သိပ္ပံဒဿနပညာ – ၀၅

Share

သိပ္ပံဒဿနပညာ –  ၀၅

einsteinအတွေ့အကြုံ အကြောင်းအရာတွေနဲ့ပတ်သက်လို့ အိုင်းစတိုင်းကလည်း သူ့ရဲ့ (The Fundaments of Theoretical Physics)  စာစောင်မှာ ရေးသား ဖော်ပြခဲ့ဖူးတယ်။

ရေးပုံကတော့

“The sense-experiences are the given subject-matter.”

အာရုံတွေ့ကြုံသိတွေကတော့ ပေးထားချက်ဆိုင်ရာ အချက်အလက်တွေပါပဲ။

“But the theory that shall interpret them is man-made.”

အဲဒီအကြောင်းအချက် အာရုံသိတွေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ တည်ဆောက်ထားတဲ့ သီအိုရီကတော့ လူတွေက တည်ဆောက်ထားတာပါ။

“It is the result of an extremely laborious process of adaptation:”

ဒါကတော့ လုပ်အား လွန်စွာ ပေးထားပြီးတဲ့နောက်မှ အတွေ့အကြုံမှ မှီးယူရရှိထားတဲ့ အဖြေရလဒ်ပါပဲ။

” .. hypothetical,”

အနုမာန မျက်မှန်းဆတဲ့ သဘောပေါ့။

” .. never completely final,”

ဘယ်တော့မှလည်း ပြည့်ပြည့်စုံစုံ နောက်ဆုံးရယ်လို့ မရောက်နိုင်ဘူး။

” .. always subject to question and doubt.”

အမြဲတမ်းတော့ အမေးခံရဖို့ သံသယဖြစ်ဖို့အတွက် လည်စင်းခံကြရတာပါပဲ။

ဒါက အိုင်းစတိုင်းရဲ့ ရေးသား ဖော်ပြချက်ပါပဲ။

သဘာဝရဲ့ဖြစ်ရပ်ကလေးတွေဆိုင်ရာ အာရုံသိတွေကတော့ ပေးထားချက်ပေါ့နော်၊ သဘာဝပေးထားချက်ပေါ့။ ဒါပေမယ့် သူတို့ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ကြတော့ လူက တည်ဆောက်ရတာ။ သီအိုရီ တည်ဆောက်ရတာ။ ဒီသီအိုရီကိုတော့ သိပ္ပံပညာရှင်တွေကပဲ  တည်ဆောက်ရတာ။ ဒီသီအိုရီက အတွေ့အကြုံပေါင်း မြောက်များစွာကို အခြေပြုပြီးမှ မှီးယူ တည်ဆောက်ရတဲ့ သီအိုရီပါပဲ။ သဘောတရား အားဖြင့်တော့ အနုမာန မျက်မှန်းဆချက်ပါပဲ။ အနုမာန မျက်မှန်းဆဆိုတော့ ဘယ်တော့မှ နောက်ဆုံးဆိုတာတော့ မရှိဘူးပေါ့။ နိဂုံး နောက်ဆုံးဆိုတာတော့ မရှိဘူး၊ အမြဲတမ်းတော့ သံသယဖြစ်ခံရတယ်၊ မေးခွန်းထုတ်ခံရတယ်။ ဒါဟာ သီအိုရီရဲ့ သဘာဝပါပဲ။ အိုင်းစတိုင်းက ဒီလို သူဖော်ပြခဲ့ဖူးတယ်။

(The sense-experiences are the given subject-matter. But the theory that shall interpret them is man-made. It is the result of an extremely laborious process of adaptation: hypothetical, never completely final, always subject to question and doubt./ The Fundaments of Theoretical Physics )

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Philosophy of Science and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *