ကမ္ဘာသိစေချင် .. ..၆

Share

ကမ္ဘာသိစေချင် .. ..

အပိုင်း(၆)

စတင်နေတော့ တခါတခါမှာ ကျွန်တော်ကိုယ်တိုင် ဘယ်လောက်သိသလဲ .. .. ကျွန်တော်တောင် ဒီလောက်သိတာ ကျွန်တော့ ဆရာ ဘယ်လောက်သိမလဲ မှန်းပါဆိုတဲ့ သဘောနဲ့ ကျွန်တော်သိတာလေးတွေ ပြောရတာပါ။

ကျွန်တော်ကတော့ တရားကို သိတာကိုး .. .. ဒီတော့ ကျွန်တော်က ရှင်းရှင်းလင်းလင်း ပြောတတ်တယ်။ နိဗ္ဗာန်အကြောင်းလည်း ပြောနိုင်တယ် –  နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ ဒီရုပ်နာမ်နဲ့ မဟုတ်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ .. .. (ဒါတော့ စာသမားတွေသိပါတယ် ).. .. မဂ္ဂဖလာဏ မာရမ္မဏ ဘူတော အင်္သခတ ဓမ္မော .. .. အဲဒီတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ဒီလူကို ထားခဲ့ရတယ်။ ဒီလူကို ထားခဲ့ပြီးတော့ အသိဉာဏ်လေးက ထွက်သွားတဲ့အခါ နိဗ္ဗာန်သွားတွေ့တာပဲ။

ဒါပေမယ့် သူတို့မှာက တော်တော်ခက်နေတယ်။ ဘယ်လိုခက်နေသလည်း ဆိုတော့ အဲဒီ ဉာဏ်မပြောနဲ့ နာမ်ကိုတောင် လက်မခံဘူး။ သူတို့က Brain function ကိုပဲ လက်ခံတယ် (အဲဒါလေး တစ်ခုတော့ တင်ပြပါရစေ) သိပ္ပံက လက်တွေ့ ကြည့်လိုက်တဲ့ အခါ စိတ်ဆိုတာကို မတွေ့ဘူး။ မတွေ့တော့ နောက်ဆုံး အနှစ်ချုပ်တော့ စိတ်ကို လက်မခံဘူး။ ဦးနှောက်ပဲ လက်ခံတယ်၊ ဦးနှောက်က nerves system နဲ့ ဦးနှောက်ကနေ အဓိပ္ပာယ် ဖွင့်တယ် လို့ပဲ လက်ခံတယ်။

ဒီတော့ ကျွန်တော်က ပြောတယ် ဦးနှောက်ဆိုတာ ရုပ် .. .. သူက အဓိပ္ပာယ်မဖွင့်ဘူးဒါပေမယ့် နာမ်က အဓိပ္ပာယ်ဖွင့်ဘို့ အတွက် ဦးနှောက်ဟာ အသုံးချခံရတဲ့ ကိရိယာပဲ … လို့ ကျွန်တော်ပြောတယ်။

ဒါက တိုက်ပွဲပေါ့နော် –

“နာမ်ကို လက်ခံပါ” လို့ ဆရာမြတ်ကြီးက မိန့်တော်မူခဲ့တယ်။

“နာမ်ကို လက်ခံမှ ဖြစ်ပျက်မြင်မှာကွာ” တဲ့ .. ..

“ဖြစ်ပျက်မြင်မှ အရိယာဖြစ်မှာ .. ..”

ဒီတော့ ဖြစ်ပျက် မြင်ဖို့အတွက် နာမ်ကို လက်ခံရမယ် နာမ်ကိုလက်ခံဖို့ အတွက် brain ရဲ့ limitations လေးတွေကို သူတို့လက်ခံရမယ်။

ဆိုလိုတာက They don’t accept which cannot be observed by research or scientific practical verification. အဲဒီတော့ သိပ္ပံနည်းကျ စစ်ဆေးလို့ ရမှ သူတို့က စိတ်ကိုလက်ခံမယ် ဆိုတော့ .. .. ကိရိယာနဲ့က စိတ်ကို မမြင်နိုင်ဘူး။ Brain function တွေ Nerves system တွေ Eyeball တွေ Retina တွေက ကိရိယာနဲ့ တိုင်းလို့ရတော့ သူတို့အတွက် ရှင်းနေတော့ ဦးနှောက်ကပဲ အဓိပ္ပာယ်ဖွင့်ပါတယ်လို့ ယူဆနေတော့

ကျွန်တော်တို့မှာ ပထမအဆင့်အနေနဲ့ –

ဦးနှောက် အလုပ်လုပ်ဖို့ အတွက် နာမ်ဓာတ်ဆိုတာ ရှိပါတယ်၊ မမြင်လို့သာပါ.. .. လောကကြီးမှာ ကိုယ် မမြင်ပေမယ့် ရှိတာကတော့ ရှိတာပဲ။ ဒါကိုတော့ ထည့်သွင်း စဉ်းစား သင့်ကြောင်း ကျွန်တော်ဟာ မြန်မာနိုင်ငံက တစ်ဦးတည်း ကိုယ်စားလှယ် အနေနဲ့ တင်ပြနေတဲ့ အချိန်ဖြစ်ပါတယ်။

ဒီတော့ ဆက်လက်ပြီးတော့ ဆရာ့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဆရာသွန်သင်ခဲ့တဲ့ ပညာရပ်တွေကို ကမ္ဘာက သိအောင်လို့ ကြိုးစားမယ်လို့ ကျွန်တော် ရည်မှန်းထားကြောင်း တင်ပြအပ်ပါတယ်။

 

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism, Frontpage and tagged , , , , , . Bookmark the permalink.

2 Responses to ကမ္ဘာသိစေချင် .. ..၆

  1. Soe Min says:

    Dear Sayar-Gyi,

    Just visited and read the blogs “Wish the world knows 1-6”.
    I think if you write totally all in English, connect and promote with FB and Twitters for every updates. It’s the way to do if you really want the world to know.

    I remember one thing said by Sun Lun Sayardaw!
    I will propagate my own tharthanar only. It’s in-vien to talk about what I have to tell the people who are not interested in. He said he’d teach who-ever comes to him. He took these people as HIS tharwakas.

    One more thing is, how far it is, u’d meet your tharwakas in this very life for sure.

    Any way I admire your work!
    And I’d like to hear who your teacher is and the way of vipassana practice. I’m also trying my best on meditation practice.

    Humble with regards,
    Soe Min

  2. chitnge says:

    Dear Soe Min,

    I’m very glad that you are also trying best on meditation practice. As you know the essence of Vipassana is to realize the changing nature of beings. The more you realize the changing in details the better your concentration would be. With the result in the long run you can have the chance to construct the Magga Nyana and Phala Nyana.
    Vipassana means trying to have awareness of the changing of beings including mind and body. The more you realize the changing of beings the less you rely on it and slowly and gradually you will have the power to realize that these changing are not significant.
    In short the essence of Vipassana is to realize the insignificant of changing of beings. That is the method what I am taking practice Vipassana according to my teacher’s guidance.

    Thank you,
    Dr. Chit Nge.

Leave a Reply

Your email address will not be published. Required fields are marked *