သိပ္ပံဒဿနပညာ – ၀၇

Share

သိပ္ပံဒဿနပညာ – ၀၇

max bornဒဿနအကြောင်းအရာနဲ့ပတ်သက်လို့ နိုဗယ်ဆုရှင်မက်(စ်)ဘွန်းကလည်း သူ့ရဲ့(Natural Philosophy of Cause and Chance) စာအုပ်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

(I am convinced that we are on a never-ending way; on a good and enjoyable way, but far from any goal.)

ဆိုပြီး ဖော်ပြခဲ့တယ်။

တကယ်တော့ အိုင်းစတိုင်းရဲ့ လွမ်းမိုးမှုတွေဟာ သိပ္ပံပညာရှင်တွေ အပေါ်မှာ တော်တော်လေး သက်ရောက်ကြောင်းကို လေ့လာတွေ့ရှိရတယ်။

အိုင်းစတိုင်းက

(— never completely final, .. ./ The Fundaments of Theoretical Physics )

ဆိုတဲ့ စကားကို သုံးလိုက်တာ – အဲဒီအသုံးအနှုန်းကနေ ဆင့်ပွားပြီးတဲ့နောက် အခု သူတို့ ဖိုင်နယ်ဆိုတာကို မလိုချင်ကြတော့ဘူး။

သူတို့ဟာ သွားနေရရင် ကျေနပ်တယ်၊ သုတေသနလုပ်နေရရင် ကျေနပ်တယ်။ ဘယ်တော့ ရည်မှန်းချက် ရောက်မယ်ဆိုတာ သူတို့မစဉ်းစားဘူး၊ ၀င်လည်း မ၀င်စားဘူး။ ရည်မှန်းချက်လည်း မရှိဘူး၊ ရှိတဲ့ရည်မှန်းချက်ကို ရောက်ရင် ရပ်သွားမယ်ဆိုတာကိုလည်း မလိုလားဘူး။ သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ပြီးတော့ ခရီးသွားပြီး လူသားတွေအတွက် ပညာရှာဖို့ပဲ အရေးကြီးတယ် ဆိုတဲ့ သဘောကို ခံယူလာကြတယ်။ ဒီခံယူချက်က တဖြည်းဖြည်း ပြန့်နှံ့လာတယ်။

နောက်ပိုင်းမှာ ရည်မှန်းချက်မလိုဘူး ရှာဖွေတွေ့ရှိဖို့သာ လိုတယ်ဆိုတဲ့ အယူအဆကို ဖော်ပြလာကြတယ်။ အံ့သြစရာလည်းကောင်းပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင် အချင်းချင်း လက်ဆင့်ကမ်းပြီးတဲ့နောက် လွှမ်းမိုးမှု ရှိတာတွေလည်း ရှိတယ်။ တစ်ခါတစ်ခါတော့လည်း ဆန့်ကျင်ဖက် အတွေးအမြင်တွေလည်း ပေါ်ပေါက်ခဲ့ဖူးတယ်။ ဒါဟာ သူတို့ သိပ္ပံပညာရှင်တွေနဲ့ ဒဿနအမြင် ဆင်ခြင်တုံတရားတို့ရဲ့ ရလဒ်ဆိုရင်လည်း မမှားပါဘူး။

မက်စ်ဘွန်းရဲ့ အများသူငါ ဝေဖန်နေသလို (Causality) အပေါ်မှာ သူက ပစ်ပစ်ပယ်ပယ် မဝေဖန်ပါဘူး သူ့သဘောထားက

(.. it would cease to be a science if it had given up the search for the causes of phenomena.)

ဆိုပြီးတင်ပြခဲ့တယ်။ အဓိပ္ပာယ်ကတော့ သဘာဝတရားရဲ့ ဖြစ်ရပ်ဖြစ်စဉ်ထဲမှာ အကြောင်းတရားကို ရှာဖို့အတွက် လက်လျှော့လိုက်ရင် သူတို့ဟာ သိပ္ပံပညာရပ်ကြီး တစ်ခုလုံးကို လက်လျှော့ရမလို ဖြစ်သွားမယ်လို့ သတိပေးခဲ့တယ်။

ဒါကြောင့် ကြောင်းကျိုးဆက်သွယ်မှုပညာကို လက်ခံနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လက်ခံသင့်ကြောင်းကို မက်စ်ဘွန်းက ပြောခဲ့တယ်။ ဒါဟာလည်းသူ့ရဲ့ ဒဿနအမြင်တစ်ရပ်ပါပဲ။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်()

This entry was posted in Philosophy of Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *