သိပ္ပံဒဿနပညာ – ၁၅

Share

သိပ္ပံဒဿနပညာ – ၁၅

Albert_Einstein_Portrait_by_stonetat2သိပ္ပံပညာရှင်များ၏ တစ်ဦးပေါ်တစ်ဦး အယူအဆဆိုင်ရာ လွှမ်းမိုးသက်ရောက်မှု ရှိပုံ

အိုင်းစတိုင်းသည် သိပ္ပံနယ်ပယ်တွင် လွှမ်းမိုးမှု အရှိဆုံးဖြစ်၍ ကြောက်စရာ ကောင်းလောက်အောင် သူ့အယူအဆများက တစ်ခြားသိပ္ပံပညာရှင်များကို သက်ရောက်စေသည်။

ဥပမာ — (The Fundaments of Theoretical Physics) စာစောင်တွင် “.. never completely final,” ဟု သုံးနှုန်းလိုက်ရာ ၎င်းစကားကို အခြေပြု၍ ကျန်သိပ္ပံပညာရှင် တော်တော်များများက “.. never completely final,” စကားကို လိုက်၍ယူကြသည်။

အချို့က (Final) ဆိုသည်မှာ မရှိလောက်အောင်ကိုပင် ယူလိုက်သည်၊ သူတို့၌ (Final) ဆိုသည်မှာ မရှိ။ (Final) မရှိသဖြင့် (Goal) ဆိုသည်မှာ မရှိ၊ ရည်မှန်းချက် ပန်းတိုင်ဆိုသည်မှာ မရှိ၊ သူတို့ သွားနေခြင်း သက်သက်သာဖြစ်သည်။ ရည်မှန်းချက် ပန်းတိုင်ကို မထားချေ။ ရည်မှန်းချက် ပန်းတိုင်သည် ထားကောင်းသောအရာ မဟုတ်ဟူ၍ပင် ယူလာကြသည်။

ထိုအခါ သူတို့သည်၊ အလုပ်လုပ်ခြင်း၊ ရှာဖွေခြင်းအပေါ်မှာပဲ စိတ်ဝင်စားကြသော သဘောအားဖြင့် မှီခိုထားကြသည်။ ရည်မှန်းချက် ရည်ရွယ်ချက် အပြီးအပိုင် ရောက်ရမည့်ကိန်းခန်းကို မလိုလားကြချေ။

ဤသို့ဖြင့် အိုင်စတိုင်းမှ မက်စ်ဘွန်းသို့ လည်းကောင်း၊ မက်စ်ဘွန်းတို့မှ ဟော့ကင်းသို့ လည်းကောင်း၊ လက်ဆင့်ကမ်း၍ ကူးဆက်သွားကြရာ – နောက်ဆုံး၌ ရည်မှန်းချက် ပန်းတိုင်မရှိသည်က ပိုကောင်းသည်ဟူသော အမြင်ထိအောင် တစ်ချို့ရောက်သွားကြသည်၊ အစွန်းတစ်ဖက် ရောက်သွားကြသည်။ ရည်မှန်းချက် မထားချေ၊ ရည်မှန်းချက်ထား၍ ရောက်လျှင် ရပ်တန့်သွားမည်ကို စိုးရိမ်လာကြသည်။

ဤနည်းအားဖြင့် အိုင်စတိုင်း၏လွှမ်းမိုးမှုသည် နောင်လာနောင်သား သိပ္ပံပညာရှင်များအား အထူးလွှမ်းမိုးလျှက်ရှိရာ၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် အစွဲအလန်းကြီးစွာ လွှမ်းမိုးမှုကို ခံယူကြကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်()

This entry was posted in Philosophy of Science and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *