ယံုၾကည္မႈ

ယံုၾကည္မႈ

Sky-Clouds-Background-31ယံုၾကည္မႈဆိုတာ ရာႏႈန္းအနည္းအမ်ားေတာ့ ရွိတာပါပဲ။ တိုင္းတာတဲ့ ေပတံကေတာ့ ကိုယ္ယံုၾကည္တဲ့ဟာ လုပ္ဖို႔နဲ႔၊ က်န္တဲ့ ကိုယ္လုပ္ခ်င္တာကို လုပ္ဖို႔ ယွဥ္လာရင္ ကိုယ္ယံုၾကည္တဲ့ဘက္ကို လိုက္ရင္ – ဒါ ယံုၾကည္တာေပါ့။

ယံုၾကည္ေပမယ့္ ျဖစ္ခ်င္တာဘက္ကို လိုက္သြားေတာ့လည္း ယံုၾကည္မႈ အားနည္းတာေပါ့။ ယံုၾကည္ျခင္းကေတာ့ ေလ်ာ့နည္းတိုးဆုတ္ ရွိၾကမွာပါ။

ကၽြန္ေတာ္ တရားလိုက္တယ္၊ ဆရာေကာင္းကို ဖူးေတြ႕ရတယ္၊ နည္းနိသွ်ေတြ ခံယူရတယ္၊ ပညာေတြရတယ္၊ ေနာက္ ကိုယ္တိုင္က်င့္တယ္။ ေနာက္ ေပါက္ေျမာက္သင့္သေလာက္ ေပါက္ေျမာက္တယ္။ ကိုယ္သိတာကို ျပန္ေျပာျပတယ္။ နာခံတဲ့ပုဂၢိဳလ္ တစ္ခ်ိဳ႕ရွိတယ္။ ယံုၾကည္တဲ့ ပုဂၢိဳလ္ရွိတယ္။ သူအဆင့္ အဆင့္နဲ႔။ ဒါေပမယ့္ အဲဒီအထဲမွာ ဖြားစန္းကေတာ့ အျပတ္ယံုသြားတဲ့အတြက္ တစ္ခုတည္းေသာ ယံုၾကည္ခ်က္နဲ႔ပဲ ေသျခင္းတရားကို ရင္ဆိုင္သြားတယ္လို႔ ေျပာရမယ္။

ေနမေကာင္း ထိုင္မသာ ျဖစ္တဲ့အခါ ဆရာ၀န္ေတြကို အားကိုးဖို႔အတြက္ ကၽြန္ေတာ္က မကန္႔ကြက္ပါဘူး။ ဒါေပမယ့္ အသက္ကလည္း သိပ္ႀကီး၊ ကိုယ့္ေ၀ဒနာနဲ႔ကိုယ္ ေသျခင္းတရား ရင္ဆိုင္ကာနီးဆိုေတာ့ အလုပ္႐ႈပ္မခံဘဲနဲ႔  – တရားယံုၾကည္ခ်က္၊ ဆရာသမား ယံုၾကည္ခ်က္နဲ႕ပဲ အသက္ရွင္သန္ၿပီး၊ ေသျခင္းတရား ရင္ဆိုင္သြားတာေတာ့ ဖြားစန္းပဲ ျဖစ္ပါတယ္။

သာဓုေခၚပါတယ္ – အထူးသာဓုေခၚေၾကာင္း သတင္းေကာင္း ေပးအပ္ပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

ယုံကြည်မှု

ယုံကြည်မှုဆိုတာ ရာနှုန်းအနည်းအများတော့ ရှိတာပါပဲ။ တိုင်းတာတဲ့ ပေတံကတော့ ကိုယ်ယုံကြည်တဲ့ဟာ လုပ်ဖို့နဲ့၊ ကျန်တဲ့ ကိုယ်လုပ်ချင်တာကို လုပ်ဖို့ ယှဉ်လာရင် ကိုယ်ယုံကြည်တဲ့ဘက်ကို လိုက်ရင် – ဒါ ယုံကြည်တာပေါ့။

ယုံကြည်ပေမယ့် ဖြစ်ချင်တာဘက်ကို လိုက်သွားတော့လည်း ယုံကြည်မှု အားနည်းတာပေါ့။ ယုံကြည်ခြင်းကတော့ လျော့နည်းတိုးဆုတ် ရှိကြမှာပါ။

ကျွန်တော် တရားလိုက်တယ်၊ ဆရာကောင်းကို ဖူးတွေ့ရတယ်၊ နည်းနိသျှတွေ ခံယူရတယ်၊ ပညာတွေရတယ်၊ နောက် ကိုယ်တိုင်ကျင့်တယ်။ နောက် ပေါက်မြောက်သင့်သလောက် ပေါက်မြောက်တယ်။ ကိုယ်သိတာကို ပြန်ပြောပြတယ်။ နာခံတဲ့ပုဂ္ဂိုလ် တစ်ချို့ရှိတယ်။ ယုံကြည်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ သူအဆင့် အဆင့်နဲ့။ ဒါပေမယ့် အဲဒီအထဲမှာ ဖွားစန်းကတော့ အပြတ်ယုံသွားတဲ့အတွက် တစ်ခုတည်းသော ယုံကြည်ချက်နဲ့ပဲ သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ပြောရမယ်။

နေမကောင်း ထိုင်မသာ ဖြစ်တဲ့အခါ ဆရာဝန်တွေကို အားကိုးဖို့အတွက် ကျွန်တော်က မကန့်ကွက်ပါဘူး။ ဒါပေမယ့် အသက်ကလည်း သိပ်ကြီး၊ ကိုယ့်ဝေဒနာနဲ့ကိုယ် သေခြင်းတရား ရင်ဆိုင်ကာနီးဆိုတော့ အလုပ်ရှုပ်မခံဘဲနဲ့  – တရားယုံကြည်ချက်၊ ဆရာသမား ယုံကြည်ချက်နဲ့ပဲ အသက်ရှင်သန်ပြီး၊ သေခြင်းတရား ရင်ဆိုင်သွားတာတော့ ဖွားစန်းပဲ ဖြစ်ပါတယ်။

သာဓုခေါ်ပါတယ် – အထူးသာဓုခေါ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *