NLD အပေါ်မှာသုံးနှုန်းသော ဦးဝင်းတင်၏ စကားများကို ကန့်ကွက်ပါတယ်

NLD အပေါ်မှာသုံးနှုန်းသော ဦးဝင်းတင်၏ စကားများကို ကန့်ကွက်ပါတယ်

 

2014-02-07 05.11.08  ဦးဝင်းတင်ဟာ တကယ်တော့ NLD ကို ချစ်ပုံမရဘူး — ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်နိုင်တယ်။

ကျွန်တော်တို့ချစ်တဲ့ သားသမီးတွေကို ကျွန်တော်တို့က စုတ်ပြတ်သတ်နေတယ်တို့၊ သူခိုးတို့ ပြောလေ့မရှိဘူး၊ လိမ္မာအောင်ပဲ ပြောချင်ပြောမှာ။

အခုတော့ NLD မှာလည်း သာကူးတွေရှိတယ်၊ သူခိုးတွေရှိမှာပေါ့ — NLD ထဲမှာ စုတ်ပြတ်သတ် နေတာတွေလည်း ရှိတယ်။

ဒီလို ရိုင်းစိုင်းစွာ သုံးနှုန်းလိုက်တဲ့ စကားဟာ ဂမ္မဒေါသလည်း သင့်တယ်။ NLD ကိုလည်း ချစ်ခင်နှစ်သက်ပုံ မရဘူး။ စိတ်ချဉ်ပေါက်ပြီး ပြောတဲ့ပုံ ဖြစ်နေတယ်။ ဒီတော့ NLD ကိုချစ်ရင် NLD ထဲမှာ သူခိုးတွေရှိမယ်၊ စုတ်ပြတ်သတ်နေတယ် — ဆိုတဲ့ စကားလုံးတွေကို မသုံးနှုန်းဘဲ ညီညွှတ်ဖို့၊ လိမ္မာဖို့၊ တိုင်းပြည်ချစ်တတ်ဖို့၊ ပြည်သူလူထုကို စေတနာထားဖို့ ဆိုတဲ့စကားလုံးတွေကိုသာ သုံးသင့်ကြောင်း သတင်းကောင်း ပေးပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ ဦးဝင်းတင်ကို NLD က ဒီထက်ကြီးတဲ့ရာထူးပေးဖို့ ကြိုးစားရမလို ဖြစ်လာပါလိမ့်မယ်။ နောက်ပြီး ဦးဝင်းတင်ဟာ NLD ကအဖွဲ့ဝင် ကလေးတွေအပေါ် စိတ်ချဉ်ပေါက်ခဲ့ပုံ ရတယ်။ တစ်စုံတစ်ခုသော စိတ်ချဉ်ပေါက်မှုနဲ့ ထွက်လာတဲ့ ဝေါဟာရတွေကတော့ ရင်ထဲက ရှိတဲ့သဘာဝကို ပြရာကျတယ်။

NLD ကို သူခိုးလို့ မသုံးစေချင်ဘူး၊ NLD ထဲမှာ စုတ်ပြတ်သတ်နေတယ်လို့ မသုံးစေချင်ဘူး၊ တကယ်တော့ NLD ဟာလည်း ပြီးပြည့်စုံတဲ့ အဖွဲ့အစည်း အဟုတ်သေးဘူး ဆိုတဲ့သဘောလောက်ပဲ သုံးနှုန်းသင့်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

No tags for this post.
This entry was posted in Articles. Bookmark the permalink.

One Response to NLD အပေါ်မှာသုံးနှုန်းသော ဦးဝင်းတင်၏ စကားများကို ကန့်ကွက်ပါတယ်

  1. U OAK TTTK says:

    မှန် ပါ တယ်။ လူ ကြီး လူ ကောင်း အ သိ ဉာဏ် ရှိ သူ ဆို ပါ က ဒီ လို အ သုံး နှုန်း မျိုး မ သုံး ပါ ဘူး။ သ တိ ထား ဆင် ခြင် သင့် ပါ တယ်။ တိုင်း သူ ပြည် သား တွေ ထဲ မှာ အ မှန် ကို လို လား ပြီး မျက် စေ့ နား ပွင့် သူ တွေ အ များ ကြီး ရှိ နေ ပါ တယ်။ ငါ ဝါ ရင့် တယ် အ သက် ကြီး တယ် ဆို ပြီး ပြော ချင် ရာ ပြော တဲ့ ခောတ် မ ဟုတ် တော့ ပါ ဘူး။

Leave a Reply

Your email address will not be published. Required fields are marked *