အက်င့္ျဖင့္ပူေဇာ္ျခင္း(၃)

အက်င့္ျဖင့္ပူေဇာ္ျခင္း(၃)

SayaGyi Sancopy2ဖြားစန္းက စီမံကိန္း ေအာင္ျမင္သြားတဲ့သေဘာပါပဲ။ လြန္ခဲ့တဲ့ (၃) (၄) (၅) ႏွစ္ ကတည္္းက တရားကို အႀကိတ္အနယ္ ႐ႈေနတာ၊ တရားမွ တရားပဲ။ စားတာေသာက္တာေလး အခ်ိန္ေပးၿပီး တရားမွ တရားပဲလုပ္တာ။ တစ္ခ်ိန္က်ေတာ့ သူေတာ္ေတာ္ ႐ႈႏိုင္သြားၿပီး ေအာင္ျမင္သြားပံုရတယ္၊ ေအာင္ျမင္လည္း ေအာင္ျမင္ေရာ သူက ပတ္၀န္းက်င္ကို ဂ႐ုမစိုက္ေတာ့ဘူး။ အေၾကာင္းကို မျပဳေတာ့ဘူး၊ ထည့္လည္း မတြက္ေတာ့ဘူး၊ စဥ္းလည္း မစဥ္းစားေတာ့ဘူး၊ ေ၀လည္း မေ၀ဖန္ဘူး။ ဘာေကာက္ခ်က္မွလည္း မေပးဘူး။ သူ႕ခႏၶာကို ေစာင့္ေရွာက္ရင္းနဲ႔ပဲ။ ေနသြားတာေပါ့။

ေနတဲ့အခါ – သူက တရားကို အရင္႐ႈတဲ့အခါက် ပတ္၀န္းက်င္ကို စိတ္မ၀င္စားဘဲလည္း ေနႏိုင္တာေပါ့။ ပတ္၀န္းက်င္ရဲ႕ သက္ေရာက္မႈလည္း ဘာမွကို ဂ႐ုမစိုက္ဘဲနဲ႔ ကိုယ့္ခႏၶာ သံုးသပ္ရင္း တရားနဲ႔ပဲ ေနသြားတဲ့ အခါက်ေတာ့ ေသျခင္းတရား ရင္ဆိုင္တဲ့အခါ ေအာင္သြားတာပါပဲ။ တဖက္က စကားနည္းၿပီး ေလာကီစကားနဲ႔ ေျပာရင္ေတာ့ အႏိုင္ပိုင္းသြားတာေပါ့ေလ။

တရားကို ေသခ်ာ႐ႈၿပီး၊ ပိုင္ၿပီဆိုမွ ပတ္၀န္းက်င္ကို ဂ႐ုမစိုက္ဘူး ဆိုေတာ့ ပတ္၀န္းက်င္က ဘာတုန္႕ျပန္ တုန္႕ျပန္ ဂ႐ုမစိုက္ေတာ့တဲ့ သေဘာပါပဲ။ အကုန္ ဥပကၡာျပဳသြားတာ။ ေတာ္ပါတယ္ ခ်ီးက်ဴးပါတယ္၊ ကၽြန္ေတာ့္ရဲ႕ ေယာဂီထဲမွာေတာ့ အင္မတန္ ထူးျခားတဲ့ ပုဂၢိဳလ္လို႔ ကၽြန္ေတာ္ကိုယ္တိုင္ သတ္မွတ္ သံုးသပ္ပါတယ္။

အခုတစ္ေလာေတာ့ ဖြားစန္းအေၾကာင္းေတြကို အားလံုးက ၀င္စားေနၾက ေျပာေနၾကေတာ့ ကၽြန္ေတာ္လည္း ပါ၀င္ၿပီးေတာ့ ေျပာလိုက္ျခင္း ျဖစ္ပါတယ္။

ေက်းဇူးတင္ပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

အကျင့်ဖြင့်ပူဇော်ခြင်း(၃)

ဖွားစန်းက စီမံကိန်း အောင်မြင်သွားတဲ့သဘောပါပဲ။ လွန်ခဲ့တဲ့ (၃) (၄) (၅) နှစ် ကတည််းက တရားကို အကြိတ်အနယ် ရှုနေတာ၊ တရားမှ တရားပဲ။ စားတာသောက်တာလေး အချိန်ပေးပြီး တရားမှ တရားပဲလုပ်တာ။ တစ်ချိန်ကျတော့ သူတော်တော် ရှုနိုင်သွားပြီး အောင်မြင်သွားပုံရတယ်၊ အောင်မြင်လည်း အောင်မြင်ရော သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။ အကြောင်းကို မပြုတော့ဘူး၊ ထည့်လည်း မတွက်တော့ဘူး၊ စဉ်းလည်း မစဉ်းစားတော့ဘူး၊ ဝေလည်း မဝေဖန်ဘူး။ ဘာကောက်ချက်မှလည်း မပေးဘူး။ သူ့ခန္ဓာကို စောင့်ရှောက်ရင်းနဲ့ပဲ။ နေသွားတာပေါ့။

နေတဲ့အခါ – သူက တရားကို အရင်ရှုတဲ့အခါကျ ပတ်ဝန်းကျင်ကို စိတ်မဝင်စားဘဲလည်း နေနိုင်တာပေါ့။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုလည်း ဘာမှကို ဂရုမစိုက်ဘဲနဲ့ ကိုယ့်ခန္ဓာ သုံးသပ်ရင်း တရားနဲ့ပဲ နေသွားတဲ့ အခါကျတော့ သေခြင်းတရား ရင်ဆိုင်တဲ့အခါ အောင်သွားတာပါပဲ။ တဖက်က စကားနည်းပြီး လောကီစကားနဲ့ ပြောရင်တော့ အနိုင်ပိုင်းသွားတာပေါ့လေ။

တရားကို သေချာရှုပြီး၊ ပိုင်ပြီဆိုမှ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး ဆိုတော့ ပတ်ဝန်းကျင်က ဘာတုန့်ပြန် တုန့်ပြန် ဂရုမစိုက်တော့တဲ့ သဘောပါပဲ။ အကုန် ဥပက္ခာပြုသွားတာ။ တော်ပါတယ် ချီးကျူးပါတယ်၊ ကျွန်တော့်ရဲ့ ယောဂီထဲမှာတော့ အင်မတန် ထူးခြားတဲ့ ပုဂ္ဂိုလ်လို့ ကျွန်တော်ကိုယ်တိုင် သတ်မှတ် သုံးသပ်ပါတယ်။

အခုတစ်လောတော့ ဖွားစန်းအကြောင်းတွေကို အားလုံးက ဝင်စားနေကြ ပြောနေကြတော့ ကျွန်တော်လည်း ပါဝင်ပြီးတော့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *