ပဋိပတၱိသာသနာမွာ

ပဋိပတၱိသာသနာမွာ

isစာေရးသူ ပဋိပတၱိသာသနာျပဳစဥ္က ရဟန္းသံဃာမ်ား၊ သီလရွင္မ်ားႏွင့္ ေယာဂီမ်ား ေတာ္ေတာ္ရခဲ့ပါတယ္။ ဒါ စာေရးသူရဲ႕ ကုသိုလ္ပဲ ျဖစ္ပါတယ္။ ပဋိပတၱိသာသနာမွာ တစ္ေခတ္ဆန္း သကဲ့သို႔ပဲ ျဖစ္ခဲ့ပါတယ္။

စာေရးသူလည္း ဆရာေကာင္းတပည့္ ပန္းေကာင္းပန္ ဆိုသလို – ဆရာေကာင္း သမားေကာင္းရဲ႕ အဆိုအဆံုးအမတည္ၿပီး – ကိုယ္တိုင္ တကယ္လက္ေတြ႕က်င့္လိုက္တဲ့အခါက်ေတာ့ လက္ေတြ႕တကယ္ အထိုက္အေလ်ာက္ ေပါက္ေျမာက္သြားတဲ့ အခါက် ျပန္ၿပီးေတာ့ ေဖာက္သည္ခ်ရင္းနဲ႔ ရဟန္းသံဃာမ်ား၊ သီလရွင္မ်ားႏွင့္ ေယာဂီမ်ားကို ရခဲ့ျခင္း ျဖစ္ပါတယ္။

သူတို႔ တစ္ေတြဟာ ၀ိပႆနာတရားကို အျပတ္အသတ္ အားထုတ္ရင္းနဲ႔ သာသနာ၀န္ ထမ္းၾကတာ အင္မတန္မွ အားရစရာ ေကာင္းပါတယ္။ ပဋိပတၱိသာသနာဆိုေတာ့ ပဋိပတၱိဘက္က မည္တာေပါ့ေလ။

၀ိပႆနာ က်င့္ႀကတာပဲ၊ ျဖစ္ပ်က္ ႐ႈၾကတာပဲ။ စာေရးသူတို႔ဟာ ေတာ္ေတာ့္ကို ေအာင္ျမင္ခဲ့ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အဲဒီကုသိုလ္ေတြရဲ႕ အရွိန္အေစာ္ အာႏုေဘာ္ေၾကာင့္ ေနမွာပါပဲ။ တရားအားထုတ္လို႔လည္း အရမ္းေအာင္ျမင္ပါတယ္။ တရားထူး တရားျမတ္ကိုလည္း ေတာ္ေတာ္ေလးကို နားလည္သေဘာေပါက္ ၿပီးတဲ့ေနာက္။ မိမိအေနနဲ႔ ပရိသတ္ကို ျပန္ေျပာျပမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ျဖည္းျဖည္းပဲ ေျပာပါမယ္။ တရားေတာ္ဟာ နက္႐ိႈင္းလြန္းေတာ့ ေတာ္ေတာ္ေလးကို ၀င္စားႏိုင္မွ ေတာ္ကာက်မွာမို႔ အဆင့္ဆင့္နဲ႔ တင္ျပပါရေစလို႔  ေမတၱာရပ္ခံရင္း နိဂံုးခ်ဳပ္ပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

စာရေးသူ ပဋိပတ္တိသာသနာပြုစဉ်က ရဟန်းသံဃာများ၊ သီလရှင်များနှင့် ယောဂီများ တော်တော်ရခဲ့ပါတယ်။ ဒါ စာရေးသူရဲ့ ကုသိုလ်ပဲ ဖြစ်ပါတယ်။ ပဋိပတ္တိသာသနာမှာ တစ်ခေတ်ဆန်း သကဲ့သို့ပဲ ဖြစ်ခဲ့ပါတယ်။
စာရေးသူလည်း ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသလို – ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမတည်ပြီး – ကိုယ်တိုင် တကယ်လက်တွေ့ကျင့်လိုက်တဲ့အခါကျတော့ လက်တွေ့တကယ် အထိုက်အလျောက် ပေါက်မြောက်သွားတဲ့ အခါကျ ပြန်ပြီးတော့ ဖောက်သည်ချရင်းနဲ့ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ယောဂီများကို ရခဲ့ခြင်း ဖြစ်ပါတယ်။
သူတို့ တစ်တွေဟာ ၀ိပဿနာတရားကို အပြတ်အသတ် အားထုတ်ရင်းနဲ့ သာသနာဝန် ထမ်းကြတာ အင်မတန်မှ အားရစရာ ကောင်းပါတယ်။ ပဋိပတ္တိသာသနာဆိုတော့ ပဋိပတ္တိဘက်က မည်တာပေါ့လေ။
၀ိပဿနာ ကျင့်ကြတာပဲ၊ ဖြစ်ပျက် ရှုကြတာပဲ။ စာရေးသူတို့ဟာ တော်တော့်ကို အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီကုသိုလ်တွေရဲ့ အရှိန်အစော် အာနုဘော်ကြောင့် နေမှာပါပဲ။ တရားအားထုတ်လို့လည်း အရမ်းအောင်မြင်ပါတယ်။ တရားထူး တရားမြတ်ကိုလည်း တော်တော်လေးကို နားလည်သဘောပေါက် ပြီးတဲ့နောက်။ မိမိအနေနဲ့ ပရိသတ်ကို ပြန်ပြောပြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖြည်းဖြည်းပဲ ပြောပါမယ်။ တရားတော်ဟာ နက်ရှိုင်းလွန်းတော့ တော်တော်လေးကို ဝင်စားနိုင်မှ တော်ကာကျမှာမို့ အဆင့်ဆင့်နဲ့ တင်ပြပါရစေလို့  မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *