အက်င့္ျဖင့္ပူေဇာ္ျခင္း(၂)

အက်င့္ျဖင့္ပူေဇာ္ျခင္း(၂)

SayaGyi Sancopy1စာေရးသူတို႔အဖြဲ႕ အခုတစ္ေလာေတာ့ ဖြားစန္းအေၾကာင္းကိုပဲ ေျပာျပေနျဖစ္တယ္။

ဖြားစန္း ေအာင္ျမင္တယ္ဆိုေတာ့ အဖြဲ႕က ၀ိုင္းၿပီးသာဓုေခၚၾကတာေပါ့။ ဒါေပမယ့္ အျပင္ ပရိသတ္အတြက္ပါ အနည္းငယ္ ေျပာျပႏိုင္ပါတယ္။ ဖြားစန္း ေအာင္ျမင္တယ္ ဆိုတာက ဒီေခတ္မွာ ပဋိပတၱိေအာင္ျမင္တဲ့ ပုဂၢိဳလ္ကရွားတယ္ ဒါေၾကာင့္ တစ္ခ်ိဳ႕ နားလည္ႏိုင္ဖို႔ မလြယ္ဘူး။ နားလည္ႏိုင္ေအာင္ ရွင္းျပရမယ္ဆိုရင္ –

(၁) ပဋိပတၱိကို မလုပ္ၾကဘူး၊ လုပ္ကိုမလုပ္ၾကဘူး၊ မက်င့္ဘူး

(၂) က်င့္တယ္ ဇြဲမရွိဘူး၊ စနစ္မရွိဘူး၊ ဆရာေကာင္း မရွိဘူး။ ဒီအခါမွာ မရၾကဘူးေပါ့။

တကယ္ေတာ့ ျမတ္စြာဘုရား သာသနာမွာ စနစ္ရွိမယ္၊ ဇြဲရွိမယ္၊ ဆရာေကာင္းရွိမယ္ဆို က်င့္ရင္ရပါတယ္။

တစ္ခ်ိဳ႕ကလည္း အရိယာအျဖစ္ကို သိပ္လက္လွမ္းေ၀းတယ္ ထင္ေနၾကတာ၊ ဒါ မက်င့္လို႔ပါ။ မက်င့္ရင္ေတာ့ မရဘူး ဟုတ္တယ္။ တရားကေတာ့ မက်င့္ရင္ မရဘူး။ ကၽြန္ေတာ္ကိုယ္တိုင္ က်င့္ခဲ့လို႔ ရသင့္သေလာက္ ရတာပါ။

က်င့္တယ္ဆိုတာ ဇြဲရွိရတယ္၊ စနစ္ရွိရတယ္၊ ဆရာေကာင္းရွိရတယ္။ ကၽြန္ေတာ္လည္း အႀကံဉာဏ္ ေတာ္ေတာ္ေပးပါတယ္။ တရားက်င့္တယ္ဆိုတာ အနိစၥ႐ႈဖို႔ပါပဲလို႔ ကၽြန္ေတာ္ အႀကံဉာဏ္ေပးတယ္။ ဒီအႀကံဉာဏ္ဟာ တကယ္ေတာ့ ပဋိပတၱိသာသနာမွာ ေတာ္ေတာ္အေရးပါပါတယ္။ ျမတ္စြာဘုရား ေဟာေတာ္မူၿပီးသားပါ။ သူေတာ္ေကာင္းႀကီးေတြလည္း ဆံုးမေတာ္ မူၿပီးသားပါ။ ကၽြန္ေတာ္က ျပန္ေျပာတဲ့ သဘာပါပဲ။

အမွန္က်င့္ရင္ေတာ့ အမွန္ရတယ္လို႔ ကၽြန္ေတာ္ကေတာ့ သိတယ္ေလ ဒါေပမယ့္ မက်င့္တဲ့ ပုဂၢိဳလ္ေတြက မသိဘူး။ မက်င့္တဲ့ ပုဂၢိဳလ္ေတြက ဘာမွ မသိပါဘူး။ သူတို႔ ၀င္ေျပာလည္း အလကားပဲ။ သူတို႔က က်င့္မွ မက်င့္တာကိုး။ တကယ္ေတာ့ တကယ္က်င့္ရင္ တကယ္ျဖစ္တာပဲ။ အနိစၥသာရႈၾကည့္ တျဖည္းျဖည္းနဲ႔ အေႂကြးရွင္းတာပဲ။ ရင္ထဲမွာ အေႂကြးရွင္းဖို႔ အေရးႀကီးတယ္။

ဆရာႀကီး ဖြားစန္းက ခပ္ေစာေစာကတည္းကပဲ အေႂကြးရွင္းေအာင္ က်င့္ခဲ့ေတာ့ ေနာက္ဆံုး ေသျခင္းတရား ရင္ဆိုင္တဲ့အခါ တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္သြားႏိုင္တာပါပဲ။ ါပဲ။ ဒီေတာ့ က်င့္ဖို႔ပဲ။ မၿမဲဘူးဆိုတဲ့ တရားကို လက္ကိုင္ထားၿပီးေတာ့ က်င့္ဖို႔ပါပဲ။ မၿမဲျခင္းနဲ႔ပဲ အကုန္လံုး ခဲရာခက္ဆစ္ေတြကို ၿဖိဳတာပါပဲ။

ဒါ က်င့္နည္းပါပဲ။ ကၽြန္ေတာ္တို႔ အဖြဲ႕ကေတာ့ က်င့္ၿပီ။ ကၽြန္ေတာ္တို႔အဖြဲ႕က ေတာ္ေတာ္ေလးေတာ့ ေပၚထြန္းလာၿပီ၊ ကၽြန္ေတာ္တို႔က က်င့္ၾကတာကိုး။ ဗဟုသုတလည္း ရွိတယ္။ ကၽြန္ေတာ္တို႔က ကိုယ္တိုင္က်င့္ေတာ့လည္း ကိုယ္တိုင္ေျပာျပႏိုင္တယ္၊ ေဆြးေႏြးႏိုင္တယ္၊ ရွင္းႏိုင္တယ္။ တကယ္လည္္း ကၽြန္ေတာ္တို႔က က်င့္ျပႏိုင္တယ္၊ ၀င္စားႏိုင္တယ္ေပါ့ေနာ္ — ဒါကေတာ့ ျမတ္စြာဘုရား သာသနာမွာ အဟုတ္က်င့္ရင္ အဟုတ္ျဖစ္ေၾကာင္း ဂုဏ္ယူစြာ ေျပာလိုတဲ့သေဘာမွ် ျဖစ္ပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

အကျင့်ဖြင့်ပူဇော်ခြင်း(၂)

စာရေးသူတို့အဖွဲ့ အခုတစ်လောတော့ ဖွားစန်းအကြောင်းကိုပဲ ပြောပြနေဖြစ်တယ်။

ဖွားစန်း အောင်မြင်တယ်ဆိုတော့ အဖွဲ့က ၀ိုင်းပြီးသာဓုခေါ်ကြတာပေါ့။ ဒါပေမယ့် အပြင် ပရိသတ်အတွက်ပါ အနည်းငယ် ပြောပြနိုင်ပါတယ်။ ဖွားစန်း အောင်မြင်တယ် ဆိုတာက ဒီခေတ်မှာ ပဋိပတ္တိအောင်မြင်တဲ့ ပုဂ္ဂိုလ်ကရှားတယ် ဒါကြောင့် တစ်ချို့ နားလည်နိုင်ဖို့ မလွယ်ဘူး။ နားလည်နိုင်အောင် ရှင်းပြရမယ်ဆိုရင် –

(၁) ပဋိပတ္တိ်ကို မလုပ်ကြဘူး၊ လုပ်ကိုမလုပ်ကြဘူး၊ မကျင့်ဘူး

(၂) ကျင့်တယ် ဇွဲမရှိဘူး၊ စနစ်မရှိဘူး၊ ဆရာကောင်း မရှိဘူး။ ဒီအခါမှာ မရကြဘူးပေါ့။

တကယ်တော့ မြတ်စွာဘုရား သာသနာမှာ စနစ်ရှိမယ်၊ ဇွဲရှိမယ်၊ ဆရာကောင်းရှိမယ်ဆို ကျင့်ရင်ရပါတယ်။

တစ်ချို့ကလည်း အရိယာအဖြစ်ကို သိပ်လက်လှမ်းဝေးတယ် ထင်နေကြတာ၊ ဒါ မကျင့်လို့ပါ။ မကျင့်ရင်တော့ မရဘူး ဟုတ်တယ်။ တရားကတော့ မကျင့်ရင် မရဘူး။ ကျွန်တော်ကိုယ်တိုင် ကျင့်ခဲ့လို့ ရသင့်သလောက် ရတာပါ။

ကျင့်တယ်ဆိုတာ ဇွဲရှိရတယ်၊ စနစ်ရှိရတယ်၊ ဆရာကောင်းရှိရတယ်။ ကျွန်တော်လည်း အကြံဉာဏ် တော်တော်ပေးပါတယ်။ တရားကျင့်တယ်ဆိုတာ အနိစ္စရှုဖို့ပါပဲလို့ ကျွန်တော် အကြံဉာဏ်ပေးတယ်။ ဒီအကြံဉာဏ်ဟာ တကယ်တော့ ပဋိပတ္တိသာသနာမှာ တော်တော်အရေးပါပါတယ်။ မြတ်စွာဘုရား ဟောတော်မူပြီးသားပါ။ သူတော်ကောင်းကြီးတွေလည်း ဆုံးမတော် မူပြီးသားပါ။ ကျွန်တော်က ပြန်ပြောတဲ့ သဘာပါပဲ။

အမှန်ကျင့်ရင်တော့ အမှန်ရတယ်လို့ ကျွန်တော်ကတော့ သိတယ်လေ ဒါပေမယ့် မကျင့်တဲ့ ပုဂ္ဂိုလ်တွေက မသိဘူး။ မကျင့်တဲ့ ပုဂ္ဂိုလ်တွေက ဘာမှ မသိပါဘူး။ သူတို့ ဝင်ပြောလည်း အလကားပဲ။ သူတို့က ကျင့်မှ မကျင့်တာကိုး။ တကယ်တော့ တကယ်ကျင့်ရင် တကယ်ဖြစ်တာပဲ။ အနိစ္စသာရှုကြည့် တဖြည်းဖြည်းနဲ့ အကြွေးရှင်းတာပဲ။ ရင်ထဲမှာ အကြွေးရှင်းဖို့ အရေးကြီးတယ်။

ဆရာကြီး ဖွားစန်းက ခပ်စောစောကတည်းကပဲ အကြွေးရှင်းအောင် ကျင့်ခဲ့တော့ နောက်ဆုံး သေခြင်းတရား ရင်ဆိုင်တဲ့အခါ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်တာပါပဲ။ ါပဲ။ ဒီတော့ ကျင့်ဖို့ပဲ။ မမြဲဘူးဆိုတဲ့ တရားကို လက်ကိုင်ထားပြီးတော့ ကျင့်ဖို့ပါပဲ။ မမြဲခြင်းနဲ့ပဲ အကုန်လုံး ခဲရာခက်ဆစ်တွေကို ဖြိုတာပါပဲ။

ဒါ ကျင့်နည်းပါပဲ။ ကျွန်တော်တို့ အဖွဲ့ကတော့ ကျင့်ပြီ။ ကျွန်တော်တို့အဖွဲ့က တော်တော်လေးတော့ ပေါ်ထွန်းလာပြီ၊ ကျွန်တော်တို့က ကျင့်ကြတာကိုး။ ဗဟုသုတလည်း ရှိတယ်။ ကျွန်တော်တို့က ကိုယ်တိုင်ကျင့်တော့လည်း ကိုယ်တိုင်ပြောပြနိုင်တယ်၊ ဆွေးနွေးနိုင်တယ်၊ ရှင်းနိုင်တယ်။ တကယ်လည််း ကျွန်တော်တို့က ကျင့်ပြနိုင်တယ်၊ ဝင်စားနိုင်တယ်ပေါ့နော် — ဒါကတော့ မြတ်စွာဘုရား သာသနာမှာ အဟုတ်ကျင့်ရင် အဟုတ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောလိုတဲ့သဘောမျှ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *