ပဋိပတ္တိသာသနာအကြောင်း

Share

ပဋိပတ္တိသာသနာအကြောင်း

မြန်မာနိုင်ငံက ပဋိပတ္တိသာသနာကို အားပေးပုံမရတာ ဘာကြောင့်မှန်းတော့ တွက်ရခက်ပါတယ်။ တလောကလုံးက လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင်တွေကို အားပေးနေကြတယ် .. .. သိပ္ပံဆိုရင်  လက်တွေ့သုတေသန ပြုမှုတွေကို လွန်စွာအားပေးတယ်၊ တန်ဖိုးထားတယ်၊ ချီးမြှင့်တယ်၊ မြှောက်စားတယ်၊ နေရာပေးတယ်၊ အရေးပေးတယ်။ မြန်မာနိုင်ငံမှာ ကျင့်ကြံအားထုတ်မှုနဲ့ ပတ်သက်လို့ ပြောရင် အားပေးတာကို မတွေ့ရဘူး –

 

ဒါ ဘာကြောင့်လဲ ???

ဘာတစ်ခုလိုနေသလဲ ???

စဉ်းစားဖွယ်ရာ ဖြစ်နေတယ်။

 

လက်တွေ့ကျင့်စဉ်မှ ပြီးပြည့်စုံမယ်ဆိုတာ အားလုံးလည်း သိရဲ့သားနဲ့ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင် ဆိုရင် ခေါက်ခေါက်ထားကြတယ်။ တကယ်တော့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေကို တချို့ အာဏာစက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက မနာလိုလို့ပါပဲ။ သူတို့က နေရာရမှာ သိပ်စိုးတယ် တော်တော်လည်း ပုဂ္ဂလိကဆန်တဲ့ အတ္တသမားတွေပဲ။ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေ နေရာရမှာကို မလိုတမာ ဖြစ်နေကြတယ်၊ မနာလို ၀န်တိုဖြစ်နေကြတယ်။ ဒါကတော့ မကောင်းပါဘူး . . . ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ သူလည်းသူလုပ်ပေါ့၊ ကိုယ်လည်း ကိုယ်လုပ်ပေါ့။ လက်တွေ့သမားကလည်း လက်တွေ့ကျင့်ပေါ့။ အခုတော့ လက်တွေ့သမားဆိုရင် နှိမ်ဖို့အတွက် အုပ်စုဖွဲ့ထားတယ်လို့ ကြားရတယ်၊ တော်တော်ဆိုးတဲ့ သတင်းတစ်ခုပဲ။

လက်တွေ့သမားတွေဆိုရင် ခေါင်းမဖော်နိုင်အောင် ဖိရမယ်ဆိုတဲ့ သဘောတွေနဲ့ ရည်ရွယ်ထားကြတယ်။ တော်တော့်ကို မကောင်းတဲ့ စိတ်ကူးတွေပဲ၊ ဒီဟာကိုတော့ ဖျောက်ဖျက်သင့်ပြီလို့ ယူဆပါတယ်၊ ငရဲတွေလည်း ကြီးကုန်ကြတယ်။

ဒီတော့ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ စဉ်းစားစရာ ကောင်းနေပါပြီ။ သဘောထားလည်း ကြီးကြဖို့လိုပါတယ်။ သာသနာလည်း ချစ်မြတ်နိုးစေချင်တယ်။ တိုင်းပြည်ကိုလည်း ကောင်းစားစေချင်တယ်။ အခုတော့ တိုင်းပြည်ကိုလည်း ကောင်းစားဖို့ မဖြစ်၊ သာသနာလည်း ချိုးနှိမ် တကယ်နစ်နာဖွယ်ကောင်းတဲ့ ကိစ္စတွေဖြစ်နေပါတယ်။ ဒီတော့ လက်တွေ့သာသနာ စိတ်ဝင်စားပေးဖို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များလည်း အရေးကြီးလာပုံ ရပါတယ်။

တလောကလုံးဟာလည်း လက်တွေ့ကျင့်စဉ် လက်ငန်းခွင်နဲ့ တိုးတက်နေကြတာ သိပ္ပံမှာ Discovery ဆိုရင် လွန်စွာတန်ဖိုးထားတယ်။ လက်တွေ့ကျင့်ကြံအားထုတ်တဲ့ ရလဒ်အဖြေတွေကို သိပ်ပြီးလေးစားကြတာ အခုတော့ လက်တွေ့ကျင့်ဖို့အတွက် တစ်စုံတစ်ခု ပြောမယ်ကြံရင် လမ်းခုလတ်ကနေ ပိတ်ပင်တားဆီးပြီး ဖျက်လိုဖျက်ဆီး လုပ်လာကြတယ်။ ဒီအဖျက်သမားတွေဟာ အခုထက်ထိ အားမခန်းသေးတာ အံသြဖွယ်ရာတော့ ကောင်းတယ်။ အဖျက်သမားတွေက တော်တော်လွှမ်းမိုးနေသေးတယ်။ အရာရာတိုးတက် ပြောင်းလဲနေတာကို သာသနာနဲ့ ပတ်သက်လို့ ပဋိပတ္တိအဖျက်သမားကတော့ မတိုးတက် မပြောင်းလဲဘူး – သူတို့ရဲ့ မနာလိုဝန်တိုမှုတွေက အခွင်အရေးရတုန်းပဲ  ဖြစ်နေတယ် အံသြစရာလည်း ကောင်းတယ်၊ မကျေနပ်စရာလည်း ကောင်းပါတယ်။ သာသနာ ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ အောင့်သက်သက်နဲ့ သည်းခံနေရတဲ့ အချိန်လည်းဖြစ်တယ်။

ဒီတော့ လက်တွေ့ကို အားပေးပါကြစို့ – လက်တွေ့ကျင့်ခြင်းကို တန်ဖိုးထားကြပါစို့၊ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေကို သင့်တော်သလို ချီးမြှင့်မြှောက်စားပြီးတော့ သာသနာနဲ့ပတ်သက်လို့ အကျိုးပြုတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်တော့ ပေးသင့်ပြီးလို သဘောရကြောင်း ရေးသားလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism & Science and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *