အသိပညာသစ်အတွက်ခြေလှမ်းများ

Share

အသိပညာသစ်အတွက်ခြေလှမ်းများ

သိပ္ပံသည် အသိပညာသစ်အတွက် ခြေလှမ်းများ လွန်စွာသွက်သည်၊ လွန်စွာစိပ်သည်။ သူတို့သည် အသိပညာအတွက် လွန်စွာလည်း စိတ်ဝင်စားသည်၊ လွန်စွာလည်း ထက်သန်သည်။

ဥပမာ — — စကြဝဠာအကြောင်း သူတို့သိခြင်းကို သူတို့လွန်စွာ စိတ်ဝင်စားသည်။

What do we really know about the Universe? ဟူ၍ ဆွေးနွေးကြသည်။

How do we know it? ဟူ၍လည်း တင်ပြကြသည်။ စကြဝဠာအကြောင်း ဘယ်လောက်သိသလဲ?  ဘယ်လိုသိသလဲ? စသည်ဖြင့် လွန်စွာ စိတ်ဝင်စားကြသည်။

… where is it going? .. .. စကြ၀ဠာသည် ဘယ်ကို ဦးတည်နေပါသနည်း? စသည်ဖြင့်… စကြ၀ဠာအကြောင်းကို လွန်စွာစိတ်ဝင်စားကြသည်။ ယခင်က မသိသည်များလည်း သိလာသည်။ ထပ်၍ထပ်၍လည်း သုတေသန လုပ်ကြသည်။ သူတို့သည် စကြ၀ဠာအကြောင်း သိသည်ကို ပျော်နေကြသည်။ သီအိုရိများ အသစ်အသစ် ဖန်တီး၍ လေ့လာကြည့်ရှုမှု အဖြေရလာဒ်များကို အသစ်အသစ် ဆွေးနွေးတင်ပြကြသည်။

ရုပ်ကမ္ဘာဆိုင်ရာ ပြဿနာများ အားလုံးကို ဖြေရှင်းဖို့ သူတို့ ကြိုးစားနေကြသည်။ အချင်းချင်းလည်း အားပေးသမှုပြုကြသည်။

“We are lucky to live in an age in which we are still making discoveries. .. .” ဟူ၍ လက်တွေ့ သုတေသန ရှာဖွေဆည်းပူးခြင်းများဆိုင်ရာ ခေတ်တစ်ခေတ်ကို ရှင်သန်ရခြင်း၌ ကံကောင်းသည်ဟု ခံယူကြသည်။

“.. ..The age in which we live is the age in which we are discovering the fundamental laws of nature.” ကျွန်တော်တို့ နေရသောခေတ်သည် သဘာဝ၏ အခြေခံဥပဒေသများကို ရှာဖွေတွေ့ရှိနေသော ခေတ်ဖြစ်နေ၍ ဂုဏ်ယူကြသည်ဟူသော သဘောကို ခံယူထားကြသည်။

အဓိကအားဖြင့် စကြ၀ဠာကြီး တစ်ခုလုံး၏သဘောကိုပင် ခြုံငုံဝင်စားကြသည်။ ထိုအခါ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ရှာဖွေတွေ့ရှိမှုများကို သူတို့ ရင်ခုန်ကြသည်။ အမှန်တရား၏ ပန်းချီကားချပ်အသစ်ကို တဖြည်းဖြည်း ရေးဆွဲလာတတ်ပြီဟု သူတို့ ခံယူလာကြသည်။

ဤသို့ဖြင့် သိပ္ပံပညာရပ်၏ တိုးတက်မှုကို လွန်စွာ စိတ်ဝင်စားကြသည်။ စိတ်ဝင်စားမည်ဆိုကလည်း စိတ်ဝင်စားနိုင်ပါသည်။ သူတို့သည် အတော်အသင့် အတိုင်းအတာထိ စကြ၀ဠာအကြောင်းကို သိကြသည် မဟုတ်ပါလား . . .  သို့သော် ခက်ခဲနက်နဲသော လောက၏လွန်ရာ အသိပညာကိုမူ သူတို့သည် စိတ်မ၀င်စား တတ်ကြသေးပေ။ ဤကိစ္စမှာ သူတို့၏ အားနည်းချက်ဖြစ်သကဲ့သို့ အသိပညာလိုင်းမှ စိတ်မကောင်း စရာလည်း ဖြစ်သည်။

 

တစ်ချိန်က အိုင်းစတိုင်းသည် ကွမ်တမ်မက္ကင်းနစ်ပညာကို စိတ်မ၀င်စားခဲ့ချေ။ သူသည် (Theory of everything) T.O.E ကိုသာ လိုက်ရှာခဲ့သည်။ ပညာရှင်များသည် ထိုကဲ့သို့ ကွမ်တမ်က္ကင်းနစ် ပညာရပ်ကို လျစ်လျူရှုသည်မှာ ၀မ်းနည်းဖွယ်ရာကောင်းသည်ဟု ကောက်ချက်ချသည်။

ယခုလည်း အသိပညာလောက၌ လောက၏လွန်ရာ အသိပညာများကို သိပ္ပံပညာရှင်များသည် စိတ်မ၀င်စား​သည်မှာ ၀မ်းနည်းဖွယ်ရာ ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် လောက၏ အသိပညာသည် ၏ အသိပညာလောက် အံ့သြဖွယ်ရာမကောင်းကြောင်းကို သူတို့ မသိနိုင်သောကြောင့် ဖြစ်သည်။

လောကုတ္တရာ အသိပညာသည် လွန်စွာမှ အံ့သြဖွယ်ရာ ကောင်းသည်။ အရိယာတို့၏ ထိုးထွင်းဉာဏ်၊ နိဗ္ဗာန် တွေ့ရှိပုံ၊ သံသရာဖြတ်တောက်ပုံ၊ (၃၁)ဘုံခြေကန်ပုံတို့မှာ လွန်စွာမှ နက်ရှိုင်း၍ အံ့ခမန်းလိလိဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များ မခံစားရရှာချေ။ ဤအချက်ကား သိပ္ပံပညာရှင်များ၏ အားနည်းချက်ဟူ၍ သတ်မှတ်နိုင်သည်ဟု ယူဆမိပါသည်။

 

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

 

 

This entry was posted in Buddhism & Science and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *