Tag Archives: စိတ္တာနုပဿနာ

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၇)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၇) နိဗ္ဗာန်အကြောင်းကို ဘုရားအလောင်း သူတော်ကောင်းတွေ မျက်မှန်းဆတော်မူခဲ့ကြဖူးတယ်။ “ဒီမှာဘက်မှာ ဒုက္ခရှိရင် ဟိုမှာဘက်မှာ သုခရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မမြဲတာရှိရင် ဟိုမှာဘက်မှာ မြဲတာရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မပိုင်တာရှိရင် ဟိုမှာဘက်မှာ ပိုင်တဲ့သဘောရှိပေလိမ့်မယ်” လို့ အနုမာန မျက်မှန်းဆတော် မူကြတယ်။ ဒီလိုမျက်မှန်းဆတော်မူရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟ၊          တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေ လျော့နည်းအောင် ကြံဆောင်တော် မူကြတာပဲ။ နိဗ္ဗာန်ကတော့ မြတ်စွာဘုရား ဟောပြီးသားဆိုတော့ Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၂)

အောင်ပန်းမွှေးလှိုင်ကြူ (၂) ဖြတ်သန်းခဲ့ရပါတယ် မြတ်စွာဘုရားရဲ့တရားတော်မှာ နုပဿနာလေးမျိုးမှာ စာရေးသူဟာ သုံးမျိုးကိုတော့ သေသေချာချာ ဖြတ်သန်းခဲ့ရပါတယ်။ ဝေဒနာနုပဿနာ ရှုတုန်းကလည်း တပင်တပန်းရှုခဲ့ရတယ်လို့ ၀န်ခံရမှာ ဖြစ်ပါတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဆရာမြတ်ကြီးက ပင်ပန်းတာတွေကို မြင်လို့ စိတ္တာနုပဿနာကို တက်ပေးပါတယ်။ ဒီအခါကျတော့ စာရေးသူတို့ဟာ စိတ္တာနုပဿနာကို ရှုကြပါတယ်။ တစ်ချို့ကလည်း စိတ္တာနုပဿနာ ရှုခန်းကျမှ ၀င်ရောက်လာလို့ သူတို့က ကံထူးသူအဖြစ် လက်မထောင်ကြတယ်။ ဒါတော့လည်း သာဓုခေါ်ပါတယ်။ တရားအားထုတ်တာ ဘယ်အချိန်မှာ ၀င်ဝင် ကောင်းတာချည်းပါပဲ။ စိတ္တာနုပဿကို စာရေးသူအဖို့တော့လည်း … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပြောအပ် မပြောအပ်ပြဿနာ

ပြောအပ် မပြောအပ်ပြဿနာ စာရေးသူတို့ အသိုင်းအဝိုင်း၌ မေးခွန်းတစ်ခု ပေါ်လာသည်။ ယင်းအချက်မှာ “တရားအားထုတ်သူသည် အောင်မြင်လျှင်၊ သူ့ကိုယ်သူ အောင်မြင်ကြောင်း၊ ပြောအပ် မပြောအပ်” ဟူသော ပြဿနာပင်ဖြစ်သည်။ အမှန်တော့မူ ရိုးရှင်းပါသည်၊ ဤခေတ် ဤကာလမှာ မှန်လျှင် ပြောအပ်သည်သာ ဖြစ်သည်။ မမှန်လျှင်တော့မူ မပြောအပ်ချေ — မြတ်စွာဘုရားသည် မမှန်လျှင် မပြောကောင်းကြောင်း ပညတ်တော် မူခဲ့ဖူးသည်။ မိမိက အရိယာ မဖြစ်ပါဘဲနှင့် လာဘ်သပ္ပကာကို မျှော်ကိုး၍ အရိယာ ဖြစ်သည်ဟု လိမ်လည်၍ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-12

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-12 အခန်း(၈) မှတ်မိသေးသည် ဤနည်းအားဖြင့် ၄င်းတို့နှင့် ရင်းနှီးကျွမ်းဝင်ကာ အာလာပ၊ ပဋိသန္ဓာရစကား အမျိုးမျိုးဖြင့် ဆွေးနွေး နှီးနှောဖလှယ်ခွင့် ရလာခဲ့တော့သည်။ အဆိုပါစခန်းအပြီးတွင် စာရေးသူစိတ်တိုင်းကျ မိမိဘ၀အတွက် အရေးပါလှသော ဤစာအုပ်ကိုဖြစ်စေသော အဓိဋ္ဌာန်တရားဝင်စခန်း၏ လမ်းစသည် ပေါ်လာပါတော့သတည်း။ ဗုဒ္ဓဂယာမြန်မာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဦးဉာဏိန္ဒက အစစတာဝန်ယူထားသဖြင့် အေးငြိမ်းချမ်းသာစွာ နေထိုင်ရသည်။ ထို့ကြောင့်လည်း အဓိဋ္ဌာန်တရားစခန်း ၀င်လိုက်ခြင်းဖြစ်သည်။ ထိုရက်ပိုင်းအတွင်းတွင် စာရေးသူ၌ ဘာတာဝန်မှ မရှိချေ။ ဘုရားဖူးဧည့်သည်တော် နိုင်ငံခြားသားများအား Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ရွှေလိပ်တူးဘုရား၌တရားအားထုတ်ခြင်း

ရွှေလိပ်တူးဘုရား၌တရားအားထုတ်ခြင်း ညအခါ ရွှေလိပ်တူး ဘုရား၌ လျှပ်စစ်မီး ပူဇော်ထားသည်မရှိချေ။ ထို့ကြောင့် စာရေးသူတို့သည် ကားမီးနှင့်သာ တရားအားထုတ်ခဲ့ရသည်။ လရောင်၊ ကြယ်ရောင်များ ရှိသေး၍ အဆင်ပြေပါသည်။ ရွှေလိပ်တူး ဘုရားသည် မျက်နှာချင်းဆိုင်၌ ကွမ်းထမ်းမင်ရာဇာ ဘုရားနှင့် နီးသည်ဟု ဆိုရပေလိမ့်မည်။ အနီးတွင် ထီးလိုမင်းလို ဘုရားလည်း ရှိသည်။ ညအခါ တရားအားထုတ်ရသည်မှာ ကောင်းပါသည်၊ ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိပါသည်။ တရားရှုခြင်းသည် ကောင်းသောအလုပ် ဖြစ်သည်။ တရားရှုဖန်များလာသောအခါ မိမိနှလုံးသွင်းချင်သော ပုံစံကို ရလာသကဲ့သို့ ရှိသည်။ ထို့ကြောင့် သာဓုခေါ်ရသည်၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

တရားရှုသည်ဆိုသည်မှာ

တရားရှုသည်ဆိုသည်မှာ တရားရှုနည်း အကြောင်းကို တရားရှုနေသူက ပြောသောအခါ သဘာဝကျသည်။ ရေရေ လည်လည်လည်း ဖြစ်တတ်သည်၊ အကြောင်းအကျိုး ညီညွတ်ပြည့်စုံနိုင်သည်၊ လက်တွေ့နှင့်လည်း ယှဉ်သဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။ အမှန်တော့မူ မြတ်စွာဘုရား ဟောကြားတော်မူသည့် သတိပဌာန် လေးပါးတွင် ဝေဒနာ၊ ကာယ၊ စိတ္တ၊ ဓမ္မ ဟူ၍ လေးမျိုးရှိသည်။ စာရေးသူသည် စိတ္တအကြောင်းကို ပြောလေ့ရှိသည်။ စိတ္တာနုပဿနာ ဆိုသည်မှာ ပေါ်သော စိတ်ကလေးအား အနိစ္စရှုရန် ဖြစ်သည်။ ယင်းကိစ္စမှာ လွယ်ကူသည် ပေါ်လာသော စိတ်ကို သိသည်နှင့် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် — စိမ်းညက်ညီအစ်မ ဘုရား၌ တရားထိုင်ခြင်းဆိုင်ရာ အတွေ့အကြုံ ဆောင်းပါးကို ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။ တိတ်ဆိတ်သော နေရာကို နေလို့ကောင်းသည်ဟု တရားသမားများက မပြောအပ်ဟု ပညတ်ချက် ရှိသည် ဆိုသည်မှာ တိတ်ဆိတ်သောနေရာ၌ ပျော်ခြင်းသည် သူတော်ကောင်းတို့၏ စရိုက်ဖြစ်၍ မိမိကို သူတော်ကောင်းထင်ရန် ပြောဟောသော သဘောဖြစ်မည်ကို စိုး၍ ပညတ်ခဲ့ခြင်း ဖြစ်သည်ဟု မိမိနားလည် သည်။ တိတ်ဆိတ်ခြင်းကို ရိုးရိုးသားသားကြိုက်လျှင် ကြိုက်မိသည်ဟု ပြောသည်မှာ သဘာဝကျပေလိမ့်မည်။ သို့သော် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း ပုဂံမြို့ စိမ်းညက်ညီအစ်မဂူဘုရားမှာ တတိယည တရားထိုင်တဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ကျွန်တော်ဟာ တရားထိုင်တာ ၀ါသနာပါတယ် ဆိုပေမယ့် ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် သုံးရက်ညတိတိ တရားထိုင်ဖူးတဲ့ ဘုရားတော့ မရှိပါဘူး။ စိမ်းညက်ညီအစ်မ ဘုရားကျမှ သုံးညတိတိ လာတရားအားထုတ်ဖြစ်တဲ့ သဘောပါပဲ။ တရားအားထုတ်ရတာလည်း ကောင်းတယ်လေ တနေကုန် ပူထားတဲ့နေက ညပိုင်းကျတော့ ဧရာဝတီမြစ်က ဖြတ်တိုက်တဲ့ လေအေးလေနဲ့ သမလိုက်တော့ နည်းနည်းအေးသွားတာပေါ့။ ဘုရားကလည်း မီးတွေ ဘာတွေ ပူဇော်ထားတော့ အင်မတန် အဆင်ပြေပါတယ်၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပဋိပတ္တိပညာ

ပဋိပတ္တိပညာ ပဋိပတ္တိပညာကို စာရေးသူသည် ဆရာကောင်းသမားကောင်းထံ အန္တေ၀ါသိက တပည့်ခံ၍ ကျင့်ကြံအားထုတ် အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ပဋိပတ္တိပညာရပ် အကြောင်းကို အထိုက်အလျှောက် ပြောနိုင်၊ ဆိုနိုင်၊ ဟောနိုင်၊ ကိုယ်တိုင် ကျင့်ကြံ အားထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စာရေးသူတို့သည် သတိပဌာန် လေးမျိုးစလုံး ကျင့်တတ်လေသည်။ စာရေးသူအား ဘာတတ်သနည်းဟု မေးလျှင် တရားကျင့်တတ်သည်ဟု ရဲရဲရင့်ရင့် ဖြေတတ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင် ကျင့်ကြံအားထုတ်တတ်သောကြောင့် ဖြစ်သည်။ ယခုအခါ စိတ္တာနုပဿနာအကြောင်း ကောင်းကောင်း နားလည်နေကြသည်။ ယင်းအချက်မှာ ၀မ်းသာစရာ ကောင်းသည်။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကမ္ဘာသို့ဗုဒ္ဓဘာသာ၏ခြေလှမ်းသစ်များ

ကမ္ဘာသို့ဗုဒ္ဓဘာသာ၏ခြေလှမ်းသစ်များ ဗုဒ္ဓဘာသာသည် အမှန်တရားဖြစ်ရာ ထိုအမှန်တရား ကမ္ဘာသို့ ပြန့်နှံ့ရန် ဗုဒ္ဓဘာသာသူတော်စင်များ အဖက်ဖက်က ကြိုးစားနေကြသည်။ အထူးသဖြင့် လက်တွေ့ခေတ်တွင် လက်တွေ့ ပညာရပ်များ တိုးတက်နေသော ဤသိပ္ပံခေတ်တွင် ဗုဒ္ဓဘာသာအကြောင်းကို လက်တွေ့ ကျင့်ကြံအားထုတ်ကြဖို့ ရှုထောင့်တစ်ခုအဖြစ် လိုအပ်နေပေသည်။ လက်တွေ့ကျင့်မှသာလျှင် ပြီးပြည့်စုံနိုင်သည်ဟူ၍ ကမ္ဘာက နားလည်ထားသည်။ သဘောတရားရေးရာ သက်သက်ဆိုလျှင် ဗလာဖြစ်သည်ဟု အောက်မေ့ကြသည်။ လက်တွေ့ပါမှသာလျှင် ပြည့်စုံနိုင်မည်ဟု သဘောထားကြသည်။ ထိုအခါ ဗုဒ္ဓဘာသာ၏ လက်တွေ့ပညာရပ်များကို ထုတ်ဖော် ကြွေးကြော်နိုင်ရမည် ဖြစ်သည်။ လက်တွေ့ ကျင်ကြံရာ၌၊ မြတ်စွာဘုရား၏ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တရားတော်သည်သာ

တရားတော်သည်သာ စာရေးသူတို့သည် ဆရာ့အဆုံးအမအောက်၌ ကျင်လည်ကျက်စားခွင့်ရခဲ့ရာ “တရားရခြင်းသည် အရာရာထက် အရေးအကြီးဆုံးဖြစ်သည်” ဟူသော အဆုံးအမကို ခံယူခဲ့ကြသည်။ ထို့ကြောင့် စာရေးသူတို့အဖွဲ့သည် တရားရခြင်းကိုသာ အဓိကထား အလေးပေး၍ ကျင့်ကြံကြိုးစားကြသည်။ တခြားအရာများကိုမူ အထူးအလေးပေး၍ ကြိုးစားခွင့် မကြုံခဲ့ကြချေ။ တစ်နည်းအားဖြင့် “တရားရလျှင် အရာရာပြီးသည်” ဟူ၍ပင် ခံယူချက် ရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း တစိုက်မတ်မတ် ကြိုးစားကြရာ စာရေးသူတို့ အဖွဲ့သည် အထူးကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ကြသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။ ဝေဒနာနုပဿနာမှ စိတ္တာနုပဿနာ၊ ဓမ္မနုပဿနာအထိ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -10

ပျံ့မွှန်းမွှေးလှိုင်ကြူ   ၀ိပဿနာ ဉာဏ်အမြင် ဖြစ်ခြင်းပျက်ခြင်းကို မြင်တွေ့ရသည်ဆိုရာ၌ ဖြစ်ပြီးပျက်သွားသည်က ဓမ္မတရားကလေးများ၊ ထိုအပျက် ဓမ္မတရားကလေးများကို မြင်တွေ့လိုက်ရသည်က ဉာဏ်ပညာ၊ ဤသို့ဖြင့် ဖြစ်ပျက်သည်က တခြား အပျက်မြင်သော ဉာဏ်ကတခြားဖြစ်သည်။ ထိုအခါမှ ဆင်ခြင်လာကြရသည်။ ဝေဒနာ နုပဿနာ ရှုစဉ်က မမျှော်လင့်ဘဲ ဘွားကနဲ တွေ့မြင်ခဲ့ရသော ကိလေသာ ရေသောက်မြစ်မှာ ဒုက္ခ၏ အရင်းအမြစ်ဖြစ်လျက် ထိုရေသောက်မြစ်ကို မြင်တွေ့လိုက်ရသည်က ဉာဏ်မျက်စိဟု သဘောပေါက်လာသည်။ ကိလေသာ ရေသောက်မြစ်ကို မြင်တွေ့ရစဉ်က အံ့သြမိသည်။ ထူးထူးခြားခြား ၀မ်းမြောက်မိသည်။ ထိုရေသောက်မြစ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -09

ပျံ့မွှန်းမွှေးလှိုင်ကြူ   ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်းအဆက် သစ္စာလမ်းစဉ်သည် သာမည လမ်းစဉ်မဟုတ်ပေ။ သာသနာသည် အတိမ်းအစောင်းမခံပေ။ လွန်စွာမှ တည့်မတ်ရပေသည်။ တိတိကျကျ ဂဃနဏ မသိလျှင် မကိုင်တွယ်သည်က ပိုကောင်းသည်။ တတ်ယောင်ကား ဆရာတစ်ဆူ မင်းမူချင်လျှင် မှားတော့မည်သာ။ သစ္စာသိလျှင် တော်သေးသည် သစ္စာလည်းမသိ ယောင်တိယောင်ချာ စိတ်ထင်ရာ စိုင်းလျှင်တော့ ရိုင်းကုန်ကြမည်သာ။ ဤသာသနာ၌ ငါဆရာလုပ်ချင်တိုင်း လုပ်၍မဖြစ်။ စံနစ်တကျ ဓမ္မသဘာဝမို့ တိကျစစ်မှန် ဧကန်ဧက ဉာဏ်ပညာ ပြည့်ဝမှ ဆရာ့ဂုဏ်ရည် ပီနိုင်ပေလိမ့်မည်။   … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -35

မြတ်ပန်းမွှေးလှိုင်ကြူ   လမ်းညွှန်ချက်     (၁) သုခအတုကို သုခအစစ် မဟုတ်သဖြင့် ဒုက္ခဟုသာယူပါ။ (ထိုအခါမှ ရာနှုန်းပြည့်သော သုခကို ရနိုင်မည်) (၂) ထိုသုခ အတုသည် ပျက်နေသည်။ ပျက်နေခြင်းကို ဟန့်တား၍မရ။ အနှစ်သာရ လိုက်ရှာသော် ပျက်နေသဖြင့် မပိုင်ဆိုင်အပ်ကြောင်းသာ ထပ်လောင်း၍ အသိဉာဏ်ထဲ၌ ဖြစ်ပေါ်လာသည်။ ထိုအခါ ပထမ သုခ၏ အပျက်ကို သိမြင် ထိုးထွင်းလိုက်သောဉာဏ် ပညာအမြော်အမြင် ဆင်ခြင်မှု စွမ်းပကားသည် သုခအစစ်ကို တည်ဆောက်ဖွဲ့စည်း ဖြစ်ပေါ်စေသော အဓိက လိုရင်း အနှစ်သာရ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -27

မြတ်ပန်းမွှေးလှိုင်ကြူ မေတ္တာသည် နူးညံ့သိမ်မွေ့၏ ကိလေသာများသည် ရုန့်ရင်းကြမ်းတမ်းလှသည်။ မေ တ္တာသည် နူးညံ့သိမ်မွေ့၏။ စေတ နာပါ၏။ ကိုယ်နှင့်အတူပြု၍ မြင့်မြတ်ရာသို့ ဆောင်ပေး၏။ ချမ်းသာစေလိုမှု သက်သက်ဖြစ်၏။ အတ္တကိုယ်ကျိုး မမျှော်ကိုးပေ။ Tags: Buddhism, Myanmar Posts, စိတ္တာနုပဿနာ, မေတ္တာ, မြတ်ပန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , , , | Leave a comment