ကမ္ဘာသိစေချင် .. ..၃

Share

ကမ္ဘာသိစေချင် .. ..

အပိုင်း(၃)

ကျွန်တော်တို့ကို မြတ်စွာဘုရား ဟောတာက သစ္စာတရားရဖို့အတွက် နည်းလေးမျိုးပါပဲ။

ဆရာက ကျွန်တော်တို့ကို နည်းလေးမျိုးကို ရိပ်မိအောင် သင်ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ဝေဒနာနုပဿနာရယ်၊ စိတ္တာနုပဿနာရယ်၊ ဓမ္မာနုပဿနာရယ် ရှုပါတယ်.. .. ကာယနုပဿနာကတော့ understood ပေါ့လေ .. .. (ဒါကတော့ သိပ်ကြီးကျယ်တဲ့ ကိုယ်တော်မြတ်ကြီးတွေ ရှုတယ်ဆိုတော့ ….)ကျွန်တော်တို့က ဝေဒနာနုပဿနာကို ပထမရှုပါတယ်။

ဒါကြောင့် ကျွန်တော်က ဒါကို ရင်ဆိုင်နိုင်တယ် .. .. တကယ်လို့ ကျွန်တော့ကို တရားဝင်ပေါ့နော် .. .. ဆရာတော်ကြီးတွေက ဖြစ်စေ၊ နိုင်ငံတော် အစိုးရကဖြစ်စေ၊ ကမ္ဘာကဖြစ်စေ “ ရှုတတ်သလား??” လို့ မေးရင် ရှုတတ်တယ်လို့ ကျွန်တော်ပြောရဲတယ်၊ ကျွန်တော်ရှုတတ် တာကိုး ….

အဲဒီအချိန်က ဆရာ့တပည့် တော်တော်များများက ဝေဒနာနုပဿနာ ရှုကြတယ်၊ ပျော်စရာလည်း တော်တော်ကောင်းပါတယ်၊ တစ်နာရီလောက် ကြာတယ်၊ ဇွဲနဲ့ အသည်းနဲ့ ရှုကြတာ။

တစ်နေ့ကျတော့ ဆရာကပြောတယ် (အဲဒီတုန်းက ကျွန်တော်က ဆရာ့ဆီမှာရောက်ပြီ) ဆရာ့ကို ကျွန်တော်က ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသလို ဘ၀ပေးပြီးတော့ လှူလိုက်တာ လှူလိုက်တော့ ဆရာကလည်း ကိုယ်ဖိ ရင်ဖိ သင်တာပေါလေ .. .. အဲဒီတစ်ခုတော့ ကျွန်တော့်ဘ၀မှာ မှန်သွားတယ်၊ ကျွန်တော် စွန့်လိုက်တယ်။ စွန့်တုန်းကတော့ တရားရလို့ စွန့်တာ မဟုတ်ဘူး၊ တရားရချင်လို့ စွန့်တာ .. .. တရားရပြီးသားမို့ စွန့်တာမဟုတ်ဘူး။ ကျွန်တော် အဲဒီတုန်းက တရားမရသေးဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ စွန့်တဲ့အခါ ကျွန်တော်ခံစားရတာတွေ ရှိသေးတယ်။

ဒါပေမယ့် အဲဒီ ခံစားရတာတွေကို တရားနဲ့ ရှုပစ်လိုက်တယ် .. .. အဲဒီတော့ ကျွန်တော်ဟာ အမြဲတမ်း အလုပ်ရှိနေတာပဲ။ ကျွန်တော် ဒါတော့ ပြောချင်တယ် .. .. ဒါပေမယ့် လိုက်နိုင်ကြမှာလည်း မဟုတ်ဘူး၊ လိုက်ကြမှာလည်း မဟုတ်တော့၊ ယုံကြမှာလည်း မဟုတ်တော့ ကျွန်တော် သိပ်မပြောလိုဘူး။

 

ဆက်လက်ဖော်ပြပါမည် .. ..

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism, Frontpage and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *