Tag Archives: ကမ္ဘာ

မြတ်ဗုဒ္ဓသာသနာကမ္ဘာသို့ပြန့်စေလိုလျှင်

မြတ်ဗုဒ္ဓသာသနာကမ္ဘာသို့ပြန့်စေလိုလျှင် ဗုဒ္ဓဘာသာသည် အမှန်သစ္စာကို ဖော်ကျူးသည်။ ထို့ကြောင့် ကမ္ဘာသူ ကမ္ဘာသားများ နာကြား လိုက်နာလျှင် အကျိုးရှိမည်ဟု နားလည်နိုင်သည်။ သို့သော် ကမ္ဘာသူ ကမ္ဘာသားများသည် လောကုတ္တရာကို မလိုက်ပါ၊ လောကီနှင့်သာ အချိန်ကုန်နေကြသည်။ ထို့နောက် သူတို့၌ သိပ္ပံအသိပညာ လွန်စွာ လွှမ်းမိုးသည်။ ဗုဒ္ဓဘာသာ အကြောင်းကို သူတို့အား ဟောပြောသောအခါ အစဉ်အလာ အင်္ဂလိပ်စာဖြင့် အလွတ်ကျက်၍ ဟောရန်မူ မအောင်မြင်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ပညာကို သူတို့ တန်ဖိုးထားလွန်းနေ သောကြောင့် ဖြစ်သည်။ မြန်မာ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တိုးတက်ဖို့ဆိုရင် . . .

တိုးတက်ဖို့ဆိုရင် . . . တစ်ချို့ကလည်း ခေတ်မီတိုးတက်တဲ့ နိုင်ငံဖြစ်လာမလဲ? လို့ မြန်မာပြည် အပေါ်မှာ စိတ်ဝင်စားကြတယ်။ မြန်မာပြည်ကို တိုးတက်စေချင်တဲ့ စေတနာက ဒီမေးခွန်းမှာ ပေါ်နေလို့  ကျွန်တော်လည်း စိတ်ဝင်စားပြီးတော့ ကူညီဖြေရှင်းဖို့ ကြိုးစားပေးပါတယ်။ တကယ်တော့ ကျွန်တော်က ဒီလိုင်းကို အထူးပြုလေ့လာတာ မဟုတ်တော့ တစ်ခြားပညာရှင်တွေလောက် သိချင်မှ သိမယ်။ သို့သော်လည်း ကျွန်တော့်ရှုဒေါင့်က ကျွန်တော် ဖြေကြည့်မယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကတော့ တဖြည်းဖြည်းတော့ ဖြစ်နေတာ အားလုံးလည်း အသိပဲလေ … အစစ … Continue reading

Posted in Articles | Tagged , | Leave a comment

အနှစ်သာရအားဖြင့် မြန်မာများကပို၍ အဓိပ္ပာယ်ရှိပုံရတယ် .. .. .

အနှစ်သာရအားဖြင့် မြန်မာများကပို၍ အဓိပ္ပာယ်ရှိပုံရတယ် .. .. . ကမ္ဘာမှာ အဆင့်ဆင့်ပြောင်းလဲ တိုးတက်နေကြတာ သိပ္ပံပညာဆိုရင် အရမ်းမြင့်တဲ့အဆင့်ကို ရောက်ပြီလို့တောင် အားပေးနိုင်တယ်။ ဒါပေမယ့် သိပ္ပံပညာမှာလည်း သဘာဝတရားကို သိဖို့ကြိုးစားတဲ့ သိပ္ပံပညာရှင်တွေက တစ်ဖက်၊ သဘာဝတရားအကြောင်း သိလာတော့ လက်နှက်ထူးထူးဆန်းဆန်း လုပ်ဖို့အတွက် လိုင်းကတစ်ဖက်၊ ဆေးဝါးနဲ့ လူမှုရေးအသုံးအဆောင် ပိုမိုကောင်းမွန်အောင် လူ့ကောင်းကျိုးနဲ့ လူ့အန္တရာယ် ကာကွယ်ရေးကို ဆောင်ရွက်တဲ့ဖက်က တစ်ဖက် – အဖက်ဖက် ရှိကြတယ်။ အနှစ်ချုပ်ရင်တော့ မြန်မာတွေ ဗုဒ္ဓဘာသာတွေက ဘဝမှာပိုအဓိပ္ပာယ် ရှိတယ်လို့ … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment

ကြည့်တတ်လျှင်တော့မြင်နိုင်ပါသည် .. .. .

ကြည့်တတ်လျှင်တော့မြင်နိုင်ပါသည် .. .. . ကမ္ဘာသည် ရုပ်ဝတ္ထု လွန်စွာတိုးတက် ပြည့်စုံကြွယ်ဝသည်။ သိပ္ပံနှင့် နည်းပညာကလည်း ကောင်းစွာ အထောက် အပံ့ပြုသည်။ ကမ္ဘာသည် အဘက်ဘက်မှ တိုးတက်ပြည့်စုံနေသည်ဟု ယူဆနိုင်သည်။ သို့သော် မြန်မာတို့ကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် ကျင့်ကြံကြိုးစား အားထုတ်နေသူများ ရှိရာ၊ ဉာဏ်ပညာ၏ အဆင့်မြင့်မှု စိတ်ဓာတ်၏ အေးငြိမ်းချမ်းသာမှုတို့ကို ရရှိခံစားနိုင်သည်။ ဤကိစ္စမှာမူ လက်တွေ့ပြယုဂ်ဖြင့် ထင်ရှားပေါ်လွင်မှု မရှိဟုဆိုနိုင်သော်လည်း ဝင်စားလေ့လာ ကြည့်ရှုဆင်ခြင်လျှင် မြန်မာတို့ကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ်၊ ငြိမ်းချမ်းကြောင်းကို တွေ့နိုင်ပါသည်။ ကမ္ဘာကလည်း တိုးတက်ပါသည်။ … Continue reading

Posted in Buddhism & Science | Tagged , , , | 1 Comment

အသိပညာနှစ်မျိုးနှစ်စား….

အသိပညာနှစ်မျိုးနှစ်စား…. အသိပညာကို နှစ်မျိုးနှစ်စားဟု ဖော်ပြလေ့ရှိကြတယ်။ တစ်မျိုးမှာ အကြောင်းအချက်အားဖြင့် ဆိုင်ရာ အသိပညာ (Knowledge about facts) လို့ သုံးကြတယ်။ နောက်အသိပညာ တစ်ခုက အချက်အလက် တစ်ခုနှင့်တစ်ခု ယုတ္တိနည်းကျ ဆက်စပ်နေတဲ့ အသိပညာပဲ။ ဒါကိုတော့ (Knowledge about the logical relation between facts) လို့ သုံးကြတယ်။ ကမ္ဘာကတော့ အသိပညာနှစ်ခုစလုံးကို လိုက်တယ်လို့တော့ ၀န်ခံကြပါတယ်။ ဒါပေမယ့် (Knowledge of facts) ကို နံပါတ်ကုန် … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်… ကမ္ဘာကြီးကလည်း ရုပ်လောကအကြောင်းကို သုတေသန လုပ်နေကြတယ်။ သုတေသန လုပ်သလောက် လည်း ထွင်းထွင်းဖောက်ဖောက် သိမြင်လာကြတယ်။ စကြ၀ဠာအကြောင်း ကောင်းကောင်း သိလာကြတယ်။ စကြ၀ဠာ ဘယ်တုန်းက စဖြစ်တယ် ဆိုတာတောင် ခန့်မှန်းလာနိုင်တယ်။ ရုပ်ကမ္ဘာအကြောင်းကိုလည်း အက်တွမ်ကနေ၊ အီလက်ထရွန်ကနေ ကွာ့(ဒ်)အထိ အထူးလေ့လာနေကြတယ်။ (The most substantial elements) ခေါ်တဲ့ အခြေခံအကျဆုံးသော ဓာတ်သဘာဝ အမှုန်များကို စူးစမ်းလေ့လာနေကြတယ်။ လေ့လာတဲ့အခါ တိုက်ရိုက်လေ့လာနိုင်တာကို တိုက်ရိုက်လေ့လာပြီး တစ်ဆင့်ခံ (Indirect verification) ခေါ်တဲ့ တစ်ဆင့်ခံ … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment

သိပ္ပံနှင့်ဘာသာရေးနယ်လုပွဲ(၂)

သိပ္ပံနှင့်ဘာသာရေးနယ်လုပွဲ(၂) ဗုဒ္ဓဘာသာမှာ ကျင့်ကြံအားထုတ်မှုတွေ ရှိပါတယ်၊ ဘာသာရေးတိုင်းဟာ လက်တွေ့မပါလို့ အသိပညာ မပေးဘူးဆိုတဲ့ စွဲချက်ကတော့ ပြန်လည်စဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်လည်း ဗုဒ္ဓဘာသာကို Religion ထဲ စောလျှင်စွာ ယေဘုယျပြုခြင်း (Hasty Generalization) လုပ်ဖို့ မသင့်တော်ဘူးလို့ ဆိုရပေလိမ့်မယ်။ ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာသင့်ပါတယ်၊ ဒီအကြံဉာဏ် ပေးရတာဟာ ကိုယ့်ကို လေ့လာစေချင်လို့ သက်သက်မဟုတ်ပါဘူး၊ အသိပညာဆိုင်ရာ Tags: Buddhism and Science, ကမ္ဘာ, နိဗ္ဗာန်, သိပ္ပံ

Posted in Buddhism & Science | Tagged , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -25

  နှိုင်းနှိုင်းချိန်ချိန် သုခမိန်             တစုံတခုကို လုပ်ကိုင်ဆောင်ရွက်တော့မည် ရှိသောအခါတိုင်း နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့ ပညိနြေ္ဒ သိမ်မွေ့စေရန် အရေးကြီးပေသည်။ ဉာဏ်အမြော်အမြင် ချိန်ဆတွက်ချက်မှု မပြုဘဲ အရမ်းဆင်ကန်းတောတိုး မလုပ်ဆောင်သင့်ပေ။ လုပ်ဆောင်ရသော ကိစ္စတိုင်း၌ ရည်မှန်းချက်၊ ရည်ရွယ်ချက် ထားရှိရသည်သာ ဖြစ်လေသည်။ ရည်မှန်းချက်၊ ရည်စူးချက် မရှိဘဲ မည်သည့်ကိစ္စမှ အရမ်းလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုသင့်ပေ။ မိမိ၏ လုပ်ဆောင်ချက်သည် မိမိ ရည်မှန်းချက်အတွက် ထိရောက်စွာ Tags: Buddhism, Myanmar Posts, ကမ္ဘာ

Posted in Buddhism | Tagged , , | Leave a comment

NIBBANA -11

နိဗ္ဗာန် အပိုင်း(၁၁) ငယ်    ကျွန်တော်တစ်ခုပြောပြမယ်။ နန်း     ပြောပြပါ။ ငယ်    ဆရာမြတ်ကြီးက မိန့်ဘူးတာ။ နန်း     ဟုတ်ပြီ။ နားထောင်ချင်တယ်။ ငယ်    ပညာရှိက ပညာအကြောင်းကို သညာနဲ့ပြောတဲ့အခါ မိန့်တဲ့အခါ နာယူသူက သညာကနေ ပညာသို့ ထိုးဖောက်ဆင်ခြင်ယူရတယ်တဲ့။ နန်း     အနည်းငယ်လင်းပါဦးဗျာ။ ငယ်    တစ်ချိန်က ကျွန်တော်က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကို နာခဲ့တာကိုးဗျ။ နန်း     ဟုတ်ပြီ။ ငယ်    ဆရာမြတ်ကြီးက မိန့်တယ်။ မိုးကုတ်ဆရာတော်ကြီးက ဉာဏ်ပညာရှင်ကြီးတဲ့။ ဉာဏ်ပညာအကြောင်းကို မိန့်တဲ့အခါ သညာနဲ့မိန့်တာဘဲတဲ့၊ အဲဒီသညာကို … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

NIBBANA – 10

နိဗ္ဗာန် အပိုင်း(၁၀) နန်း    လူရဲ့မျှော်မှန်းချက်ဟာ သေခြင်းတရားကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ဘဲပေါ့နော်။ ငယ်     သေသည်၏ အခြားမဲ့မှာလည်း ကောင်းမွန်မြင့်မြတ်နိုင်ဖို့ပေါ့။ နိဗ္ဗာန်မစံရမချင်း ရုပ်နာမ်နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ ရုပ်နာမ်အပြီးအပိုင် မချုပ်ငြိမ်းသေးလည်း ကောင်းကောင်းမွန်မွန် ရင်ဆိုင်တတ်ဖို့ပေါ့။ လောကုတ္တရာ အမြင်ဉာဏ်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်တာပေါ့။ နန်း    ဒီလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ပညာရပ်က မြန်မာနိုင်ငံမှာဘဲ ထွန်းကားတာလား။ ငယ်     ဟုတ်တယ်။ မြန်မာနိုင်ငံမှာဘဲရှိတယ်။ အခြား ဘယ်မှာမှ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

NIBBANA – 9

နိဗ္ဗာန် အပိုင်း(၉) နန်း     အေးဗျာ။ ကျွန်တော်တို့ကျ ၀န်ထုတ်ဝန်ပိုးကြီးလို့ မြင်ဖို့ကို မလွယ်ကူလှသေးဘူး။ ငယ်     နဂိုဝန်နဲ့ အပိုဝန်လို့လည်း ဆိုနိုင်သေးတယ်ဗျ။ စားရ၊ သောက်ရ၊ ရေမိုးချိုးရ — ဒါက နဂိုဝန် ဆိုပါတော့ဗျာ။ ဒီအပြင် အာရုံတွေကို အကန့်အသတ်မဲ့ လိုက်စားနေလျှင် အဲဒါ အပိုဝန်ဘဲပေါ့။ နန်း     သံဝေဂ ရစရာဘဲဗျာ။ ငယ်     သူတော်ကောင်းတွေက ဒါတွေကို `၀ဋ်´ တွေလို့ မြင်တော်မူကြတာဗျ။ အာရုံတွေဟာ ပျော်ပိုက်ဖို့ မဟုတ် ဘူးပေါ့။ ဒါ – … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. .. ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ မြတ်စွာဘုရား၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။ နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ကမ္ဘာကိုသာသနာပြုရာတွင် .. ..

ကမ္ဘာကိုသာသနာပြုရာတွင် .. .. ကမ္ဘာကို သာသနာပြုရာတွင် စကားလုံး အသုံးအနှုန်းများ အရေးကြီးလေသည် .. .. ဥပမာ —- “နိဗ္ဗာန်၌ ဘာမှမရှိ” ဆိုသော စကားကို ၄င်းတို့သည် လွန်စွာမုန်းကြလေသည်။ အဘယ့်ကြောင့် ဆိုသော် ဘာမှမရှိသော အရာအတွက် ရှိသောကောင်းသော အရာတွေကို စွန့်လွှတ်ရမည် ဆိုသည်ကို ၄င်းတို့သည် မမှန်းဆနိုင်တတ်ချေ .. .. ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်မှာလည်း ဘာမှမရှိသည့် အရာအတွက် စွန့်စွန့်စားစား လုပ်ကိုင်နေရသည် ဆိုသည်ကို တန်ဖိုးမထားတတ်နိုင်ချေ – … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ ဗုဒ္ဓဘာသာသာ သာသနာပြုပုဂ္ဂိုလ်များ ဓမ္မကထိကများသည် မြန်မာနိုင်ငံ၌ တရားဟောရသော တာဝန်ကိစ္စ များ၌ လွယ်ကူသည်ဟု သုံးသပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များသည် ဟောသမျှကို သာဓုခေါ်ရန် အစဉ် ၀င်စားနေကြသည်။ မည်သည့်တရားဟောဟော ဓမ္မကထိက တစ်ဦးဦးက – “သတည်း” ဟု  အဆုံးသတ်လိုက်လျှင် “သာဓု .. သာဓု .. သာဓု” လို့ခေါ်ကြလေ့ရှိသည်။ ထို့ကြောင့် ဟိုးယခင်ခေတ်က ဆရာတော်တစ်ပါးသည် — “မြန်မာနိုင်ငံအား အင်္ဂလိပ်များက အုပ်ချုပ်လွှမ်းမိုး လေတော့သတည်း” ဟု ဟောရာ ပရိသတ်ကြီးက … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကမ္ဘာသို့သာသနာပြုသောအခါ

ကမ္ဘာသို့သာသနာပြုသောအခါ ယခုအခါ သာသနာအတွက်  စေတနာထားသောပုဂ္ဂိုလ်များ ပေါ်ထွန်းလျှက် ရှိနေသည်။ ယင်းစေတနာသည် လွန်စွာမှ မွန်မြတ်သော စေတနာဖြစ်လေသည်။ သို့သော် ကမ္ဘာကို သာသနာပြုရာတွင် ကြိုတင်သိရှိထားရန် အချက်အလက်အချို့ရှိပေသည်။ ၄င်းတို့မှာ … ၁) ကမ္ဘာသည် ရှေ့နောက်မညီညွတ်သောအသုံးအနှုန်းကို လက်မခံပါ။ ဥပမာအားဖြင့် —- နိဗ္ဗာန်၌ ရုပ်နာမ်မရှိဟု စောစောပိုင်းက အဆိုပြုပြီး၊ နောက်ပိုင်း၌ နိဗ္ဗာန်၌ရုပ်နာမ်ရှိ၏ဟု အဆိုပြုလျှင် ယင်းအဆိုများသည် ရှေ့နောက်မညီညွတ်ကြပါ။ ၄င်းကဲ့သို့ ရှေ့နောက်မညီညွတ်သော အဆိုအပြုများကို ကမ္ဘာကအလွယ်တကူ လက်ခံလိမ့်မည်မဟုတ်ပါ။ သူတို့၏စကားအရ (non-contradictory character) … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment