Tag Archives: ကမ္ဘာ

လက်တွေ့ကျင့်ကြံအားထုတ်မှု၏တန်ဖိုး

Share

လက်တွေ့ကျင့်ကြံအားထုတ်မှု၏တန်ဖိုး ဗုဒ္ဓဘာသာသည် လက်တွေ့ကျင့်ကြံအားထုတ်မှုကို လွန်စွာ ဦးစားပေး ရှေ့တန်းတင်ခဲ့သည်။ မြတ်စွာဘုရား၏ တရားတော်သည် — “လာပါ လက်တွေ့ကျင့်စမ်းပါ၊ အကျိုးရှိစေရမည်” ဟူသော သဘောဖြင့် ဖိတ်ခေါ်ခဲ့ဖူးသည်ကို ထောက်ထားလျှင် လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းနှင့် ဗုဒ္ဓဘာသာ အဆိုအဆုံးမတို့သည် ဒွန်တွဲလျှက်ရှိကြောင်း သိသာသည်။ ဤအချက်ကို သိပ္ပံပညာရှင်များ နားမလည်ချေ။ သို့သော် သိပ္ပံပညာရှင်များကို ဗုဒ္ဓဘာသာဝင်များက နားလည်ပေးရသည်။ အဘယ့်ကြောင့်ဆိုသော် သိပ္ပံပညာရှင်သည် သူ့ကမ္ဘာအတွင်းတွင်သာ သူ ၀င်စား ကျက်စားသောကြောင့်ဖြစ်သည်။ သူ့ကမ္ဘာ ၏ အပြင်ဘက်သို့ သိပ္ပံသည် မထွက်ချေ။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

တွေ့မြင်သိနှင့်ထင်မြင်မှန်းဆအသိ

Share

တွေ့မြင်သိနှင့်ထင်မြင်မှန်းဆအသိ သစ္စာဝါဒီများ နှစ်သစ်အခါကြီး ရက်ကြီးမှာ ‘အခါကြီး ရက်ကြီး’ ကိုပြောလို့ ၀ိပဿနာသမားက ပြောရသလား?? လို့ – ဆိုတဲ့ အတွေး ၀င်ချင်လည်း ၀င်နိုင်ပါတယ်။ ပြောရပါတယ် သစ္စာဝါဒီများ .. .. ‘အခါကြီး ရက်ကြီး’ ‘အခါလေး ရက်လေး’ ခွဲရသလား ပြောရင် – ခွဲရတယ်လို့ပဲ ပြောရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သစ္စာဝါဒီများ တစ်ခုဆင်ခြင်ကြည့်ပါ .. .. မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားလောင်း ဘ၀က ဘုရားဖြစ်ဖို့အတွက် ဗောဓိပင်နဲ့ရွှေပလ္လင် မအောင်မြင်ခင်မှာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်

Share

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်   သစ္စာဝါဒီများ .. .. ကျွန်တော် ဒီကိစ္စကို အကျယ်တ၀င့်တော့ မပြောသေးပါဘူး .. .. အကျဉ်းနဲ့ နိဒါန်းလောက် ပြောပြထားချင်တယ်။ လောကကြီးမှာ သီလ သမာဓိ ပညာနဲ့ ထိုးထွင်းဆင်ခြင် သိမြင်နိုင်တဲ့အရာတွေ ရှိပါတယ်။ ဒီလို ရှိနေပေမယ့် – အကြားအမြင် ယောင်ဝါးတွေက ပြောချင်ရာတွေ လျှောက်ပြောပြီး ဘောက်ချီးတွေဖြစ်နေတော့ လောကကြီးက အကြားအမြင်ဆိုရင်ကို နည်းနည်းစိတ်ပျက်တာပေါ့နော် .. .. ထင်တာတွေ မှန်းတုတ် ရမ်းတုတ် ဖြစ်နေတာကိုး။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မ​ဂၤ​လာ​ရွိ​ေ​သာ​စ​ကားမ်ား (၁)

Share

မင်္ဂလာရှိသောစကားများ (၁) သစ္စာဝါဒီများ .. .. မင်္ဂလာရှိတဲ့ အခါကြီး ရက်ကြီးမှာ မင်္ဂလာရှိတဲ့ စကားတွေ ပြောချင်တယ်။ ရုပ်ရဲ့ အလွန်မှာ စိတ်ရှိတယ်၊ နာမ်ရှိတယ်ပေါ့၊ နာမ်ရဲ့ အလွန်မှာ ဉာဏ်ရှိတယ်။ ဉာဏ်ကျတော့ လောကုတ္တရာပေါ့နော် .. .. ဒီတော့ လောကရဲ့ အလွန်မှာလည်း လောကုတ္တရာရှိတယ်၊ (၃၁) ဘုံရဲ့ အလွန်မှာ နိဗ္ဗာန်ရှိတယ်၊ သင်္ခတရဲ့ ဟိုမှာဘက်မှာ အသင်္ခတရှိတယ်။ အသင်္ခတဆိုတော့ အနုတ္တရပေါ့နော် .. .. ဒါတွေက ရှိတာပဲ .. … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , , , | Leave a comment

ဓမ္မဓိဌာန်ကျသောအဆုံးအဖြတ်ဟူသည်

Share

ဓမ္မဓိဌာန်ကျသောအဆုံးအဖြတ်ဟူသည် ယောဂီများ .. .. သူတော်ကောင်းကြီးတွေအကြောင်း ဆက်ကြအုံးစို့ .. .. စာရေးသူ ဘ၀နဲ့ချီပြီး တက္ကသိုလ်မှာ ဘ၀နဲ့ချီပြီး ဓမ္မဓိဌာန်ကျတဲ့ အမြော်အမြင်ကို လေ့လာခဲ့တယ်။ ဒါပေမယ့် မိမိ ကိုယ်တိုင်ကတော့ မတွေ့ခဲ့ဘူး။ ပုဂ္ဂလိက ဆန္ဒစွဲတွေနဲ့ ရောယှက်နေတဲ့ အမြင်တွေကိုတော့ သွန်သင်ခဲ့ရပါတယ်၊ ဒါပေမယ့် ဓမ္မဓိဌာန်ကျတဲ့ အမြင်ကို ပီပီပြင်ပြင် မတွေ့ခဲ့ရဘူး။ တက္ကသိုလ်က ထွက်လာပြီး ရဟန္တာကိုယ်တော်မြတ်ကြီးတွေကို ဖူးတွေ့ပြီး အဆိုအဆုံးအမ ခံယူတော့မှ ဓမ္မဓိဌာန်ကျတဲ့ အဆိုအဆုံးမတွေ၊ ဓမ္မဓိဌာန်ကျတဲ့ အဆုံးဖြတ်တွေကို နာကြားခွင့်ရတယ် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ရဲရဲရင့်ရင့်ပြောကြားချက် .. ..

Share

ရဲရဲရင့်ရင့်ပြောကြားချက် .. .. ယောဂီများ – ဗုဒ္ဓဘာသာတိုင်းကတော့ မြတ်စွာဘုရားကို ကြည်ညိုကြတာပါပဲ .. .. ဒါပေမယ့် အလုပ်နဲ့ မကြည်ညိုတတ်ရင် စိတ်မချရတဲ့သဘောလို့ မိမိကတော့ ဒီလိုပဲ ခံယူနားလည် ထားမိပါတယ်။ မိမိတို့ဆိုတာကတော့ သူလို ကိုယ်လို မြတ်စွာဘုရားကို ကြည်ညိုတာပဲ။ ဒါပေမယ့် ကိုယ်က လက်တွေ့ကျင့်တဲ့ အခါကျတော့ မြတ်စွာဘုရားကို အရမ်းကြည်ညို သွားတာပါပဲ။ ကြည်လည်း ကြည်ညိုတတ်တဲ့သဘော ဖြစ်သွားတာပေါ့။ ကိုယ်က ကြည်ညိုတတ်တယ်ဆိုတော့ သူများက မကြည်ညို တတ်ဘူးလိုလို ဘာလိုလို ဖြစ်သွားတာပေါ့လို့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , | 4 Comments

ကမ္ဘာသိစေချင် .. ..၆

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၆) စတင်နေတော့ တခါတခါမှာ ကျွန်တော်ကိုယ်တိုင် ဘယ်လောက်သိသလဲ .. .. ကျွန်တော်တောင် ဒီလောက်သိတာ ကျွန်တော့ ဆရာ ဘယ်လောက်သိမလဲ မှန်းပါဆိုတဲ့ သဘောနဲ့ ကျွန်တော်သိတာလေးတွေ ပြောရတာပါ။ ကျွန်တော်ကတော့ တရားကို သိတာကိုး .. .. ဒီတော့ ကျွန်တော်က ရှင်းရှင်းလင်းလင်း ပြောတတ်တယ်။ နိဗ္ဗာန်အကြောင်းလည်း ပြောနိုင်တယ် –  နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ ဒီရုပ်နာမ်နဲ့ မဟုတ်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ .. .. (ဒါတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | 2 Comments

ကမ္ဘာသိစေချင် .. ..၅

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၅) အခုဆို ဆရာသင်ထားတော့ ကျွန်တော်တတ်နေတယ်။ ဒါတတ်တာကို ကျွန်တော် ပီပီသသ သိပ်မပြောနိုင်သေးပါဘူး။ ဆရာပို့ချခဲ့တဲ့ ပညာရပ်ဟာ သိပ်စစ်မှန်လွန်း အားကြီးတဲ့အခါ သိပ်မလိုက်နိုင် ကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ၀န်ခံတယ် လောကီမတတ်ဘူး၊ ကျွန်တော် စီးပွားရေးလည်း မလုပ်တတ်ဘူး၊ နိုင်ငံရေးတွေ ဘာတွေလည်း ၀ါသနာ မပါဘူး၊ ဘာမှမလုပ်ဘူး ထားပါတော့၊ ကျွန်တော် တခြား ဆောက်လုပ်ရေးတွေ  ဘာတွေလည်း မတတ်ဘူး၊ ကျွန်တော်က ၀ိပဿနာပဲ လောကုတ္တရာပဲ၊ ၀ိပဿနာတော့ ကျွန်တော်ကျွမ်းတယ် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment

ကမ္ဘာသိစေချင် .. ..၎

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၄) ဆရာမြတ်ကြီးနဲ့ ကျွန်တော်က – ဆရာ့ကိုလည်း ကျွန်တော်က ယုံတော့ ကျွန်တော်က စွန့်လိုက်တာပေါ့၊ စွန်တဲ့အခါ ကျွန်တော်လည်း လူသာမာန်ပါပဲ စွန့်တော့ ကျွန်တော့ ရင်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ ရှိတယ်။ ကျွန်တော် အဲဒါကို အနိစ္စရှုတယ်၊ အနိစ္စရှုတော့ ပျက်သွားတော့ ပျော်လိုက်တာ သုံးနှစ် လေးနှစ်လောက် ရှုလိုက်ရတယ် ပြီးသွားတာပဲ။ ကျွန်တော် အောင်မြင်သွားတာ သိပ်ဝမ်းသာတာ။ အဲဒီတုန်းကများ .. .. ငါအောင်ပြီ။ ဒီကိစ္စ  အောင်မြင်ရင် အားလုံးကို … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ကမ္ဘာသိစေချင် .. ..၃

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၃) ကျွန်တော်တို့ကို မြတ်စွာဘုရား ဟောတာက သစ္စာတရားရဖို့အတွက် နည်းလေးမျိုးပါပဲ။ ဆရာက ကျွန်တော်တို့ကို နည်းလေးမျိုးကို ရိပ်မိအောင် သင်ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ဝေဒနာနုပဿနာရယ်၊ စိတ္တာနုပဿနာရယ်၊ ဓမ္မာနုပဿနာရယ် ရှုပါတယ်.. .. ကာယနုပဿနာကတော့ understood ပေါ့လေ .. .. (ဒါကတော့ သိပ်ကြီးကျယ်တဲ့ ကိုယ်တော်မြတ်ကြီးတွေ ရှုတယ်ဆိုတော့ ….)ကျွန်တော်တို့က ဝေဒနာနုပဿနာကို ပထမရှုပါတယ်။ ဒါကြောင့် ကျွန်တော်က ဒါကို ရင်ဆိုင်နိုင်တယ် .. .. တကယ်လို့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ပေတံတွေ မှားနေကြတယ် .. ..

Share

ပေတံတွေ မှားနေကြတယ် ကျွန်တော်ကတော့ ပေတံတွေ မှန်စေချင်ပါတယ် .. .. ဒါ မေတ္တာပါ။ အခုတော့ ပေတံတွေ မှားနေတာကို သိရတယ် .. .. ကျွန်တော် အနည်းငယ် တင်ပြပါ့မယ်။ တစ်ချိန်က အင်တာနက်မှာ ၀ိဟာရီ အမည်ခံတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီလိုပြောတယ် .. .. “မိုးကုတ်ဆရာတော်ဘုရားကြီး လက်ထက်ကနေ ဒေါက်တာချစ်ငယ်အထိ နိဗ္ဗာန်ကို အများလက်ခံ နိုင်အောင် မပြောပြနိုင်ပါဘူး” လို့ ပြောတယ်။ ကျွန်တော် ဒါကိုတွေ့တဲ့အခါ ပြန် တုန့်ပြန်ခဲ့တယ် .. … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , | Leave a comment

ကမ္ဘာသိစေချင် .. .. ၂

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၂) ဒီခေတ်က သိပ်နှိမ့်ချပြောတိုင်းလည်းပဲ မဟုတ်ဘူး။ ဒါ ကျွန်တော့ အမြင်ပေါ့ .. .. တချို့ ကတော့လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်မှပဲ သူတို့က အားရတာပေါ့လေ။ ရဲရင့်တယ်၊ မှန်ကန်တယ်ဆိုပြီး ယုံတယ် .. .. အဲဒါမျိုးလည်းရှိတယ်။ နှိမ့်ချတော့လည်း သိမ်သိမ်မွေ့မွေ့နဲ့လို့ အထင်ခံရပေမယ့် – တချို့နေရာကျတော့လည်း .. .. အမျိုးမျိုးပါပဲ။ ဒီတော့ ကျွန်တော်က ဆရာ့ရဲ့ လောကုတ္တရာ အသွန်အသင်တွေ ရပြီးတော့ – လောကီမှာတိုးလာတဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ကမ္ဘာသိစေချင် .. .. (၁ – က)

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၁) – အဆက် ဘွဲ့ရပြီးတဲ့နောက် မဟာဝိဇ္ဇာ Qualify ပေါ့ .. .. Qualify class ကို အောင်ပြီးမှ M.A ဖြေတာ .. .. M.A လည်း ရေးဖြေပေါ့ .. .. အဲဒီတော့ ဖြတ်သန်းရပါတယ် ဆရာလုပ်ရင်းနဲ့ .. .. နောက်မှ Thesis တင်ပြီးတော့ အောင်သွားတယ်။ ကျွန်တော့ Thesis ကတော့ Science နဲ့ ပတ်သက်ပါတယ်။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ကမ္ဘာသိစေချင် .. .. (၁)

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၁) လူတွေကတော့ ငယ်ရာက ကြီးလာကြတာပေါ့နော် .. .. ဒီလိုပဲပြောရမှာပဲ။ အထူးသဖြင့် သိပ္ပံပညာနယ်ပယ်မှာတော့လည်း ကျဉ်းမြောင်းရာက ကျယ်ပြန့်လာတယ်ပေါ့၊ တိမ်ရာက နက်လာတယ်ပေါ့၊ တဖြည်းဖြည်းနဲ့ သမိုင်းလှည်းဘီးကြီးဟာ ရှေ့ တရွေ့ရွေ့ သွားလာတော့ အတွေ့အကြုံတွေ ရလာတော့ လူတွေက အသိပညာတွေလည်း လောကီမှာ ပေါ့နော် .. .. တိုးတက်လာကြတယ်။ အဲဒီလို တိုးတက်နေတဲ့ ခေတ်ထဲမှာ ကျွန်တော်တို့လည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ပြီးတော့ လူသားတွေ ဖြစ်လာတဲ့ သဘောပါပဲ။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်း

Share

ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်း ဤနေရာတွင် အလျှင်းသင့်၍ ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်းကို အနည်းငယ် ပြောပေးပါမည် – ဗုဒ္ဓဘာသာသည် လောကုတ္တရာဖြစ်၍ လွန်စွာ နက်ရှိုင်းသည်ဖြစ်ရာ အောင်မြင်သူ နည်းသည်။ သိပ္ပံသည် လောကီဖြစ်၍ လိုက်စားသူများရာ အောင်မြင်သူများသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံထက် ပိုမိုနက်ရှိုင်းစွာ မှန်ကန်သော်လည်း အမည်ခံသူများ အကျင့်အကြံ နည်းမှုကြောင့် Tags: Buddhism and Science, Myanmar Posts, ကမ္ဘာ, သိပ္ပံ, အပျက်, လောက, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , , | Leave a comment