လုပ်ရင်ရတယ်ဆိုတဲ့ဒဿန

လုပ်ရင်ရတယ်ဆိုတဲ့

CN paint4ယခုခေတ်လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ရင်ရတယ်၊ ကျင့်ရင်ဖြစ်တယ် ဆိုတဲ့ ဒဿနဟာ တော်တော် ပျံ့နှံ့နေတယ်။ အင်မတန်ကောင်းတဲ့ ဒဿနအမြင်ပဲ ဖြစ်ပါတယ်။

ကြိုးစားရင် ဖြစ်တာပဲ – ကိုယ်ကြိုးစားချင်ရာလိုင်းကို ကိုယ်ကြိုးစားဖို့ပဲ အရေးကြီးတယ်။ လက်တွေ့လုပ်ဖို့ အရေးကြီးတယ်။ ဟောင်ဖွာ ဟောင်ဖွာနဲ့ လေအောနေလို့တော့ ဘာမှ အရေးမကြီးဘူး။ တကယ်ကျင့်ကြံရင် တကယ်အလုပ်လုပ်ရင် တကယ်ဖြစ်တယ်ဆိုတာ အခုယုံကုန်ကြပြီ။

ဘာမဆိုရတယ် – အားကစား အာကစားမို့၊ ကွန်ပြူတာ ကွန်ပြူတာမို့ — စသည်ဖြင့် လေ့လာရာ လေ့ကျင့်ရာ “Practice makes perfect.” ကျွမ်းကျင်ရာ လိမ္မာကြတာပဲ။ ဒါကို ယုံကြည်ခံယူလာတဲ့အခါကျ လူငယ်တွေက အလုပ်လုပ်ဖို့အတွက် စိတ်ဝင်စားလာကြတယ်။ အလုပ်လုပ်ဖို့အတွက် ထက်သန်လာကြတယ်။

လုပ်ရင်ဖြစ်မှာပဲ – မဖြစ်ပါဘူးဆိုတာက မလုပ်သေးလို့။ လုပ်ရင် လုပ်သလောက် ဖြစ်မှာပဲ။ ဒီတော့ အလုပ်ပိုင်း အကျင့်ပိုင်းက တော်တော်လေး အရေးပါလာတာကို တွေ့ရပါတယ်။ လူငယ် လူရွယ်တွေကလည်း အလုပ်နဲ့အကျင့်ကို တန်ဖိုးထားကြတယ်။ အလုပ်အကျင့်ရှိမှ အစစအရာရာ အောင်မြင်မယ်။ ငြီးညူနေစရာမလိုဘူး၊ စိတ်ကူယဉ်နေစရာ မလိုဘူး၊ အားငယ်နေစရာ မလိုဘူး – အလုပ်လုပ်ဖို့ပဲလိုတယ်။ လုပ်ရင်ရမယ်၊ ကျင့်ရင်ရမယ် ဆိုတဲ့ အယူအဆဟာ တော်တော်လေး ပျံ့နှံ့လာတယ်။ အင်မတန်ကောင်းတဲ့ ဒဿနအမြင်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Frontpage and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *