နိဗ္ဗာန်နှင့်နီးလျှင်

Share

နှင့်နီးလျှင်

သစ္စာဝါဒီများ

bism3နိဗ္ဗာန်နှင့်နီးလျှင် ဘယ်လိုနေသလဲ —

တရားရတယ်ဆိုရင် ဘယ်လိုနေသလဲ —

ဆိုတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမယ်။

သစ္စာဝါဒီများ တရားကျင့်ရင်းနဲ့ နိဗ္ဗာန်နဲ့နီးလျှင် ငြိမ်ရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် အေးရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် ချမ်းသာရမယ်၊ နေလို့ကောင်းရမယ်ပေါ့နော် – အဲဒါလေးတွေ ပေါ်လာရင် ဒါဟာ နိဗ္ဗာန်ဘက်ကို အရှိန်ဟပ်ယူတဲ့ သဘောလို့ပြောရင်လည်းရတယ်။ အေးရမယ်၊ ပူနေရင်တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းရမယ် မငြိမ်းဘဲနဲ့ လှုပ်လှုပ်ရှားရှား ကတောက်ကဆ ဖြစ်နေရင်တော့ မဟုတ်သေးဘူးပေါ့။ ချမ်းသာရမယ် ဆင်းရဲနေသေးရင်တော့ မဟုတ်သေးဘူးပေါ့။ တည်တည်ငြိမ်ငြိမ် ချမ်းချမ်းသာသာ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းရမယ်။

နေလို့ကောင်းတာနဲ့ ပတ်သက်လို့ သစ္စာဝါဒီများကတော့ သိပြီးသားပါ။ “ကောင်း” ဆိုတဲ့ စကားက လောကီနဲ့သွားတွက်လို့ မရဘူး။ လောကီမှာ ကောင်းတယ်ဆိုတာက လောဘပါတာပေါ့နော်။ လောကုတ္တရာမှာ ကောင်းတယ်ဆိုတာက လောဘမပါဘူး — ဉာဏ်ပညာရဲ့ ကောင်းခြင်းသာဖြစ်တယ်။ သစ္စာဝါဒီများသိပါတယ် လောကုတ္တရာမှာ ရုပ်နာမ်နဲ့ မပါတ်သက်တော့ဘူး – ရုပ်နာမ်မှ လွန်သွားပြီလေ။

(နဝလောကုတ္တရ ဓမ္မေ) ကိုးပါးရှိတယ်။ ဆယ်ပါးဆိုတာ ကိုယ်လိုသလို့ ထည့်ကြတာပါ။ ရတနာ့သုတ်မှာ (နဝလောကုတ္တရ ဓမ္မေ) ဆိုတာ ရှိတယ်။ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်ပဲ။ ဒီတော့ လောကုတ္တရာသမားတွေက သိပါတယ် ရုပ်နာမ်ကို စွန့်နိုင်တယ် ဆိုတာကို။ ရုပ်နာမ်ကို မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ တစ်ပိန်တွယ်တွယ်နဲ့ နိဗ္ဗာန်သွားတာတောင် ရုပ်နာမ်နဲ့ သွားချင်နေကြတာ။ အဘိဓမ္မာသင်တန်းလည်း ရွှေတံဆိပ် ရသေးတယ် နိဗ္ဗာန်ကိုလည်း ရုပ်နာမ်နဲ့ သွားချင်တယ်ဆိုတော့ ရှေ့နောက်က မညီဘူး။

ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားကိုလိုက်ရင် ရှေ့နောက် ညီညွှတ်စေချင်တဲ့သဘောကို အထပ်ထပ် ပြောနေရတာပါ။ ဒီလိုမပြောလျှင် “ငါ့စကား နွားရ” လုပ်နေလျှင် ကမ္ဘာက လေ့လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ တစ်နေ့နေ့ကျ တွေ့မယ်၊ ပြဿနာပေါ်မယ်။ ဒီတော့ ရှေ့နောက် မညီညွှတ်တဲ့ အယူအဆတွေကို ဘာဖြစ်လို့ ခံယူနေကြတာလည်း – သဘောမပေါက်ကြသေးဘူးလား။ နိဗ္ဗာန်သွားရင် ရုပ်နာမ် မပါပါဘူး — (ခန္ဓာ့နိယောဓေါ နိဗ္ဗာနံ) ရုပ်နာမ်ချုပ်မှဆိုတာ သူတို့လည်း သိပါတယ်။ ဘာဖြစ်လို့ အသိခေါက်ခက် အဝင်နက်နေကြလည်းတော့ မသိဘူး။

နိဗ္ဗာန်မှာ ရုပ်နာမ်မရှိဘူး — ခန္ဓာချုပ်ရတယ်။ ခန္ဓာဆိုတာ ဆင်းရဲတာ – နိဗ္ဗာန်က ဆင်းရဲတာ လက်မှ မခံဘဲနဲ့ — ဒါလေးကို သဘောမပေါက်ဘူး။ နှပ်ချီးတွဲလောင်းနဲ့ ကလေးတွေတောင် သဘောပေါက်နိုင်တဲ့ဟာ သူတို့က မပေါက်ဘူးဆိုတော့လည်းခက်တယ်။

ဝိသုဒ္ဓိမဂ်သင်တန်း တက်သလိုလို တတိယနှစ်ရောက်သလိုလိုနဲ့ နိဗ္ဗာန်နဲ့ ပတ်သက်လို့ကျ ဘောက်ချီးပဲ ရှေ့နောက်မညီ မညွှတ်နဲ့ – မြတ်စွာဘုရားရဲ့ တရားကို ကြည်ညိုရာ မကျဘူး။ စော်ကားမော်ကား ပုံစံမျိုးတွေနဲ့ ချဉ်းကပ်နားလည်ပြီး ငါတကော ကောနေကြတာကတော့ ခေတ်ကုန်လောက်ပြီလို့ပဲ ယူဆပါတယ်။ သစ္စာဝါဒီများကို ဒါကလည်း စစ်တမ်းထုတ်ပေးတာပါ။ မဟုတ်မတရား ပြောနေတဲ့တိတ်ဆိတ် သွားအောင်လို့လည်း ပါပါတယ်။ မနာလို မရှုစိမ့်နဲ့ ပြောနေတဲ့အသံတွေ တိတ်ဆိတ်သွားအောင်လို့ ပြောရခြင်း ဖြစ်ပါတယ်။

အမှန်အကန် ရှိနေတာအရာကို အမှန်အကန် ဖော်ထုတ်ရမယ်။ မြတ်စွာဘုရားရဲ့ တရားဟာအင်မတန် ကြည်ညိုစရာကောင်းတာကို ကြည်ညိုစရာ မကောင်းအောင် ပြောခြင်းဟာတော့ အင်မတန် တာဝန်ကြီးကြောင်း၊ သတိထားသင့်ကြောင်း ပြောတာဖြစ်ပါတယ်။ ကိုယ်ကလည်း သိနေတော့ သိတဲ့အတိုင်း ပြောပေးတာကတော့ အမှန်ကိုဖွင့်ပြီး ရွှေအိုးကြီး ဖော်ပေးတဲ့ သဘောလို့ပဲ ယူဆပါတယ်။ အားလုံးတရားလိုက်နေတာ ကျေးဇူးတင်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *