Tag Archives: ကွမ်တမ်မက္ကင်းနစ်

ဟော့ကင်း၏အယူအဆများ

ဟော့ကင်း၏အယူအဆများ အခြေခံအမှုန်လေးတွေဆိုတာထင်မိထင်ရာပါ အားလုံးသိကြပါတယ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီကြီးနဲ့ ကွမ်တမ်မက္ကင်းနစ်ပညာတို့ဟာ ရှုပဗေဒ သမိုင်းမှာ အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍက ရပ်တည်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ နှိုင်းရသီအိုရီ ဆိုတာကတော့ အကြောင်းအကျိုးဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ ကွမ်တမ်မက္ကင်းနစ် ဆိုတာကတော့ မသေချာခြင်း၊ ပရမ်းပတာ ဖြစ်ခြင်းဘက်ကို လှည့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ ပရမ်းပတာ ဖြစ်တယ် ဆိုပေမယ့် လုံးဝ ပရမ်းပတာတော့ မဟုတ်ပါဘူး။ မူအတွင်းက ပရမ်းပတာပါ။ ဒီစကားလေးက နည်းနည်းတော့ဆန်းတယ်။ အဓိကကတော့ Tags: Myanmar Posts, ကွမ်တမ်မက္ကင်းနစ်, စကြာဝဠာ, … Continue reading

Posted in Articles | Tagged , , , , | Comments Off on ဟော့ကင်း၏အယူအဆများ

သစ္စာတရားရှာဖွေရာ၌ တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်များ လိုအပ်ခြင်း

သစ္စာတရားရှာဖွေရာ၌ တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်များ လိုအပ်ခြင်း   အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အရာရာ၌ လိုအပ်သည်သာဖြစ်သည်။ သိပ္ပံပညာ၏ ကျော်ဇောထင်ရှားမှု အများလက်ခံမှုနှင့် အောင်မြင်မှု၏ အခြေခံထဲတွင် တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက်များ ရှိခြင်းနှင့်ပတ်သက်သည်။ ဥပမာ – ကွမ်တမ်မက္ကင်းနစ် ပညာမှ လွန်စွာနာမည်ကြီးသော မသေချာမှုနိယာမ (Uncertainty Principal) ကို ဖော်ထုတ်ခဲ့သူ ဟိုက်ဇင်ဘတ် (Heisenberg) သည် သိပ္ပံနှင့် ပတ်သက်၍ ဤသို့ တိတိကျကျ ပြောခဲ့ဖူးသည် –   .. .. Any use … Continue reading

Posted in Buddhism & Science | Tagged , , , , | 1 Comment

အရာရာကိုကျေးဇူးပြုနိုင်ခြင်း

အရာရာကိုကျေးဇူးပြုနိုင်ခြင်း သိပ္ပံပညာမှာ T.O.E ခေါ် (Theory of Everything) အရာရာကို ဖြေရှင်းနိုင်သည့် သီအိုရီကို အိုင်စတိုင်း လက်ထက်ကတည်းက ဇွဲနှင့်အသည်းနှင့် ရှာဖွေခဲ့ကြဖူးသည်။ သို့သော် အိုင်စတိုင်း လက်ထက်တွင် မတွေ့နိုင်ခဲ့ပါ၊ အိုင်စတိုင်းက ရှိရမည်ဟုတော့ ယုံကြည်သွားခဲ့သည်။ သို့သော် ထိုအချိန်မှာ မသေချာခြင်း နိယာမက သိပ္ပံကမ္ဘာမှာ လွှမ်းမိုးခဲ့ဖူးသည်။ သို့သော် မသေချာမှု နိယာမ လက်ကိုင်စွဲသူ သိပ္ပံပညာရှင်များ ကွမ်တမ်မက္ကင်းနစ်သမားများ သည်ပင်လျှင် T.O.E ကိုတော့ ရှာဖွေဖို့ ကြိုးစားခဲ့သည်ဟု ဆိုရမည်။ ဟော့ကင်းတို့ကိုယ်တိုင် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အသိပညာသစ်အတွက်ခြေလှမ်းများ

အသိပညာသစ်အတွက်ခြေလှမ်းများ သိပ္ပံသည် အသိပညာသစ်အတွက် ခြေလှမ်းများ လွန်စွာသွက်သည်၊ လွန်စွာစိပ်သည်။ သူတို့သည် အသိပညာအတွက် လွန်စွာလည်း စိတ်ဝင်စားသည်၊ လွန်စွာလည်း ထက်သန်သည်။ ဥပမာ — — စကြဝဠာအကြောင်း သူတို့သိခြင်းကို သူတို့လွန်စွာ စိတ်ဝင်စားသည်။ What do we really know about the Universe? ဟူ၍ ဆွေးနွေးကြသည်။ How do we know it? ဟူ၍လည်း တင်ပြကြသည်။ စကြဝဠာအကြောင်း ဘယ်လောက်သိသလဲ?  ဘယ်လိုသိသလဲ? စသည်ဖြင့် … Continue reading

Posted in Buddhism & Science | Tagged , , , , , , | Leave a comment

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4 သက်ရှိထင်ရှား ထင်ပေါ်ကြော်ဇောသော စတီဖင်ဟော့ကင်း စတီဖင်ဟော့ကင်းသည် လောလောဆယ် သက်ရှိထင်ရှားလျှက်ရှိသော ထင်ပေါ်ကြော်ဇောသော သိပ္ပံ ပညာရှင် ဖြစ်သည်။ အဓိကအားဖြင့်တော့ သဘောတရားရေရာဆိုင်ရာ ရူပဗေဒပညာရှင် ဖြစ်သည်။ ဟော့ကင်းသည် လေ့လာသူတိုင်း ထူးချွန်သည်ဟု အသတ်မှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ အထူးသဖြင့် သူသည် ဤခေတ်ကို စူးစမ်းရှာဖွေ၍ အထိုက်အလျှောက်တွေ့ရှိသောခေတ်ဟု သတ်မှတ် သည်။ ယင်းကိစ္စကို သူဂုဏ်ယူသည်။ စူးစမ်းရှာဖွေ နေကြသော ခေတ်၌ လူဖြစ်ရသည်မှာ ပျော်စရာကောင်း သည်ဟု မကြာခဏ … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ စာရေးသူသည် မကြာခဏ သိပ္ပံအကြောင်း ရေးနေသည်။ အချို့သော အကြောင်းအရာများမှာမူ သာမန်အားဖြင့် ခက်ခဲနက်နဲနိုင်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ခက်ခဲနက်နဲသော သိပ္ပံပညာရပ်ဆိုင်ရာ အခန်းကဏ္ဍ၏ နိဒါန်းပိုင်းများကို အခြေပျိုး၍ တင်ပြလိုသည်။ သိပ္ပံပညာရှင်များသည် အများသူငါ​ သတ်မှတ်ထားသည့်အတိုင်း လူတော်များဖြစ်ကြသည်။ အိုင်းစတိုင်း ဆိုလျှင်မူ တိကျသေချာမှုကို အမြတ်တနိုး တန်ဖိုးထားသည်။ မသေချာခြင်းကို လက်မခံလိုချေ။ ထို့ကြောင့် မသေချာခြင်းဆိုင်ရာ သိပ္ပံနိယာမ သဘာဝကိုပင် ငြင်းဆန်ခဲ့လေသည်။ ဤနေရာ၌ သိပ္ပံပညာရပ်၏ မသေချာခြင်းနိယာမနှင့် … Continue reading

Posted in Buddhism & Science | Tagged , , , , , , , | Leave a comment

သိပ္ပံပညာထဲကဘ၀တစ်ခု – 08

သိပ္ပံပညာထဲကဘ၀တစ်ခု – 08 ဆက်လက်ဖော်ပြရမယ် ဆိုရင်တော့ – အိုင်းစတိုင်းဟာ ကွမ်တမ်မက္ကင်းနစ်ရဲ့ တိုးတက်လာပုံကို ကြည့်ပြီးတော့ တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ ကွမ်တမ်မက္ကင်းနစ်ဟာ လက်တွေ့ သုတေသန စမ်းသပ်ခန်းမှ ထွက်ပေါ်လာတဲ့ အဖြေဖြစ်လို့ သူ အရမ်း လေးစားပေမယ့်လည်း မသေချာခြင်းနိယာမရဲ့ သဘောအရ – အရာရာဟာ မသေချာဘူးလို့ ပြောဆိုရတဲ့ အဆိုပြုချက်ဟာ သိပ္ပံနယ်ပယ်မှာ ၀င်ရောက် ထိုးဖောက်လာတာကို သူဟာ စိတ်မကောင်းစွာနဲ့ လက်ခံရတယ်။ ဒါပေမယ့်လည်း ဖြစ်ရပ်တွေကတော့ မသေချာခြင်းနိယာမရဲ့ ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 07

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 07 ဟော့ကင်းက သူ့ရဲ့ BLACK HOLE စာအုပ် အခန်း(၈)မှာ အိုင်းစတိုင်းအကြောင်း နည်းနည်း ရေးထားပါတယ်။ ရူပဗေဒပညာရပ်ဟာ သီအိုရီကြီး နှစ်ခုနဲ့ တည်ဆောက်ခဲ့တယ် – The two theories are the general theory of relativity and quantum mechanics. (Page-69) ဒီသီအိုရီကြီး နှစ်ခုဟာ အထွေထွေနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်မက္ကင်းနစ်သီအိုရီ များပဲ ဖြစ်ပါတယ်။ Tags: … Continue reading

Posted in Buddhism & Science, Frontpage | Tagged , , , , , | Leave a comment

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 06

သိပ္ပံပညာထဲက ဘ၀တစ်ခု -06 ဟော့ကင်းရဲ့ BLACK HOLE စာအုပ် အခန်းနံပါတ်(၇) မှာ – IS THE END IN SIGHT FOR THEORETICAL PHYSICS? – ဆိုပြီး ဆွေးနွေး တင်ပြထားတာ စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။ ရူပဗေဒ ဘာသာရပ်ဟာ သဘောတရားရေးရာအားဖြင့် အဆုံးစွန် နိဂုံးကို ထိုးဖောက် နိုင်တော့မည်လော၊ အောင်မြင်နိုင်တော့ မည်လား? ဆိုတဲ့ မေးခွန်းကို ဆွေးနွေထားခြင်း ဖြစ်ပါတယ်။ သူ့အမြင်ကတော့ Tags: BLACK … Continue reading

Posted in Buddhism & Science, Frontpage | Tagged , , , , | Leave a comment

Stephen Hawking -13

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း -13 On the Shoulders of Giants  ဆိုသော စာအုပ်မှာ Stephen Hawking က Edit လုပ်ခြင်းဖြစ်သည်။ ၄င်းပြင် Commentary အနည်းငယ် ရေးသားသည်ဟု ဖွင့်ဆိုထားသည်။ ၄င်းစာအုပ်၏ ပထမ စာမျက်နှာတွင် အောက်ပါအတိုင်း ရေးထားသည် – – – စတီဖင်ဟော့ကင်းသည် သဘောတရားရေးရာ ရူပဗေဒနှင့် ပတ်သက်၍ အိုင်းစတိုင်း ပြီးသည့်နောက် အထူးချွန်ဆုံးသော  ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။ Stephen Hawking is … Continue reading

Posted in Buddhism & Science, Frontpage | Tagged , | Leave a comment

Stephen Hawking -9

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း -9 နှိုင်းရသီအိုရီများကို တွေ့ရှိထုတ်ဖော်ခဲ့သော အိုင်းစတိုင်း သည် (၁၈၇၉)ခုနှစ်က ဂျာမနီ၌ မွေးဖွားခဲ့သူဖြစ်သည်။ (၁၉၀၅)ခုနှစ်တွင် စာတမ်းသုံးစောင် ပြုစုခဲ့ရာ ထိုစာတမ်းများသည် ကမ္ဘာ့ဦးဆောင်သူ သိပ္ပံပညာရှင်များ စာရင်းတွင် အိုင်းစတိုင်းအား သွတ်သွင်းစေခဲ့သည်။ အိုင်းစတိုင်း၏ သီအိုရီများသည် အချိန်အပေါ်လည်းကောင်း၊ ကာလ ဌာန အပေါ်၊ အမှန်တရားအပေါ် ကျွန်တော်တို့၏ နားလည်မှုများအား အတော်အသင့် အတိုင်းအတာအထိ ပြောင်းလဲစေနိုင်ခဲ့သည်။ သဘာဝ တရား၏ ဥပဒေသများသည် လွတ်လပ်စွာ ရွေလျှားလေ့လာနေသော ကြည့်ရှုလေ့လာ သူများအတွက် အားလုံးကို အတူတူ … Continue reading

Posted in Buddhism | Tagged | Leave a comment

Stephen Hawking – 7

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း – ၇ ဘလက်ဟိုလ်းဆိုသော  စကားလုံးသည် ၁၉၆၉ ခုနှစ်လောက်ကမှ John Wheeler ဆိုသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ နာမည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စောစောပိုင်းက သိပ်မထင်ရှားခဲ့ခြင်း ဖြစ်သည်။ ဘလက်ဟိုလ်း၏ အဓိပ္ပာယ်မှာ ထိုအရာမှ အလင်းရောင် မထွက်နိုင်ခြင်း ဖြစ်သည်။ အလင်းရောင်သည် အလျှင်မြန်ဆုံးဖြစ်ရာ ထိုအလင်းရောင်ပင်လျှင် လွတ်အောင် မရုန်းနိုင်၊ ထိုအခါ သူ့စက်ဝိုင်းထဲမှ မည်သည့်အရာမဆို လွတ်အောင် မရုန်းနိုင်။ ၄င်း၏အလင်းကို ၄င်းကိုယ်တိုင် ၀ါးမြိုလိုက်သဖြင့် ၄င်းသည် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

Stephen Hawking -6

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း – ၆ တစ်ချိန်က စက်ယန္တရားဆန်သော တရားသေ၀ါဒ ပေါ်ထွန်းခဲ့သေးသည်။ ထိုဝါဒကို Scientific Determinism ဟု နာမည်ပေးကြသည်။ အဓိပ္ပာယ်မှာ “… There should be a set of scientific laws that would allow us to predict everything that would happen in the universe, …” ဟူ၍ ဖြစ်သည်။ စကြ၀ဠာထဲ၌ … Continue reading

Posted in Buddhism & Science, Frontpage | Tagged , | Leave a comment

Stephen Hawking-5

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း -5 အိုင်းစတိုင်းသည် ကျော်ကြားသော E=MC2 ပုံသေနည်းကို ထုတ်ဖော်နိုင်ခဲ့သည်။ “E” သည် “Energy” ဖြစ်၍၊ “M” သည် “Mass” ဖြစ်ပြီး၊ “C” သည် “Speed of Light” ဖြစ်သည်။ ထို ဥပဒေသ၌ အလင်း၏ အလျှင်ထက် မည်သည့်အရာမှ ပိုမိုလျှင်မြန်စွာ မသွားနိုင်ရ ဟူ၍ ကန့်သတ် သတ်မှတ်သည်။ အားနှင့်ဒြပ် ညီသောအခါ – အားကြီးရန်လိုတိုင်း ဒြပ်ကြီးရမည် ဖြစ်သည်။ အိုင်းစတိုင်းသည် အစဉ်အလာ၏ … Continue reading

Posted in Buddhism & Science, Frontpage | Tagged | Leave a comment

Stephen Hawking -4

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း သိပ္ပံပညာရှင်ဟော့ကင်းသည် ဌာနနှင့် ကာလ အကြောင်းအရာများကို လေ့လာခဲ့လေသည်။ ထို အကြောင်းအရာများ နှင့်ပတ်သက်၍ သူ စာအုပ်တစ်အုပ်ရေးရန် ဆုံးဖြတ်ခဲ့သည်။ သူစိတ်ဝင်စားသော အကြောင်းအရာမှာ – စကြ၀ဠာသည် ဘယ်ကလာပါသနည်း? ဘာဖြစ်လို့ စတင်ဖြစ်ပေါ် လာခဲ့ပါသနည်း? ဘယ်လို ဖြစ်လာပါသနည်း? သူသည် တနေ့ပျက်မှာလား? ပျက်လျှင် ဘယ်လိုပျက်မှာလဲ? စသည့် မေးခွန်းများကို စိတ်ဝင်စားခဲ့သည်။ အဓိက ကတော့ စကြ၀ဠာ၏ ကံကြမ္မာနှင့် အရင်းအမြစ် The Origin and Fate of … Continue reading

Posted in Buddhism & Science, Frontpage | Tagged | Leave a comment