သိပ္ပံဒဿနပညာ – ၁၂

Share

သိပ္ပံဒဿနပညာ – ၁၂

scientificphilosophyသိပ္ပံက အတွေ့အကြုံကို တန်ဖိုးထားတယ်ဆိုတာ ဥပမာက-

မနက်ဖြန်ခါ ကိစ္စကို ပြောမယ်ဆိုရင် မှန်းဆချက်ပဲ ပြောလို့ရတယ်၊ တိကျသေချာ တရားဝင်တော့ ပြောလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မနက်ဖြန်ခါဟာ မရောက်လာသေးလို့ — မနက်ဖြန်ခါက ဒီနေ့ရောက်လာရင်တော့ အဲဒီအခါမှာ ဖြစ်ရပ်ဖြစ်စဉ်တွေ အမှန်အတိုင်း သိရပါမယ်။ ဒီနေ့ ရောက်မလာသေးသမျှ ကာလပတ်လုံး မနက်ဖြန်ကာအတွက် ပြောရတဲ့ ကိစ္စတွေဟာ မှန်းဆချက်ပဲလို့ တစ်ခါတည်း ယတိပြတ်ယူကြတယ်။ ဒါ (Scientific Approach) ပေါ့နော်။

နောက်ဥပမာ တစ်ခုက – ဘောလုံးပွဲတွေဘာတွေ မှန်းတယ်ပေါ့၊ မှန်းတာပါပဲ။ တိတိကျကျ ဖြစ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဒီကြားထဲမှာ မဖြစ်ပေါ်သေးတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ မျှော်လင့်တာနဲ့ မကိုက်ညီပဲ သက်သက်ဖြစ်လာနိုင်တယ်။

ကျွန်တော် ဒီစကားလေးကိုထပ်ပြောချင်တယ် —

အနာဂတ် ဖြစ်လာမယ့် ကိစ္စတွေကို ကျွန်တော်တို့ မျှော်လင့်တဲ့အခါ – ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း  ဖြစ်မလာဘဲနဲ့ သူတို့က ဆန့်ကျင်ဘက် ကိုးလို့ကန့်လန့် လာနိုင်တယ်။ ဒ် အနာဂတ်ရဲ့ အခွင့်အရေးပဲ။ ဒါကို ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။ သိပ္ပံပညာရှင်တွေလည်း အသိအမှတ်ပြုတယ်။

ဒါကြောင့် (Principle of Uncertainty) ဆိုတာ ကမ္ဘာမှာ ထင်ရှားတာပါ။ ကျွန်တော်တို့ကလည်း လက်ခံရမှာပဲ။ ဖြစ်မှမဖြစ်သေးတာကိုး — မဖြစ်သေးတဲ့အရာကိုတော့ ကျွန်တော်တို့ ရာနှုန်းပြည့် သေချာတိကျလို့ မပြောအပ်ဘူးပေါ့လေ — ဖြစ်ချင်ရင်တော့ ဖြစ်လာမယ်၊ မပြောအပ်ဘူး။ တစ်ချို့ကိစ္စတွေကျတော့ ပြောလို့မရလို့။ အသေးစိပ်လေးတွေကျ အပြောင်းအလဲတွေ ရှိပါတယ်။ အဲဒါကတော့ (Atomic Domain) အက်တွမ်ကမ္ဘာမှာကျတော့ အပြောင်းအလဲလေးတွေ တစ်အားရှိတာပဲ။ ဒီလိုရှိတဲ့အခါကျတော့ (Fundamental Particle) အခြေခံအမှုန်နဲ့ ဘယ်အခြေခံအမှုန်တို့ တိုက်ကျမလဲဆိုတာ ပြောဖို့တော်တော်ခက်တယ်။ တိုက်တဲ့အခါလည်း တိုက်ပုံတိုက်နည်း ဘယ်လိုဖြစ်မယ် ဆိုတာလည်း ပြောဖို့ခက်တယ်။

ဒါကြောင့် အနာဂတ်ကို ပြောဖို့ကျတော့ မသေချာဘူးလို့ သိပ္ပံက ခံယူပါတယ်။ ဒီတော့ ကျွန်တော်တို့ အပြင်က ပုဂ္ဂိုလ်တွေလည်း အနာဂတ်နဲ့ ပတ်သက်လို့ အဲဒီလို သိပ္ပံက ခံယူထားတဲ့အကြောင်းတော့ သတင်းကောင်းပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်()

 

This entry was posted in Philosophy of Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *