Tag Archives: ခန္ဓာဉာဏ်ရောက်

မြတ်ပန်းမွှေးလှိုင်ကြူ -23

Share

မြတ်ပန်းမွှေးလှိုင်ကြူ ခိုနန်းရေယာဉ်ဂူ ပထမည မိမိသည် ခိုနန်းရေယာဉ်ဂူ ဘုရားကို ဆီမီးပူဇော်ကန်တော့သည်။ ထို့နောက် ၅၂၈ သွယ်မေတ္တာ ပို့သသည်။ နာကြားလိုကြသော ပုဂ္ဂိုလ်များ တရားနာရန် ဖိတ်ခေါ်ပြီး ခန္ဓာဉာဏ်ရောက် ၀ိပဿနာတရား ဟောကြားသည်။ ကိုယ်တိုင်လည်း မိမိခန္ဓာအပေါ် လက္ခဏာရေးသုံးပါး ဆင်ခြင်သည်။ မကြာမီ ကြည်လင်ပေါ့ပါးသွားသည်။ ဤဂူကြီးသည် ရောက်လျှင်ရောက်ခြင်းပင် ရင်းနှီးကျွမ်းဝင် နေသကဲ့သို့ရှိ၏။ ကြီးမာကျယ်ပြန့်သော ဂူကြီးဖြစ်၍ ကျောက်မဏ္ဍပ်ကြီးသဖွယ် အမြင့်ပေ ၃၀၀၊ အလျှားပေ ၁၀၀ နှင့် အနံပေ ၅၀ ခန့်ရှိပေသည်။ သို့သော် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -38

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ (ည) ခန္ဓာကိုယ် မြေကြီးသြဇာ မကျွေးရသေးမခြင်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်၌ ရုပ်နာမ်ရှိသူတို့အား နိဗ္ဗာန်ချမ်းသာကို ရရှိ ခံစားထိုက်သူတို့အနေနှင့် နိဗ္ဗာန်ချမ်းသာသို့၎င်း၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ခံစားစံစားထိုက်သူ တို့အား လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာသို့၎င်း၊ အသီးသီး ဝေနေယျတို့၏ ပါရမီအလျောက် ထိုက်သင့်ရာ ကို ပို့ဆောင်ချီးမြှင့် ပေးသနားတော်မူခဲ့သည်။ မည်သူမဆို မြတ်ဗုဒ္ဓ၏ သစ္စာလေးပါး လက္ခဏာရေးသုံးပါး တရားတော်မြတ်ကို ခန္ဓာဉာဏ်ရောက် ကျင့်ကြံအားထုတ်ပါလျှင် မိမိတို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 9

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၃) ဆရာမြတ်၏ ၀ိပဿနာ တရားပြပုံ (က) ခြေလှမ်း (၃) လှမ်း။ (ခ) တရားပြခြင်းဆိုင်ရာ အဓိပ္ပါယ် ရှင်းလင်းချက်။ (ဂ) ဉာဏ်အမြင်နှင့် ပတ်သက်သော စွမ်းရည်သတ္တိများ။ (က) ခြေလှမ်း (၃) လှမ်း။ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလသည် ခြေလှမ်း (၃) လှမ်းဖြင့် နိဗ္ဗာန်စံဝင်နိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။ မည်ကဲ့သို့သော ခြေလှမ်း (၃) လှမ်းဖြင့် မည်ကဲ့သို့ နိဗ္ဗာန်စံဝင်နိုင်ကြောင်းတို့ကို အနည်းငယ် ရှင်းပြပါမည်။ ခြေလှမ်း (၃) … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 5

Share

ဉာဏ်ပန်းမွှေးလှိုင်ကြူ   ဆရာမြတ်၏ ထူးခြားချက်များ။            ။ဆရာမြတ်မှာ လူအမည် ဦးလှဘူးဖြစ်ပါသည်။ အမရပူရမြို့ အလယ်ပန်းထိမ်ရပ် အဖဦးစံဖေ၊ အမိဒေါ်မြင့်တို့မှ ဒုတိယသားရတနာ ဖြစ်ပါသည်။ ဦးပဉ္ဇင်း ချဉ်းကပ်ခွင့်ရသော အချိန်တွင် ဆရာမြတ်သည် အမရပူရမြို့ အရှေ့တောင်ပိုင်း မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန် အင်းစောင်း၌ လေးဧကခန့်ကျယ်သော ခြံကြီးထဲတွင် တစ်ဦးတည်း ဧကစာနေထိုင် ကျင့်ကြံအားထုတ်လျက် လောကုတ်လောကီ ပညာရပ် အမျိုးမျိုးကို ဖြန့်ဖြူးပေးဝေ နေချိန်ဖြစ်သည်။ (ဆရာမြတ်နှင့်ပတ်သက်သည်တို့ကို ကျမ်းပြုနေပါသည်) ဆရာမြတ်မှာ လက်တွေ့သဘောကိုသာ နှစ်ခြိုက်လိုလားသူ တစ်ဦးဖြစ်လျှက် အစစအရာရာကို လက်တွေ့စမ်းသပ်လေ့ရှိခဲ့သည်။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment