ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

Share

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

စာရေးသူသည် မကြာခဏ သိပ္ပံအကြောင်း ရေးနေသည်။ အချို့သော အကြောင်းအရာများမှာမူ သာမန်အားဖြင့် ခက်ခဲနက်နဲနိုင်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ခက်ခဲနက်နဲသော သိပ္ပံပညာရပ်ဆိုင်ရာ အခန်းကဏ္ဍ၏ နိဒါန်းပိုင်းများကို အခြေပျိုး၍ တင်ပြလိုသည်။

သိပ္ပံပညာရှင်များသည် အများသူငါ​ သတ်မှတ်ထားသည့်အတိုင်း လူတော်များဖြစ်ကြသည်။ ဆိုလျှင်မူ တိကျသေချာမှုကို အမြတ်တနိုး တန်ဖိုးထားသည်။ မသေချာခြင်းကို လက်မခံလိုချေ။ ထို့ကြောင့် မသေချာခြင်းဆိုင်ရာ သိပ္ပံနိယာမ သဘာဝကိုပင် ငြင်းဆန်ခဲ့လေသည်။

ဤနေရာ၌ သိပ္ပံပညာရပ်၏ မသေချာခြင်းနိယာမနှင့် အိုင်းစတိုင်း၏ အကြောင်းအကျိုး နိယာမတို့သည် စာမျက်နှာတစ်ခုစီ ဖြစ်နေကြသည်။ သို့သော် စာအုပ်တစ်အုပ်ထဲမှ စာမျက်နှာ တစ်ခုစီဖြစ်သည်ဟု ယူဆနိုင် သည်။ အဘယ့်ကြောင့်ဆိုသော် အိုင်းစတိုင်း ကိုယ်တိုင်လည်း ပညာရပ်အတွက် ကြီးစွာသော အထောက်အပံ့ ပြုခဲ့ဖူးသည်။ သို့သော် သူသည် ပညာရပ်၏ အဖြေ ရလာဒ်များကို လက်မခံနိုင်ချေ၊ သူသည် သေချာမှုကိုသာ လိုလားခဲ့သည်။ တစ်စုံတစ်ရာက မသေချာအောင် ဖျက်ဆီးလိုက်မည်ကို မလိုလားချေ။ ဤမလိုလားမှုနှင့်ပင် အိုင်းစတိုင်းသည် သူ၏ဘ၀ နိဂုံးချုပ်ခဲ့သည်။

အထွေထွေသီအိုရီကြီး ဖော်ပြပြီးတဲ့နောက် (Theory of Everything) ခေါ် အားလုံးသော ဖြစ်ရပ်များကို ဖြေရှင်းနိုင်သည့် သီအိုရီတစ်ခု ရှာဖွေတည်ဆောက်ရန် ကြိုးစားမည်ဟု အားခဲရင်းနှင့် သူ၏ နောက်ပိုင်းနေ့ရက်များ အချိန်ကုန်ခဲ့သည်။ အချို့ကွမ်တမ်မက္ကင်းနစ် ပညာရှင်များကမူ ဤကိစ္စကို စိတ်မကောင်းကြ၊ လွမ်းမောတသကြသည်။ အိုင်းစတိုင်းသာ အကယ်၍ ကွမ်တမ်မက္ကင်းနစ် ပညာရပ်ဘက်က ရပ်တည်လိုက်လျှင်မူ ကွမ်တမ် ပညာရပ်သည် ဒီ့ထက် တိုးတက်လိမ့်မည်ဟု မျှော်လင့် ကိုးစားကြသည်။ သို့သော် အိုင်းစတိုင်းသည် မသေချာမှုကို မလိုလားပါ၊ ဤသို့ဖြင့် ဘ၀နိဂုံးချုပ်ခဲ့ရသည်။

ယခုအခါတော့မူ မသေချာခြင်းနိယာမသည် ရေပန်းစားနေသည်။ ဟိုင်ဇင်ဘတ်၊ ဒီရက်၊ မက်(စ်)ဘွန်း၊ ရှိုး(လ်) ဒင်းဂါး၊ ဘရု(တ်)လီတို့၏ အယူအဆများမှ အကြုံးဝင် အောင်မြင်မှုများသည် အများသူငါ လက်ခံလျှက်ရှိကြ သည်။ ကွမ်တမ်မက္ကင်းနစ် ပညာရပ်သည် ယခုထက်တိုင် ကမ္ဘာ၌ ရေပန်းစားနေဆဲ ဖြစ်သည်ဟု ဆိုရပေ လိမ့်မည်။

ဟော့ကင်းသည် ကွမ်တမ်မက္ကင်းနစ် ဘက်တော်သားဖြစ်သည်။ သူသည် အိုင်းစတိုင်း၏ အထွေထွေနှိုင်းရ သီအိုရီကို နားလည်ရန် ကြိုးစားခဲ့ပြီးနောက် အမှတ်ထူးများ (singularity) ဘလက်ဟို(လ်)များ (black holes) တွင်းမဲများကို ဆက်လက် ထုတ်ဖော် ဆွေးနွေးနိုင်ခဲ့သည်။ ဟော့ကင်းသည် နောက်ဆုံးတွင် (The Highest Triumph of Human Knowledge) လူ့အသိပညာ၏ အထွတ်အထိပ်ကို သိသင့်သည်ဟု ကောက်ချက်ဆွဲသွားခဲ့သည်။

ဤကောက်ချက်မှာ သူ့လက်ထက်၌ ထူးခြားသည်။ အဘယ့်ကြောင့်ဆိုသော် နိုဘယ်(လ်)ဆုရ မက်(စ်)ဘွန်း တို့ လက်ထက်တွင် သိပ္ပံပညာရှင်များသည် ရည်ရွယ်ချက်ပန်းတိုင် မထားကြဟု အတိအလင်းဖော်ပြခဲ့သည်။

 

“. . . We have no Aim, but make inquisition and going on and on without End  .. ..” (Max Born -The Nobel Prize Winner i.e. in his famous book Cause and Chance.)

ပန်းတိုင်ထား၍ ထိုပန်းတိုင်သို့ ရောက်ပြီဆိုလျှင် လူသားတို့သည် နားနေသွားကြပေလိမ့်မည်၊ ယင်းအခြေ အနေကို မလိုလားပါဟု ပွင့်ပွင့်လင်းလင်း တင်ပြလာခဲ့ကြသည်။

သို့သော် ဟော့ကင်းလက်ထက်တွင်မူ ရည်မှန်းချက်ပန်းတိုင် ရှိလာခဲ့သည်။ ယင်းကား ဖြစ်သည်  … to have the Ultimate Triumph of Human reason. (Hawking-A Brief History of Time)

 

ယခုအချိန်ထိမူ သိပ္ပံသည် လူ့အသိပညာ၏ အထွတ်အထိပ်ကို ရှာဖွေတွေ့ရှိ နိုင်ခြင်း မရှိသေးချေ။ တွေ့ရှိနိုင်သည်ဟုလည်း တရားဝင် ခိုင်ခိုင်မာမာ မကြေငြာနိုင်ချေ။ သူတို့စကားအတိုင်း T.O.E ခေါ် ( Theory of everything) ကိုမူ ခိုင်ခိုင်မာမာ တွေ့နိုင်ဖို့ အခက်အခဲပြဿနာများ များစွာရှိနေ ကြောင်းကို လေ့လာ တွေ့ရှိနိုင်ပေသည်။

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *