ပဋိပတ္တိဆိုင်ရာ ဗဟုသုတ

Share

ပဋိပတ္တိဆိုင်ရာ ဗဟုသုတ

ကျွန်တော့် အသိပညာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ဟာ သိတာ များပါတယ်။ လောကီကို သိပ်မသိပါဘူး။ အသက်(၇၃)နှစ်ဆိုတော့ ကျွန်တော် ရှုတာ အသက် တစ်ဝက်ကျော်နေပြီ၊ နှစ်ပေါင်း(၄၀)ပေါ့နော် .. .. ဒီတော့ ၀ိပဿနာအကျင့်ပိုင်းက ကျွန်တော်က အတွေ့အကြုံ အရမ်းများပါတယ် .. .. ကျွန်တော့်လောက်များဖို့ဆိုတာ နည်းနည်းတော့ ရှားမယ်နဲ့ တူပါတယ်။ ကျွန်တော်က ဒီဘက် တဖက်သတ်ကို လိုက်ခဲ့တာကိုး .. ..

ကျွန်တော်နုပဿနာ လေးမျိုးစလုံးလည်း ရှုတတ်ပါတယ်၊ တရားဝင် ရှုတတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော် စိတ္တာနုပဿနာကို အဓိကထား ရှုပါတယ်။ ကျွန်တော်က စိတ်ဖိုက်တာပဲ .. .. ပေါ်တဲ့စိတ်ကို အနိစ္စရှုတာပဲ ကျွန်တော်က အဲဒါ ရှယ်ပဲပေါ့နော် .. .. စပါယ်ရှယ်လိုက်(စ) လုပ်ထားတာ .. .. ပေါ်စိတ်ကို ကျွန်တော် အနိစ္စရှုတာပါ။ ရှုရင်းရှုရင်းနဲ့ ဆရာ့ရဲ့ သွန်သင်ညွန်ကြားမှု အောက်မှာ ကျွန်တော်က စိတ်ကိုရှုနိုင်တဲ့ ဉာဏ်လေး ရသွားတာပေါ့နော် .. .. အဲဒီတော့ ဉာဏ်ကတော့ ဓမ္မဓိဋ္ဌာန်ကျတာပေါ့ ရသွားတာ။ အဲဒီတော့ စိတ်ကို ရှုတာပါပဲ .. ..

စိတ်ကိုနိုင်ရင်တော့ ရှုတဲ့အခါ အဆင်ပြေပါတယ်။ ဓမ္မာနုပဿနာဆိုတာကတော့ နူးညံ့ သိမ်မွှေ့တဲ့ သဘောလေးတွေပါ။ ဒါကတော့ technologically ကတော့ နည်းနည်း ခက်ခဲ နက်နဲပါတယ်၊ လက်တွေ့ကျင့်မှပါ။ ဟော့ကင်းပြောသလိုပဲ “သူတို့ရဲ့ သီအိုရီတွေကို ဝေဖန်နိုင်ပါတယ်၊ ဒါပေမယ့် ဝေဖန်သူဟာ ဝေဖန်နိုင်လောက်တဲ့ အရည်အချင်း ရှိအောင်လို့ ဒီသီအိုရီနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကိုတော့ အခြေခံအားဖြင့် လေ့လာ လိုက်စားထားဖို့တော့ လိုပါတယ်” လို့ ပြောသလိုပါပဲ။

ကျွန်တော်နဲ့ ပတ်သက်လို့ ကျွန်တော့ အသိပညာကို ပဋိပတ္တိအရာမှာ တိုင်းချင်ရင် ကျွန်တော်လို ကျင့်ဖို့တော့ လိုတယ်။ မကျင့်တဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော့်ကို နားလည်ဖို့ရာ တော်တော့ကို ခက်ခဲ ပါတယ်။ မြော်မြင်ဆင်ခြင်ပြီး အနုမာန မျက်မှန်းဆပြီးပဲ နားလည်ပေးရမလို ဖြစ်နေပါတယ်။ ကျွန်တော်ဟာ ဒီဘက်ကို တဖက်သတ် လိုက်စားခဲ့တာကိုး .. ..

ကျွန်တော်က ဘာမှ သိပ်မသိပါဘူး .. .. စီးပွားရေးလည်း မသိဘူး၊ လူမှုရေးလည်း မသိဘူး၊ နိုင်ငံရေးလည်း မသိဘူး ကျွန်တော် ဘာမှ မသိဘူး .. .. ကျွန်တော်ဟာ ၀ိပဿနာပဲ သိတယ်၊ ဒီဟာ တစ်ခုပါပဲ။ ၀ိပဿနာနဲ့ ပတ်သက် လို့ကတော့ အတွေ့အကြုံ အရမ်းရှိပါတယ် .. .. ကျွန်တော့ကို တိုင်ပင်ရင်လည်း မှန်မှန်ကန်ကန် ဖြေပေးနိုင်ပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က အတွေ့အကြုံ အများကြီးရှိတာကိုး .. .. ကျွန်တော် အမျိုးမျိုးလည်း ရှုတတ်တာ ကိုး .. .. ခုလည်းရှုနေတာပဲ .. .. နှစ်ပေါင်း(၄၀) ရှုတတ်နေတဲ့ အတွေ့အကြုံ ဆိုတော့လည်း ကျွန်တော်က ဆရာကြီးလုပ်ရင်တောင် ရမယ့် သဘောပါပဲ။

ဒါပေမယ့် ကျွန်တော်က အေးအေးပါပဲ၊ ကျွန်တော် ရှုလို့ရတဲ့ သတင်းတွေကို ပေးတာပါ။ သာသနာနဲ့ ပတ်သက်လို့ကတော့ အကျင့်ပိုင်းပေါ့နော် လောကုတ္တရာ အသိပညာ အကျင့်ပိုင်း ကတော့ ကျွန်တော့မှာ အတွေ့အကြုံ တော်တော်လေး အားရ ကျေနပ်ဖွယ်ရာ ရှိပါတယ်၊ ကျွန်တော် အဲဒီလိုပဲ ခံယူမိပါတယ်။

ကျွန်တော့်ကို တိုင်ပင်လို့လည်း ရပါတယ်၊ ဆုံးဖြတ်ပေးပါ ဆိုရင်လည်း ဆုံးဖြတ်ပေးလို့ ရပါတယ်။ ဒါ ကျွန်တော်သိတာကိုး၊ ကျွန်တော့ Field လို ဖြစ်နေတာကိုး .. .. ကုန်ကုန် ပြောရရင်၊ ရှင်းအောင်ပြောရရင် ၀ိပဿနာအကျင့်ပိုင်း ပဋိပတ္တိဆိုင်ရာ ဗဟုသုတ အသိအမြင်မှာတော့ ကျွန်တော့ကို ထိပ်တန်းတင်မယ်ဆိုရင် ခံနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကံကောင်းတယ်လေ – ကျွန်တော်က ဆရာကောင်းနဲ့တွေတယ်၊ တကယ့် မြန်မာနိုင်ငံရဲ့ ဟိုးလေးတကြာ်ကြော် ရဟန္တာကြီး နှစ်ပါးရဲ့ တပည့်သားသမီး ဖြစ်တာကိုး .. .. ဒီတော့ ကျွန်တော့် အနေနဲ့က ဆရာမြတ်ကြီးတို့ ကလည်း ခန္ဓာဝန်စွန့်သွားပြီဆိုတော့ ကျွန်တော်ပဲ ကျန်သလို ဖြစ်နေတာပေါ့။

ကျွန်တော်က လောကုတ္တရာနဲ့ ၀ိပဿနာ နက်ရှိုင်းမှု အသိပညာကတော့ ကျွန်တော် ထင်ပါတယ် ထိပ်ဆုံးနီးနီးလောက် ရှိချင်ရှိမှာပါ။ ဒါ ကျွန်တော် ရှင်းအောင် ပြောတာပါ၊ ကျွန်တော့အကြောင်းကို ပြောပေးပါ ဆိုလို့လည်း ပြောတာပါ။

ဝိပဿနာ အရာမှာတော့ ကျွန်တော်က အတွေ့အကြုံ အရမ်းရင့်ကျက်ပါတယ်။ ဆွေးနွေးလို့လည်း ရပါတယ်၊ တရားသဖြင့်ပေါလေ့။ ၀ံပုလွေနှင့် သိုးငယ်ဇာတ် ခင်းပြီးတော့ ညစ်လို့တော့ မရဘူးပေါ့။ ရိုးရိုးသားသား၊ ယုတ္တိနည်းကျ၊ ကြောင်းကျိုးဆီလျော်စွာနဲ့ reasonable ဖြစ်အောင် ဆွေးနွေးမယ် ဆိုရင်တော့ ကျွန်တော် လောကုတ္တရာအသိပညာမှာ ဆွေးနွေးခံနိုင်တဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် အသက်လည်း ရှင်သန်နေပါသေးတယ်။ ဆွေးနွေးမယ်ဆိုရင် ကျွန်တော် ကောင်းကောင်း ရပါတယ်။

ဒါပေမယ့် ပုတ်ခတ်စော်ကားပြီး ကျွန်တော့ကို မလိုတဲ့ပုဂ္ဂိုလ် တွေကလည်းရှိတော့ သူတို့ နားဝင်ပြီးတော့ ကျွန်တော့ကို အရမ်းစွပ်စွဲနေကြရင်တော့လည်း ကျွန်တော်က ဖြေရှင်းချင်မှာ မဟုတ်ဘူးပေါ့နော် ဆွေးနွေးချင်မှာ မဟုတ်ဘူးပေါ့။

ကောင်းကောင်းမွန်မွန် ဗဟုသုတရချင်တယ် ဆိုလို့ကတော့ ကျွန်တော် ဆွေးနွေးပေးနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ဟာ အဆွေးနွေး အခံထိုက်ဆုံး ပုဂ္ဂိုလ်ပဲဖြစ်နေတယ်။ ကျွန်တော်ဟာ ဆုံးဖြတ်ချက်ချပေး နိုင်တော့ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ ကျွန်တော့် အခြေအနေကတော့ ဒီလောက်ပါပဲ .. .. သိချင်တဲ့ ပုဂ္ဂိုလ်တွေ စိတ်ဝင်စားတယ်ဆိုတော့ ကျွန်တော် ၀မ်းသာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ နောက်လည်း သိချင်တာတွေ ပြောပါဦးမယ် ခင်ဗျာ .. ..

ကျေးဇူးတင်ပါတယ် .. ..

ဆက်လက်ဖော်ပြပါမည် –

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *