မကောင်းစွာနဲ့ လက်ခံရတယ်။ ဒါပေမယ့်လည်း ဖြစ်ရပ်တွေကတော့ မသေချာခြင်းနိယာမရဲ့ ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment