Tag Archives: စတီဖင်ဟော့ကင်း

သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းနှင့်အင်တာဗျူး

သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းနှင့်အင်တာဗျူး Stephen Hawking နှင့် Sue တို့သည် 1992 ခုနှစ်က အင်တာဗျူးခဲ့ဖူးသည်။ ယခု (၂၃)နှစ် အကြာ         ၄င်းတို့သည် ဒုတိယအကြိမ် အင်တာဗျူးကြသည်။ ပထမအကြိမ် အင်တာဗျူးတုန်းကလည်း အောင်မြင်သည်။ သို့သော် ယခုလောက် မညက်ညောဟု သုံးသပ်လျှင် သုံးသပ်နိုင်သည်။ ပထမအကြိမ်က ထောင့်တတောင့်တောင့်များ ရှိသည်၊ မညက်ညောချေ – ယခုတစ်ခါ ညက်ညောသည်။ ပထမအကြိမ်တုန်းက Sue: ဆရာကြီးအဖေက ပညာတတ်ကြီးပဲ သချာင်္တွေဘာတွေ ဆရာ့ကို သင်မပေးဘူးလား ဟုမေးသောအခါ။ Hawking: သင်ပေးပါတယ်။ … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

ဟော့ကင်းနှင့်သူ၏အကြောင်း(၂)

ဟော့ကင်းနှင့်သူ၏အကြောင်း(၂) A Brief History of Time စာအုပ် ရေးသားခြင်းကြောင့် နာမည်လွန်စွာ ကြီးလာသော စတီဖင်ဟော့ကင်းသည် သူ၏ My Brief History ဆိုသော စာအုပ်ကို ဆက်လက်ထုတ်ဝေ ဖြန့်ချိလိုက်ပါသည်။ A Brief History of Time စာအုပ်သည် သူထင်တာထက် ပို၍အောင်မြင်သည်ဟု ဝန်ခံခဲ့ဖူးသည်။ သို့သော် သူသည် သူ့အကြောင်းကိုရေးခြင်းထက် သိပ္ပံပညာအကြောင်းရေးခြင်းကို ပို၍စိတ်ဝင်စားသည်ဟု ပြောခဲ့ဖူးသည်။ စာရေးသူတို့ကလည်း သူ့ကိုယ်ရေးကိုယ်တာထက် သူ့၏သိပ္ပံအသိပညာအကြောင်းကိုပဲ စိတ်ဝင်စားကြရပေလိမ့်မည်။ သူသည် အိုင်းစတိုင်းပြီးသည့်နောက် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

သိပ္ပံပညာရှင်ဟော့ကင်း 02

သိပ္ပံပညာရှင်ဟော့ကင်း   အပိုင်း(၂)   သူသည် အိုင်းစတိုင်းပြီးလျှင် သူပဲဖြစ်သည်ဟု သတ်မှတ် ခံရသည်။ အိုင်းစတိုင်းကိုလည်း သူသည် အထူးဝေဖန်ခဲ့သည်။ အိုင်းစတိုင်း နှစ်ခါမှားခဲ့သည်ဟု သူပြောခဲ့သည်။ ထိုသို့ပြောခြင်းကို အိုင်းစတိုင်း၏ (God does not play dice.) God သည် ကြွေအံမကစားပါ ဟူသောစကားအပေါ်မှာ အခြေပြု၍ ပြောခဲ့ခြင်း ဖြစ်သည်။ Quantum Mechanics ၏အဖြေအရ သဘာဝသည် လျှို့ဝှက် လွန်းရာ (Black Holes) ထဲ၌ ဘာမှမလေ့လာနိုင်ကြောင်း သူသည် … Continue reading

Posted in Buddhism | Tagged , | Leave a comment

သိပ္ပံပညာရှင်ဟော့ကင်း 01

သိပ္ပံပညာရှင်ဟော့ကင်း   အပိုင်း(၁)    သိပ္ပံပညာရှင်ဆိုလျှင် ဤခေတ်၌ ရေပန်းစားသည်၊ ဟော့ကင်း ကတော့မူ အထူးရေပန်းစားသည်။ သူသည် သဘောတရားရေးရာ ဆိုင်ရာ ရူပဗေဒနှင့် စကြဝဠာဗေဒကို အထူးလေ့လာခဲ့သည်။ (Black Holes) တွင်းမည်းကြီးများသည်သူ၏ စွမ်းဆောင်မှုကြောင့် ပို၍ လူသိများလာသည်။ သူသည် အသက်ရှင်လျက်နှင့် သိပ္ပံပညာရပ်ကို ဦးဆောင် နေသည်မှာ အိုင်းစတိုင်း၏ နောက်ပိုင်းတွင် အထူးချွန်ဆုံး ဖြစ်သည်ဟု သတ်မှတ်ခံရသူဖြစ်သည်။ သူသည် လွန်စွာကျော်ကြား အရောင်းရဆုံးသော စာအုပ်တစ်အုပ်ကို ကောင်းစွာရေးသားခဲ့သည်။ ၎င်းမှာ (A Brief … Continue reading

Posted in Buddhism | Tagged , | Leave a comment

ဝီရိယလွန်ကဲသူများ

ဝီရိယလွန်ကဲသူများ     သိပ္ပံပညာရှင်များသည် ဝီရိယလွန်ကဲသူများဟုပင် ကောက်ချက်ချနိုင်သည်။ သူတို့သည် အမှန်တကယ် သုတေသန လုပ်သောအခါ အစားအသောက် အအိပ်အနေပင် သတိမရနိုင် လောက်အောင် ဇွဲကောင်းကြသည်။ ဇွဲတော့ အထူးကောင်းမွန်ကြပါသည်။ သိပ္ပံပညာရှင်များ အုပ်စုလိုက် ဇွဲကောင်းကြသည်။ အသစ်အဆန်း ရှာဖွေမှု၌ လွန်စွာစိတ်ဝင်စားကြသည်။ သူတို့ကို သူတို့တော့ စပ်စုလွန်းချင်သူများဟု သတ်မှတ်ကြသည်။ သူတို့သည် စပ်စုကြခြင်းဖြစ်သည်။ ဤစကားကို သုံးနှုန်းရာ၌ သူတို့ကိုယ်တိုင် ထိုသို့ခံယူထားခြင်းများကို ဝန်ခံသောကြောင့် ဖြစ်သည်။ သူတို့သည် Tags: Myanmar Posts, Science, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စတီဖင်ဟော့ကင်းကို လေ့လာခြင်း

စတီဖင်ဟော့ကင်းကို လေ့လာခြင်း   စတီဖင်ဟော့ကင်းသည် ဤခေတ်၌ အိုင်းစတိုင်းနေရာ ယူသည်ဟု အဆိုပြုကြသည်။ (A Brief History of Time) စာအုပ်ဖြင့် အထူး နာမည်ကျော် ရေပန်းစားခဲ့သည်။ (Origin of Universe) ဆိုင်ရာလိုင်းကို အထူးလေ့လာဖြင့် ဘလက်ဟိုး(လ်) အပါအ၀င် အခြားသော (Hawking Radiation) စသည့် ဖော်ပြချက်များဖြင့် နာမည်ကြီးခဲ့သည်။ သူသည် အတော်အသင့် အတိုင်းအတာအထိတော့ အိုင်းစတိုင်းနောက်ကို လိုက်သည်။ အတော်အသင့် အတိုင်းအတာအထိတော့ အိုင်းစတိုင်းကို ဝေဖန်သည်။ အိုင်းစတိုင်းနောက် … Continue reading

Posted in Articles | Tagged | Leave a comment

God Particle ရူပဗေဒနှင့် စတီဖင်ဟော့ကင်း

  God Particle ရူပဗေဒနှင့် စတီဖင်ဟော့ကင်း     God Particle ကို တွေ့တာနဲ့ ရှုပဗေဒဟာ ပျင်းစရာကောင်းလာတယ်လို့ စတီဖင်ပြောတာ မဟုတ်သေးပါဘူး — God Particle ကို တွေ့တာက တွေ့တာပဲပေါ့၊ တွေ့လို့လည်း နိုဘယ်(လ) ဆုကို ရပြီးပြီပဲ။ God Particle ဆိုတာ God ကြီးကို တွေ့တယ်လို့ ပြောတာမှ မဟုတ်ဘဲ။ အသေးဆုံးလို့ ယူဆရတဲ့ အမှုန်တစ်ခုကို နာမည်ပေးလိုက်တဲ့ သဘောပဲ။ ဒီတော့ ဘာပျင်းစရာ … Continue reading

Posted in Articles | Tagged | Leave a comment

ဟော့ကင်းနှင့်အင်တာဗျုး (၃)

ဟော့ကင်းနှင့်အင်တာဗျုး အပိုင်း(၃) မေး။    ။ဆရာက သိပ္ပံပညာရှင်ဆိုတော့ စဉ်းစားဆင်ခြင် ထိုးထွင်းမှုဆိုတဲ့ အခန်းကဏ္ဍကိုတော့ ထည့်သွင်းစဉ်းစား လက်ခံလေ့ရှိပါသလား??   ဖြေ။    ။ကျွန်တော်လက်ခံပါတယ်၊ စဉ်းစားဆင်ခြင် ထိုးထွင်းမှုကို လက်ခံပါတယ်။ ကျွန်တော့် ဘဝမှာ သူဟာလည်း တော်တော်အရေးပါ အရာရောက်တာပဲ။ တစ်ခုရှိတာက ကျွန်တော်က သူတို့ကို သက်သေပြဖို့ ကြိုးစားတယ်ဈ ဒါပါပဲ။ ပြောရရင်တော့ (I rely on intuition a great deal.. .. but I have to … Continue reading

Posted in Articles | Tagged , , , , | Leave a comment

အံ့သြဖွယ်ရာဆင်တူရိုးမှား တွေးခေါ်ခဲ့ကြသော သိပ္ပံပညာရှင်သုံးဦး၏အမြင်များ

အံ့သြဖွယ်ရာဆင်တူရိုးမှား တွေးခေါ်ခဲ့ကြသော သိပ္ပံပညာရှင်သုံးဦး၏အမြင်များ  နယူတန်သည် တချိန်က ဖော်ပြခဲ့ဖူးသည်၊ ယင်းဖော်ပြချက်မှာ သူ့ကို ကမ္ဘာက သိပ္ပံပညာရှင်ကြီး ထင်မလား၊ မည်သည့်ပညာရှင်ကြီး ထင်မလားဟူ၍ ထင်ကောင်း ထင်ကြပေလိမ့်မည်။ သို့သော် နယူတန်ကိုယ်တိုင်မှာမူ ပညာရှင်ကြီး ဖြစ်ဖို့ထက် ကလေးသူငယ် တစ်ယောက်လို ဖြစ်နေဟန် တူသည်ဟု ဝန်ခံခဲ့ဖူးသည်။ သူသည် ကလေးငယ် တစ်ဦးကဲ့သို့ ပင်လယ်ကမ်းစပ်၌ ပိုမိုလှပသော ခရုခွံကလေးများ၊ ကျောက်စရစ်ခဲလေးများကို ကောက်နေခဲ့သည်။ ထိုအချိန်၌  အမှန်သစ္စာတည်းဟူသော သမုဒ္ဒရာကြီးသည် သူ့ကျောဘက်၌ မလေ့လာ မစူးစမ်းရဘဲ ကျန်ရစ်ခဲ့သည် ဟူသောသဘောကို … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးသုံးဦး စိတ်ကူးဆင်တူနေကြခြင်းအကြောင်း

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးသုံးဦး စိတ်ကူးဆင်တူနေကြခြင်းအကြောင်း   ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများသည် တိုက်တိုက်ဆိုင်ဆိုင်ဟု ဖွင့်ဆိုရမည်လား၊ မပြောတတ်ပေ စိတ်ကူးများ တူညီနေကြကြောင်းကို အောက်ပါအတိုင်း တင်ပြလိုပါသည်။ ရှေးဦးစွာ အိုင်းစတိုင်း၏ ကောက်ချက်ကို တင်ပြပါမည်။ အိုင်းစတိုင်းသည် သူ၏ (The Fundaments of Theoretical Physics) စာအုပ်တွင် နိဂုံးချုပ် အနေနှင့် .. .. the search for truth is more precious than its possession. .. .. … Continue reading

Posted in Buddhism & Science | Tagged , , | Leave a comment

ပန်းတိုင်(၂)

ပန်းတိုင်(၂) ပန်းတိုင်အကြောင်းကို ဗုဒ္ဓဘာသာ ရှုဒေါင့်မှ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်ကို စံမြန်းသောအခါ ရုပ်နာမ်ချုပ်သွားသည်။ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်စံမြန်း၍ နောက်ဆုံး အနုပါဒိသေသ နိဗ္ဗာန်သို့ စံမြန်းသွားရသည်။ သံသရာ ပြန်လှည့် မလာတော့ချေ၊ ရုပ်နာမ်ထပ်မဖြစ်တော့ချေ၊ ယင်းကား အဆုံးနိဂုံးဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ သိပ္ပံပညာရှင်များမှာမူ ပန်းတိုင်နှင့် ပတ်သက်၍ အဆိုအမိန့်များ အချို့ကို ချန်ထားခဲ့ရာ လောကီလိုင်းအတွက် သက်သက်ကဲ့သို့ ဖြစ်နေသည်။ ဥပမာ … Continue reading

Posted in Buddhism & Science | Tagged , , , , , , , | Leave a comment