သိပ္ပံ၏အားမာန်

Share

၏အားမာန်

သိပ္ပံပညာရပ်သည် အားနှင့်မာန်နှင့် တိုးတက်လျှက်ရှိသည်။ ထို့ကြောင့်လည်း ကမ္ဘာပေါ်၌ လွှမ်းမိုးနေခြင်း ဖြစ်သည်။ လူ့အသုံးအဆောင်၊ လူ့လောက၊ လူမှုဆက်ဆံရေး လောကီနယ်ပယ်တွင် သိပ္ပံသည် လွန်စွာမှ အသုံးကြသည်၊ သို့သော် အစိတ်အပိုင်းအားဖြင့် တိုးတက်နေသည်ဟုသာ ခေါ်နိုင်သည်။ တစ်ခုလုံး တိုးတက်သွားသည်ဟုမူ ခေါ်ရန်ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ဖြစ်တန်ရာချေမှ ထို့ထက်တိုးတက်သော အဆင့်သို့ မရောက်နိုင်သေးချေ။ ဖြစ်တန်ရာချေနှင့်သာ ကျေနပ်နှစ်သိမ့် နေကြရသည်။ ဤကား သိပ္ပံ၏ Evolution အဆင့်ဖြစ်သည်။ Revolution အဆင့်သို့မူ မရောက်သေးချေ။ တနည်းအား Quantitative Change အရေအတွက်အားဖြင့် တိုးတက်နေခြင်းဖြစ်သည်။ Qualitative Change ခေါ် တစ်စုံတစ်ခုလုံးကို အမှောက်အလှန် မပြောင်းလဲနိုင်သေးချေ။

T.O.E ကို ရှာသည်ဟုသာဆိုသည် မရနိုင်သေးချေ။ ဤသို့ မရဘဲနေလျှင် သိပ္ပံသည် အရေအတွက်သာလျှင် တိုးတက်နေပေလိမ့်မည်။ ဤအခါ ဗုဒ္ဓဘာသာသည် အရည်အချင်းများ တိုးတက်လာသည်ကို အများသူငါ စိတ်မ၀င်စားသဖြင့် ၀မ်းနည်းဖွယ်ရာကောင်းသည်။ သိပ္ပံသည် အကျင့်ပိုင်း လွန်စွာတိုးတက်ခဲ့သည်။ ထိုနည်းတူ ဗုဒ္ဓဘာသာသည် ကျင့်ကြံအားထုတ်မှု အပိုင်းက အရမ်းတိုးတက်သည်။ ကျင့်ကြံမှုအပိုင်းကို ဗုဒ္ဓဘာသာများ အာရုံပြုမှု နည်းပါးသည်၊ ထို့ကြောင့် တန်ဖိုးထားရကောင်းမှန်းလည်း မသိကြချေ။ အမှန်မှာမူ ပဋိပတ္တိအကျင့်မြတ်ကို တန်ဖိုးထားသင့်သည်သာ ဖြစ်သည်။ ဤကိစ္စကို တန်ဖိုးမထားတတ်ကြသဖြင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေသည်။ ဗုဒ္ဓဘာသာသည် အကျင့်ပိုင်းကို လုံးဝလျစ်လျူရှုသည်။ လျစ်လျူရှုပြီး တချို့နေရာတွင် ချိုးနှိမ်သကဲ့သို့ပင် ရှိသည်။ ဤအခြေအနေသည် မသင့်တော်လှချေ – အကျင့်ပိုင်းကိုလည်း အကျင့်ပိုင်းအဖြစ် တိုးတက်စေရ ပေလိမ့်မည်။

သာသနာရေး၌ တချိန်က သာသနာသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ – ထိုပုဂ္ဂိုလ်တို့သည် လုပ်ပိုင်ခွင့်ရှိ၍ လက်ဝါးစောင်းထက်ခဲ့သည်။ ယင်းအရှိန်သည် ယခုထက်တိုင် မကုန်သေးချေ၊ သာသနာနှင့် ပတ်သက်၍ သန့်ရှင်းရေးလုပ်သကဲ့သို့ ပဋိပတ္တိပုဂ္ဂိုလ်များကိုလည်း သူတို့က သန့်ရှင်းရေး လုပ်ချင်ကြသည်။ စိတ်ရင်း မကောင်းသော သဘာဝပင်ဖြစ်သည်။ သာသနာကို ရိုက်ချိုးဖျက်ဆီးနေသည်၊ အကုသိုလ် တော်တော်ကြီးသော ပုဂ္ဂိုလ်များလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ယခုထက်တိုင် ရှင်သန်နေသည်မှာ အံသြဖွယ်ရာ ကောင်းသည် ခေတ်အမျိုးမျိုး ပြောင်းသော်လည်း သာသနာဖျက်များသည် အာဏာရှိနေတုန်းပင်ဖြစ်သည်။ သာသနာကို တိုးတက်ရန် ကြိုးစားကြသူများအား နှိမ်ပေါက်ဖြင့် ဂုံးချောကာ ခေါင်းမဖော်နိုင်အောင် လုပ်နေသော သာသနာဖျက်များ ဖြစ်သည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တော်တော်လည်း အကုသိုလ်ကြီးသော ပုဂ္ဂိုလ်များဖြစ်သည်။ သို့သော် ၄င်းတို့သည် ယခုထက်တိုင် အနည်းနှင့်အများဆိုသလို သြဇာအာဏာ သက်ရောက်လျှက်ရှိရာ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရေးရာတွင် ပဋိပတ္တိသာသနာသည် ညှိုးငယ်နေသည်သာ ဖြစ်သည်၊ ပိန်ချုံးနေသည်သ ဖြစ်သည်၊ ယင်းကား ၀မ်းနည်းဖွယ်ရာ ကောင်းသည်။ အမှန်မှာမူ ထူးထူးကဲကဲ မြှောက်စားသင့်ပေသည်။ ထူးထူးကဲကဲ တန်ဖိုးထား မြှင့်တင်ပေးသင့်ပေသည်။ သို့သော် သာသနာကို ထိုကဲ့သို့ ချစ်တတ်သော ပုဂ္ဂိုလ်များ မရှိချေ။ ထို့ကြောင့်လည်း ပဋိပတ္တိသာသနာကို မည်သို့မှ ဂရုမစိုက်ချေ။ ဂရုစိုက်သင့်သော ပုဂ္ဂိုလ်များပေါ်ထွန်းလာပါကလည်း စောစောက သာသနာသန့်ရှင့်ရေး၌ လက်ဝါးစောင်းထက်သော ပုဂ္ဂိုလ်များ၏ အာဏာစက်အောက်၌ မတိုးတက်ဘဲ လမ်းခုလတ်က ပြတ်တောင်းကုန်ကြလေသည်။ ၀မ်းနည်းဖွယ်ရာကောင်းသော ပဋိပတ္တိပိုင်းဆိုင်ရာ သာသနာ၏ အခြေအနေများပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် သာသနာကို ဤရွေ့ဤမျှထိ ချိုးနှိမ်ကြသည်မှာ အတော်မကောင်းသော သဘောရှိသည်။ လွန်စွာမှလည်း တကိုယ်ကောင်းဆန်သော သဘောရှိသည်။ ဤပုဂ္ဂိုလ်များ သြဇာအာဏာ ရှိနေလျှင်မူ ပဋိပတ္တိသာသနာတွင် တိုးတက်ဖို့ လွန်စွာ ခက်ခဲကြပေလိမ့်မည်။ မိမိသည် ဘေးမှထိုင်၍ ဤကိစ္စများကို သုံးသပ်လျှက်ရှိရာ ယခုထက်တိုင် ပဋိပတ္တိသာသနာကို ချိုးနှိမ်လိုသော ပုဂ္ဂိုလ်များ၏ အာဏစက်များသည် သက်ရောက်လျှက် ရှိကြောင်းကို ၀မ်းနည်းဖွယ်ရာ တွေ့ရသည်။ မည်သို့သော အခါမှ ထိုမတရားမှုသည် ချုပ်ဆုံးသွားမည်ကို မသိနိုင်ချေ။ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများ အစစ တိုးတက်သည် ဆိုသော်လည်း ပဋိပတ္တိသာသနာ၌ တိုးတက်ခွင့် မရချေ၊ ၀မ်းနည်းဖွယ်ရာ လွန်စွာကောင်းသည် သာသနာအတွက် အားတက်ဖွယ်ရာ မရှိသောအချက်မှာ ထိုအချက်ပင် ဖြစ်ကြောင်း သဘောရမိပေသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်

 

This entry was posted in Buddhism & Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *