မဂ်ရခြင်းမရခြင်း…(၁)

မဂ်ရခြင်းမရခြင်း…(၁)

နိဗ္ဗာန်အကြောင်းကို ကျွန်တော် အနည်းငယ်တော့ ပြောပြ ရေးပြခဲ့ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ အများသူငါ သိတဲ့အတိုင်းပါပဲ အင်မတန် ကျယ်ပြော နက်ရှိုင်းတော့ ဘယ်လောက်ရေးရေးလည်း ကုန်ပြီ ၀ပြီလို့တော့ ရှိမှာမဟုတ်ပါဘူး။

ကျွန်တော်ကတော့ ဆရာကောင်းသမားကောင်းရဲ့ အဆိုအဆုံးမလည်း တည်တယ် ကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်ဖူးတော့ ကောင်းကောင်းမွန်မွန် ရေးနိုင်တဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ခြေခြေမြစ်မြစ် လေ့လာခဲ့တော့ ခြေခြေမြစ်မြစ် ရေးတတ်ပါတယ်၊ အပေါ်ယံမျိုး ကျွန်တော် မရေးဘူး။

ဥပမာ – ဟိုတစ်လောက ဓမ္မကထိကတစ်ပါး အသင်္ခတဓာတ်ကို အတ္တအနှစ်သာရ ရှိတယ်လို့ Continue reading

Tags: , , , , ,

နိဗ္ဗာန်နှင့်ပတ်သက်၍

နှင့်ပတ်သက်၍

အချို့က နိဗ္ဗာန်နှင့် ပတ်သက်၍ သိလိုကြသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်၍ သိသင့်သည်ဟု နားလည်ကြသည်။ အချို့ကလည်း နိဗ္ဗာန်ကို မြင့်လွန်းသည်ဟု ယူဆကြသည်။ မြင့်လွန်းသည်ဟု ယူဆသူများသည် မှားယွင်းသောသဘော ခံယူသူများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ဗုဒ္ဓဘာသာများ သိရမည်။

တစ်ခု သတိထားရမည်မှာ နိဗ္ဗာန်ကို လွဲမှားစွာ အဓိပ္ပာယ် မဖွင့်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် နိဗ္ဗာန်ကိစ္စ၌ သမားကောင်းကို ချည်းကပ်မှသာလျှင် အမှန်အကန် ပြောပြနိုင်ပေလိမ့်မည်။ စာရေးသူသည် ဆရာကောင်း သမားကောင်းကို Continue reading

Tags: , , ,

နိဗ္ဗာန်ဟူသည်

နိဗ္ဗာန်ဟူသည်

နိဗ္ဗာန်အကြောင်းကိုတော့ သမားကောင်း ဆည်းကပ်ကိုးကွယ်ဖူးသော ပုဂ္ဂိုလ်များသာ ပြောနိုင်လိမ့်မည်ဟု ယူဆပါသည်။ နိဗ္ဗာန်အကြောင်းမှာ ခက်ခဲနက်နဲသည် ဆိုသည်မှာ အဆိုအဆုံးမရှိသည်။ ၏ ဂုဏ်ရည်ထဲတွင် အသိခက်ခြင်း နက်နဲခြင်းဟူသော ဂုဏ်ရည်များ ပါရှိနေသည်။ အံ့သြဖွယ်ရာနှင့် ထူးခြားသည်မှာ ဤလောက၌ (သို့မဟုတ်) (၃၁)ဘုံ၌ ထပ်တူထပ်မျှ နှိုင်းခိုင်းစရာ ဥပမာ မရှိပါ။

ထို့ကြောင့် နိဗ္ဗာန်သည် ထပ်တူထပ်မျှ ဥပမာ တင်ပြစရာ ရှင်းပြစရာ မရှိနိုင်သဖြင့် ၀င်စားဖို့ ခက်သည်။ တနည်းအားဖြင့် တွေ့ကြုံ သိမြင်နေရသော လောကီကိစ္စတို့သည် ပျက်နေကြသည်သာ ဖြစ်သည်။ နိဗ္ဗာန်သည် မပျက်ချေ၊ ဤဂုဏ်ရည်ကိုက Continue reading

Tags: , ,

အနှစ်သာရအားဖြင့် မြန်မာများကပို၍ အဓိပ္ပာယ်ရှိပုံရတယ် .. .. .

အနှစ်သာရအားဖြင့် မြန်မာများကပို၍ အဓိပ္ပာယ်ရှိပုံရတယ် .. .. .

ကမ္ဘာမှာ အဆင့်ဆင့်ပြောင်းလဲ တိုးတက်နေကြတာ သိပ္ပံပညာဆိုရင် အရမ်းမြင့်တဲ့အဆင့်ကို ရောက်ပြီလို့တောင် အားပေးနိုင်တယ်။ ဒါပေမယ့် သိပ္ပံပညာမှာလည်း သဘာဝတရားကို သိဖို့ကြိုးစားတဲ့ သိပ္ပံပညာရှင်တွေက တစ်ဖက်၊ သဘာဝတရားအကြောင်း သိလာတော့ လက်နှက်ထူးထူးဆန်းဆန်း လုပ်ဖို့အတွက် လိုင်းကတစ်ဖက်၊ ဆေးဝါးနဲ့ လူမှုရေးအသုံးအဆောင် ပိုမိုကောင်းမွန်အောင် လူ့ကောင်းကျိုးနဲ့ လူ့အန္တရာယ် ကာကွယ်ရေးကို ဆောင်ရွက်တဲ့ဖက်က တစ်ဖက် – အဖက်ဖက် ရှိကြတယ်။

အနှစ်ချုပ်ရင်တော့ မြန်မာတွေ တွေက ဘဝမှာပိုအဓိပ္ပာယ် ရှိတယ်လို့ သုံးသပ်စရာပဲ။ အောင်မြင်တယ်ဆိုရင် တွေပဲဖြစ်တယ်၊ ဘဝကို အဖိုးတန်ဆုံး Continue reading

Tags: , , ,

ကြည့်တတ်လျှင်တော့မြင်နိုင်ပါသည် .. .. .

ကြည့်တတ်လျှင်တော့မြင်နိုင်ပါသည် .. .. .

ကမ္ဘာသည် ရုပ်ဝတ္ထု လွန်စွာတိုးတက် ပြည့်စုံကြွယ်ဝသည်။ နှင့် နည်းပညာကလည်း ကောင်းစွာ အထောက် အပံ့ပြုသည်။ ကမ္ဘာသည် အဘက်ဘက်မှ တိုးတက်ပြည့်စုံနေသည်ဟု ယူဆနိုင်သည်။ သို့သော် မြန်မာတို့ကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် ကျင့်ကြံကြိုးစား အားထုတ်နေသူများ ရှိရာ၊ ဉာဏ်ပညာ၏ အဆင့်မြင့်မှု စိတ်ဓာတ်၏ အေးငြိမ်းချမ်းသာမှုတို့ကို ရရှိခံစားနိုင်သည်။ ဤကိစ္စမှာမူ လက်တွေ့ပြယုဂ်ဖြင့် ထင်ရှားပေါ်လွင်မှု မရှိဟုဆိုနိုင်သော်လည်း ဝင်စားလေ့လာ ကြည့်ရှုဆင်ခြင်လျှင် မြန်မာတို့ကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ်၊ ငြိမ်းချမ်းကြောင်းကို တွေ့နိုင်ပါသည်။

ကမ္ဘာကလည်း တိုးတက်ပါသည်။ မြန်မာမှာမူ အခြေခံအားဖြင့် ကိုယ့်ကိုယ်ကို ပြည့်စုံရန်၊ နှလုံးသွင်းတတ်ရန် ကျင့်ကြံကြိုးစားခဲ့ရာ ကိုယ့်ဖာသာကိုယ် နှလုံးသွင်းတတ်ဖို့၊ ငြိမ်းချမ်းဖို့ကို အဓိကထားသည်။ ထို့ကြောင့် ကြည့်တတ်လျှင် Continue reading

Tags: , , ,

အသိပညာနှစ်မျိုးနှစ်စား….

အသိပညာနှစ်မျိုးနှစ်စား….

အသိပညာကို နှစ်မျိုးနှစ်စားဟု ဖော်ပြလေ့ရှိကြတယ်။ တစ်မျိုးမှာ အကြောင်းအချက်အားဖြင့် ဆိုင်ရာ အသိပညာ (Knowledge about facts) လို့ သုံးကြတယ်။ နောက်အသိပညာ တစ်ခုက အချက်အလက် တစ်ခုနှင့်တစ်ခု ယုတ္တိနည်းကျ ဆက်စပ်နေတဲ့ အသိပညာပဲ။ ဒါကိုတော့ (Knowledge about the logical relation between facts) လို့ သုံးကြတယ်။

ကမ္ဘာကတော့ အသိပညာနှစ်ခုစလုံးကို လိုက်တယ်လို့တော့ ၀န်ခံကြပါတယ်။ ဒါပေမယ့် (Knowledge of facts) ကို နံပါတ်ကုန် မလိုက်နိုင်ဘူး။ (Relation) တွေဘက်ကို ပိုများတယ်။ သူတို့ဟာ ရုပ်ဥပဒေသတွေကို သိပ်သိချင်တယ်။ ရှာလည်းရှာတယ်၊ Continue reading

Tags: , , ,

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

ကမ္ဘာကြီးကလည်း ရုပ်လောကအကြောင်းကို သုတေသန လုပ်နေကြတယ်။ သုတေသန လုပ်သလောက် လည်း ထွင်းထွင်းဖောက်ဖောက် သိမြင်လာကြတယ်။ စကြ၀ဠာအကြောင်း ကောင်းကောင်း သိလာကြတယ်။ စကြ၀ဠာ ဘယ်တုန်းက စဖြစ်တယ် ဆိုတာတောင် ခန့်မှန်းလာနိုင်တယ်။ ရုပ်ကမ္ဘာအကြောင်းကိုလည်း အက်တွမ်ကနေ၊ အီလက်ထရွန်ကနေ ကွာ့(ဒ်)အထိ အထူးလေ့လာနေကြတယ်။ (The most substantial elements) ခေါ်တဲ့ အခြေခံအကျဆုံးသော ဓာတ်သဘာဝ အမှုန်များကို စူးစမ်းလေ့လာနေကြတယ်။

လေ့လာတဲ့အခါ တိုက်ရိုက်လေ့လာနိုင်တာကို တိုက်ရိုက်လေ့လာပြီး တစ်ဆင့်ခံ (Indirect verification) ခေါ်တဲ့ တစ်ဆင့်ခံ လေ့လာစမ်းသပ်မှုနဲ့ လေ့လာကြတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် Continue reading

Tags: , , , ,

ပယ်သောအခါ ဘာကျန်သနည်း?

ပယ်သောအခါ ဘာကျန်သနည်း?

အချို့က ပယ်သောအခါ ဘာကျန်တော့မှာမည်နည်း? ဟု သဘောရကြသည်။ ယင်းသဘောမှာ လက်တွေ့ မပယ်သေးခင် ပေါ်လာသော သဘောဖြစ်သည်။ လက်တွေ့ပယ်သောအခါ အဖြေမှာ ပယ်နိုင်သော စွမ်းရည်ကျန်သည်၊ ယင်းကိစ္စကို ပယ်ဖူးသူမှသိသည်။ ပယ်သောအခါ ပယ်နိုင်သောစွမ်းရည်ကျန်သည် ထိုစွမ်းရည်သည် အဖိုးတန်ဆုံးဖြစ်သည်။ ယင်းစွမ်းရည်သည် အင်အားရှိလာသောအခါ အောင်မြင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အဖြေပေးပါသည် မြစ်ချောင်းတစ်ခုကို လှေဖြင့် ဒီဘက်ကမ်းကခွာလျှင်၊ ဒီဘက်ကမ်းက ကွာရုံမက ဟိုဘက်ကမ်းသို့ ဆိုက်ရောက်သည်။ ထို့အတူ ပေါ်စိတ်များကို Continue reading

Tags: ,

ပေါ်စိတ်ကိုပယ်ခြင်း

ပေါ်စိတ်ကိုပယ်ခြင်း

 ပေါ်စိတ်ကိုပယ်ခြင်းသည် ဆေးကြောခြင်းပင် ဖြစ်သည်။

လူတို့သည် အာရုံခြောက်ပါးမှ အသိသဘောများ ၀င်လာရာ မသန့်ရှင်းသေးခြင်း အညစ်အကြေးပါခြင်း အမျိုးမျိုး ရှိနိုင်သည်။ ထိုအခါ ပေါ်စိတ်ကို ပယ်ရလေသည်။ ပေါ်စိတ်ကို ပယ်ခြင်းသည် ဆေးကြောခြင်း တစ်မျိုးပင် ဖြစ်သည်၊ စိတ်ကို ဆေးကြောရာကြသည်။ ပေါ်စိတ်ကို ပယ်သဖြင့် နောက်ထပ်ပေါ်လာသော စိတ်သည် ပထမစိတ်ထက် ပို၍ သန့်စင်သွားနိုင်လေသည်။ ပယ်ပါ ပယ်ပါများလျှင် စိတ်သည် ပို၍ သန့်စင် သန့်စင် သွားနိုင်သည်။

စိတ်များ သန့်စင်အောင် လုပ်နိုင်သော အကျင့်သည် ဉာဏ်ပညာကို ဖြစ်စေသည်။ ဉာဏ်ပညာရလျှင်မူ ပေါ်သောစိတ်ကို အပြတ်အသတ်အထိ ပယ်နိုင်သည်၊ ထို့နောက် ပိုင်းခြားနိုင်သည်။ ပိုင်းခြားသော အဆင့်မှာမူ Continue reading

Tags: ,

အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန်လမ်းစ

အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန်လမ်းစ

ဘာစိတ်ပေါ်မလဲ – ပေါ်စိတ်တို့သည် ဖြစ်ကြသည်ဟု ကြိုတင်သိနားလည်ထားသည်။

အသိပညာ ရရာရကြောင်း နည်းလမ်းကောင်းထဲတွင် ပေါ်စိတ်ကို ခြင်းသည် ထူးခြား မြင့်မြတ်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ပေါ်စိတ်ကို သောအခါ ကြာသော် အတွေ့အကြုံရင့်ကျက်လျှက် ပေါ်လာသော စိတ်တို့အား အနိစ္စဟု နားလည်သဘောပေါက်သွားသည်။ ခိုင်ခိုင်မာမာ ယုံကြည်သွားသည်။ ထိုအခါ အတော်အသင့် အတိုင်းအတာထိ ဆိုးဝါးသော လောဘ၊ ဒေါသ၊ မောဟနှင့်ယှဉ်သော စိတ်များသည် အနိစ္စ ဖြစ်လွယ်ကြသည်။ ကျင့်ဖန်များလေ ပိုင်နိုင် ကျွမ်းကျင်လေ ဖြစ်သည်။

ထိုအခါ မည်သည့်စိတ်ကိုမှ မကြောက်လန့်တော့ချေ။ ပေါ်လာလျှင် အနိစ္စဖြစ်ရမည်ဟု Continue reading

Tags: , , ,

ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်း

ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်း

သူသူကိုယ်ကိုယ် ဉာဏ်ထက်လိုကြသည်၊ ဉာဏ်တက်လိုကြသည် – သို့သော် နည်းမသိသဖြင့် အယောင်ယောင် အမှားမှား လုပ်တတ်ကြသည်။ စာရေးသူသည် ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်းများကို သိသည်။

ဉာဏ်ထက်နည်း၊ ဉာဏ်တက်နည်း ဆိုသည်မှာ မိမိ၏ပေါ်စိတ်အား ခြင်းပင် ဖြစ်သည်။ ဤကျင့်စဉ်သည် လွယ်သည်ဟု ယူဆပြီး မကျင့်ဖြစ်ကြ၍သာ ဉာဏ်မထက်ခြင်း၊ ဉာဏ်မတက်ခြင်း၊ ဉာဏ်မထွက်ခြင်းဖြစ်သည်။ အမှန်မှာမူ လွန်စွာကောင်းသော ကျင့်စဉ်ဖြစ်သည်။ သို့သော် အများသူငါသည် မသိကြသေးချေ .. .. .. (သို့) မကျင့်ဖြစ်ကြသေးချေ။

စာရေးသူသည် ကျင့်ရန်တိုက်တွန်းလိုသည်၊ အဘယ့်ကြောင့်ဆိုသော် ဉာဏ်ပညာတက်သောကြောင့် ဖြစ်သည်။ အများသူငါ “ဉာဏ်တက်လိုကြသည်၊ ဉာဏ်ထက်လိုကြသည်” ဟု Continue reading

Tags: , , , ,

အသိပညာသစ်အတွက်ခြေလှမ်းများ

အသိပညာသစ်အတွက်ခြေလှမ်းများ

သိပ္ပံသည် အသိပညာသစ်အတွက် ခြေလှမ်းများ လွန်စွာသွက်သည်၊ လွန်စွာစိပ်သည်။ သူတို့သည် အသိပညာအတွက် လွန်စွာလည်း စိတ်ဝင်စားသည်၊ လွန်စွာလည်း ထက်သန်သည်။

ဥပမာ — – စကြဝဠာအကြောင်း သူတို့သိခြင်းကို သူတို့လွန်စွာ စိတ်ဝင်စားသည်။

What do we really know about the Universe? ဟူ၍ ဆွေးနွေးကြသည်။

How do we know it? ဟူ၍လည်း တင်ပြကြသည်။ စကြဝဠာအကြောင်း ဘယ်လောက်သိသလဲ?  ဘယ်လိုသိသလဲ? စသည်ဖြင့် လွန်စွာ စိတ်ဝင်စားကြသည်။

… where is it going? .. .. စကြ၀ဠာသည် ဘယ်ကို ဦးတည်နေပါသနည်း? စသည်ဖြင့်… စကြ၀ဠာအကြောင်းကို လွန်စွာစိတ်ဝင်စားကြသည်။ ယခင်က မသိသည်များလည်း သိလာသည်။ ထပ်၍ထပ်၍လည်း သုတေသန လုပ်ကြသည်။ သူတို့သည် စကြ၀ဠာအကြောင်း သိသည်ကို ပျော်နေကြသည်။ သီအိုရိများ အသစ်အသစ် ဖန်တီး၍ လေ့လာကြည့်ရှုမှု Continue reading

Tags: , , , , , ,

ကမ္ဘာသို့ဗုဒ္ဓဘာသာ၏ခြေလှမ်းသစ်များ

ကမ္ဘာသို့၏ခြေလှမ်းသစ်များ

ဗုဒ္ဓဘာသာသည် အမှန်တရားဖြစ်ရာ ထိုအမှန်တရား ကမ္ဘာသို့ ပြန့်နှံ့ရန် ဗုဒ္ဓဘာသာသူတော်စင်များ အဖက်ဖက်က ကြိုးစားနေကြသည်။ အထူးသဖြင့် လက်တွေ့ခေတ်တွင် လက်တွေ့ ပညာရပ်များ တိုးတက်နေသော ဤသိပ္ပံခေတ်တွင် ဗုဒ္ဓဘာသာအကြောင်းကို လက်တွေ့ ကျင့်ကြံအားထုတ်ကြဖို့ ရှုထောင့်တစ်ခုအဖြစ် လိုအပ်နေပေသည်။ လက်တွေ့ကျင့်မှသာလျှင် ပြီးပြည့်စုံနိုင်သည်ဟူ၍ ကမ္ဘာက နားလည်ထားသည်။ သဘောတရားရေးရာ သက်သက်ဆိုလျှင် ဗလာဖြစ်သည်ဟု အောက်မေ့ကြသည်။ လက်တွေ့ပါမှသာလျှင် ပြည့်စုံနိုင်မည်ဟု သဘောထားကြသည်။

ထိုအခါ ဗုဒ္ဓဘာသာ၏ လက်တွေ့ပညာရပ်များကို ထုတ်ဖော် ကြွေးကြော်နိုင်ရမည် ဖြစ်သည်။ လက်တွေ့ ကျင်ကြံရာ၌၊ ၏ တရားတော်၌ သတိပဌာန်လေးပါးရှိရာ ကိုယ်သန်ရာမှ လောကကို Continue reading

Tags: , , , ,

ဗုဒ္ဓဘာသာနှင့်ကမ္ဘာ မတူသောအချက်တစ်ချက်

နှင့် မတူသောအချက်တစ်ချက်

ဗုဒ္ဓဘာသာသည် ကိုယ်အသိပညာရအောင် ကျင့်ကြံကြသည်။ ကမ္ဘာသည် အများကို ပြနိုင်ရန် ရည်ရွယ်သည်။ ကမ္ဘာသည် အများကိုပြနိုင်မှ အသုံးဝင်မည်ဟု သွယ်ဝိုက်၍ ခံယူထားသည်။ ဗုဒ္ဓဘာသာများကတော့မူ မိမိတို့ရဖို့ အရေးကြီးသည်ဟုသာ ခံယူထားသည်။ မိမိတို့ရခြင်းသည် မိမိတို့အတွက် အမြတ်ဖြစ်သည်။ ပြနိုင်ခြင်း မပြနိုင်ခြင်းမှာမူ တဆင့်ဖြစ်သည်။

ဗုဒ္ဓဘာသာ၌ ပစ္စတံဝေဒိတပ္ပေါ ၀ိညူဟိ ဟူသော စကားရှိသည်။ အဓိပ္ပာယ်မှာ ပညာရှင်များ အသီးသီး သိရှိခံစား နားလည်ကြရသည် ဟူသော သဘောပင်ဖြစ်သည်။ ကမ္ဘာမှာမူ လက်တွေ့ပြနိုင်ရန်သာ ကြိုးစားကြ သည်။ ဤနည်းအားဖြင့် ကွဲလွဲချက် ရှိနေကြသည်။ ဗုဒ္ဓဘာသာသည် အတွင်းသဘော Continue reading

Tags: , ,

လောကုတ္တရာဥာဏ်

လောကုတ္တရာဥာဏ်

အရိယာတို့၏ လောကုတ္တရာဥာဏ်သည် လွန်စွာမှ အံ့သြဖွယ်ရာကောင်းသည်။ ဤဥာဏ်သည် လူသာမာန်များ သွားရည်တမျှားမျှားနှင့် တက်မက်သော အာရုံများအား ပယ်စွန့်နိုင်သည်။ အဓိကအားဖြင့် အာရုံများ၏ ကျေးကျွန်မခံပေ၊ အာရုံများ၏ အရှင်သခင်ဖြစ်သည်၊ ဤဥာဏ်အမျိုးအစားကို  ကမ္ဘာသူ ကမ္ဘာသားများလည်း မရကြချေ၊ သိပ္ပံပညာရှင်များလည်း မရကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၌ သာသနာ မရှိသောကြောင့်ဖြစ်သည်။

သိပ္ပံပညာရှင်များသည် လူတော်များဖြစ်ကြပါသည်၊ လူကောင်းများလည်း ဖြစ်ကြပါသည်၊ သို့သော် အရိယာများ မဟုတ်ကြပါ။ သူတို့၌ ၏ အဆိုအဆုံးအမ မတည်နိုင်ခြင်းကြောင့် သူတို့သည် မဖြစ်နိုင်ပါ။ အရိယာဥာဏ် ရှိမှသာလျှင် လောကုတ္တရာဥာဏ် ရသည်ဖြစ်၍ လောကီစည်းစိမ်ဥစ္စာ၊  ချွေရံသင်းပင်း တပ်မက်မှု အားလုံးကို Continue reading

Tags: , , , ,