Stephen Hawking -9

Share

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း -9

နှိုင်းရသီအိုရီများကို တွေ့ရှိထုတ်ဖော်ခဲ့သော အိုင်းစတိုင်း သည် (၁၈၇၉)ခုနှစ်က ဂျာမနီ၌ မွေးဖွားခဲ့သူဖြစ်သည်။ (၁၉၀၅)ခုနှစ်တွင် စာတမ်းသုံးစောင် ပြုစုခဲ့ရာ ထိုစာတမ်းများသည် ကမ္ဘာ့ဦးဆောင်သူ သိပ္ပံပညာရှင်များ စာရင်းတွင် အိုင်းစတိုင်းအား သွတ်သွင်းစေခဲ့သည်။

အိုင်းစတိုင်း၏ သီအိုရီများသည် အချိန်အပေါ်လည်းကောင်း၊ ကာလ ဌာန အပေါ်၊ အမှန်တရားအပေါ် ကျွန်တော်တို့၏ နားလည်မှုများအား အတော်အသင့် အတိုင်းအတာအထိ ပြောင်းလဲစေနိုင်ခဲ့သည်။ သဘာဝ တရား၏ ဥပဒေသများသည် လွတ်လပ်စွာ ရွေလျှားလေ့လာနေသော ကြည့်ရှုလေ့လာ သူများအတွက် အားလုံးကို အတူတူ အခြေအနေပေးသည် ဆိုကြောင်း အိုင်းစတိုင်း၏ နှိုင်းရသီအိုရီက ထုတ်ဖော်ခဲ့သည်။

ထိုအခါ (၁၉) ရာစုဝန်းကျင်က ယုံကြည်သက်ဝင်မှုများ ရှိခဲ့သော ထာဝရ နားနေခြင်း၊ ကန့်သတ် ပိုင်းခြား သေဆုံးအပ်သော ထာဝရ အချိန်ကြီးဆိုသော အယူအဆများအား အိုင်းစတိုင်း သည် ထုတ်ပယ်နိုင်ခဲ့သည်။ ဒြပ်နှင့် အားသည် တူညီကြောင်း E=MC2 ဟူသော ပုံသေနည်းကို လမ်းပေါ်ကလူတိုင်း အလွတ်ရစေအောင် ထင်ပေါ် ကျော်ဇောစေခဲ့သည်။

သူသည် ဒြပ်နှင့်အား အားခြင်းညီမျှကြောင်း ဖော်ထုတ်နိုင်သဖြင့် “ဟီရိုရှီးမားနှင့် နာကာစာကီတွင်” (၁၉၄၅)ခုနှစ်က ဗုံးများချရာ၌ နံပါတ်တစ် တရားခံဖြစ်သည်ဟု အချို့က စွပ်စွဲချင်ကြသည်။ ဤသို့ စွပ်စွဲခြင်းသည် ဟာသသဖွယ် ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမြေကြီး၏ ဆွဲအားကို ထုတ်ဖော်ခဲ့သော နယူတန် အား လေယာဉ်ပျံပျက်ကျမှု၌ တစ်တရားခံ ဖြစ်သည်ဟု စွပ်စွဲသကဲ့သို့ တူနေသောကြောင့် ဖြစ်သည်။

ကာလနှင့် ဌာနသည် အပြားကြီး မဟုတ်မူ၍ ကွေးကောက်လျှက်ရှိကြောင်းကို အိုင်းစတိုင်း ကထုတ်ဖော်ခဲ့သည်။  ၁၉၁၅ ခုနှစ်တွင် ဒေးဗစ်ဟေးလ်ဘတ် (David Hilbert) ဆိုသူသည် အိုင်းစတိုင်း ကဲ့သို့ပင် ပုံသေနည်းကို ရခဲ့ဖူးသည် သို့သော် ထို ဒေးဗစ်ဟေးလ်ဘတ် ကိုယ်တိုင်က မိမိသည် အိုင်းစတိုင်း ကဲ့သို့ပင် ပုံသေနည်း တွေ့ရှိသော်လည်း ကာလနှင့် ဌာန၏ ကောက်ကွေးရစ်ပတ်မှုကို ဖော်ဆောင်ရာ အိုင်းစတိုင်းက အထူးကြိုးစားသည်။ ကမ္ဘာ့ဆွဲအားနှင့် ကာလဌာန ရစ်ပတ်မှုကို ဖြေရှင်းလိုသောသဘော အိုင်းစတိုင်း၌ ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် အိုင်းစတိုင်းသည် ထိုက်တန်ပါသည်ဟု အဆိုပါ ပညာရှင် ဟေးလ်ဘတ်ကိုယ်တိုင် သဘောတူ ကြည်ဖြူကာ ဖွင့်ဆိုတိုက်တွန်းခဲ့သည်။ တကယ်တော့ ကာလဌာန၏ ကွေးကောက်မှုကို ဖော်ပြသော သီအိုရီသည် အိုင်းစအိုင်း၏ အထွေထွေနှိုင်းရ သီအိုရီကြီး၏ အနှစ်သာရပင် ဖြစ်သည်။

အိုင်းစတိုင်း၏ ပုံသေနည်းအရ စကြ၀ဠာကြီးသည် ကျယ်ပြန့်နေရမည် (သို့) ကျဉ်းချုပ်လာရမည်ဟု ဟောကိန်း ထုတ်သည်။ အမှန်တကယ် လက်တွေ့ ကြည့်ရှု လေ့လာသောအခါ ကြယ်စုများသည် ကျွန်ုပ်တို့ထံမှ အဝေးသို့ ပေးသွားနေကြသည်သာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ဝေးသောကြယ်စုများသည် ပို၍အပြေးမြန်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စကြ၀ဠာကြီးသည် အပြေးမြန်သည်ဟု ဆုံးဖြတ်နိုင်သည်။ ဤစကြ၀ဠာ ကျယ်ပြန့်မှုကို ဟန့်တားလို၍ အိုင်းစတိုင်းသည် Cosmological Constant ခေါ် စကြ၀ဠာဆိုင်ရာ ပုဒ်တစ်ခုကို တီထွင်ဖန်တီးခဲ့ လေသည်။ နောက်ပိုင်း၌ သူ၎င်းကဲ့သို့ တီထွင်ခြင်းသည် မှားယွင်းသွာါးသည်ဟု ၀န်ခံဖော်ရသည်။

ကာလနှင့်ဌာနတို့သည် ဖြစ်ရပ်တို့၏ နောက်ခံကားအဖြစ် ရပ်တည်ရုံသာမက ဖြစ်ရပ်တို့ကြောင့် ကာလနှင့် ဌာနသည်လည်း သက်ရောက်ခြင်းခံရကာ ပြောင်းလဲမှုများ ရှိသည်ဟု အိုင်းစတိုင်းက ဖော်ပြခဲ့သည်။

ဟော့ကင်းသည် ကျယ်ပြန့်နေသော စကြ၀ဠာကြီးကို ကြည့်၍ တစ်ချိန်က ကျဉ်းကျုံ့ခဲ့ပေလိမ့်မည်ဟု သချာင်္ဆန်ဆန် တွက်ချက်ရင်း နောက်ဆုံး ကျဉ်းချုံ့၍မရသော စကြ၀ဠာဥကလေးတစ်ခုကို တွေ့ရနိုင်သည်ဟု ထုတ်ဖော်ခဲ့သည်။ ထိုဥကလေးမှ မဟာပေါက်ကွဲမှု Big Bang ဖြစ်ပေါ်လာသည်ဟု မှန်းဆနိုင်သည်။ ဤ မဟာပေါက်ကွဲမှုကို အိုင်းစတိုင်းသည် စိတ်ဝင်စားလိုဟန် မရှိပါ။

ဟော့ကင်းသည် ပန်ရိုစ့်နှင့်တွဲ၍ အထွေထွေနှိုင်းရ သီအိုရီကို အခြေပြုကာ စကြ၀ဠာသည် မဟာပေါက်ကွဲမှုမှ ဖြစ်ပေါ်လာရသည်။ အစရှိသည်ဟု ယူဆနိုင်ကြောင်း သချာင်္နည်းအားဖြင့် သက်သေ ထုတ်နိုင်ခဲ့သည်။ အိုင်းစတိုင်း၏ သီအိုရီသည် စကြ၀ဠာကြီး အစရှိသည်ကို ဟောကိန်းထုတ်သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ အိုင်းစတိုင်းသည်  မပျော်ခဲ့ပါ။

အိုင်းစတိုင်းက ဒြပ်ထုရှိသောကြယ်တို့သည် အဆုံးစွန်သို့ ရောက်သောအခါ – တနည်းအားဖြင့် ကြယ်ထုတို့၏ ဘ၀အဆုံးသည် ၄င်းတို့၏ နိဂုံးပင်ဖြစ်သည် ဆိုသည်ကို အိုင်းစတိုင်းသည် ၀န်မခံလိုခဲ့ပါ။ ဘ၀နိဂုံးသည် ဒြပ်နိဂုံးပင် ဖြစ်သည်ဆိုသည်ကို အိုင်းစတိုင်းသည် လက်ခံရန် နှေးကွေးခဲ့သည် ဤကိစ္စကို –

… Einstein was even more reluctant to admit that general relativity predicted that time would come to an end for massive stars when they reached the end of their life … ဟု ဖော်ပြခဲ့သည်။

အဓိပ္ပာယ်မှာ ကြယ်ကြီးများသည် ၄င်းတို့ဘ၀ သေဆုံးသွားလျှင် ၄င်းဒြပ်ထုကြီးသည်လည်း အချိန်၏နိဂုံးသို့ ရောက်သွားပေလိမ့်မည် ဟူသောသဘောကို ၀န်ခံရန် အိုင်းစတိုင်းသည် ငြင်းဖျက်ခဲ့သည်၊ နှောင့်နှေးခဲ့သည်။ အမှန်တော့မူ ကြယ်များသေသောအခါ ထိုကြယ်များအား တည်ဆောက်ထားသော ရုပ်ဒြပ်များသည်လည်း အချိန်၏ နိဂုံးသို့ ဆိုက်ရောက်သွားရသည်ဟု အိုင်းစတိုင်း၏ သီအိုရီက ဟောကိန်းထုတ်နိုင်သည်။

အထွေထွေနှိုင်းရ သီအိုရီသည် ဘလက်ဟိုးလ်၏ အတွင်းထဲ၌ အချိန်နိဂုံးချုပ်နေပုံကို ဟောကိန်းထုတ်သည်။ စကြ၀ဠာသည် သိပ်သည်းခြင်းဆိုင်ရာ အနန္တတန်ဖိုးကို ဆောင်လျှက် အမှတ်ထူးအဖြစ်သို့ ဆိုက်ရောက်ခဲ့ရသောအခါ အားလုံးသော ဥပဒေသတို့သည် ချုပ်ြငိမ်းရသည်ဟု အိုင်းစတိုင်း၏ သီအိုရီက ဟောကိန်းထုတ်သည်။ သို့သော် သိပ္ပံပညာရှင်တို့သည် သိပ္ပံဆိုင်ရာ ဥပဒေသများ ချုပ်ဆုံးမှုကို လက်မခံနိုင်ချေ။ စကြ၀ဠာ မစခင်ကလည်း သိပ္ပံဆိုင်ရာ ဥပဒေသများ တည်ရှိမြဲ တည်ရှိနေလိမ့်မည်ဟုသာ မှန်းဆလိုသော သိပ္ပံပညာရှင်များ ပေါ်ပေါက်ခဲ့သည်။

အိုင်စတိုင်းသည် ပညာအား ထောက်ခံလိုသော်လည်း ၁၉၀၅ ခုနှစ်က သူ၏စာတမ်းဖြင့် သူသည် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ရခဲ့သည်။ ၄င်းစာတမ်းသည် ကွမ်တမ်မက္ကင်းနစ်ကို အခြေပျိုးသော၊ ပံ့ပိုးကူညီသော စာတမ်းပင် ဖြစ်သည်။

ကွမ်တမ်မက္ကင်းနစ်ပညာ ဖွံဖြိုးတိုးတက်ရန် ဟိုင်ဇင်ဘတ်သည် မသေချာခြင်း နိယာမကို ထုတ်ဖော်သောအခါ အိုင်းစတိုင်းသည် အတော်အနှောက်အယှက်ပြုခြင်းကို ခံခဲ့ရသည်။ သူသည် စကြ၀ဠာ၏ မသေချာမှုကို လက်မခံလိုပါ။ ထို့ကြောင့် သူ၏ ကျော်ကြားလှသော အဆိုပြုချက် တစ်ခုဖြစ်သည့် “God does not play dice” ဟု ဖော်ပြခြင်းသည် စကြ၀ဠာအပေါ် သူ၏သဘောထားဖြစ်၍ ကွမ်တမ်မက္ကင်းနစ် ပညာကို မထောက်ခံနိုင်ကြောင်း ဖွင့်ဆိုခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်း လက်တွေ့ဖြစ်ရပ်များသည် ကွမ်တမ်မက္ကင်းနစ် ပညာရပ်၏ ဖွင့်ဆိုမှုများ အတိုင်း မှန်ကန်စွာ ဖြစ်ပေါ်လာရသည် ဖြစ်ရာ၊ အိုင်းစတိုင်းသည် ၄င်းဖြစ်ရပ်များကို မငြင်းဖျက်နိုင်တော့ချေ။

သူသည် နိုင်ငံရေး ခေါင်းဆောင်အဖြစ် ထမ်းဆောင်ရန် အစ္စရေး၌ ကမ်းလှမ်းခြင်း ခံရသော်လည်း

“Politics is for the moment, but an equation is for eternity.” ဟူ၍ ခံယူကာ နိုင်ငံရေးသည် ယာယီဖြစ်၍ သိပ္ပံဆိုင်ရာ ပုံသေနည်းတို့သည်သာ ထာဝရရပ်တည်နေလိမ့်မည်ဟု သဘောရကာ နိုင်ငံရေးကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ သူ၏ဖွင့်ဆိုချက်သည် အမှန်ပင်ဖြစ်ပါသည်။ သူ့သီအိုရီများသည် စကြ၀ဠာတည်သရွေ့ တည်နေတော့မည်သာ ဖြစ်ပါသည်။ ဤကား အိုင်းစတိုင်းသည် ကွမ်တမ်မက္ကင်းနစ်နှင့် ထွေထွေနှိုင်းရ သီအိုရီတည်း ဟူသော ရူပဗေဒဆိုင်ရာ စာမျက်နှာမှ အဓိကကျသော အခြေအမြစ်ကျသော သီအိုရီကြီး နှစ်ခုအား အခြေပျိုးစတင် မတည်ခဲ့ဖူးသော သိပ္ပံပညာရှင်အဖြစ် သတ်မှတ်နားလည်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။

Ref: The Universe in a Nutshell by Stephen Hawking (Chapter 1- A Brief History of Relativity)

ဒေါက်တာချစ်ငယ်(ဒဿန)

M.A, Ph.D (Philosophy in Religious Sciences) LONDON.

chitngephilo@chitnge.com

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *