Tag Archives: ကိုယ့်အတ္တ

အရိယာများ၏အရည်အခြင်း

Share

အရိယာများ၏အရည်အခြင်း အရိယာများသည် သူမတူအောင် တော်ကြသည်။ ပုထုဇဉ်များထက် သာလွန်သော အရည်အခြင်းများ အမြောက်အမြားရှိသည်။ အရိယာများသည် နားလည်တတ်သည်၊ ခွင့်လွှတ်တတ်သည်၊ အကြောင်းအကျိုး မြော်မြင်ဆင်ခြင်တတ်သည်၊ သည်းခံရောင်ရဲတတ်သည်၊ အရည်အခြင်း တော်တော်များများ ကောင်းမွန်စွာ တည်ရှိသည်။ အရိယာများသည် နှလုံးသွင်းတတ်သည်။ ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးကို တုန့်ပြန်ရာ၌ “ယောနိသော မနသိကာယ” ဆိုသကဲ့သို့ နှလုံးသွင်း မှန်ကန်စွာ သဘောထား၍ Tags: Buddhism, Myanmar Posts, ကိုယ့်အတ္တ, ဗုဒ္ဓဘာသာ, သာသနာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 08

Share

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း ၀၈ နိဗ္ဗာနံပရမံသုခံ “နိဗ္ဗာန်မှာ ဘာမှ မရှိဘူး” ဆိုတာ မဟုတ်ပါဘူး။ နိဗ္ဗာန်မှာ ရှိတာ ရှိပါတယ်။ မရှိတာပဲ မရှိတာပါ။ ဥပမာ နိဗ္ဗာန်မှာ တဏှာမရှိဘူး၊ သောက ပရိဒေ၀မရှိဘူး၊ ရုပ်နာမ်မရှိဘူး၊ ဒုက္ခမရှိဘူး။ နိဗ္ဗာန်မှာ မရှိတာဟာ မရှိတာပဲ။ အဲ ရှိတာလဲ ရှိတာပဲ။ နိဗ္ဗာန်မှာ ချမ်းသာခြင်းရှိတယ်။ “နိဗ္ဗာနံပရမံသုခံ” တဲ့။ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းရှိတယ်။ “သမုဒ္ဒရာရေမှာ ငံသော အရသာရှိသကဲ့သို့ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းအရသာရှိတယ်” လို့ ဓမ္မဒိန္ဒာကိုယ်တိုင်ဟောခဲ့ ပါတယ်။ Tags: … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -4

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) တရားတော်ကို မည်မျှမြတ်နိုးကြသနည်း အပိုင်း(၂) အလောင်းတော်တောထွက်ခန်းမှာ မိမိတို့တတွေ သင်ခန်းစာယူရမှာက ဒီအချက်ပါပဲ။ ကောင်းတဲ့အကြံအစီတစ်ခုကို မိမိရဲ့ရင်မှာ ကိန်းလာပြီဆိုရင် ဒီအသိအတိုင်း ချက်ချင်းအကောင် အထည်ဖော်ဖို့၊ အချိန်မဆွဲဖို့ အင်မတန်အရေးကြီးပါတယ်။ အချိန်ဟာ အင်မတန် တန်ဖိုးရှိပါတယ်။ အချိန် စောစော တရားပေါက်မြောက်လျှင် မိမိအတွက်ချမ်းသာသလို မိမိနဲ့ပတ်သတ်တဲ့ ပုဂ္ဂိုလ်တွေပါ ကူးစက် ပြန့်နှံနိုင်ပါတယ်။ ဒီတော့ တရားဆိုတာ အချိန်စောစွာ ပြီးပြည့်စုံလျှင် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ 2

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ   ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အပိုင်း(၂) ၀ိပဿနာအရာ၌ ဆရာကောင်းလိုအပ်သည်။ စာရေးသူ၌ ဆရာကောင်းရှိခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အကြံပေး အပြုသဘော တရားစာများကို စာရှုသူတို့၊ ဓမ္မမိတ်ဆွေတို့အား ရေးသားပေးနိုင်ခြင်း ဖြစ်သည်။ တရားရှာ ခန္ဓာမှာတွေ့ရသည်။ အတွေ့ခံတရားမှာ ရုပ်နာမ်ဒုက္ခ ဖြစ်သည်။ တွေ့သောတရားမှာ အသိဉာဏ်ပညာ ဖြစ်သည်။ အသိဉာဏ်ပညာကို ဘုရားဟောတရားတော်များမှ လေ့ယူပါ။ ထုံယူပါ။ နာကြားပါ။ ဆင်ခြင်၍ ရယူပါ။ သို့မဟုတ် … Continue reading

Posted in Buddhism | Tagged , , , , , , , | 2 Comments

အနှစ်သာရနဲ့အသွင်သဏ္ဍန်

Share

အနှစ်သာရနဲ့အသွင်သဏ္ဍန် သာသနာမှာ တစ်ချို့ မအောင်မြင်တာကို သုံးသပ်ကြည့်တော့ – သူတို့က ဆရာကောင်း မရှိတာ၊ လစ်ဟင်းနေကြတာ။ ဆရာကောင်း ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ့်ဆရာက ကိုယ့်ကို ဘာသင်လဲဆိုတာ အတိအကျ ပြောနိုင်တာပေါ့။ ကျွန်တော်ဆို ကျွန်တော့်ဆရာက “ပေါ်စိတ် အပျက်ရှုကွာ” လို့ မိန့်တယ်။ ကျွန်တော်လည်း ရှုတာပဲ၊ ဒီတော့ ကျွန်တော်လည်း တော်လာတာပေါ့နော် – စိတ်ကို နိုင်လာတာပေါ့လေ။ တော်တော်များများက ဆရာကောင်း မရှိတော့ သူတို့ဆရာ သူတို့ကို ဘာသင်တယ်ဆိုတာကို မပြောနိုင်ဘူး။ ဒီတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , , , | Leave a comment