ဉာဏ်ပန်းမွှေးလှိုင်ကြူ – 4

အခန်း ( ၁ )

ဘ၀အတွေ့အကြုံ

ဘ၀၏ အလယ်။    ။ သုံးလူ့ထွဋ်ထား သဗ္ဗညုတ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသော်မှ ရုပ်နာမ်ရှိသဖြင့် မရဏလက်တွင်းသို့ အပ်နှင်းတော်မူခဲ့ရသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ပရိ စံဝင်တော်မူသောအခါ ညီတော်အာနန္ဒာ အရှင်သူမြတ်သည် ပူဆွေးသောကရောက်လျှက် သဲအူပြတ်မျှ ငရဲမီးထက် လောင်ကျွမ်းပူပြင်းသော ခံစားချက်များကို ခံစားတော်မူခဲ့ရသည်။ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်က တရားဒေသနာတော်အတိုင်း တသွေမတိမ်း လိုက်နာကျင့်ကြံပါက နိဗ္ဗာန်နန်းသို့ အတူစံဝင်နိုင်မည်ဖြစ်ကြောင်းကို ဆုံးမတော်မူခဲ့သည်။ သို့သော ယူကြုံးမရဖြစ်လွန်းသဖြင့် ခန္ဓာထဲ၌ တရားဉာဏ် မ၀င်နိုင်အောင် ရှိခဲ့သည်။ ရုပ်နာမ် ရှိသူတို့သည် မရဏလက်တွင်းသို့ သက်ဆင်းရမည်မှာ မြေကြီးလက်ခတ်ပင်ဖြစ်သည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရ၍ မပိုင်နိုင်လျှင် ဇာတိ ဇရာ ဗျာတိ မရဏ သောကတို့နှင့်အတူ ရုပ်နာမ်ပြန်လည် ရရှိနေပေဦးမည်။ ထိုသို့ဆိုလျှင် မည်မျှအထိ ဒုက္ခပင်လယ်ဝေနေဦးမည်မသိ။ လက်သဲပေါ်၌ တင်ကျန်သော မြေမှုန့်နှင့် မဟာပထ၀ီ မြေကြီး ထုထည်ရှိသော မြေမှုန့်တို့ကို နှိုင်းယှဉ်လိုက်သည်ရှိသော် ကြက်သီးမွှေးညှင်းထဖွယ် ကောင်းလောက် အောင် ကျွတ်တမ်းဝင်သော ပုဂ္ဂိုလ်တို့၏ အရေအတွက်မှာ နည်းလွန်းလှချေသည်တကား။

ယခု မိမိတို့သည် လက်သဲခွံပေါ်မှ မြေမှုန့်များစာရင်းတွင် ပါရှိစေရန်မည်သို့ ကျင့်ကြံအားထုတ် ကြပါမည်နည်း။ ထူးကဲသောတရားနှင့် တွေ့ရ၍ ကုသိုလ်ကံ ကောင်းလှပါပေ၏။ ကံထူး ပါရမီထူးလှကြပါ၏။ အများသူငါတို့ ဤအသက်အရွယ်တွင် ကိလေသာနယ်ပယ်၌ အပျော်ကြူးနေကြသည် မဟုတ်ပါလော။ မိမိတို့မှာမူ ဆရာမြတ်နှင့်တွေ့၍ အလင်းရကြပေပြီ။ စဉ်းစားဆင်ခြင်လိုက်သော် ကိလေသာ တဏှာနှင့်ယှဉ်လျှင် သောက်လေသောက်လေ ငတ်မပြေသော ဆားငန်ရေသို့ ဆာလောင်၍ သောက်သုံးမှီဝဲလိုက်ပါလျှင် မ၀လင်နိုင်ဘဲ အဆိပ်ဓာတ်တို့ဖြင့်သာ ရစ်ပတ်ခြင်းခံရပေဦးမည်။ အရင်းစစ်ပါသော် အမြစ်မြေက ဆိုသကဲ့သို့ နောက်ဆုံးတွင် မိမိခန္ဓာ ဘော၏ သွေးသားသောင်းကျန်းမှုအတွက် အဓိကဖြစ်ကြေင်းကို သဘောပေါက်တော့သည်။ တဏှာအမှောင်တွင်း သက်ဆင်းလျှင် နွားဘ၀ ရောက်ရမည်သာတည်း။ သူတော်ကောင်း သူတော်မြတ်များ တရားဓမ္မ ကြိုးစားအားထုတ်နေချိန် မိမိတို့က ကိလေသာ သောင်းကျန်းနေ၍ မသင့်တော်။ ကိုယ့်ကိုယ်ကို သမုဒယကြီးလွန်းသော ကိစ္စတို့၌ မိုက်ချက်သန်၍မဖြစ်၊ တဏှာကြောင့် လောဘ ဒေါသ မောဟတရားများ တိုးပွားများပြားလာရသည်။ ဤသို့သော ခံယူချက်များကို ဆရာမြတ်ထံ ရောက်လာသော (၃) နှစ်အတွင်းတွင် ရင်ဝယ်ပိုက်မိလာတော့သည်။ ထို့ကြောင့်ပင် အခွင့်သင့်မှ ဇောက်ချ၍ တရားလုပ်တော့မည်ဟု မယူဆတော့ဘဲ အိမ်ထောင် ဇနီး သားသမီးများကို အပြီးအပိုင် စွန့်ပယ်လျှက် ဆရာမြတ်ထံ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ နှိမ်ချိုးပျပ်ဝပ်လျှက် လိမ္မာရေးခြားရှိသော တပည့်ကောင်းတစ်ဦး ဖြစ်စေနိုင်ရေးအတွက် အဓိဋ္ဌာန်ပြု၍ ကြိုးစားအားထုတ်ခဲ့ပါတော့သတည်း။

 

လောကုတ်လောကီ နှစ်လီသော ဤလွန်ပွဲ။        ။ မြတ်ဗုဒ္ဓ၏ မွန်မြတ်သော တရားတော်ကို အားထုတ်ခွင့်ရပေသည်။ ရှေ့ဆောင်လမ်းပြ နည်းလမ်းမကျလျှင် နောက်မှလိုက်သူ တိမ်းနိုင်မူလည်း ဦးဆောင်သူက ဟုတ်တိုင်းမှန်စွာ ပြသနိုင်သဖြင့် ကျင့်ကြံ အားထုတ်ရသူတို့မှာ လွယ်ကူမှုနှင့် အောင်မြင်မှုလမ်းစ ပွင့်လန်းနေပေသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဖတ်နိုင်မှတ်နိုင် သင်ကြားနိုင်ကြသော်လည်း ဟုတ်တိုင်းမှန်စွာ နှလုံးသွင်းရန် မလွယ်ကူ၊ ကိုယ်တိုင် လက်တွေ့မရှိလျှင်လည်း တရား၏ အနှစ်သာရကို ခံစားနိုင်လိမ့်မည်မဟုတ်။ ၏ လက္ခဏာရေးသုံးပါး၊ ၊ မဂ္ဂင်ရှစ်ပါးနှင့် တရားတော်မြတ်များကို စိတ်အစွန်း ရုပ်အစွန်း ရှောင်ဖယ်၍ ယထာဘူတကျကျ ကျင့်ကြံအားထုတ်နိုင်ရန် လွန်စွာအရေးကြီးလှပေသည်။ ဤသို့ ကျင့်ကြံကြိုးကုတ် အားထုတ်ရာတွင် တဘက်၌ သန့်ရှင်းဖြူစင် ကြည်လင်ဧမြသော တို့၏ သဘောသဘာဝကို အစဉ်တစိုက် ကြိုးစားအာရုံပြုကြရသည်ဖြစ်၍ အခြားတဘက်မှာလည်း ယောက်ျားနှင့် မိန်းမတို့၏ ယမ်းနှင့်မီးပမာ သဘာဝဖြစ်နေကြပုံ၊ ယင်းသို့သော သဘာဝမို့ ယမ်းပုံပေါ် မီးကျစေပါလျှင် ကိလေသာများ လောင်မြိုက်ကြမည်သာ။ ဤသို့ လောင်မြိုက်မှုဒဏ် ခံရပါလျှင် ခန္ဓာကိုယ်ပေါ်၌ အကုသိုလ်ဒုစရိုက်ကြီးများ ကြီးမားလာပြန်တော့မည်။ ဤ အကုသိုလ်တရားများ မကြီးမားစေရန် လောဘ ဒေါသ မောဟများကို ရှုသတ်ရသော အခါ၌လည်း ဆန္ဒစော၍ လောဘသက္ကာယဖြင့် ရှုသတ်၍မဖြစ်၊ ခန္ဓာကိုယ်ကို ငဲ့ညှာ၍လည်းမရ၊ အလိုက်သင့်ကလေး ရှုသတ်နေရသည်။ အလိုက်သင့်ဆို၍ ပေါ့ပေါ့ဆဆ သဘောထား၍ ရသောအလုပ်ဟု ဆိုလိုခြင်းမဟုတ် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ခြင်းပျက်ခြင်းကို ရှုသတ်ရာ၌ တည်ငြိမ်စွာ ရှုသတ်ရပေမည်။ စိတ်ဖောက်လျှင် ရုပ်ဖောက်မည်ဖြစ်၍ အသိယှဉ်သတိဝင်ကာ စိတ်မဖောက်နိုင် စေရန် သူ့သဘောနှင့်သူ လိုက်လျှောညီထွေ ကျင့်ဆောင်ရပေဦးမည်။

မြတ်စွာဘုရား၏ တရားတော်သည် အေးချမ်းလှပါ၏။ (၃၁)ဘုံသည် ပူလောင်မှု အတိပြီးသည်။ (၃၁)ဘုံ၌ ဒုက္ခမျိုးစုံ စုပုံခံစားနေကြသော ရုပ်နာမ်ဘ၀တို့မှာ လက္ခဏာရေးသုံးပါးကို ဆင်ခြင်ခြင်းဖြင့် နိဗ္ဗာန်စခန်းသို့ တက်လှမ်းနိုင်ပေမည်။ ကိုယ်ပိုင်ရရှိထားသော ခန္ဓာကြီးမှာ လောဘ ဒေါသ မောဟ တဏှာ ဥပါဒါန်များ ကပ်ငြိနေပေရာ မလိုချင်အောင် မုန်းစရာ ကောင်းလှပေသည်။ ထို့ကြောင့်လည်း အဆုံးတိုင် စခန်းသို့ ပေါက်မြောက်အောင်မြင်လိုပေသည်။ တရားအားထုတ်ရာ၌ အသက်ပင်သေသေ အရိုးပင်ကြေကြေ ဟူသောစကားရှိရာ လောဘ ဒေါသ မောဟနှင့် ငါတည်းဟူသော မာန်မာနတရား ပျက်ပြိုပြုန်းတီးရန် အပြတ်အသတ် ကြိုးစားရမည်သာတည်း။ ၀ိပဿနာ ဉာဏ်ပညာမပါလျှင် ကုသိုလ်ဘယ်လောက်ပြုပြု နိဗ္ဗာန်သို့ မရောက်နိုင်၊ ဒိဋ္ဌိမျိုးစုံကပ်ငြိလျှင် သံသရာမှာ ရုပ်နာမ်တို့အား ဆွဲယူကယ်တင်နိုင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိလိမ့်မည်မဟုတ်။ နိဗ္ဗာန်ရောက်လိုက မဂ်ဖိုလ်ရရမည်။ ဖြစ်ပျက် မြင်ခြင်း၊ မုန်းခြင်း၊ ဆုံးခြင်းတည်းဟူသော ကျင့်နည်းစနစ်သည် မှန်ကန်တိကျကောင်းမွန်သောကြောင့် ဂရုတစိုက် ကြိုးစားရမည်သာဖြစ်ပေ၏။ မိမိရုပ်နာမ်၌ ဒိဋ္ဌိသတ်ပြီးရုံနှင့် ကိစ္စပြီးသည်မဟုတ်။ တဏှာပါသတ်ရမည်။ အလုံးစုံသော ဖြစ်ပျက်ပြုပြင်ရာ သင်္ခါရတရား ဒုက္ခ သမုဒယများကို မဂ်နှင့်ဖြတ်လျှင် နိဗ္ဗာန်သို့ မရောက်မရှိ။  ထိုင်ရင်းရှုရင်း ရောက်နိုင်သည်သာတည်း။ ၊ ဒုက္ခ၊ ခန္ဓာ၌ ရှုမြင်ယုံကြည်၍ ရိုးတွင်းခြင်ဆီ အသွေးအသားများသို့ တိုင်အောင်ဟုတ်တိုင်းမှန်စွာ သိမြင်စေရန် ကြိုးစားရပေမည်။

ဖြစ်ပျက်ကို မြင်လျှင် ဖြစ်ပျက်ကို ပညာသားပါပါ မုန်းလာရမည်။ ဖြစ်ပျက်ကို မမုန်းဘဲနှင့် ယထာဘူတကျကျ ဖြစ်ပျက်ဆုံးလိမ့်မည်မဟုတ်။ ရုပ်နာမ်ခန္ဓာအတွင်း၌ ဉာဏ်စူးစိုက်စဉ် ဒိဋ္ဌိဝင်ကပ်လျှင် ရှုသလောက် အကျိုးရှိနိုင်လိမ့်မည်မဟုတ်။ ဒိဋ္ဌိမပါစေရန် အရေးကြီးလှသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တော် ဆည်းပူးပြီးမှ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးကို ရရှိလျှက် အနတ္တတည်းဟူသော ၀ိဇ္ဇာပညာ၊ သစ္စာလေးပါးတည်းဟူသော သိပ္ပံပညာရပ် များကို ဟုတ်တိုင်းမှန်စွာ အဆီအနှစ်ပြည့်ဝလှသောတရားတော်မြတ်ကို ဟောကြားတော်မူခဲ့သည်။ ဤတရားတော်မြတ်ကို ဟုတ်တိုင်းမှန်စွာ နှလုံးသွင်းနိုင်ရန် လွန်စွာမှ အရေးကြီးသည်။ မြတ်စွာဘုရား၏ သာသနာတော် (၂၅၀၀) ဟိုဘက်တွင် သစ္စာလေးပါး တရားတော်ကို အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လျှက် ပညာပြည့်စုံနိုင်သော ပုဂ္ဂိုလ်များ အားရဘွယ်ရာ ထွန်းကားပေါ်ပေါက် လာပါက မည်မျှဝမ်းသာဘွယ်ရာ အတိပြီးမည်နည်း။ သာသနာ့ရန်သူများ ဓမ္မန္တရာယ်များသည် မြတ်ဗုဒ္ဓ၏ ဟောစဉ် တရားတော်မြတ်ကို လိုက်နာကျင့်သုံး အားထုတ်နေသူ အပေါင်းအား နှောင့်ယှက်ဖျက်ဆီးနေကြသည်။ ယင်းအနှောင့်အယှက် အဖျက်အဆီးများနှင့် အတူ လောကီရေးရာ အဖြာဖြာတို့ကိုပါ ကျောခိုင်းလျှက် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို ဆရာမြတ်ထံ အပ်နှံကာ လောကုတ္တရာဘက်သို့ အားသန် အနိုင်ပေးခဲ့ပါကြောင်း။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *