Stephen Hawking -13

Share

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း -13

On the Shoulders of Giants  ဆိုသော စာအုပ်မှာ Stephen Hawking က Edit လုပ်ခြင်းဖြစ်သည်။ ၄င်းပြင် Commentary အနည်းငယ် ရေးသားသည်ဟု ဖွင့်ဆိုထားသည်။ ၄င်းစာအုပ်၏ ပထမ စာမျက်နှာတွင် အောက်ပါအတိုင်း ရေးထားသည် – – –

စတီဖင်ဟော့ကင်းသည် သဘောတရားရေးရာ ရူပဗေဒနှင့် ပတ်သက်၍ အိုင်းစတိုင်း ပြီးသည့်နောက် အထူးချွန်ဆုံးသော  ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။

Stephen Hawking is considered the most brilliant theoretical physicist since Einstein.

သူသည် Popularize ခေါ် A Brief History of Time စာအုပ်ကို ရေးခဲ့ရာ စာအုပ်ပေါင်း ဆယ်သန်းခန့် အထက်၌ ရောင်းရ၍၊ ဘာသာပေါင်း လေးဆယ်ကျော် ပြန်ဆိုခဲ့သည်ဟု မှတ်တမ်းရသည်။ သိပ္ပံနှင့် ပတ်သက်၍ ရေးသားသမျှသော စာအုပ်များထဲတွင် အထူးချွန်ဆုံး အပြောင်မြောက်ဆုံး အအောင်မြင်ဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ သူ၏ The Universe in a Nutshell စာအုပ်မှာလည်း နာမည် ကျော်ကြားခဲ့သော စာအုပ်တစ်အုပ်ပင် ဖြစ်သည်။

ဟော့ကင်းကို ၁၉၄၂ – ခုနှစ် ဇန်န၀ါရီလ (၈) ရက်နေ့၊ အောက်စဖို့ဒ် (Oxford) ၌ မွေးဖွားခဲ့ရာ – ဂယ်လီလီယို (Galileo) သေဆုံးပြီးနောက် အနှစ်(၃၀၀) ပြည့်မြောက်နေ့ပင် ဖြစ်သည်။ သူသည်  အောက်စဖို့ဒ် တက္ကသိုလ်၌ ရူပဗေဒကို သင်ယူခဲ့ပြီးနောက်၊ စကြ၀ဠာဗေဒဆိုင်ရာ နှင့်ပတ်သက်၍ ကမ်းဘရစ်(ခ်ျ) (Cambridge) ၌ ဒေါက်တာဘွဲ့ ရခဲ့သည်။

၁၉၇၉ – ခုနှစ်တွင် Lucasian Professor of Mathematics နေရာကို ရရှိခဲ့သည်။ ၁၆၆၃ – ခုနှစ်တွင် နယူတန်လည်း ထိုရာထူးကို ရရှိလက်ခံခဲ့သည်။ သူတို့ခေတ်တွင် အထူးချွန် အပြောင်မြောက်ဆုံးသော ပုဂ္ဂိုလ်များကိုသာလျှင် ထိုဘွဲ့ကိုပေး၍ ထိုရာထူးရကာ၊ ထိုကုလားထိုင်ကို ထိုင်ခွင့်ပြုခြင်း ဖြစ်သည်။

It is reserved for those individuals considered the most brilliant thinkers of their time. ဟု ဖော်ပြထားသည်။

Professor Hawking has worked on the basic laws that govern the universe. ဟု အမွှန်းတင်ထားသည်။ ပါမောက္ခ ဟော့ကင်းသည် စကြ၀ဠာကြီးအား လွှမ်းမိုးချုပ်ကိုင် ဦးဆောင် မောင်းနှင်လျှက်ရှိသော သဘာဝ ဥပဒေသများကို လေ့လာရင်း အလုပ်လုပ်ခဲ့သည်ဟု မှတ်တမ်းပြုသည်။

ဟော့ကင်းသည် ပင်ရို့စ် (Roger Penrose) နှင့်ပေါင်း၍ – အိုင်းစတိုင်း သီအိုရီသည် အချိန်နှင့်နေရာတို့၌ အစရှိနိုင်သည်၊ ၄င်းသည် မဟာပေါက်ကွဲမှုပင် ဖြစ်သည်။ အဆုံးလည်းရှိနိုင်သည်၊ ၄င်းသည် ဘလက်ဟိုးလ် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

… With Roger Penrose, he showed that Einstein’s General Theory of Relativity implied space and time would have a beginning in the Big Bang and an end in black holes. ဟူ၍ ဖော်ပြခဲ့သည်။

၎င်းမှနေ၍ အထွေထွေနှိုင်းရ သီအိုရီကို သီအိုရီနှင့် ပူပေါင်းရန် ကြံခဲ့သည်ဟု ဖော်ပြသည်။ ထိုသို့ ကြိုးစားရင်း ဘလက်ဟိုးလ်များသည် အပြည့်အစုံ မမဲပါဟု ဖော်ပြနိုင်လျှင် သူတို့ကြိုးစားမှု၏ ရလဒ်သာဓက တစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အချိန်ယောင်တွင် အဆုံးစွန် စမ်းသပ်ချက် စည်းဘောင် မရှိပါဟု စကြ၀ဠာကြီးအတွက် ဟောကိန်း ထုတ်ခဲ့သည်။

ဤစာအုပ်တွင် ကော့ပါးနီးကပ်(စ) “Copernicus” အကြောင်း၊ ဂယ်လီလီယို “Galileo” အကြောင်း၊ ကပ္ပလာ “Kepler” အကြောင်း၊ နယူတန် “Newton” အကြောင်း၊ အိုင်းစတိုင်း  “Einstein” အကြောင်းများ ပါသည်။

နိဒါန်း၌ ကျွန်တော်တို့သည် အသိပညာဆိုင်ရာ ခုန်ကျော်မှု အကြောင်းများကို ပြုလုပ်ရမည်ဖြစ်ကြောင်း —

We have to make the intellectual leap to a new world picture. ဟု ဖော်ပြထားသည်။

ဒေါက်တာချစ်ငယ်(ဒဿန)

M.A, Ph.D (Philosophy in Religious Sciences) LONDON.

chitngephilo@chitnge.com

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science, Frontpage and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *