ပဋိပတ္တိသာသနာအကြောင်း

ပဋိပတ္တိသာသနာအကြောင်း

မြန်မာနိုင်ငံက ပဋိပတ္တိသာသနာကို အားပေးပုံမရတာ ဘာကြောင့်မှန်းတော့ တွက်ရခက်ပါတယ်။ တလောကလုံးက လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင်တွေကို အားပေးနေကြတယ် .. .. သိပ္ပံဆိုရင်  လက်တွေ့သုတေသန ပြုမှုတွေကို လွန်စွာအားပေးတယ်၊ တန်ဖိုးထားတယ်၊ ချီးမြှင့်တယ်၊ မြှောက်စားတယ်၊ နေရာပေးတယ်၊ အရေးပေးတယ်။ မြန်မာနိုင်ငံမှာ ကျင့်ကြံအားထုတ်မှုနဲ့ ပတ်သက်လို့ ပြောရင် အားပေးတာကို မတွေ့ရဘူး -

 

ဒါ ဘာကြောင့်လဲ ???

ဘာတစ်ခုလိုနေသလဲ ???

စဉ်းစားဖွယ်ရာ ဖြစ်နေတယ်။

 

လက်တွေ့ကျင့်စဉ်မှ ပြီးပြည့်စုံမယ်ဆိုတာ အားလုံးလည်း သိရဲ့သားနဲ့ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင် ဆိုရင် ခေါက်ခေါက်ထားကြတယ်။ တကယ်တော့ Continue reading

Tags: , ,

သိပ္ပံ၏အားမာန်

၏အားမာန်

သိပ္ပံပညာရပ်သည် အားနှင့်မာန်နှင့် တိုးတက်လျှက်ရှိသည်။ ထို့ကြောင့်လည်း ကမ္ဘာပေါ်၌ လွှမ်းမိုးနေခြင်း ဖြစ်သည်။ လူ့အသုံးအဆောင်၊ လူ့လောက၊ လူမှုဆက်ဆံရေး လောကီနယ်ပယ်တွင် သိပ္ပံသည် လွန်စွာမှ အသုံးကြသည်၊ သို့သော် အစိတ်အပိုင်းအားဖြင့် တိုးတက်နေသည်ဟုသာ ခေါ်နိုင်သည်။ တစ်ခုလုံး တိုးတက်သွားသည်ဟုမူ ခေါ်ရန်ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ဖြစ်တန်ရာချေမှ ထို့ထက်တိုးတက်သော အဆင့်သို့ မရောက်နိုင်သေးချေ။ ဖြစ်တန်ရာချေနှင့်သာ ကျေနပ်နှစ်သိမ့် နေကြရသည်။ ဤကား သိပ္ပံ၏ Evolution အဆင့်ဖြစ်သည်။ Revolution အဆင့်သို့မူ မရောက်သေးချေ။ တနည်းအား Quantitative Change အရေအတွက်အားဖြင့် တိုးတက်နေခြင်းဖြစ်သည်။ Qualitative Change ခေါ် တစ်စုံတစ်ခုလုံးကို အမှောက်အလှန် မပြောင်းလဲနိုင်သေးချေ။

ကို ရှာသည်ဟုသာဆိုသည် မရနိုင်သေးချေ။ ဤသို့ မရဘဲနေလျှင် သိပ္ပံသည် Continue reading

Tags: , , ,

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ကန်တော့ပလ္လင်ဘုရား၌ တရားထိုင်ခြင်း

ကန်တော့ပလ္လင် စေတီတော်မြတ်သို့ မကြာခဏ ရောက်ပါသည်၊ သို့သော် တရားမထိုင်ဖြစ်ပါ။ ဈေးဝယ်ြ

ပီးတော့ ပြန်လာဖြစ်သည်က ပိုများပါသည်။ ဒီတစ်ကြိမ်တော့မူ ကြိုးကြိုးစားစား တရားထိုင်ပါသည်။ ထိုင်ထိုင်ချင်းတော့မူ ဟဒယများ မရှင်းပါ။ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ဘုရားလှုခြင်း၊ ဥိးထိပ်ထားခြင်း၊ ဆရာမြတ်ကြီးအား ဦးထိပ်ထားခြင်း၊ စသည်တို့ ပြုလုပ်ပြီးနောက် ဟဒယကို စိုက်လိုက်ရာ ရှင်းနေသည်ကို မတွေ့ရပါ။ ထို့ကြောင့် စိတ်ရှည် လက်ရှည် ထိုင်ရမည်ဟု သဘောရသည်။

ရုပ်နာမ်သည် ထိုအတိုင်းပင်ဖြစ်ပါသည်။ တစ်ခါတစ်ရံ မိမိ၏ အတွင်းအဇ္ဈတ္တကြောင့် ဖြစ်တတ်သည်။ တစ်ခါတစ်ခါ အပြင်ဗဟိတ္တကြောင့်လည်း ဖြစ်နိုင်သည်။ ဒေ၀ပုတ္တမာန် စသည်ဖြင့် ရှိသည် မဟုတ်ပါလော။ တစ်ခါတစ်ခါလည်း လှိုင်းဂယက်များကြောင့်လည်း Continue reading

Tags: ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

သက်ရှိထင်ရှား ထင်ပေါ်ကြော်ဇောသော စတီဖင်

စတီဖင်ဟော့ကင်းသည် လောလောဆယ် သက်ရှိထင်ရှားလျှက်ရှိသော ထင်ပေါ်ကြော်ဇောသော ပညာရှင် ဖြစ်သည်။ အဓိကအားဖြင့်တော့ သဘောတရားရေရာဆိုင်ရာ ရူပဗေဒပညာရှင် ဖြစ်သည်။ ဟော့ကင်းသည် လေ့လာသူတိုင်း ထူးချွန်သည်ဟု အသတ်မှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

အထူးသဖြင့် သူသည် ဤခေတ်ကို စူးစမ်းရှာဖွေ၍ အထိုက်အလျှောက်တွေ့ရှိသောခေတ်ဟု သတ်မှတ် သည်။ ယင်းကိစ္စကို သူဂုဏ်ယူသည်။ စူးစမ်းရှာဖွေ နေကြသော ခေတ်၌ လူဖြစ်ရသည်မှာ ပျော်စရာကောင်း သည်ဟု မကြာခဏ သုံးသပ်တင်ပြသည်။

သိပ္ပံပညာရှင်တို့သည် စူးစမ်းရှာဖွေမှုတော့ ပြုကြသည်မှာ မှန်ပါသည်။ အသစ်အဆန်းများလည်း တွေ့ရှိကြပါ သည်။ အထူးသဖြင့် မသေချာခြင်းနိယာမနှင့် ပညာ၏ Continue reading

Tags: , , , , ,

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ရွှေစည်းခုံဘုရား၌ တရားအားထုတ်ခြင်း

အမှန်တော့မူ ရွှေစည်းခုံဘုရားကို ပထမဦးဆုံး တရားအားထုတ်၍ ရေးသားဖော်ပြထိုက်သည်ဟု ခံယူထားပါ သည်။ သို့သော် အခါအခွင့်က မသင့်ခဲ့ပါ။ ယခုမှသာလျှင် အခါအခွင့် သင့်သဖြင့် ယခုမှသာလျှင် တရားအားထုတ်ကြောင်းကို ယခုမှသာလျှင် ရေးသားဖြစ်ပါတော့သည်။

ရွှေစည်းခုံသည် တန်ခိုးလွန်စွာကြီးမားလှသော ညောင်ဦးမြို့ပေါ်ရှိ ဘုရားတစ်ဆူ ဖြစ်ပါသည်။ ပုဂံညောင်ဦး ဘုရားများထဲတွင် အထူးထင်ရှားကျော်ကြားသော စေတီတော်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် မိမိကြိုးစား၍ တရား သွားရောက်အားထုတ် ခဲ့ပါသည်။

အခြားသောဘုရားများ၌မူ ကြုံကြိုက်သလို တရားအားထုတ်ခဲ့ခြင်းများ ဖြစ်သော်လည်း Continue reading

Tags: , , , ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-3

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

ထူးခြားသောဟိုင်ဇင်ဘတ်

သိပ္ပံပညာရှင် ဟိုင်ဇင်ဘတ်သည် လွန်စွာ ထူးခြားသော သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ မသေချာမှုနိယာမ သည် သူ၏နိယာမပင်ဖြစ်သည်။ ယင်းနိယာမသည် လွန်စွာမှ သြဇာလွှမ်းမိုးလျှက်ရှိရာ ကမ္ဘာ၏နိယာမ ဟူ၍ပင် သတ်မှတ်ကြသည်။ ဟိုင်ဇင်ဘတ် ကိုယ်တိုင်ကလည်း မသေချာမှုနိယာမအပေါ်မှာ လွန်စွာ ခိုင်ခိုင် မာမာ နားလည်သဘောပေါက် ပြတ်သားစွာခံယူထားသည်။ မသေချာမှုနိယာမက ကန့်သတ် သတ်မှတ်ထား သော အခြေခံအမှုန်ဆိုင်ရာ လှုပ်ရှားမှုတို့သည် ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရပ်ဖြစ်စဉ်များဖြစ်၍ မည်သည့် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်မှ ထိုမသေချာမှုနိယာမ၏ ကန့်သတ်ချက်ကို ချိုးဖျက်၍ ရုပ်သဘာဝ ကို ဖော်ပြနိုင်လိမ့်မည်မဟုတ်ပါဟု တင်ပြခဲ့သည်။ သူ၏ သီအိုရီအပေါ် သူလွန်စွာယုံကြည်ပြီး လွန်စွာ အားကိုးသည်။ ယုံကြည်ကိုးစားလောက်အောင်လည်း သူ၏သီအိုရီသည် လက်တွေ့စမ်းသပ်မှု အခြေအနေ များမှ ထွက်ပေါ်လာသော ဥပဒေသများဖြစ်ရာ အိုင်းစတိုင်းတို့သည်ပင်လျှင် လေးစားတန်ဖိုးထားခဲ့ရသည်။

ဟိုင်ဇင်ဘတ်သည် လူတော်တစ်ယောက်ဖြစ်ကြောင်း Continue reading

Tags: , ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ -2

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-2

မက်(စ်)ဘွန်း၏ စေတနာ

ရူပဗေဒ သဘောတရားရေးဆိုင်ရာ သိပ္ပံပညာရှင် မက်(စ်)ဘွန်းသည် သိပ္ပံပညာရပ်အပေါ် စေတနာထားခဲ့ သည်။ ပထမတစ်ဆင့် လူ့အသိပညာများဆိုင်ရာ ကဏ္ဍအပေါ်မှာလည်း စေတနာထားခဲ့သည်။ သူသည် သိပ္ပံသုတေသန ဆောင်ရွက်ချက်များကို အထူးဦးဆောင်၍ လုပ်ခဲ့သည်။ ဟိုင်ဇင်ဘတ် သည်ပင်လျှင် သူ့တပည့်ဟု ပြောလျှင်ရသည်။ မက်(စ်)ဘွန်းသည် ၏ မိတ်ဆွေဖြစ်သည်။ သို့သော် နှင့် သဘော မတိုက်ဆိုင်ကြပါ၊ သို့သော် အရမ်းခင်မင်ကြသည်။ မက်(စ်)ဘွန်းသည် ဒဿနပညာကို တလေးတစား တန်ဖိုးထားခဲ့သည်။

သိပ္ပံပညာရှင်များအနက်တွင် ဒဿနပညာကို တန်ဖိုးထားသော ပုဂ္ဂိုလ်များစာရင်း၌ မက်(စ်)ဘွန်းသည် ထိပ်ပိုင်းနားမှ ပါဝင်သည်။ သူသည် လက်တွေ့စမ်းသပ်ခန်းမှ ရှိသောအဖြေကို တန်ဖိုးထားသော်လည်း၊ ကြောင်းကျိုးမြော်မြင် ဆင်ခြင်တုံတရားကိုမူ အလေးတစ်မူ Continue reading

Tags: , ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

စာရေးသူသည် မကြာခဏ သိပ္ပံအကြောင်း ရေးနေသည်။ အချို့သော အကြောင်းအရာများမှာမူ သာမန်အားဖြင့် ခက်ခဲနက်နဲနိုင်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ခက်ခဲနက်နဲသော သိပ္ပံပညာရပ်ဆိုင်ရာ အခန်းကဏ္ဍ၏ နိဒါန်းပိုင်းများကို အခြေပျိုး၍ တင်ပြလိုသည်။

သိပ္ပံပညာရှင်များသည် အများသူငါ​ သတ်မှတ်ထားသည့်အတိုင်း လူတော်များဖြစ်ကြသည်။ ဆိုလျှင်မူ တိကျသေချာမှုကို အမြတ်တနိုး တန်ဖိုးထားသည်။ မသေချာခြင်းကို လက်မခံလိုချေ။ ထို့ကြောင့် မသေချာခြင်းဆိုင်ရာ သိပ္ပံနိယာမ သဘာဝကိုပင် ငြင်းဆန်ခဲ့လေသည်။

ဤနေရာ၌ သိပ္ပံပညာရပ်၏ မသေချာခြင်းနိယာမနှင့် အိုင်းစတိုင်း၏ Continue reading

Tags: , , , , , , ,

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

အာနန္ဒာဘုရား၌ တရားအားထုတ်ခြင်း

ပုဂံမှဘုရားများဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကမ္ဘာကျော်ကြတာချည်းပဲနဲ့ တူပါတယ်။

လောကနန္ဒာဆိုရင် စောတဲ့စေတီပုံကြောင့် ကမ္ဘာကျော်တဲ့အထဲမှာ ပါတာပဲ။ အာနန္ဒာကတော့ အထူးပြောစရာ မရှိပါဘူး၊ စိတ်တိုင်းကြပါပဲ။ အလှ အယဉ်နဲ့ အပြည့်အစုံ အာနန္ဒာမှာရှိတယ်လို့ အားလုံးက သတ်မှတ်ထားကြတာပါ။

အာနန္ဒာဘုရားကို တရားထိုင်တော့ ဒီဘုရားမှာ စောစောပိုင်းက ထိုင်ဖူးခဲ့တာ သတိရတယ်။ တော်တော်တော့ကြာပါပြီ စောစောပိုင်းက ထိုင်တုန်းကတော့ ဘုရင်မင်းမြတ်တွေဟာ သာသနာကို စောင့်ရှောက်တော် မူကြတယ်လို့ သဘောရခဲ့တယ်။ ဒီတော့လည်း မိမိက အတိတ်က ဘုရင်မင်းမြတ်တွေ အုပ်ချုပ်သူတွေဟာ သာသနာကို အဓိကထား Continue reading

Tags: ,

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

သဗ္ဗေညုဘုရား၌ တရားထိုင်ခြင်း

အလောင်းစည်သူမင်းကြီး တည်ထားသော သဗ္ဗေညုဘုရားသည် ကြီးမားသည့်အပြင် အမြင့်ရှိကြောင်း အားလုံးအသိအမှတ် ပြုထားကြသည်။

မိမိသည် ဘုရားထဲ၌ တရားမထိုင်ဘဲ ဘုရား၏တောင်ဘက် ထနောင်းပင်ရိပ်အောက်၌ ဖျာလေးသုံးချပ်ခင်း၍ တရားထိုင်ခဲ့သည်။ မြတ်စွာဘုရားကို ကြည်ညိုသဖြင့် တည်ထားကိုးကွယ်သော စေတီပုထိုးတို့သည် တန်ခိုးကြီးလှ လေသည်။ အထူးသဖြင့် ဘုန်းကံကြီးသောမင်းများ တည်ထားလျှင် ပို၍ သိသာသည်။ ဓာတ်တော်မွေတော် ထူးထူးခြားခြား ပူဇော်ထားလျှင်လည်း Continue reading

Tags: , , , , ,

လောကုတ္တရာပညာကို မြန်မာတို့ အဓိကထား ရှာဖွေခဲ့ပုံ

လောကုတ္တရာပညာကို မြန်မာတို့ အဓိကထား ရှာဖွေခဲ့ပုံ

ကမ္ဘာပေါ်တွင် အထူးသဖြင့် အရှေ့တိုင်း အနောက်တိုင်း ဟူ၍ ခွဲခြားနေသောအခါ အရှေ့တိုင်းမှ ဥပမာ- မြန်မာတို့သည် အသိပညာကိုသာ ရှာဖွေခဲ့ကြသည်။ အနောက်တိုင်းမှာမူ အဓိကအားဖြင့် စီးပွားရေး၊ လူမှုရေး၊ သဘာဝသိပ္ပံနည်းပညာ၊ လက်နက်ခဲယမ်းမီးချောက်၊ ဆေးဝါး စသည်ဖြင့် အမျိုးမျိုးသော လောကီဗဟုသုတများ ရှာဖွေခဲ့ကြသည်။ အနှစ်ချုပ်သော် အနောက်တိုင်းကလည်း သူတို့ရှာဖွေသည်များကို သူတို့ရရှိသည်။ အရှေ့တိုင်းမှာလည်း မိမိတို့ ရှာဖွေသည်များကို မိမိတို့ရရှိသည်။ ထို့ကြောင့် ခြုံယူလိုက်သော် ကိုယ်သန်ရာသန်ရာ ကိုယ်ရှာဖွေ၍ ကိုယ်သန်ရာသန်ရာ ကိုယ်ရရှိနေကြရာ မည်သူ့ကိုမှ အထင်သေး အမြင်သေး၍ မဖြစ်သော အခြေအနေ၌ ရှိသည်ဟု ဆိုရမည်။

အထူးသဖြင့် မြန်မာများသည် ပြရုပ်သာဓကတင်ရန် ခက်ခဲသော လောကုတ္တရာပညာကို Continue reading

Tags: , , ,

ပြဿဒ်ကြီး၌ တရားထိုင်ခြင်း

ပြဿဒ်ကြီး၌ တရားထိုင်ခြင်း

စာရေးသူ ၀န်ခံသကဲ့သို့ ဘုရားများကို အစီအစဉ်အတိုင်းတော့ မဟုတ်ပါ။ အခါအားလျှော်စွာ တိုက်ဆိုင်သလို တရားထိုင်ခဲ့ရခြင်းဖြစ်၍ ယခုအခါ ပြဿဒ်ကြီး၌ တရားထိုင်ရခြင်းကို တင်ပြလိုပါသည်။

ပြဿဒ်ကြီးသည် လယ်ကွင်းပြင်၌ တည်ရှိသည်။ တကူးတကန့် သွားရသည်။ လမ်းမကြီး အနီးတစ်ဝိုက် မဟုတ်ချေ။ ဓမ္မရံကြီးကို ဖြတ်ကျော်၍ သွားရသေးသည်။ ပြဿဒ်ကြီး၌ တရားထိုင်ရသည်မှာ တစ်မျိုးကောင်းပါသည်။ တရားထိုင်လျှင် ကြည်လင်လျှင် တရားကိုအောင်မြင်သောအခါ သော်လည်းကောင်း မအောင်မြင်သောအခါ သော်လည်းကောင်း ထိုင်သင့်သည်ဟု မိမိအသိဉဏ်ရသည်။ ထို့ကြောင့် ပြဿဒ်ကြီး၌ ကြိုးစား၍ Continue reading

No tags for this post.

လောကနန္ဒာ၌ တရားထိုင်ခြင်း

လောကနန္ဒာ၌ တရားထိုင်ခြင်း

ဆက်လက်၍

တင်ပြရသော် လောကနန္ဒာဘုရား၌ တရားအားထုတ်သောအခါ ဖြစ်သည်။ လောကနန္ဒာသည် တရားအားထုတ်၍ကောင်းသော စေတီတစ်ဆူပင်ဖြစ်သည်။ ထူးခြားသည်မှာ လောကနန္ဒာကို တရားအားထုတ်ရင်း ရှေးမြန်မာတို့၏ စွမ်းဆောင်နိုင်မှုများ သာသနာပြုမင်းများ လူစွမ်းကောင်းများကို သတိရမိသည်။ အထူးသဖြင့် ကျန်စစ်သား၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေရူး တို့အား သတိရနေမိသည်။ တဖြည်းဖြည်းနှင့် တရားဆင်ခြင်၍ ရှုသတ်ရသည်။ ၎င်းတို့ ကိုင်ဆောင်ခဲ့သော လက်နက် ခဲယမ်းမီးချောက်များ ဓာလှံများကိုလည်း သတိရနေမိသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ရှုရာ ဗူးဘုရားမှာကဲ့သို့ပင် ရှင်းသန့်ခြင်း ကောင်းမွန်ခြင်းများ ခံစားရပါသည်။ သို့သော် ထပ်တူထပ်မျှဟူ၍မူ ပြော၍တော့ မရချေ။

လောကနန္ဒာ၌ ကောင်းသည်ဟု ပြောရသော်လည်း ဗူးဘုရား၌ ကောင်းခြင်းနှင့် ကောင်းခြင်းနှစ်ခု အဓိပ္ပာယ်ချင်းတော့ တူသည်ဟု ၀န်ခံ၍ မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်မျိုးစီကောင်းကြခြင်း ဖြစ်သည်။ ထို့ကြောင့် တရားတော်ဟူသည် တစ်မျိုးစီ အမျိုးမျိုးကောင်းတတ်သော သဘာဝရှိသည်ဟူ၍ ကောက်ချက်ချမိပါသည်။

ဆက်လက်ဖော်ပြပါမည် -

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

No tags for this post.

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

ပုဂံမြို့ရှိ အထင်ကရဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

စာရေးသူသည် ပုဂံ၌နေသောကြောင့် ဤအခွင့်အရေးကို ရသည်ဟု ဆိုရမည်ကဲ့သို့ရှိသည်။ ပုဂံ၌

မနေခင်က မန္တလေး ရန်ကုန်တို့၌ နေခဲ့ဖူးသည်။ ထိုအခါ ပုဂံမြို့ပေါ်ရှိ အထင်ကရဘုရားများအား ယခုကဲ့သို့ အေးအေး ဆေးဆေး တရားထိုင်ခွင့် မရရှိခဲ့ချေ။ ယခုအခါ ပုဂံမြို့၌ နေထိုင်ပြီဖြစ်သဖြင့် ပုဂံမြို့ရှိ ဘုရားများတွင် တရားအားထုတ် ကြည့်သောအခါ အတွေ့အကြုံများကို စာဖတ်ပရိတ်သတ်များအား တင်ပြလိုသော ဆန္ဒရှိခဲ့သည်။ ဤသို့တင်ပြရာ၌ အထင်ကရဘုရားများ အစီအစဉ်အတိုင်းတော့မူ မဟုတ်ချေ။ ပတ်သက်ရာ လက်လှမ်းမှီရာ ဘုရားများ၌ တရားအားထုတ်သည်များကိုသာ အတွေ့အကြုံအဖြစ် တင်ပြလိုခြင်းဖြစ်သည်။

ဗူးဘုရား၌ တရားထိုင်ခြင်း

ရှေးဦးစွာ ဗူးဘုရား၌ တရားအားထုတ်ခဲ့သည်ကို သတိရသည်။ ဗူးဘုရားသည် ဧရာဝတီမြစ်၏ ထိပ်၌ရှိသည်။ ထိုအခါ မြစ်ပြင်မှ လေအေးများ တိုက်သောအခါ လန်းဆန်းသော အတွေ့အကြုံကို ရနိုင်သည်။ ဧရာဝတီမြစ်ကိုဖြတ်၍ တန့်ကြည်တောင်ရှုခင်း၊ ညနေတွင်Sunset ရှုခင်းများကို ကြည့်နိုင်သည်။ ဧရာဝတီမြစ်ထဲ၌ အမျိုးမျိုးသော ရေယာဉ်များ အရွယ်စုံ Continue reading

No tags for this post.

တရားတော်သည်သာ

တရားတော်သည်သာ

စာရေးသူတို့သည် ဆရာ့အဆုံးအမအောက်၌ ကျင်လည်ကျက်စားခွင့်ရခဲ့ရာ “တရားရခြင်းသည် အရာရာထက် အရေးအကြီးဆုံးဖြစ်သည်” ဟူသော အဆုံးအမကို ခံယူခဲ့ကြသည်။ ထို့ကြောင့် စာရေးသူတို့အဖွဲ့သည် တရားရခြင်းကိုသာ အဓိကထား အလေးပေး၍ ကျင့်ကြံကြိုးစားကြသည်။ တခြားအရာများကိုမူ အထူးအလေးပေး၍ ကြိုးစားခွင့် မကြုံခဲ့ကြချေ။ တစ်နည်းအားဖြင့် “တရားရလျှင် အရာရာပြီးသည်” ဟူ၍ပင် ခံယူချက် ရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း တစိုက်မတ်မတ် ကြိုးစားကြရာ စာရေးသူတို့ အဖွဲ့သည် အထူးကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ကြသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။ ဝေဒနာနုပဿနာမှ ၊ ဓမ္မနုပဿနာအထိ Continue reading

Tags: , , , , ,