Stephen Hawking -6

Share

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း – ၆

တစ်ချိန်က စက်ယန္တရားဆန်သော တရားသေ၀ါဒ ပေါ်ထွန်းခဲ့သေးသည်။ ထိုဝါဒကို Scientific Determinism ဟု နာမည်ပေးကြသည်။ အဓိပ္ပာယ်မှာ “… There should be a set of scientific laws that would allow us to predict everything that would happen in the universe, …” ဟူ၍ ဖြစ်သည်။ စကြ၀ဠာထဲ၌ ဖြစ်သမျှ အရာအားလုံးကို ကြိုတင်ပြောနိုင်သော သိပ္ပံနည်းကျ ဥပဒေသများ တွေ့ရှိနိုင်သည်ဟူသော မျှော်လင့်ချက် ရှိသည့် အယူဝါဒပင် ဖြစ်သည်။ ထိုဝါဒကို နှစ်ခြိုက်သူများအနက် Laplace သည် အထူး နာမည်ကြီးခဲ့သည်။
သူက “…. the universe was completely deterministic.” ဟူ၍ အယူရှိခဲ့သည်။ အဓိပ္ပာယ်မှာ စကြ၀ဠာကြီးသည် ပြီးပြည့်စုံစွာ သတ်မှတ် ပြဋ္ဌာန်းပြီးသား ဖြစ်သည်ဟုယူသည်။ သို့သော် နောက်ပိုင်းတွင် Werner Heisenberg ခေါ် သိပ္ပံပညာရှင် ပေါ်လာသည်။ သူ၏ တွေ့ရှိချက်အရ မသေချာခြင်းနိယာမဟူ၍ သဘာဝတွင် လွှမ်းမိုးချက်ရှိကြောင်း ဖော်ပြနိုင်ခဲ့သည်။
“…. Heisenberg, formulated his famous uncertainty principle.” ဟူ၍ မှတ်တမ်းရှိသည်။
အဓိပ္ပာယ်မှာ အမှုန်တစ်ခု၏ position ရော velocity ကိုပါ တိတိကျကျ တိုင်းတာရန်ဖြစ်သည်။ ထိုသို့ ကြိုးစားမှုပြုတိုင်း တစ်ခုကို မှန်မှန်ကန်ကန် တိုင်းတာနိုင်လျှင် ကျန်တစ်ခုကို မတိုင်းတာနိုင်အောင် ရှိတော့သည်။ နောက်ဆုံး၌ ထိုမသေချာခြင်း နိယာမသည် အရမ်း ကျော်ကြားသွားသည်။ အခြေခံအမှုန်ကို တိုင်းတာသောအခါ တိုင်းတာခြင်းက အခြေခံအမှုန်ကို ရွေ့လျားသက်ရောက်စေသဖြင့် အခြေခံအမှုန်ကို မည်သည့်အခါမှ တိတိကျကျ မတိုင်းတာနိုင်ကြောင်း သိရှိလာရသည်။ ၄င်းကို မသေချာခြင်း နိယာမဟုခေါ်သည်။
“… Heisenberg’s uncertainty principle is a fundamental, inescapable property of the world.”
ကမ္ဘာ၏ ပြောင်းလဲနိုင်စွမ်း မရှိသော သတ္တိတစ်ခုသည် မသေချာခြင်း နိယာမသာဖြစ်သည်။ ထိုအယူကို ယူ၍ အခြေပြုရင်း Quantum Mechanics ပညာလည်း ပေါ်ပေါက်လာခဲ့သည်။
Heisenberg, Erwin Schrödinger, Paul Dirac တို့သည် နာမည်ကြီးသော Quantum Mechanics ပညာရပ်၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ ဤသို့အားဖြင့် Quantum Mechanics ပညာရပ်သည် သိပ္ပံနယ်ထဲတွင် မသေချာခြင်း၊ ကြိုတင် မပြောနိုင်ခြင်း၊ ပရမ်းပတာ ဖြစ်တတ်ခြင်းများကို မိတ်ဆက် သွတ်သွင်းလာခဲ့သည်။
“Quantum Mechanics therefore introduces an unavoidable element of unpredictability or randomness into . …” ဟူ၍ ကောက်ချက်ချကြသည်။
အိုင်းစတိုင်းသည် ဤအခြေအနေကို တော်တော်ငြင်းဆန်ခဲ့သည်။ “Einstein objected to this very strongly, …”ဟူ၍ ကောက်ချက် ချနိုင်သည်။ သို့သော် အိုင်းစတိုင်းသည် Quantum Mechanics စတင်မွေးဖွား ပေါ်ပေါက်ရခြင်းအတွက် အရေးပါ အရာရောက်သော အခန်းကဏ္ဍမှ စတင်ပျိုးထောင်မှု ပြုခဲ့ဖူးသည်။ ထို့ကြောင့်လည်း အိုင်းစတိုင်းသည် နိုဗယ်ဆုကို ရခဲ့ခြင်းဖြစ်သည်။
“Einstein was awarded the Nobel Prize for his contribution to Quantum theory.” ဟု မှတ်ချက်ချကြသည်။
သို့သော် အိုင်းစတိုင်းသည် စကြ၀ဠာကြီးအား ဖြစ်ချင်သလို ဖြစ်တတ်သော သဘောရှိခြင်းကို လက်မခံလိုပေ။
“Einstein never accepted that universe was governed by chance; his feeling were summed up in his famous statement ‘God does not play dice.’ …”
အိုင်းစတိုင်းက စကြ၀ဠာကြီးသည် မတော်တဆ၏ လွှမ်းမိုးမှုကို ခံရသည်ဟူသော အယူအဆကို ငြင်းဖျက်လိုသော သဘောဖြင့် “God does not play dice.” ဟု ဖော်ပြခဲ့သည်။ ယင်းကား သူ၏ ကျော်ကြားလှသော စကြ၀ဠာ အမြင်ပေါ်တွင် သူ၏ခံစားချက်ကို သရုပ်ဖော်သည့် အနှစ်ချုပ်ပင် ဖြစ်သည်။ သို့သော် Quantum Mechanics ပညာရပ်သည် လက်တွေ့ဘ၀၌ များစွာကိုက်ညီလျှက် အကျိုးပြုနိုင်စွမ်း ရှိခဲ့သည်။
ထိုမှတဆင့် ဖြစ်တန်ရာခြေ ထုတ်လွှင့်မှုများဆိုင်ရာ ပြဿနာကို စဉ်းစားစေခဲ့သည်။ အရာရာ၌ ဖြစ်တန်ရာခြေ ထုတ်လွှင့်မှုများ ရှိကြောင်း သတိပြုမိလာကြသည်။ ဤအချက်မှာ သိပ္ပံ၏ တိုးတက်လာသော အချက်ပင်ဖြစ်သည်။ သိပ္ပံသည် ပြီးပြည့်စုံသော သီအိုရီတစ်ခုကို မရသေးပါ။ သို့သော် နှိုင်းရသီအိုရီနှင့် သီအိုရီတို့ ပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်မှုတို့ဖြင့် ပြီးပြည့်စုံသော သီအိုရီတစ်ခုကို ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်လာကြပါသည်။
ဤကား မသေချာခြင်း နိယာမ၏ သက်ရောက်မှု အစွမ်းများပေတည်း . . .

ဒေါက်တာချစ်ငယ်(ဒဿန)
M.A, PhD (Philosophy in Religious Sciences) LONDON.
chitngephilo@chitnge.com
မြန်မာနိုင်ငံ

This entry was posted in Buddhism & Science, Frontpage and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *