နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 08

Share

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း ၀၈

နိဗ္ဗာနံပရမံသုခံ

LOGO KYAR“နိဗ္ဗာန်မှာ ဘာမှ မရှိဘူး” ဆိုတာ မဟုတ်ပါဘူး။ နိဗ္ဗာန်မှာ ရှိတာ ရှိပါတယ်။ မရှိတာပဲ မရှိတာပါ။ ဥပမာ နိဗ္ဗာန်မှာ တဏှာမရှိဘူး၊ သောက ပရိဒေ၀မရှိဘူး၊ ရုပ်နာမ်မရှိဘူး၊ ဒုက္ခမရှိဘူး။ နိဗ္ဗာန်မှာ မရှိတာဟာ မရှိတာပဲ။ အဲ ရှိတာလဲ ရှိတာပဲ။ နိဗ္ဗာန်မှာ ချမ်းသာခြင်းရှိတယ်။ “နိဗ္ဗာနံပရမံသုခံ” တဲ့။ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းရှိတယ်။ “သမုဒ္ဒရာရေမှာ ငံသော အရသာရှိသကဲ့သို့ နိဗ္ဗာန်မှာ လွတ်မြောက်ခြင်းအရသာရှိတယ်” လို့ ဓမ္မဒိန္ဒာကိုယ်တိုင်ဟောခဲ့ ပါတယ်။

ဒီတော့ ခြုံ ပြီးတော့ “ဘာမှ မရှိဘူး” ပြောလိုက်တဲ့အခါကျတော့ ဘာဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့လိုတယ်။ မဖွင့်တဲ့အခါကျတော့ ရောထွေးယှက်တင်ပြီးတော့ ဘိတ်ဘိတ်တုံးကြီး ထင်ကုန်ကျတယ်။ ဒါ နိဗ္ဗာန်ဟာ အဲ့ဒီ ဘိတ်ဘိတ်တုံးကြီး မဟုတ်ပါဘူး။ နိဗ္ဗာန်မှာ ချမ်းသားစစ် ချမ်းသာမှန် ရှိတယ်။ “နိဗ္ဗာနံပရမံသုခံ” ဆိုတာ သန္တိသုခရှိတာ အထင်အရှားပဲ။ သူတော်ကောင်းတွေ လည်း အများကြီးဟောတော်မူပါတယ်။ ဒီတော့ တစ်ချို့က အဲ့ဒီလိုပဲ တစ်ဝက်တစ်ပျက်နဲ့ သရုပ်ဖော်ကြတဲ့ အခါကျတော့ အကုန်လုံး အဓိပ္ပာယ်ကောက်တွေ လွဲကုန်တာ။

အဘိဓမ္မာသင်တဲ့ အခါလည်း ဒီအတိုင်းပဲ။ မြတ်စွာဘုရားအလိုတော်ကျ ကို ဘာသာပြန်နိုင်အောင် မကြိုးစားဘူး။ ပေါ့ပေါ့ဆဆလေး ယူလိုက်တဲ့အခါကျတော့ အဘိဓမ္မာကို ပူဇော်ရာမကျဘူး၊ ဖျက်ဆီးရာကျတယ်။ အဲ့ဒါလည်း လွန်စွာဝမ်းနည်းစရာကောင်းတယ်။ အဘိဓမ္မာကိုလိုက်ရင် တိတိကျကျ မြတ်စွာဘုရားအလိုတော်ရှိတဲ့ အဓိပ္ပာယ် အတိုင်း လိုက်နိုင်အောင် ကြိုးစားစေချင်တယ်။ ဒီလိုတော့ မကြိုးစားဘူး။ အဘိဓမ္မာသင်တယ်ဆိုရင် ဂုဏ်ယူရတယ်ဆိုပြီးတော့ အဘိဓမ္မာသင်တန်းတက်တယ် ဆိုပြီး ရင်ကော့နေကြတယ်။ တကယ့်တကယ် အနှစ်သာရကျ မှန်ကန်အောင်မလိုက်နိုင်ကြဘူး။ အဲ့ဒါ “နိဗ္ဗာန်မှာ ချမ်းသာတဲ့စိတ်ကလေး ရှိတယ်” လို့ အဘိဓမ္မာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့တာလည်း တော်တော့်ကို ဒီ အဘိဓမ္မာ အတွက် အမည်းစက်ကြီး ဖြစ်နေတယ်။ နိဗ္ဗာန်ဟာ “ခန္ဓာနိယောဓေါ နိဗ္ဗာနံ” ဆိုတာ ဟောထားလျက်သားနဲ့ ချမ်းသာတဲ့စိတ် ရှိချင်တယ်။ ဒီတော့ ကိုယ့်အတ္တနောမတိနဲ့ ဘာသာပြန်တဲ့အခါကျ အလွဲလွဲအမှားမှား ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ယောဂီများကတော့ သိပါတယ်။ နိဗ္ဗာန်မှာ ဘာမမှရှိဘူးဆိုတာ၊ ဘာဆိုတာ ရှင်းရမယ်။ ဘာဆိုတာ နိဗ္ဗာန်မှာ ဘာဒုက္ခမှ မရှိဘူး၊ မှန်တယ်၊ ဘာတဏှာမှ မရှိဘူး၊ မှန်တယ်၊ ဘာသောကမှ မရှိဘူး၊ မှန်တယ်၊ ဘာရုပ်နာမ်မှ မရှိဘူး၊ မှန်တာပဲ။ သို့သော်လည်း “ဘာချမ်းသာခြင်းနည်းမျိုးမှ မရှိဘူး” လို့ မပြောအပ်ဘူး။ “ဘာလွတ်မြောက်ခြင်းမှ မရှိဘူး” လို့ မပြောအပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်မြောက်ခြင်းအစစ်အမှန်နဲ့ ချမ်းသာခြင်း အစစ်အမှန်ဟာနိဗ္ဗာန်မှာ ရှိတာကိုး။ ဒီတော့ နိဗ္ဗာန်သည် အမှန်တကယ်တည်ရှိနေတဲ့ တရားကြီးဖြစ်ကြောင်း အသင်္ခတ အနုတ္တရဓာတ်ဖြစ်ကြောင်းကို ကိုယ်က ရေရေလည်လည် သဘောပေါက်ထားမှ တော်ကာကျမယ်။ အပြင်ကတော့လည်း ဒီလိုပဲ မှန်းတုတ်ရမ်းတုတ်တွေက များတဲ့အခါကျတော့ အဓိပ္ပာယ်အယူအဆတွေ လွဲမှားကုန်ကြတယ်။ ဒါဟာ စိတ်မကောင်းစရာပဲ။

ဥပမာ လွဲမှာစွာနဲ့ ကိုယ့်မရှိတဲ့ ဂုဏ်ကို ရှိတယ်လို့ ကြွားပြီးတော့ မပြောကောင်းဘူးဆိုတဲ့ အဆိုအမိန့်ကို ကိုယ်ဘာဖြစ်ဖြစ် မပြောကောင်းဘူးဆိုတဲ့ အဆိုအမိန့်နဲ့ ရောစေတယ်။ ဒါတွေရဲ့ လှည့်ကွက်ပါပဲ။ ဒီတော့ ဗုဒ္ဓဘာသာကျင့်တဲ့ ပုဂ္ဂိုလ်တွေက ဘာမှ မပြောတတ်မဆိုတတ်၊ မပြောရဲ မဆိုရဲတွေ ဖြစ်ကုန်အောင် နှုတ်ပိတ်သလို လုပ်ရာကျတယ်။ တွေပဲ သုံးတတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ မှန်ရင်ကန်ရင် အကျိုးရှိမယ်ဆိုရင် ပြောရမှာပေါ့။ ဒါ ကိုယ်က လုပ်ကြံလည်း မပြောနဲ့။ ဂုဏ်ရှိချင်လို့ မရှိတဲ့ ဂုဏ်ရှိအောင် ပြောတာမျိုးတော့ မလုပ်အပ်ဘူး။ မလိမ်ရဘူးပေါ့။ လိမ်ရင်တော့လည်း လိမ်တဲ့အတိုင်း ပရိသတ်က လက်မခံပါဘူး။

ဟိုတလောက သာသနာပြုမယ်ဆိုပြီး အိမ်ထောင်ပြု မိန်းမယူသွားတဲ့ အခါကျတော့ ပရိသတ်က တော်တော် စိတ်ဆိုးသွားတယ်လေ။ အဲ့ဒီဖြစ်ရပ် ကြုံခဲ့တယ်။ ဒါဟာ ပရိသတ်ကတော့ အမှန်အကန်ကို ဆုံးဖြတ်မှာပဲ။ ဒီလို ပုဂ္ဂိုလ်တွေ နောက်တစ်ခါ လာပြီး သာသနာပြုမယ်ဆိုလို့ကတော့ ဘယ်လိုမှ မရနိုင်တော့ဘူး။ ဒါ ပရိသတ်ကနားလည်ပါတယ်။ မှန်မှ လက်ခံတာပါ။ မမှန်လို့တော့ ဘယ်ရမလဲ။ သူတို့လည်း ဦးဏှောက်တွေနဲ့ပဲ။ ဒါ့ကြောင့် ယောဂီများ နိဗ္ဗာန်မှာ ဘာမှ မရှိဘူးဆိုတာထက် ဘာဒုက္ခမှမရှိဘူး၊ ဘာတဏှာမှ မရှိဘူး၊ ဘာသောက ဘာလောကဓံမှ မရှိဘူး၊ ဘာရုပ်နာမ်မှ မရှိဘူးလို့ပဲယူအပ်ကြောင်း သတင်းကောင်း ပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿ     န)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *