Stephen Hawking – 7

Share

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း – ၇

ဘလက်ဟိုလ်းဆိုသော  စကားလုံးသည် ၁၉၆၉ ခုနှစ်လောက်ကမှ John Wheeler ဆိုသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ နာမည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စောစောပိုင်းက သိပ်မထင်ရှားခဲ့ခြင်း ဖြစ်သည်။ ဘလက်ဟိုလ်း၏ အဓိပ္ပာယ်မှာ ထိုအရာမှ အလင်းရောင် မထွက်နိုင်ခြင်း ဖြစ်သည်။ အလင်းရောင်သည် အလျှင်မြန်ဆုံးဖြစ်ရာ ထိုအလင်းရောင်ပင်လျှင် လွတ်အောင် မရုန်းနိုင်၊ ထိုအခါ သူ့စက်ဝိုင်းထဲမှ မည်သည့်အရာမဆို လွတ်အောင် မရုန်းနိုင်။ ၄င်း၏အလင်းကို ၄င်းကိုယ်တိုင် ၀ါးမြိုလိုက်သဖြင့် ၄င်းသည် အာကာသထဲ၌ အမဲတုံးကြီးဖြစ်နေရာ ၄င်းကို ဘလက်ဟိုလ်းဟု ခေါ်ရလေသည်။ တနည်းအားဖြင့် —

“A star that was sufficiently massive and compact would have such a strong gravitational field that light could not escape. …” ဟူ၍ ဖော်ပြလို့ရသည်။

ထိုကြယ်ကိုတော့ ကျွန်တော်တို့ မမြင်ရပါ – သို့သော် သူ၏ဆွဲအားကိုမူ အနီးနား၌ ခံစားနိုင်သည်။ ၄င်း ဘလက်ဟိုလ်းကို

“… We would not be able to see them because the light from them would not reach us, …” ဟူ၍ ဖြေရှင်းသည်။

ဆွဲအားသည် အလွန်ပြင်းထန်၍ အလင်းသည် ၄င်းထံမှ လွတ်အောင် မရုန်းနိုင်သဖြင့် ၄င်းသည် အမဲတုံးကြီး ဖြစ်ရသည်ဟု အဓိပ္ပာယ်ရသည် ၄င်းကို ဘလက်ဟိုလ်းဟု ခေါ်တွင်ခဲ့ရသည်။ ဘလက်ဟိုလ်းကို အောက်ပါအတိုင်း ရှင်းကြသည်။

… if light cannot escape, neither can anything else; everything is dragged back by the gravitational field. So one has a set of events, a region of space-time, from which it is not possible to escape to reach a distant observer. This region is what we now call a . ဟူ၍ ရှင်းကြသည်။

အာကာသထဲ၌ ကြယ်သေကြီးများရှိရာ ထိုကြယ်သေကြီးသည် ၄င်း၏အလင်းကို ၄င်းကိုယ်တိုင် ပြန်ဆွဲသဖြင့် အမဲတုံးကြီးများ ဖြစ်နေရာ ၄င်းကို ဘလက်ဟိုလ်းဟု ခေါ်ရခြင်းဖြစ်သည်။

ဘလက်ဟိုလ်းကို လေ့လာခြင်းအားဖြင့် စကြ၀ဠာစတင် ဖြစ်ပေါ်ကာစ အခြေအနေများကို အနည်းနှင့်အများ မှန်းဆနိုင်သည်။ စကြ၀ဠာ စမဖြစ်ခင်က အမှတ်ထူးဆိုသည်မှာရှိ၍ ထိုအမှတ်ထူးတွင် သိပ်သည်းမှုဆိုင်ရာ အနန္တ တန်ဖိုးကို ဆောင်သည်ဟု မှန်းဆရသည်။ တနည်းအားဖြင့် ဘလက်ဟိုလ်းထဲ၌ ရှိသောအရာသည် Singularity ဖြစ်လျှင် ၄င်းသည်လည်း သိပ်သည်းမှုဆိုင်ရာ အနန္တတန်ဖိုးကို ဆောင်ပေလိမ့်မည်။ ယင်း အမှတ်ထူးတွင် သိပ္ပံဆိုင်ရာ ဥပဒေသများ ချုပ်ဆုံးရသည်။

အိုင်းစတိုင်း၏ သီအိုရီသည် အမှတ်ထူးကို ရည်ညွန်းရာ – အိုင်းစတိုင်၏ သီအိုရီသည် သူ့သီအိုရီကိုယ်တိုင် ချုပ်ဆုံးရမည်ဟု ဟောကိန်းထုတ်သကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် စကြ၀ဠာ မဖြစ်ခင်က အိုင်းစတိုင်း၏ သီအိုရီသည် မပေါ်နိုင်သေးချေ။ ထိုအခါ အိုင်းစတိုင်း၏ သီအိုရီသည် မပြည့်စုံ မလုံလောက်သေးချေ။ အဘယ့်ကြောင့်ဆိုသော် သိပ္ပံပညာရှင်များသည် စကြ၀ဠာမတိုင်ခင်က မည်သို့မည်ပုံဖြစ်သည်ကို သိလိုကြသည်။ ဤနေရာ၌ အိုင်းစတိုင်း၏ သီအိုရီသည် အကူအညီ မပေးနိုင်၊ ထို့ကြောင့် အိုင်းစတိုင်း၏ သီအိုရီအား ပြီးပြည့်စုံသော သီအိုရီဟု မသတ်မှတ်ကြ။

ဘလက်ဟိုလ်း ထဲသို့ကျလျှင် ဤသို့ရှင်းကြသည် — “Anything or anyone who falls through the will soon reach the region of infinite density and the end of time. … ” အချိန်၏ နိဂုံးသို့ ရောက်သွားသည်ဟု သတ်မှတ်ကြသည်။

ထို့ကြောင့် ဘလက်ဟိုလ်း၏ ၀ါးမြိုခြင်းကို ခံရသောအရာတို့သည် အချိန်မှ လွတ်မြောက်သွားကြသည်။ အဘယ့်ကြောင့် ဆိုသော် အချိန်၏အဆုံးသို့ ရောက်သွားသည်ဟု သတ်မှတ်ကြသည်။ အချိန်၏အဆုံးသို့ ရောက်သည်ဟူသော စကားသည် စိတ်ဝင်စားစရာ ကောင်းသောစကား ဖြစ်သော်လည်း ဘလက်ဟိုလ်း ထဲကျရောက်သောအခါ အချိန်၏ နိဂုံးသို့ရောက်ခြင်းသည် (၃၁) ဘုံမှ ရုပ်နာမ်များ နိဗ္ဗာန်စံရသောအခါ အချိန်၏ နိဂုံးသို့ရောက်ခြင်းနှင့် မတူကြောင်းကို စာရေးသူ၏ အချို့သော ဆောင်းပါးများတွင် နှိုင်းယှဉ် ဖတ်ရှုနိုင်ပါသည်။

ဘလက်ဟိုလ်းသည် လုံးဝ မမဲနိုင်ကြောင်း သက်သေတစ်ခုရခဲ့သည်။ ထိုသက်သေမှာ အဖိုအမ အခြေခံအမှုန်တို့သည် အဖိုဖြစ်စေ အမဖြစ်စေ ဘလက်ဟိုလ်း၏ စုပ်ယူခြင်းခံရလျှင် အဖိုဖြစ်စေ အမဖြစ်စေ ဘလက်ဟိုလ်းမှ ပြန်ထွက်လာသော အခါ ၄င်းတို့အား ဘလက်ဟိုလ်းမှ ပြန်ထွက်လာသော အမှုန်များဟု မှန်းဆရသည်။ အမှန်တော့မူ ဘလက်ဟိုလ်းမှ ပြန်ထွက်လာသည်တော့ မဟုတ်ပေ၊ အဖိုအမှုန်နှင့် အမအမှုန်တို့ ရှိကြရာမှ အမှုန်စုံတွဲမှ တခြမ်းပဲ့ ၀ါးမြိုခြင်းခံရလျှင် ကျန်တခြမ်းသည် ကျွန်တော်တို့ မြင်ကွင်းသို့ ထွက်လာသော သဘောကြောင့် ဘလက်ဟိုလ်းများသည် လွန်စွာ မမဲပါဟု ယူဆနိုင်သည် ။ ဤအချက်ကို ဟော့ကင်းစတင်တွေ့ခဲ့သည်။

တွင်းမဲကြီးခေါ် “ဘလက်ဟိုလ်း” များ၌ Event horizon ခေါ်သော အ၀န်းအ၀ိုင်းများရှိသည်။ ထို အ၀န်းအ၀ိုင်းဟူသည်  ဘလက်ဟိုလ်း၏ ပိုင်နက်ပင်ဖြစ်သည်။ ၄င်းအ၀န်းအ၀ိုင်းထဲသို့ ၀င်ရောက်လာသော မည်သည့် အရာကိုမဆို ဘလက်ဟိုလ်းက ၀ါးမျို စုပ်ယူလိုက်သည်၊ ချေဖျက်လိုက်သည်။ ၄င်းအ၀န်းအ၀ိုင်းမှာတော့ ဘလက်ဟိုးလ် ကလည်း မဆွဲနိုင် လွတ်အောင်လည်း မပြေးနိုင်သော စည်းဝိုင်းတစ်ခုရှိရာ ၄င်းကို Event horizon ဟုခေါ်သည်။ အလင်းတန်းသည် ဘလက်ဟိုလ်း ထဲသို့လည်း မကျရောက် အပြင်သို့လည်း မထွက်နိုင်ဘဲ အဲဒီနေရာပဲ ၀ဲလည်နေတဲ့နေရာကို Event horizon ဟူ၍ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ယောက်သည် ဘလက်ဟိုလ်းထဲသို့ ကျသွားလျှင် (သို့မဟုတ်) ဘလက်ဟိုလ်းရဲ့ စုတ်ယူဝါးမျိုခြင်း ခံရလျှင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အမှုန်များကတော့ ရောင်ခြည်တန်းသဖွယ် ပြန်ထွက်နိုင်သည်။ ၄င်းကို ရုပ်သံသရာလည်သည်ဟု ခေါ်ဆိုလိုက ခေါ်ဆိုနိုင်ပေလိမ့်မည်။ ဘလက်ဟိုလ်းကို လေ့လာခြင်းအားဖြင့် အမှတ်ထူးကို ၀င်စားကြည့်ရာ “အထွေထွေနှိုင်းရသီအိုရီ” ကြိုတင်ပြောခဲ့သော အမှတ်ထုးသည် ပညာဖြင့် အဓိပ္ပာယ် ပြောင်းရွှေ့နိုင်ကြောင်း သတင်းကောင်း ရရှိလာသည်။

စကြ၀ဠာ၏ စောစောပိုင်း ဖြစ်စဉ်များသည် ကွမ်တမ်မက္ကင်းနစ်ပညာကို အထူးအရေးပါ အရာရောက်စေသည်ဟု ဆိုနိုင်လေသည်။ နောက်ပိုင်းတွင်မူ စကြ၀ဠာသည် ထူဆန်းစွာ ကျယ်ပြန့်လွန်းသွားရာ ပြန့်ကားမှုကြောင့် ကွမ်တမ် မက္ကင်းနစ်ပညာ၏ Uncertainty Principle မှာ မှေးမှိန်ကာ Classical Physical အမြင်များ ရေပန်းစားလာနိုင်သည်။ အိုင်းစတိုင်း၏ သီအိုရီသည် အမှတ်ထူးကို ကြိုတင်ဟောသော်လည်း အမှတ်ထူး၌ မည်သည် ရူပဗေဒဆိုင်ရာ ဥပဒေသမှ မရှိနိုင်တော့သဖြင့် အမှတ်ထူး၏ အခြေအနေကို လက်ခံရန် သိပ္ပံပညာရှင်များအဖို့ အခက်အခဲ ဖြစ်လာသည်။ သိပ္ပံ ပညာရှင်များကမူ —

… the laws of will have the same in each region. ဟု နားလည် သတ်မှတ်လိုကြသည်။ အဓိကတော့မူ သဘာဝဖြစ်ရပ် ဖြစ်စဉ်ကို လက်တွေ့ကြည့်ရှုလေ့လာ စမ်းသပ်မှု၏ အဖြေများက  တိုက်ဆိုင်ညှိနှိုင်းခြင်း ခံရမည်သာ ဖြစ်သည်။

စကြ၀ဠာသည် ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသည် ဆိုသည်ကို ကျွန်ုပ်တို့ မှန်းဆနိုင်အောင် ကြိုးစားရမည်သာ ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာ နှင့် အထွေထွေနှိုင်းရ သီအိုရီတို့ ညှိနှိုင်းရန်မူ လွန်စွာ အရေးကြီးနေသည်ဟု ယူဆရလေသည်။ လောလောဆယ် အခြေအနေမှာမူ ကွမ်တမ် မက္ကင်းနစ်ပညာ၏ အဆိုအမိန့် ထုတ်လွှင့်မှုများသည် လက်တွေ့ဘ၀ဖြစ်စဉ်များနှင့် လွန်စွာ ကိုက်ညီလျှက်ရှိသည်။ စကြ၀ဠာသည် သူ့ဥပဒေသနှင့်သူ ခိုင်မာစွာ ဖြစ်ပေါ် တည်ရှိလျှက် ရှိရာ ဖန်ဆင်းရှင်၏ နေရာမှာမူ စဉ်းစားဖွယ်ရာ မလိုတော့ချေ။ ထိုသို့လျှင် ဟော့ကင်း ယူဆခဲ့လေသည်။

အိုင်းစတိုင်းသည် ပြည့်စုံသော သီအိုရီတစ်ခုကို သူ့ဘ၀နောက်ပိုင်း၌ ကြိုးစားပမ်းစား ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ၄င်းကို —

…Einstein spent most of his later years unsuccessfully searching for a unified theory, but the time was not ripe. ဟူ၍ ကောက်ချက်ချခဲ့လေသည်။

အချုပ်အားဖြင့်တော့မူ — “…our goal is a complete understanding of the events around us, and of our own existence.” ဖြစ်သည် ဟူ၍ ဟော့ကင်းသည် နိဂုံးချုပ် ဆွဲယူခဲ့လေသည်။ကျွန်ုပ်တို့ ရည်မှန်းချက်သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဖြစ်နေသော အရာရာကို ဖြေရှင်းနိုင်သော နည်းဥပဒေသများကို တွေ့ရှိရန်နှင့် – ကျွန်တော်တို့ ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရပါသနည်း? ဆိုသောမေးခွန်းကို ဖြေဆိုရန်ပင် ဖြစ်သည်ဟု နိဂုံးဆွဲယူခဲ့သည်။

What is the nature of the universe?

စကြ၀ဠာရဲ့ သဘာဝဟာ ဘာလဲ?

Why is it the way it is?

သူဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ?

ဒီမေးခွန်းများကို ဖြေဆိုရန် အမျိုးမျိုး ကြိုးစားကြသည်။ အချုပ်အားဖြင့်မူ သဘာဝတရားကို သိလေလေ God ၏ နေရာ ပျောက်လေလေဟု သဘောရလေသည်။ သိပ္ပံပညာရှင်တို့သည် သဘာဝ၏ ဖြစ်တတ် ပျက်တတ်ပုံများကို အထူးဝင်စားလေ့လာ၍ အသေးစိတ်လိုက်ကြရာ မလေ့လာသော ပုဂ္ဂိုလ်များအတွက် နားလည်ရန် အခက်အခဲ ရှိနိုင်သော်လည်း ယေဘုယျအားဖြင့် စကြ၀ဠာသည် စဥ်းစားဆင်ခြင်၍ သိနိုင်သော အရာဖြစ်ကြောင်း လူ့အသိပညာကို အားကိုးပြု၍ —

… why it is that we and the universe exit. If we find the answer to that, it would be the ultimate triumph of human reason- for then we would know the mind of God. ဟူ၍ ဟော့ကင်းက အချုပ်ရှင်းပြခဲ့သည်။

ဒေါက်တာချစ်ငယ်(ဒဿန)

M.A, PhD (Philosophy in Religious Sciences) LONDON.

chitngephilo@chitnge.com

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *