Tag Archives: ကွန်မြူနစ်

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 21

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၁) သာသနာတော် မြတ်ကြီးကတော့ အင်မတန် နက်ရှိုင်းပါတယ်။ ဂေါတမ မြတ်စွာဘုရား သာသနာမှာတော့​ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်က တပည့်သားသမီးကို ပညာပေးရတာ သွန်သင်ပေးရတာ အစဉ်အလာ ရှိပါတယ် – ထေရ၀ါဒလို့လည်း အမည်တပ်ကြပါတယ်။ ဉာဏ်ပညာ ကြီးတဲ့ပုဂ္ဂိုလ်က မိမိရဲ့တပည့်သားသမီးကို ဉာဏ်ပညာ ပေးတဲ့အခါကျတော့ တပည့်သားသမီး လုပ်သူက အချိန်သိပ်မကုန်ဘဲနဲ့ ပညာတွေ ရတတ်ပါတယ်။ ပညာရတော့ သူ့အတွက် ကံကောင်းတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ကျေးဇူးကန်းလို့ မရဘူး။ ဒီသာသနာမှာ ကျေးဇူးကန်းရင်တော့ ပေးတဲ့ပညာတွေက … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 08

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း ၀၈ နိဗ္ဗာနံပရမံသုခံ “နိဗ္ဗာန်မှာ ဘာမှ မရှိဘူး” ဆိုတာ မဟုတ်ပါဘူး။ နိဗ္ဗာန်မှာ ရှိတာ ရှိပါတယ်။ မရှိတာပဲ မရှိတာပါ။ ဥပမာ နိဗ္ဗာန်မှာ တဏှာမရှိဘူး၊ သောက ပရိဒေ၀မရှိဘူး၊ ရုပ်နာမ်မရှိဘူး၊ ဒုက္ခမရှိဘူး။ နိဗ္ဗာန်မှာ မရှိတာဟာ မရှိတာပဲ။ အဲ ရှိတာလဲ ရှိတာပဲ။ နိဗ္ဗာန်မှာ ချမ်းသာခြင်းရှိတယ်။ “နိဗ္ဗာနံပရမံသုခံ” တဲ့။ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းရှိတယ်။ “သမုဒ္ဒရာရေမှာ ငံသော အရသာရှိသကဲ့သို့ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းအရသာရှိတယ်” လို့ ဓမ္မဒိန္ဒာကိုယ်တိုင်ဟောခဲ့ ပါတယ်။ Tags: … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 06

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း အပိုင်း(၆) အောင်မြင်သောဗုဒ္ဓဘာသာတစ်ဦး လောကမှာ ဗုဒ္ဓဘာသာလည်း အောင်မြင်နိုင်တာပဲ။ သိပ္ပံပညာရှင်များလည်း အောင်မြင်တာပဲ။ အားကစားသမားများလဲ အောင်မြင်တာပဲ။ ကွန်ပြူတာစတဲ့ ပညာရှင်များ အတတ်ပညာရှင်များလည်း အောင်မြင်တာပဲ။ ဒီလိုပါပဲ ဗုဒ္ဓဘာသာများလည်း အောင်မြင်တာပါပဲ။ အောင်မြင်အောင်ကျင့်ရင် အောင်မြင်တာပါပဲ။ စာရေးသူက နှစ်ပေါင်း ၅၀ ကျော်ကျင့်ကြံလာတော့ မပျက်မကွက် ကျင့်ကြံလာတော့ ဒါ အောင်မြင်တာပဲ။ အောင်မြင်တယ်ဆိုတာ မဆန်းပါဘူး။ တစ်ချို့ကတော့ ကိုယ်တိုင်မကျင့်ဘဲနှင့် မနာလို ၀န်တို အဖျက်သဘော ဖျက်ကြတယ်။ ဒါပေမယ့် သူတို့ဖျက်ပေမယ့် ကိုယ့်အောင်မြင်ခြင်းက အောင်မြင်ခြင်းပါပဲ။ ဘယ်သူမှ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 13

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၃) “ပဉ္စက္ခဒဿနတော” ဟူသော စကားရှိသည်။ ပစ္စုပ္ပန်၌ရှုရမည်။ သစ္စာဝါဒီများ အနိစ္စရှုခြင်းသည် လွန်စွာ အဖိုးတန်သည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့အတွက် အနိစ္စရှုရန်ဖြစ်သည်။ စာအလိုရ “ပဉ္စက္ခဒဿနတော” ပင် ဖြစ်သည်။ ပစ္စုန်ပ္ပန်တည့်တည့် ရှုမြင်လိုက်ဖို့ အရေးကြီးသည်။ ထို့ကြောင့် ပစ္စုပ္ပန်၌ ရှုဖြစ်နေခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ ရှုခြင်းသည် မြတ်စွာဘုရား အလိုတော်ကျ ဖြစ်သည်။ အနိစ္စလက္ခဏာ တင်ခြင်းဖြစ်သည်။ တနည်အားဖြင့် ပယ်ခြင်း၊ သတ်ခြင်း၊ စွန့်ခြင်း၊ ဖြတ်ခြင်းပင် ဖြစ်သည်။ ဤအရာများက မဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက် … Continue reading

Posted in Buddhism | Tagged , , , , , , , | Comments Off on ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 13

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 11

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၁)           သစ္စာဝါဒီများ ဝိပဿနာကို ဝင်စားလေ့ကျင့် နေကြပြီဟု သဘောရပါသည်။ အချို့က တရားကျင့်ရမည်ကို ကြောက်သလိုလို၊ မကျင့်ဖြစ်သလိုလို၊ မကျင့်ဝံ့သလိုလို ဖြစ်တတ်ကြသည်။ ယင်းမှာ စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။ အမှန်က တရားဆို ကျင့်ရဲရမည်၊ ကျင့်တတ်ရမည်၊ ကျင့်နိုင်ရမည်၊ တရားကျင့်ခြင်းသည် လွန်စွာခက်ခဲ နက်နဲသော အလုပ်မဟုတ်ချေ။ လေကျင့်ခန်း တစ်ခုသာ ဖြစ်သည်။ ဥပမာ အိပ်ယာဝင်တွင် မိမိရုပ်နာမ် မြတ်စွာဘုရားလှူပြီး – “အနိစ္စပဲ၊ အားလုံးဟာ အနိစ္စပဲ၊ မြတ်စွာဘုရား ဟောတော်မူသောတရား သိပ်မှန်တယ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 08

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၈)           သစ္စာဝါဒီများကို ဝိပဿနာ အားထုတ်ရန် အားပေးနေပါသည်။ မှန်ကန်သော အားပေးမှုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျင့်နည်းကြံနည်းမှာ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း အနိစ္စလက္ခဏာ ဆင်ခြင်ရန်ပင် ဖြစ်သည်။ ထို့အပြင် ခေတ်မီနည်းအရ အကြံဉာဏ် ပေးသူကိုယ်တိုင် ကျင့်ကြံအားထုတ် အလုပ်လုပ်ပြီးနောက် ထိုက်သင့်သလောက် ပေါက်မြောက်ခဲ့သောကြောင့် သစ္စာဝါဒီများအား အကြံဉာဏ်  ပေးခြင်းမှာ မှန်ကန်သင့်တော်သည်ဟု တင်ပြခြင်း ဖြစ်ပါသည်။ အချို့ကတော့ မကျင့်၍ ကန့်ကွက်ချင် ကန့်ကွက်ကြပေမည်၊ ဥပေက္ခာ ပြုလိုက်ပါ။ သူတို့သည် မကျင့်ဘူးသောကြောင့် ကျင့်ခြင်း၏ … Continue reading

Posted in Buddhism | Tagged , , , , | Comments Off on ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 08

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 07

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၇)           ကျင့်ကြံအားထုတ်ခြင်းသည် အောင်မြင်မှုကို ဖြစ်စေသည်။ မြတ်စွာဘုရား စေခိုင်းတော် မူသည့်အတိုင်းသာ မှန်ရာကန်ရာ ကျင့်ဖို့အရေးကြီးသည်။ အမှန်အကန် ကျင့်လျှင်မူ အောင်မြင်မှု ပန်းတိုင်ကို လက်ဆုပ်လက်ကိုင် လှမ်းကိုင်နိုင်သည်။ `        ဤစကားကို စိတ်ကူးယဉ်၍ ပြောနေခြင်းမဟုတ် ကိုယ်တိုင် အနှစ်ငါးဆယ်ဝန်းကျင် ကျင့်ကြံအားထုတ်ပြီးမှ ပြောသောစကား ဖြစ်သည်။ ဤကဲ့သို့သော စကားမျိုးကိုပြော၍ သစ္စာဝါဒီများကို အားပေးရမည်။ ဗုဒ္ဓဘာသာများကို အားပေးရမည်၊ ဗုဒ္ဓဘာသာဟူသည် မအောင်မြင်သော ပုဂ္ဂိုလ်များသာ ဖြစ်သည်ဟု မည်သူက ပြောဆိုဝံ့ပါမည်နည်း — ဗုဒ္ဓဘာသာသည် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 2

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၂)     မြန်မာ ဗုဒ္ဓဘာသာတို့သည် လူညံ့များ မဟုတ်ကြပါ။ ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒကို နှံစပ်အောင် ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်များ အမြောက်အများ ရှိပါသည်။ မိမိကတော့မူ ပဋိပတ္တိရှုထောင့်မှ ဖော်ပြလေ့ရှိပါသည်။ ကိုယ်တိုင်လည်း ဆရာကောင်း သမားကောင်းထံ တပည့်ခံခဲ့ဖူးသည်။ ကိုယ်တိုင်လည်း ကျင့်ခဲ့ဖူးသည်။ ထို့ကြောင့် ပဋိပတ္တိလိုင်းမှ ကိုယ်သန်ရာမှ ဤလောကကို အလှဆင်ရန် ကြိုးစားပါလိမ့်မည်။ မိမိ၏ ကျင့်အားသည် အခါအားလျော်စွာ နှစ်ပရိံစ္ဆေရ ကြာညောင်း ရင့်ကျက်သဖြင့် ဤကိစ္စကို ပြောစရာ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြန်မာနိုင်ငံနှင့်ကွန်မြူနစ် လားလားမှမဖြစ်ပါ —

မြန်မာနိုင်ငံနှင့်ကွန်မြူနစ် လားလားမှမဖြစ်ပါ — မြန်မာနိုင်ငံ၌ ကွန်မြူနစ် အသံပလံများ အနည်းငယ် ကြားရသည်။ ဤကိစ္စကို ပြည်သူလူထုများ သတိထားရမည်။ မြန်မာနိင်ငံနှင့် ကွန်မြူနစ်သည် လုံးဝမအပ်စပ်ပါ။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အဓိက ဖြစ်သည်။ ဗုဒ္ဓဘာသာကို တိုက်ဖျက်လိုသော ကွန်မြူနစ်များအား အခွင့်အရေးပေး၍ မရပါ။ ဤကိစ္စကို တိုင်းသူပြည်သားများ ကြိုတင်ဆင်ခြင် စဉ်းစားသင့်လေသည်။ ကိုယ့်ရှိတဲ့ ပိုက်ဆံကို ဝေမည် မအောင်းမေ့ဘဲ     ဘုရားကရွှေတွေကို ခွာပြီးတော့ ဝေမယ်ဆိုတဲ့ စိတ်ကူးမျိုးဟာ ဦးနှောက်ပျက်တဲ့ စိတ်ကူးမျိုပဲ ဖြစ်တယ်။ ဒီလို … Continue reading

Posted in Buddhism | Tagged , | Comments Off on မြန်မာနိုင်ငံနှင့်ကွန်မြူနစ် လားလားမှမဖြစ်ပါ —

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု

မြန်မာနိုင်ငံထဲက အောင်မြင်သော ဘ၀တစ်ခု အပိုင်း(၃) ကမ္ဘာ့အလယ်မှာ မြန်မာတွေက ရိုးသားတယ်။ ရိုးသားတာကိုတော့ ကျွန်တော်လည်း ထောက်ခံတယ်။ ဒါပေမယ့် ‘အ’ တာကိုတော့ မထောက်ခံဘူး။ မြန်မာတွေက တစ်ချို့နေရာတွေမှာ ‘အ’ တယ်လို့ပဲ ကျွန်တော်တော့ ခံယူမိတယ်။ ကျွန်တော်လည်း မြန်မာပဲ၊ ကျွန်တော်လည်း တစ်ချို့နေရာတွေမှာ ‘အ’ တယ်။ ဒါပေမယ့် ကျွန်တော် အသက်ရလာတဲ့ အခါကျတော့ ကျွန်တော် မအ ဖို့ ကြိုးစားတယ်။ ရိုးသားဖို့လည်း ကြိုးစားတယ်၊ မအ ဖို့လည်း ကြိုးစားတယ်။   … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ခန္ဓာနိယောဓေါနိဗ္ဗာနံ

ခန္ဓာနိယောဓေါနိဗ္ဗာနံ   နိဗ္ဗာန်မှာ ခန္ဓာချုပ်ရတယ်။ အကျင့်မရှိတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်မှာ ခန္ဓာမချုပ်ဘူးလို့ ယူဆကြတယ်။ အဘိဓမ္မာစာအုပ် တစ်အုပ်ထဲမှာ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့ စိတ်ကလေးလို့ ပေါ်ပေါ်ထင်ထင် ရေးခဲ့ဖူးတယ်။ ခက်တာက အဘိဓမ္မာကို ကြည်ညိုတယ် ဆိုပြီးတော့ ကိုယ့်အတ္တကို ကြည်ညိုနေကြတာက ဝမ်းနည်းစရာ တော်တော်ကောင်းတယ်။ အဘိဓမ္မာကို ကြည်ညိုရင် အဘိဓမ္မာကို ကြည်ညိုဖွယ် ကောင်းအောင်ယူရမယ်။ အဘိဓမ္မာကို ရှေ့နောက် မညီညွှတ်အောင် လုပ်စားနေကြတာကတော့ အဘိဓမ္မာကို မကြည်ညိုရာမကဘူး သာသနာဖျက်နေကြတယ်လို့ပဲ ယူဆစရာ Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment

ဗုဒ္ဓဘာသာ၏အနေအထား

ဗုဒ္ဓဘာသာ၏အနေအထား ဗုဒ္ဓဘာသာ၏ မြင့်မြတ်သော အနေအထားကို အလိုက်မသိသော ကမ္ဘာသို့ အနည်းငယ် တင်ပြ၊ ဖော်ပြလိုပါသည်။ ဗုဒ္ဓဘာသာသည် သီလ၊ သမာဓိ၊ ပညာ တည်ဆောက်ရသော ဘာသာရပ် ဖြစ်သည်။ တနည်းအားဖြင့် စင်ကြယ်သော သီလ၊ တည်ငြိမ်သော သမာဓိနှင့် မြော်မြင်ဆင်ခြင်သော ပညာကို တည်ဆောက်ရသော ဘာသာဖြစ်သည်။ ဤသို့ ကျင့်ရာ၌ လွန်စွာ သိမ်မွေ့သည်။ သိမ်မွေ့လွန်း အားကြီး၍ ဆန့်ကျင့်ဘက်ဝါဒ သမားများ၏ ထိုးနှက်ချက်ကိုပင် ခံရသည်။ ဥပမာ – ဗုဒ္ဓဘာသာ တစ်ယောက် အောင်မြင်လျှင် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မြန်မာတွေအလုပ်လုပ်ရမယ်

မြန်မာတွေအလုပ်လုပ်ရမယ် မြန်မာတွေ အလုပ်လုပ်ဖို့ လိုတယ်။ ဆင်းရဲရင်လည်း ဆင်းရဲတယ်၊ ဆင်းရဲတယ်လို့ ပြောနေရုံနဲ့ မပြီးဘူး၊ ကိုယ်ကလည်း အလုပ်လုပ်ရမယ်။ ဆင်းရဲတယ်၊ ဆင်းရဲတယ်လို့ ညည်းနေရင် ကွန်မြူနစ်ကို နေရာပေးရာကြမယ်။ ကွန်မြူနစ်က ၀င်ပြီးတော့ လူစွာလုပ်သွားမယ်၊ ကွန်မြူနစ်က ၀င်ပြီးတော့ မှိုင်းတိုက်သွားမယ်။ ဒါ့ကြောင့် ဆင်းရဲတယ်၊ ဆင်းရဲတယ်လို့ ညည်းနေရုံနဲ့ မပြီးဘူး။ အလုပ် လုပ်ရမယ်၊ အလုပ် လုပ်မှ ဆင်းရဲတွင်းကနေ ထွက်နိုင်မယ်။ ကွန်မြူနစ်ဆိုတာ သူတို့ အစိုးရ မလုပ်ရရင် မဲမဲမြင်ရင် ရန်လိုပြီး ပစ်တဲ့ … Continue reading

Posted in Frontpage | Tagged , | Leave a comment

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း ဘုရားသုံးဆူ ဆိုသော်လည်း ဘုရားသုံးဆူ မုဒ်ဦးသုံးခု သို့သော် အထဲမှာ တစ်ဆူတည်းကဲ့သို့ စင်္ကြန်အရှည်ကြီး ထူးထူးဆန်းဆန်း တည်ဆောက်ထားသည်။ ပို၍ထူးဆန်းသည်မှာ လက်ယာဘက်ပိုင်း နှစ်ဆူမှာ ဆေးရေးပန်းချီ ရှိသော်လည်း၊ လက်ဝဲဘက်ပိုင်း တစ်ဆူမှာ ဆေးရေးပန်းချီ မရှိဘဲ ပလိန်းကြီး ဖြစ်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံပါတ်အနေနှင့်မူ လက်ယာဘက်စွန်းက (၄၇၇) ဖြစ်၍၊ အလယ်မှာ (၄၇၈)၊ လက်ဝဲဘက်အဆုံးမှာ (၄၇၉) ဟူ၍ မှတ်တမ်းများ ရှိသည်။ နိုင်ငံခြားသားများ စိတ်ဝင်စားကြသည်ဟု နာမည်ကြီးသည်။ မျက်နှာချင်းဆိုင် မျက်စောင်းထိုးမှာ သမ္ဘူလဘုရားရှိ၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

သောတာပန်အလောင်းအလျာအသင်း

သောတာပန်အလောင်းအလျာအသင်း သောတာပန်အလောင်းအလျာ အသင်း – ဒီအသင်းဟာ တော်တော်လေး လှုပ်ရှားနေတယ် .. .. ဟိုတစ်လောက MRTV – 4 ကတောင်မှ အဗျူးခံရတယ်။ ဗုဒ္ဓဘာသာမှာ စတန့်ထွင်ချင်တဲ့ သဘောတွေ ပေါ်ထွန်းလာတာ မူလဘူတ ဗုဒ္ဓဘာသာကို မလေးစားရာကျတယ် .. .. ဒီအသင်းက သောတာပန် အလောင်းအလျာတွေနဲ့ သောတာပန်ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို စစ်ပေးမယ် ပြောတယ် – စစ်တဲ့သူကို မေးချင်ပါတယ် — စစ်နိုင်တဲ့ အရည်အချင်း တကယ်ရှိသလား?  .. .. … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment