စီးပွားအမှန်တိုးတက်လိုလျှင်

စီးပွားအမှန်တိုးတက်လိုလျှင်

CNကျွန်တော်ကတော့ စီးပွားရေးသမားတော့ မဟုတ်ပါဘူး – ဒါပေမယ့် စီးပွားရေးကို စိတ်ဝင်စားတဲ့ ပရိသတ်များက စိတ်ဝင်စားနေကြတော့၊ စီးပွားရေးတိုးတက်ဖို့ ဆိုရင် —

(၁) အာရုံတွေကိုလျှော့ပါ။

အာရုံတွေ လိုက်စားနေလို့ကတော့ စီးပွားဖြစ်ထွန်းဖို့က အားနည်းတယ်။ အာရုံကိုလျှော့ရမယ်။

(၂) စီးပွားဖြစ်ချင်ရင် စီးပွားဖြစ်ချင်တဲ့ စိတ်ပဲထားပါ။

အာရုံတွေနောက် ဘာလို့တကောက်ကောက် လိုက်နေမှာလည်း၊ စီးပွားဖြစ်ချင်တဲ့ စိတ်ပဲထားရမယ်။

 

ဒါကတော့ စီးပွားဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ရဲ့ဆန္ဒ ပြည့်စုံအောင်ဆိုရင် စီးပွားရေးသာလိုက်ပြီး အာရုံတွေနောက် လိုက်စားတာကို လျှော့လိုက်ရင် အဓမ္မရာဂတွေလည်း ပါမှာမဟုတ်ဘူး။ ဒီတော့ ဆင်းရဲစေတတ်တဲ့ တရားတွေကို ကျူးလွန်ရာ ကျမှာမဟုတ်ဘူး။ ကိုယ်ကကြိုးစားဖို့ပဲ၊ ကြိုးစားရမယ်။ စီးပွားရေးဆိုတာကတော့ ကြိုးစားမှ ဖြစ်မှာပဲ။

အရာရာဟာ ကြိုးစားမှ ဖြစ်တာပါ။ ဒီခေတ်ကြီးဟာ ကြိုးစားလို့ ဖြစ်နေကြတာပါ။ ယေဘုယျအားဖြင့်တော့ ဒီလိုပဲ သုံးသပ်ရမယ်။ ကြိုးစားပါ။

(၃) စီးပွားဖြစ်ဖို့ အကြောင်းတွေခံပြီး မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းပါ။

စီးပွားဖြစ်ဖို့ အကြောင်းတွေခံပြီး မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းလိုက်ရင် စီးပွားရေးဆိုတာက စိတ်ဓာတ်ကျစရာ မရှိပါဘူး၊ တကယ်ကြိုးစားရင် တကယ်ဖြစ်ပါတယ်။

ပိုက်ဆံကြွယ်ဝ ချမ်းသာတဲ့ Top Ten ထဲမှာ ပါချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ — ဒါကတော့ ကံပါရမီလည်း ပါဖို့လိုတယ် — ရိုးရိုးစီးပွားဖြစ်ဖို့ ဆိုတာကတော့ ကြိုးစားရင် ရပါတယ်။

(၄) အကြောင်းအကျိုး ညီညွှတ်စွာ မျှမျှတတ သုံးစွဲပါ။

ကြိုးစားပြီးတဲ့နောက် အကြောင်းအကျိုး ညီညွှတ်စွာ မျှမျှတတ သုံးစွဲပြီး အာရုံတွေနောက် မလိုက်ရင် စီးပွားချမ်းသာ တိုးတက်ဖို့အတွက်က ဖြစ်တန်ရာချေ အများကြီးရှိ ပါတယ်ဆိုတဲ့အကြောင်း အားပေးရင်းနဲ့ စီးပွားရေးအကြောင်း အနည်းငယ် ပြောပြပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Frontpage and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *