နိဗ္ဗာန်ဟာလောကုတ္တရာဓာတ်ပါ

Share

နိဗ္ဗာန်ဟာလောကုတ္တရာဓာတ်ပါ

Nibbana     ယခုအခါမှာ ဗုဒ္ဓဘာသာကို လေ့လာတယ်လို့ ၀န်ခံကြပေမယ့် လောကီနဲ့ လောကုတ္တရာကို နားမလည်ကြဘူး —

အဘိဓမ္မာသင်တန်း တက်ခဲ့ပါတယ်လို့ ၀န်ခံပေမယ့်လည်း လောကီနဲ့ လောကုတ္တရာကို နားမလည်ဘူး —

လောကီဆိုတာ အပျက်ပဲ၊ ဒါ ဗုဒ္ဓဘာသာတိုင်းဟာ နားလည်ရမှာပေါ့။

လောကုတ္တရာဆိုတာ ပျက်ရာမှလွန်ရာ၊ ဒါလည်း ဗုဒ္ဓဘာသာတိုင်း နားလည်ရမှာပေါ့။

ပျက်တဲ့တရားက ပျက်တာကလွန်တဲ့ဆီကို သွားလို့မရဘူး။ အတိအကျကတော့ ရုပ်နာမ်နဲ့ နိဗ္ဗာန်ကို သွားလို့မရဘူး။ ဒါကို ရုပ်နာမ်နဲ့ နိဗ္ဗာန်သွားချင်တယ် ဆိုပြီးတော့ တစာစာနဲ့ အော်နေတဲ့ ပုဂ္ဂိုလ်တွေက သာသနာဖျက်တွေလို ဖြစ်နေတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာကို ချေဖျက်သလို ဖြစ်နေတယ်။ အတွင်းဝင် နှောက်ယှက်တဲ့ ဒိဌိတွေလားတော့  မသိဘူး။

မြတ်စွာဘုရားရဲ့ တရားတော်မှာ “ခန္ဓာနိယောဓေါ နိဗ္ဗာနံ” ဆိုတာ ရှိတယ်။ ခန္ဓာချုပ်မှ နိဗ္ဗာန်စံရတာ။ အခုတော့ ခန္ဓာကြီးနဲ့ သွားချင်တယ်ဆိုတော့ အတ္တသက္ကာယကြီးတဲ့ တော်တော်သမုဒယတဏှာကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးတွေပဲ။

သူတို့က နိဗ္ဗာန်လည်းသွားချင်တယ် ရုပ်နာမ်ကိုလည်း မစွန့်နိုင်ဘူးဆိုတော့ – မခက်ဘူးလား။ ဒါဟာ နှစ်ခုစလုံး တစ်ပြိုင်နက် မဖြစ်နိုင်တဲ့ (Disjunction) လို့ ယုတ္တိဗေဒအားဖြင့် ပြောရမှာပေါ့။ (Contradictory Character)  ခေါ်တဲ့ လုံးဝဆန့်ကျင်နေတဲ့ ဂုဏ်ရည်တွေ တစ်ခုနဲ့တစ်ခု ၀င်လို့မရဘူး။ ရုပ်နာမ်ဟာ နိဗ္ဗာန်ထဲဝင်လို့မရဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကသာ နိဗ္ဗာန်ကို စံတယ်လို့ပဲ အဆိုရှိတယ်။

အခုဟာက ရုပ်နာမ်နဲ့ နိဗ္ဗာန်ကိုသွားဖို့ အရေးဆိုနေကြတာ မရှက်ဖူးလား ရှက်စရာလည်း ကောင်းပါတယ်။ ကလေးကလားလည်းဆန်တယ်။ တောင်အော်မြောက်အော်နဲ့ အရှုးချီးပန်း အော်သလိုအော်နေကြတာ တော်တော်လေးကို မှားယွင်းနေပါတယ်။

နိဗ္ဗာန်နဲ့ ပတ်သက်လို့ အမှားအယွင်း မခံနိုင်လို့ ပြင်ပေးပါတယ်။ နိဗ္ဗာန်ကို ရုပ်နာမ်နဲ့သွားလို့ မရပါဘူး။ နောက်တစ်ခါ ရတယ်လို့ပြောရင်တော့ မထောက်မညှာ ပက်ပက်စက်စက် ဝေဖန်ရမယ် ဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *