သိပ္ပံဒဿနပညာ – ၁၄

Share

သိပ္ပံဒဿနပညာ – ၁၄

philo2သိပ္ပံဒဿနပညာ နယ်ပယ်မှာတင်ပြတဲ့ ဝေါဟာရ စကားလုံးတွေဟာ တာဝန်ယူနိုင်တဲ့ စကားလုံးပဲ ဖြစ်ရမယ်။ တာဝန်မယူနိုင်ဘဲ ခွဲခြမ်းစိတ်ဖြာမှုကင်းမဲ့စွာ မှန်းဆချက်တွေနဲ့ ထိုးဖောက်ပြီးတော့ သယ်ဆောင်နေတဲ့ စကားလုံးမျိုးကို သုံးလေ့မရှိကြဘူး။ သိပ္ပံဒဿနပညာရပ်မှာ အသိပညာဆိုတာ ရနိုင်တဲ့ပုံသဏ္ဍာန်နဲ့ တည်ရှိဖို့အတွက်သာ တည်ဆောက်လိုတယ်။ အတွေ့အကြုံကမ္ဘာရဲ့ လွန်နေတဲ့ အမှန်တရားကြီးကို လှစ်လျှူရှုနိုင်ရတယ်။

သိပ္ပံဒဿနပညာဟာ ယုတ္တိနည်းကျ တိကျတဲ့ နည်းစနစ်ကို လေ့လာရတယ်။ ယုတ္တိလွန် ထင်မြင်ချက်ကမ္ဘာမှာပဲ အဆုံးမသတ်စေရဘူး။ ဒါဟာ သိပ္ပံဒဿနပညာရှင်တွေရဲ့ အရေးကြီးတဲ့ ခံယူချက် တွေပဲ ဖြစ်ပါတယ်။

“.. they feel responsible for every word they say from they don’t what you want for the conveyance of intuitive guesses and unanalyzed conjectures; they are willing to adjust his conception of knowledge to attainable forms of knowing, they cannot renounce the belief in superempirical truth; they regard analysis of knowledge as accessible to logical precision methods and they do not think that philosophy as an extralogical domain that there are fundamental ideas concerning having knowledge. ..”

သိပ္ပံဒဿနရဲ့ အဓိကရည်ရွယ်ချက်ကတော့ အတွေ့အကြုံက ပေးလာတဲ့ အသိပညာကို ယုတ္တိနည်းကျ ခွဲခြမ်းစိတ်ဖြာဖို့ပါပဲ။

“.. they try to extend the precision of their method to the logical analysis of empirical knowledge.”

လို့ သူတို့ ခံယူထားကြပါတယ်။

နောက်ပြီးတော့ သီးခြားနယ်ပယ်တွေမှာ သုတေသနလုပ်တာကနေ သုတေသနလုပ်ပုံလုပ်နည်းဆိုင်ရာ ဗေဒနည်းကျ စူးစမ်းဆင်ခြင်မှုကို တွန်းပို့လိုတယ်။

“.. they try to turn from researches in their special fields to philosophic inquiry.”

လို့ အကြံပြုကြပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Philosophy of Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *